Wednesday, December 12, 2012

လေဖြတ်ရောဂါ ကာကွယ်ရေး


လေဖြတ်ရောဂါ ကာကွယ်ရေး 

by ကိုဝင်းမင်း

မြန်မာနိုင်ငံမှာ အဖြစ်များလာနေတဲ့ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေပိတ်တာ သို့မ
ဟုတ် ပေါက်သွားတာကြောင့် သွေးမရောက်နိုင်တော့တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ သေသွားပြီး သက်
ဆိုင်ရာလှုပ်ရှားသိရှိမှု့တွေ ဆုံးရှုံးသွားရတာ ဖြစ်ပါတယ်။

လေဖြတ်တာကို အဓိက ပိုအဖြစ်များစေတဲ့ သွေးကြောပိတ်တာက ဘယ်လိုလူတွေမှာ ဖြစ်ဖို့ အန္တရာယ်ပိုများနေပြီး၊ သွေးကြောပိတ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ။

 ဒီအကြောင်း ရန်ကုန်ဆေးတက္ကသိုလ်(၂) ကနေ ဆရာဝန်ဘွဲ့ရခဲ့ပြီး၊ အခုလက်ရှိ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်မှာ အာရုံကြောအထူးကု လုပ်နေတဲ့ ဒေါက်တာစိုးမြင့်အောင် ကို ကိုဝင်းမင်းက,ဆက်သွယ်
မေးမြန်း တင်ပြထားပါတယ်။



လေဖြတ်ရောဂါ ကုသ,ကာကွယ်ရေး 

by ကိုဝင်းမင်း

ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေပိတ်တာ (သို့) ပေါက်သွားတာကြောင့်ဖြစ်ရတဲ့ ဒီလေဖြတ်ရောဂါဖြစ်
လာခဲ့ရင် ဖြစ်ဖြစ်ချင်း အမြန်ဆုံးဆေးရုံပို့ဖို့ အရေးကြီးပါတယ်။
ဘာကြောင့်ပါလဲ။

လေဖြတ်တာကို ကုသရာမှာလည်း သွေးကြောပိတ်တာနဲ့ ပေါက်တာကို အဓိက,ဖြစ်စေတဲ့ သွေးတိုးရောဂါ
အပြင်၊ တခြားရောဂါတွေကို စမ်းသပ်စစ်ဆေးပြီး၊ ကုသပေးဖို့ အရေးကြီးပါတယ်။
ဒါ့အပြင် သေသွားတဲ့ အစိတ်အပိုင်းတွေ နလန်ပြန်ထူလာနိုင်အောင်လည်း ကိုယ်လက်လှုပ်ရှားမှုနဲ့ ကုသ,မှု
ယူဖို့ လိုအပ်ပါတယ်။
အခုလို ပထမ တကြိမ်လေဖြတ်တာဖြစ်ပြီး သူတွေမှာ နောက်တခေါက်လေထပ်ဖြတ်ဖို့ အန္တရာယ်များသွား
တာကြောင့်၊ ဦးနှောက်ကိုသွားတဲ့ သွေးကြောပိတ်တာနဲ့ ပေါက်တာတွေ နောက်ထပ်မဖြစ်ရအောင် ဘယ်လို ကာကွယ်နိုင်ပါလဲ။

ဒီအကြောင်း ဗြိတိန်နိုင်ငံ East Anglia တက္ကသိုလ် Norwich ဆေးကျောင်းက အကြီးတန်းပါမောက္ခနဲ့ လေ
ဖြတ်အထူးကု ဒေါက်တာဖြိုးကျော်မြင့်နဲ့၊ အမေရိကန်နိုင်ငံ Texas ပြည်နယ်က အာရုံကြောအထူးကု ဒေါက်
တာစိုးမြင့်အောင် တို့ကို ကိုဝင်းမင်းက,မေးမြန်းတင်ပြထားပါတယ်။


Copy from http://burmese.voanews.com/content/health-stroke-treatment/1554929.html


လေဖြတ်ရောဂါ အဆင့်မြင့်ကာကွယ်ရေး 

by ကိုဝင်းမင်း

သွေးကြောပိတ်တာကြောင့် ဖြစ်တဲ့လေဖြတ်ရောဂါအမျိုးအစား တကယ်အပြည့်အဝ,ဖြစ်လာတာမျိုး မဟုတ်
ဘဲ၊ လေဖြတ်ချင်သလိုလိုပဲ ဖြစ်လာတဲ့အခါမှာ မသိမသာ ကြိုတင်လက္ခဏာတွေ ပြလေ့ရှိပါတယ်။
 ဘာတွေ သိနိုင်ပါသလဲ။
အခုလို ကြိုတင်လက္ခဏာတွေကို သတိပြုမိတာနဲ့ ဆေးရုံ၊ဆေးခန်း အမြန်ပြသင့်ပါတယ်။

အခုလိုအချိန်မှီဆေးရုံရောက်လာသူတွေအတွက် တကယ်လေဖြတ်တဲ့အဆင့်ထိမဖြစ်သွားရအောင် အဆင့်
မြင့်ကာကွယ်ပေးတဲ့ နည်းတွေရှိနေပါပြီ။ ဘယ်လိုနည်းတွေ ဖြစ်ပါသလဲ။ နောက်တခေါက် ပြန်မဖြစ်အောင်လည်း ဘာတွေသိဖို့၊ လုပ်ဖို့လိုပါသလဲ။

ဒါ့အပြင် တကယ်လေဖြတ်တဲ့အဆင့်ရောက်သွားရင်ခဲ့ရင်တောင် အမြန်ဆေးရုံပြနိုင်ရင် ဒီအဆင့်မြင့်နည်း
တွေကိုသုံးပြီး သွေးကြောကို ပြန်ဖွင့်ပေးခြင်းဖြင့် သက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွေ မသေအောင်
လုပ်ပေးနိုင်ကာ လုံးဝ,လေအပြီးဖြတ် မလှုပ်နိုင်မရှားနိုင်ဖြစ်သွားတဲ့ အဆင့်ထိဆိုးမသွားအောင်လဲကာကွယ်
ပေးနိုင်ပါတယ်။

ဒီအကြောင်း အမေရိကန်နိုင်ငံ Texas ပြည်နယ် Houston မြို့ ရှိ Methodist ဆေးရုံ၊ နှလုံးနဲ့သွေးကြောဌာန
က,အဆင့်မြင့် နှလုံးရောဂါအထူးကု ဒေါက်တာထွဋ်ကျော်ဝင်း အား ကိုဝင်းမင်းက,ဆက်သွယ်မေးမြန်း တင်
ပြထားပါတယ်။


Copy from http://burmese.voanews.com/content/health-stroke-intervention/1559408.html