Saturday, February 2, 2013

ယဉ်ကျေးမှုတွေကိုနားလည်အောင်ကြိုးစားဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ)
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်အနီး အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာစဉ်
Source Photo from http://www.bbcburmese.com/images

ယဉ်ကျေးမှုတွေကို နားလည်အောင်ကြိုးစားဖို့

ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း 

2013-02-02

ကိုယ်နဲ့မတူတဲ့ တွေးခေါ်မှုတွေ ယဉ်ကျေးမှုတွေကို တန်ဖိုးထားပြီး နားလည်အောင်ကြိုးစားတတ်မှ မြန်မာ
နိုင်ငံအတွင်းမှာ ညီညွတ်မှုကိုရရှိနိုင်မှာ ဖြစ်တယ်လို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ
ပြုလုပ်နေတဲ့ ဧရာဝတီ စာပေပွဲတော်မှာ ပြောကြားလိုက်ပါတယ်။

ဒီကနေ့  ဒုတိယနေ့အဖြစ်ကျင်းပတဲ့ စာပေပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အခုလိုမိန့်
ခွန်းပြောကြားခဲ့တာပါ။
တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာက စာပေသမားတွေနဲ့ တွေ့ထိခွင့်ရ
တဲ့အခါမှာ အတွေးအခေါ်မျိုးစုံ ယဉ်ကျေးမှုမျိုးစုံကို အများကြီးသင်ယူနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီစာပေဟောပြောပွဲဟာ နိုင်ငံတကာနဲ့ မြန်မာပြည်က စာရေးဆရာတွေ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပ
တာဖြစ်ပြီး နိုင်ငံတကာက စာရေးဆရာ ၂၄ဦး၊ မြန်မာနိုင်ငံက စာရေးဆရာ ၃၆ဦးတို့ ပါဝင်ဆွေးနွေးနေကြ
ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.