Source Photo from http://www.bbcburmese.com/images
ကေအင်ယူဆက်ဆံရေးရုံးခွဲ တာဝန်ရှိသူတွေနဲ့
ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေး
2013-01-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူ
တွေနဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ကျောက်ကြီးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဆက်ဆံရေးရုံးခွဲမှာ KNU တပ်မ
ဟာ(၃) က ဗိုလ်မှူးကြီး စောအယ်ကလူသိန်းအဖွဲ့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကျောက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်း ရှင်း
လင်းရေးကိစ္စရပ်တွေကို အဓိက,ထားဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး KNU အဖွဲ့မှ စောဂျိုးဂျိုးက RFA ကို အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေးကို တည်တံ့ခိုင်မြဲအောင် လုပ်ဖို့အတွက်တော့ လမ်းစ,လေးတော့ ကောင်းတာပေါ့။
မိုင်းရှင်းလင်းရေးကိစ္စတွေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကိုဆွေးနွေးခဲ့တယ်။
နယ်မြေအေးချမ်းမှုအရ,လည်း ကောင်းလာတာပေါ့"
ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိမလာခင် ဒီကနေ့မနက်ပိုင်းမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး
ကြီးသက်ထွန်း ဦးဆောင်ပြီး ကျောက်ကြီးမြိုနယ်မှာဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)
နဲ့ မြန်မာအစိုးရတို့ရဲ့ဆက်ဆံရေးရုံးမှာ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက,လှူဒါန်းထားတဲ့ ထောက်
ပံ့ရေးပစ္စည်းတွေကို လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.