Thursday, January 31, 2013

မိုက်ရိုင်းလိုက်ပါဘိ ဦးမြင့်လှိုင်

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်
Maha Mingyi's Photos

မိုက်ရိုင်းလိုက်ပါဘိ ဦးမြင့်လှိုင်

By မင်းစိုးစံ
January 31, 2013
Thursday

ပြောရပြန်ပြီ။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင် သူခိုးဓါးပြလူလိမ်ဆိုတဲ့လူက, လယ်သ
မားတွေကို ထမင်းတနပ်ပဲစားပြီး အကြွေးဆပ်ခိုင်းနေတယ်။ စကားပြောလည်းမဆင်ခြင်။
ပြောချင်သလိုပြော လုပ်ချင်သလိုလုပ်။
ကျုပ်ပြောသားပဲ သားစဉ်မြေးဆက် မသမာတဲ့နည်းနဲ့ပဲ ကျွေးမွေးပြုစုလာခဲ့ကြတာဆိုတော့လည်းလေ။ စကားစကားပြောပါများ စကားထဲက ဇာတိပြ ဆိုတဲ့ ဗမာစကားပုံအတိုင်းပါပဲ။

နိုင်ငံတကာက,ပိတ်ဆို့မှုတွေလုပ်တဲ့အခါကျတော့ အမြီးကလေးကုတ်ပြီး ကျုပ်တို့လူစိတ်မွေးပါတော့မယ်
ဆိုပြီး အသံကြောင်လေးနဲ့ အူပြနေလိုက်တာများ အခုတော့ လူကြားထဲဝင်ရမယ်မကြံသေးဘူး ဇာတိက,ပြ
လာပြီ။

ဗမာစကားပုံရှိပါတယ်။ သမီးရည်းစားလည်းမက လင်မယားလည်းမကျ ဆိုတာမျိုးပေါ့။ ဗမာစစ်အစိုးရဆိုတာက, တိရိစ္ဆာန်လည်းမက, လူလည်းမကျ ဆိုတာမျိုးပြောရတော့မလိုဖြစ်နေတယ်။
ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်နေလို့သာ လူလို့ပြောရတာ။ သူတို့လုပ်ရပ်ကိုကြည့်လိုက်လျင် လူနဲ့တူတဲ့အ
လုပ်ဆိုတာ မရှိသလောက်ပဲ။ကိုယ်ချင်းစာတရားမရှိလိုက်တာများ။
လယ်သမားတွေကို ထမင်းတနပ်ပဲစားပြီး အကြွေးဆပ်ကြတဲ့။
လယ်သမားတွေရဲ့ ထမင်းဝိုင်းလေး ခင်ဗျားကြီးဝင်စားကြည့်စမ်းပါ။ ပြောမယ့်သာပြောရတာ ခင်ဗျားကြီးနဲ့
လယ်သမားမိသားစုရဲ့ ထမင်းဝိုင်းကတော့ အတော်ကို မတူမတန်တာပဲ။ လယ်သမားကြီးတွေစားနေတဲ့ ထ
မင်းဝိုင်းလေးက ဟင်းခွက်မပါနိုင်ပေမယ့် အင်မတန်ကို သန့်ရှင်းတာ။
သူတို့ချွေးနှီးစာက ခင်ဗျားကြီးတို့စားနေတဲ့ထမင်းဝိုင်းထက် ငွေကြေးအရ,တန်ဘိုးဖြတ်နိုင်ပေမယ့် အကျင့်
သိက္ခာပိုင်းမှာတော့ တန်ဘိုး အဆ,မတန်ကြီးမားလွန်းလှပါတယ်။
ဘာကြောင့်လဲဆိုတော့ သမာအာဇီဝ,ကျတဲ့ ထမင်းတလုတ်ဖြစ်လို့ပဲ။

ခင်ဗျားကြီးတို့ မိသားစုစားနေတဲ့ ထမင်းဝိုင်းဆိုတာ ချွေးတစ်စက်မျှမကျတဲ့အပြင် တိုင်းသူပြည်သားတွေရဲ့
ပါးစပ်ထဲက,ထမင်းလုတ်ကို လည်ပင်းထဲက,အတင်းညှစ်ထုတ်ပြီး စားနေကြတာ။
နောက်တမျိုးပြောမယ်ဆိုလျင် လူတကာ မျက်ရည်ပေါက်ကြီး မျက်ရည်ပေါက်ငယ် အသွယ်သွယ်နဲ့ ခင်ဗျား
တို့ထမင်းဝ,နေကြတာ။ အဲဒါကို မေ့နေပြီး ထမင်းတနပ်ပဲစား အကြွေးဆပ် ဆိုပါလား။

တကယ်ဆိုလျင် ခင်ဗျားကြီးတို့ စီးနေတဲ့ကား၊ အိပ်နေတဲ့ မွှေ့ယာ၊ ထိုင်နေတဲ့ ခုံ၊ ၀တ်ထားတဲ့ အ၀တ်၊ စွပ်
ထားတဲ့ လက်စွပ်၊ ဆွဲထားတဲ့ ဆွဲကြိုးဆိုတာ အဲဒီအကြွေးဆပ်စရာရှိတဲ့ အကြွေးတင်နေတဲ့ တောင်သူဦး
ကြီးတွေရဲ့ ဘ၀တွေ၊ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ဗျ။
တောင်သူဦးကြီးတွေစားတဲ့ထမင်းတနပ်ဆိုတာ ဘယ်လောက်မျှမကျပါဘူး။ ခင်ဗျားကြီးတို့ စားနေတဲ့ ထ
မင်းတနပ်ကတော့ တောင်သူဦးကြီးတွေရဲ့ ထမင်းအနပ်ပေါင်း ခြောက်ဆယ်နဲ့ညီပါတယ်။ သိပ်ပြီးများသွား
သလား။ ဒါဆိုလျင် အနပ်သုံးဆယ်စာထားလိုက်ပါ။

တိုင်းပြည်ရဲ့ကျေးဇူးရှင်တောင်သူဦးကြီးတွေရဲ့ အကြွေးကို တကယ်ကျေစေချင်တယ်ဆိုလျင် ခင်ဗျားကြီးတို့
ထမင်းတနပ်စီလျှော့စားကြပါ။ ဘယ်လိုလဲ ဖြစ်ပါ့မလား။
ဝေးသေး။ ဝေးလိုက်တာမှ ခေါ်လို့တောင်မကြားဘူး။

အဆီတွေနဲ့စူထွက်နေတဲ့ခင်ဗျားကြီးတို့ ဗိုက်။ မျက်နှာ။ ပါးဆုံ့။ လွှတ်တော်ထဲမှာကြည့်မကောင်းပါဘူး။
ရုပ်မြင်သံကြားအစီအစဉ်ကနေ ခင်ဗျားကြီးတို့ရဲ့ မင်္ဂလာမရှိတဲ့မျက်နှာနဲ့ အသံတွေ ထုတ်ပြမလို့ဆိုပါလား။
အော့နှလုံးနာစရာကောင်းတဲ့ အသံနဲ့မျက်နှာပေါက်တွေနဲ့ ပြည်သူတွေကို ထပ်မနှိပ်စက်ချင်စမ်းပါနဲ့။
လူတကာမသထာရေစာနဲ့ လူလုပ်နေတာ မရှက်ဘူးလား။ ခင်ဗျားကြီးတို့က မရှက်တတ်တော့ဘူးလေ။
ရှက်တယ်ဆိုတာ ဘာလဲဟင်လို့ ပြန်မေးမယ့် မျက်ခွက်တွေ။ မျက်နှာပေါက်တွေ။

ဒီလိုပဲလုပ်စားလာခဲ့ကြတာဆိုတော့ ကောင်းရောင်းကောင်းဝယ် မလုပ်စားတတ်တော့ဘူးပေါ့။
မိမိကိုယ်တိုင် ကောင်းရောင်းကောင်းဝယ်လုပ်စားဘို့ အသိဥာဏ်မရှိတော့တိုင်း ကောင်းရောင်းကောင်းဝယ်
နဲ့လုပ်ကိုင်စားသောက်နေကြတဲ့လူတွေကို ဖိနှိပ်တာတော့ မကောင်းပါဘူး။

ထပ်ပြောမယ်။ ခင်ဗျားကြီးတို့ ထမင်းတနပ်လျှော့မစားချင်ဘူးဆိုလျင်လည်း တောင်သူဦးကြီးတွေစားနေတဲ့
ထမင်းဝိုင်းမျိုးလေး တပတ်တခါ(၇ ရက်မှာ တနပ်)လောက်စားကြည့်လိုက်ပါလား။
အဲဒီလိုစားလိုက်လျင် ခင်ဗျားကြီးတို့ရဲ့ သွေးထဲမှာ နှလုံးထဲမှာ အသည်းထဲမှာ အသားထဲမှာ အဆီတွေလျော့
သွားပြီး ကြည့်ပျော်ရှုပျော်ရုပ်ကလေးတွေ ဖြစ်လာပါလိမ့်မယ်။
(ရှေးကပြုခဲ့တဲ့ ကံအထောက်အပံ့ရှိခဲ့မယ်ဆိုလျင် ခင်ဗျားတို့ လူစိတ်ပေါက်လာပါလိမ့်မယ်။)
အဲဒီလိုစားပြီး ပိုလာတဲ့ထမင်းတနပ်စာပိုက်ဆံကို စုလိုက်ကြ။ ပြီးတော့ တောင်သူဦးကြီးတွေရဲ့ အကြွေးတွေ
ကို ၀ိုင်းဆပ်ကြဗျာ။ မကောင်းဘူးလား။
မလုပ်ချင်ဘူးမဟုတ်လား။
ဘယ်လုပ်ချင်မှာလဲလေ လူမိုက်ဆိုတာ ကောင်းတာလုပ်လုပ်ဘို့များဆို သေမလောက်ကြောက်တတ်တာ
ဓမ္မတာပဲ။
မတရားတဲ့နည်းနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတာမှန်ပေမယ့် အပြောအဆိုလေးတော့ နည်းနည်းဆင်ခြင်
ပေါ့။ အော် သိပြီ သိပြီ မီဒီယာကို မီဒီယာနဲ့ပြန်တိုက်မယ်ဆိုတာ။
ဒါကိုး။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက်ကရင် ဒုက္ခသည်တဦး)