Monday, December 31, 2012

2013 နှစ်ဆန်း ၁ရက်နေ့ကို ၀မ်းမြောက်စွာကြိုဆိုခြင်း


2013 နှစ်ဆန်း ၁ရက်နေ့ကို

ဝမ်းမြောက်စွာကြိုဆိုခြင်း

By မင်းစိုးစံ
2012 December, 31 Monday

မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဗျား။
အချိန်ကလေးရ,နေတော့ You tube ထဲဝင်ပြီး ရုပ်ရှင်ပေါင်းသောင်းခြောက်ထောင်လောက်ကို လိုက်ကြည့်
လိုက်တော့ Karen In Marner Plaw Salween 3 ဆိုတဲ့ ဗွီဒီအိုကလစ်လေးကို နှိပ်လိုက်တဲ့အခါ ကျုပ်နေခဲ့
တဲ့ Kaw Moo Rah(၀မ်းခါသစ်) စခန်းလေးကိုပြန်မြင်လိုက်ရ,တော့ လွမ်းတာပဲလား နှမြောတာပဲလား ငိုချင်
တာပဲလား ဘာမှန်းမသိတဲ့ အတွေးလိုလို ခံစားချက်လိုလို ဘယ်လိုပြောရ,မှန်းကိုမသိတဲ့ အချင်းအရာတွေ
က အစဉ်လိုက်လိုလို ရောကောသောကောလိုလို တစ်ခုချင်းရော အစုလိုက်အပြုံလိုက်ပါ အသိစိတ်ထဲကို
ဝရုန်းသုန်းကားတိုးဝှေ့ဝင်လာလိုက်တာ တခုခုရေးဘို့အထိဖြစ်သွားပါတော့တယ်။

ဟိုးတစ်ချိန်တုန်းက Kaw Moo Rah ဆိုတဲ့ စခန်းဟာ ကျုပ်တို့ ကရင့်အမျိုးသားအစည်းအရုံးအတွက် အခွန်
ငွေအများဆုံးရ,ရှိတဲ့ ထင်ရှားတဲ့စခန်းတွေထဲမှာ တခုအပါအ၀င်ဖြစ်ပါတယ်။
အဲဒီဗွီဒီအိုကလစ်ထဲမှာ ဗမာပြည်ထဲကိုလူသုံးကုန်ပစ္စည်းတွေနဲ့ အခြားကုန်ပစ္စည်းတွေကို လူနဲ့ထမ်းပြီးသယ်
ပိုးသွားကြတဲ့ ကုန်ထမ်းအလုပ်သမားတွေ။ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျ အရာရှိတွေက,ကုန်ပစ္စည်းတွေ
ကို စစ်ဆေးနေတာတွေ။ အဲဒါတွေအပြင် အကောက်အခွန်ဌာန,မှာ ငွေပေးချေနေကြတာတွေကိုပါ ရိုက်ပြ
ထားတာတွေ့ရပါတယ်။

များလိုက်တဲ့ငွေတွေ ငွေပုံကြီးတွေများ တလင်းထဲက လှေ့ပြီးသားစပါးတွေကို ပုံထားသလိုပါပဲ။ အဲဒီခေတ်
တုန်းက ၂၅ ကျပ်တန်တွေ ၁၀၀ကျပ်တန်တွေဆိုတာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ပေါ့ဗျာ။ အခုခေတ်လို ဗမာ
ငွေ၁၀၀ကျပ်ကို ထိုင်းဘတ် ၃ဘတ်ကျော်ကျော်ခေတ်မဟုတ်ဘူးဗျ။ ဗမာငွေ ၁၀၀ကျပ်ကို ထိုင်းဘတ်၂၂၀
ကနေ ၂၂၅ဘတ်အထိ ရ,တဲ့ခေတ်။
အကောက်အခွန်ဌာန,မှာ စာရင်းဇယားနဲ့ ငွေကောက်ခံသူတွေရဲ့ပုံတွေကိုတွေ့လိုက်တော့ ကျုပ်အသက်
တော်တော် အိုလာနေပါပြီကောလား ဆိုတာသတိရ,ရတဲ့အထိပါပဲ။

အကောက်အခွန်ဌာနမှာ တာဝန်ကျအရာရှိတွေကတော့ ဆရာ ကလောထူး။ ဆရာကူးကူ။(ဒေါလေ
မူး)။ စောအာရိုး တို့ပုံတွေမြင်လိုက်ရ,လို့ပါ။ စောအာရိုးဆိုတာက ဗိုလ်မှူး စောရိုး(စောကီးဒို့)ဖြစ်ပါတယ်။
၂၀၁၂ အောက်တိုဘာလ ၃၀ရက်က ထိုင်းဘက်ကမ်းမှာရှိတဲ့ အသိတယောက်အိမ်ကို အလည်သွား
ပြီးလှေလှော်ရင်းပြန်အလာ လှေမှောက်ပြီး ကွယ်လွန်သွားခဲ့တဲ့သူဖြစ်ပါတယ်။

စောအာရိုးဟာ စာရေးတဲ့အခါမှာ သူ့လက်ရေးက တမျိုးထူးခြားပါတယ်။ ကျုပ်တွေ့ဘူးသမျှလူတွေထဲမှာ အ
များအားဖြင့် သူတို့လက်ရေးတွေဟာ ညာစောင်းတွေဖြစ်ပေမယ့် စောအာရိုးက ဘယ်စောင်းလေးနဲ့ လက်
ရေး သေးသေးလေးတွေ ရေးတတ်တာတွေ့ရလို့ပါ။
ဆရာကူးကူကတော့ အဲဒီသုံးယောက်ထက်သူ့လက်ရေးက နည်းနည်းပိုကြီးတယ် ရှင်းတယ်သေသပ်တယ်။
ဆရာ ကလောထူးကို ကျုပ်တို့က ခင်မင်ရင်းနှီးတဲ့အနေနဲ့ ဆရာတွေ ဘာတွေမတတ်ပဲ ကျောကလောလို့ပဲ
ခေါ်ပါတယ်။ သူ့လက်ရေးက အသေးကြီးမဟုတ်ပေမယ့် ဆရာကူးကူလောက်တော့ လက်ရေးမကြီးဘူး။
ရိုးရိုးအေးအေးသမား။
သူတို့လက်ရေးတွေဟာ ငွေကောက်ခံသူ ဆိုတဲ့နေရာမှာ လက်မှတ်ထိုးစရာမလိုအောင် သိသိသာသာကွာ
ခြားနေတာကတော့ အမှန်ပါ။ သူတို့အားလုံးလက်ရေးတွေ လှကြပါတယ်။

အဲဒီ ဗွီဒီအိုကလစ်ထဲမှာပဲ အင်္ဂလိပ်စာ ဆရာမ ဖီးအဲမာ။ သမိုင်းဆရာ ဖူးစကောလယ်တော တို့ရဲ့ပုံတွေကို
ပါ တွေ့ရပါတယ်။ ဖူးစကောလယ်တောကိုတော့ တပ်မဟာ(၆) ကနဲလေးစခန်းမှာ ကရင့်အမျိုးသားနေ့အ
ခမ်းအနားမှာတခုမှာ ခရီးသွားဟန်လွဲ တခါပဲမြင်ဘူးတာဆိုတော့ သူ့ပုံမှဟုတ်ရဲ့လားဆိုတဲ့ သံသယ,ဖြစ်မိ
တာမို့ လေသံကိုနားထောင်ပြီး ဖူးစကောလယ်တောရဲ့ ပုံလို့ ခန့်မှန်းလိုက်ပါတယ်။

နောက်တယောက်ကတော့ ဒေါက်တာမာတာ ဒါမှမဟုတ် ဒေါက်တာ မာဗင်မြတ်ကျော်ရဲ့ပုံကိုတွေ့ရ,တော့
(နာမည်စာလုံးပေါင်း မှားလျင်ပြင်ပေးပါ) ကျုပ်ကိုကူ ညီခဲ့ကြသူတွေထဲက လူတယောက်မို့လို့ တစ်သက်
လုံးမမေ့နိုင်တဲ့ သတိရ,စရာတွေဖြစ်လာပြန်တယ်။
သူ့ရဲ့ထူးခြားချက်က သူ့ကို အခြားလူတစ်ယောက်ယောက်နဲ့ ခိုင်းနှိုင်းပြောတာမျိုးကို လုံးဝ,မကြိုက်ပါဘူး။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက WGKNU ဆိုတဲ့အဖွဲ့လေးတဖွဲ့ရှိခဲ့ဘူးပါတယ်။ Working Group Karen
National Union ဖြစ်ပါတယ်။ အဲဒီအဖွဲ့က,နေပြီး လူထုဆန္ဒခံယူတဲ့ပုံစံမျိုးလက်ကမ်းစာစောင်မှာ မိမိရဲ့ဆန္ဒ
သဘောထားကိုဖေါ်ပြပေးဘို့ တောင်းခံတဲ့စာရွက်တွေ ထိုင်းဗမာနယ်စပ်တလျှောက် ဖြန့်ဝေပေးဘို့ကြိုးစား
ခဲ့ပါတယ်။ KSO (Karen Society Organization) နဲ့ ရှေ့ဆင့်နောက်ဆင့်ဖွဲ့ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
အဲဒီအဖွဲ့ကြောင့် ကျုပ်ဘ၀,ဟာ အပြောင်းအလဲကြီးပြောင်းလဲသွားခဲ့ရတာမို့ တသက်လုံးမေ့မရ,နိုင်တာလို့
ပြောမယ်ဆိုလျင်လည်း ပြောလို့ရ,ပါတယ်။

နောက်တယောက်ကတော့ နော်မေရီအုန်း (ဗိုလ်မှူး နော်မေရီအုန်း) ဟွှေးကလုတ် ဒုက္ခသည်စခန်းရဲ့ စခန်း
ဥက္ကဌဖြစ်ပါတယ်။ သူ့ကိုလည်း ကျုပ်သတိရ,မိတာအမှန်ပါ။
သူ့မှာထူးခြားတာတခုက အသက် ၁၃နှစ်အောက် ဒုက္ခသည်စခန်းထဲက,ကလေးaတွဟာ သူ့ကိုမြင်လျင် သူ့
အသံကိုကြားလျင် အနီးဆုံး အိမ်ကြိုအိမ်ကြား၊ အမှိုက်ပုံဘေး၊ အိမ်သာဘေး စ,တဲ့နီးစပ်ရာ နေရာတွေမှာ
ကြောက်လန့်တကြားပြေးပုန်းနေတတ်ကြပါတယ်။
ကလေးတွေ အဲဒီလိုဖြစ်ပျက်နေတာကို သူ့မ,ဟာ အတော်ကလေး နှစ်ခြိုက်သဘောကျဟန် ရှိပါတယ်။
ဆေးတံကိုခဲထားရင်း ခါးထောက်ပြီး လမ်းပေါ်မှာအကစားမက်လို့ ပြေးချိန်မရ,လိုက်တဲ့ကလေးတွေကို စူးစူး
စိုက်စိုက်ကြည့်နေတတ်ပါတယ်။
သူ့ရဲ့အကြည့်ကြောင့်ကလေးတွေဟာ ကြောက်လန့်တကြား သေးတွေထွက်ကျကုန်ပြီး အော်ဟစ်ငိုယိုနေကြ
ပုံကို မြိန့်မြိန့်ကြီး အားရ,ပါးရ,ကြည့်နေတတ်တာက သူ့ရဲ့ ထူခြားတဲ့အမူအကျင့်တခုလို့ထင်ပါတယ်။
အဲဒီကလေးဗိုလ် (ကန်တော့နော်ကန်တော့)။ ဗိုလ်မှူး နော်မေရီအုန်းနဲ့ ကျုပ် မမေ့နိုင်တဲ့အဖြစ်အပျက်က
လေးတစ်ခု ဖြစ်ခဲ့တာကို ရေးပြပါရစေ။

အချိန်က ပွင့်လင်းရာသီပေါ့ဗျာ။
နေက,လည်းပူ ရေက,လည်းရှားဆိုတော့ တနေ့သောနွေရာသီမှာတော့ ဒုက္ခသည်စခန်းထဲမှာ ၀မ်းရောဂါ
တွေဖြစ်လို့ ဘဲကလော် (မဲ့လာ)စခန်းမှာ လူအသေအပျောက်တွေရှိခဲ့ပါတယ်။
အဲဒီတုန်းက ကျုပ်တို့ကို MSF (Medicine Sans Frontieres) က ကူညီတာပါ။
အဲဒီအဖွဲ့က ထုတ်တဲ့အမိန့်စာ ဖြစ်ပါတယ်ဆိုပြီး ဒုက္ခသည်စခန်းထဲမှာ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ မရောင်း
ရ ဆိုပြီးမုန့်ဟင်းခါးဆိုင်ကိုအပိတ်ခံရတာ့ ကျုပ်စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်တာကြောင့် အဲဒီအဖွဲ့စီ
ကို တိုက်ရိုက်စာရေးတင်တာပေါ့ဗျာ။

နယ်စည်းမခြားဆရာဝန်များအဖွဲ့လို အဖွဲ့မျိုးကိုမဆိုထားနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တောင်မှ လူတွေကို အကြီး
အကျယ်သေစေနိုင်တဲ့ စီးကရက်ကိုတောင်မှ ဆေးလိပ်မရောင်းရ ဆိုတဲ့အမိန့်ကို မထုတ်ရဲဘူး။ ဆေးလိပ်
မသောက်ရ လို့ပဲပြောတယ်။ ဆေးလိပ်သောက်လျင် အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်မယ်။ အဲဒီလိုပဲပြောကြ ရေးကြတာ။

ဒုက္ခသည်စခန်းထဲမှာ မုန့်ဟင်းခါးမရောင်းရ ဆိုတဲ့အမိန့်စာကိုထုတ်တာဟာမတရားဘူးဆိုတဲ့အကြောင်း။
မုန့်ဟင်းခါး မစားရ ဆိုတာနဲ့ ပြောင်းလွဲ ပြင်ဆင်ရေးသားသင့်ကြောင်း။
အကယ်၍ မုန့်ဟင်းခါးမရောင်းရ ဆိုတဲ့စာကိုထုတ်လျင် ဘယ်ရက်ကနေစ,ပြီး ဘယ်ရက်အထိ မရောင်းရ
ဆိုတာအပြင် အဲဒီရက်တွေအတွင်း ပိတ်ထားရ,တဲ့မုန့်ဟင်းခါးဆိုင်တွေရဲ့ နစ်နာမှုအတွက် သင့်တင့်လျှောက်
ပတ်တဲ့ ကုညီပံ့ပိုးမှုတစုံတရာ ထောက်ပံ့ပေးဘို့ လိုအပ်တဲ့အကြောင်း ရေးလိုက်တာပေါ့။
စာကိုတော့ ဆေးခန်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ လူကြုံပါးလိုက်ပါတယ်။
မကြာပါဘူး။
နေပူကျဲကျဲထဲကနေ နော်မေရီအုန်းတစ်ယောက် ကျုပ်ရေးပို့လိုက်တဲ့စာကိုကိုင်ပြီး ကျုပ်ဆီကိုရောက်လာ
ပါတော့တယ်။

ဒီစာကိုရေးတာ နင်လား။
နင်မရေးသင့်ဘူး။
နင့်ဆိုင်က မုန့်ဟင်းခါးကိုစားလာတာကြာပြီ ၀မ်းသွားတာတို့ ၀မ်းကိုက်တာတို့ တခါမျှမဖြစ်ဘူးဆိုတာ ငါသိ
တယ်။
အခုဟာက နိုင်ငံခြားက အကူအညီပေးတဲ့အဖွဲ့က ၀မ်းနူးစာတွေမစားသင့်ဘူးပြောလို့ မုန့်ဟင်းခါးမရောင်း
ရဘူး ဆိုပြီးအသိပေးလိုက်တာ။
အခုဖြစ်တာက,လည်း စခန်းထဲမှာနေတဲ့လူတွေမဟုတ်ဘူး။
အပြင်မှာအလုပ်လုပ်ပြီး ပေါက်တတ်ကရ,ရေတွေသောက် ပေါက်တတ်ကရ,အစာတွေစားပြီး ၀မ်းရောဂါဖြစ်
တဲ့ လူတွေဖြစ်တာ။
နင်ရောင်းချင်လျင် လူမမြင်အောင်ရောင်းလို့ရပါတယ်။
သိအောင်တခုတော့ ပြောလိုက်ဦးမယ်။
ဟိုးတခါတုန်းကပေါ့ ထောင်ကျနေတဲ့ ထောင်သားတွေဟာ တပတ်ကို အသားဟင်းငါးတုံးစီခွဲတမ်းရ,နေကြ
ရာက,နေ တနေ့မှာတော့ သုံးတုံးပဲရ,တယ်တဲ့။
ထောင်သားတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြဘို့လုပ်တော့ ခေါင်းဆောင်လုပ်မယ့်လူကိုရွေးတော့တာပေါ့။
ဆန္ဒပြတဲ့ထောင်သားတွေကို ရဲနဲ့စစ်တပ်က နှိမ်နင်းပြီးတဲ့နောက်မှာ ခေါင်းဆောင်ဘယ်သူလဲ ဆိုပြီးမေး
တော့ ခေါင်းဆောင်လုပ်တဲ့လူကိုခေါ်ပြီး ဆန္ဒပြတဲ့လူတွေအားလုံးကို ကြိမ်တုတ်နဲ့ ငါးချက်ဆီရိုက်ပြီး အပြစ်
ပေးလိုက်ပေမယ့် ခေါင်းဆောင်ကိုတော့အချက် ငါးဆယ်ရိုက်ပြီး အပြစ်ပေးလိုက်တယ်။
အေး နင်လည်းအဲဒီ ဆန္ဒပြခေါင်းဆောင်လို မဖြစ်အောင်သတိထား 
လို့ပြောပြီး သူယူလာတဲ့ ကျုပ်စာတွေကို ဆုတ်ခြေရင်းပြန်သွားပါရောဗျား။

မမေ့ဘူး ကျုပ်ဘယ်တော့မှ မမေ့ဘူး။
အခုအခါမှာတော့ နော်မေရီအုန်း (ဗိုလ်မှူး မေရီအုန်း) လူ့လောက,မှာမရှိရှာတာ့ပါဘူး။
လူတိုင်းဟာ တနေ့မှာ အမှန်ဧကန်ကို လူ့လောက,ကို စွန့်ခွါသွားကြရမယ့် သူချည်းပါ။ မလွတ်ပါဘူး။
ဒါပေမယ့် သူ့ရဲ့သြ၀ါဒ,ကို သိသိကြီးနဲ့ဖြစ်ဖြစ် မသိလိြု့ဖစ်ဖြစ် လိုက်နာကျင့်သုံးတတ်တဲ့ မျိုးဆက်သစ်လူငယ်
တွေ ကျန်ရှိနေလေမလားဆိုတာ စိုးရိမ်တကြီး ဖြစ်မိတာတော့ အမှန်ပါ။

နှစ်သစ်မှာ နှစ်ဟောင်းက လူအများစုအတွက်မကောင်းတဲ့အတွေးအခေါ်၊ လူအများစုအတွက်အကျိုးမရှိတဲ့ အတွေးအခေါ်တွေကို နှစ်ဟောင်းနဲ့အတူ ချန်ထားရစ်ခဲ့ကြပါစို့။
နှစ်သစ်နဲ့အတူ နှစ်ဟောင်းက,ကောင်းမွန်တဲ့အတွေးအခေါ်အယူအဆ,ကို ပြန်ယူလာခဲ့ပြီး ဆန်းသစ်လတ်
ဆတ်တဲ့ အတွေးသစ်အမြင်သစ်များနဲ့ ပေါင်းစည်းရောယှက်ရင်း ကရင်အမျိုးသားထုတရပ်လုံး အကျိုးကို
မျှော်ကိုးရင်း ပြည့်ဖြိုးခိုင်မာတဲ့အင်အားနဲ့ ရွှင်လန်းတက်ကြွစွာ ဆောင်ရွက်သွားကြပါစို့။

အောက်က ရုပ်သံဖိုင်လေးကိုလည်း ကြည့်ရှုချင်လျင် ကြည့်ရှုသွားနိုင်ပါတယ်။


ကျေးဇူးအများကြီးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)