Saturday, January 19, 2013

ပိုက်ဆံ

လွတ်လပ်ရေးရပြီးစ (၁၉၄၈) - မောင်ကောင်း ပိုက်ဆံ


ပိုက်ဆံ

By မွမွလေး

ကျွန်တော်နှင့်ဆရာစိုင်မွန်သာတို့ ခရီးတစ်ခုကိုအတူသွားခဲ့စဉ်က ဆရာ့ရဲ့အမှတ်မထင်စကားလေးတစ်ခွန်း
ကြောင့် ကျွန်တော်ဒီဆောင်းပါးကိုရေးဖြစ်ပါသည်။ ဆရာက တို့လူမျိုးတွေ ဘာကြောင့်ဒီလောက်ဆင်းရဲနေ
ရတာလဲ ဟူသည့်စကားပင်ဖြစ်ပါသည်။
ဆရာသည်ကိုယ့်အမျိုးသားကျန်းမာရေးနှင့် လူမှုဘ၀မြင့်မားရေးကို အလေးထားဆောင်ရွက်နေသူမို့ဆရာ့
ရင်ထဲက စကားကိုကျွန်တော်နားလည်စာနာမိပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း စဉ်းစားကြည့်မိဘူးပါသည်။ ကျွန်တော်တို့လူမျိုးထဲမှာ ချမ်းသာကြွယ်ဝသူများ
ရှိသော်လည်း အရည်အတွက်အလွန်နည်းပါသည်။
ကျွန်တော်တို့လူမျိုးရဲ့အများစုမှာ အေးအေးနေတတ်သူများသာဖြစ်ပါသည်၊ သို့သော်ကျွန်တော်တို့နေထိုင်
သောကမ္ဘာကြီးကတော့အေးအေးမနေပါ၊ ပို၍ပို၍ပူလာပြီး စီးပွါးရေးပြိုင်ဆိုင်မှုများ နည်းပညာပြိုင်ဆိုင်မှု
များနှင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသည်ကို နေ့စဉ်ထုတ် သတင်း၊ ဂျာနယ်များ ဖတ်ကြည့်ရုံနှင့်ပင်သိနိုင်
ပါသည်။

ဥပမာ ရုရှား သူကြွယ်ကြီးများ လန်ဒန်မြို့တွင် တိုးပွါးလာ ဆိုသည့်သတင်း၊ ဘီလ်ဂတ်တို့ဇနီးမောင်နှံ၏ လှူ
ဒါဏ်းငွေပေါင်းမှာ ၂၀၀၄ခုနှစ်မတ်လအထိ၊ ဒေါ်လာကုဋေ ၂၇၀၀ ကျော်လှူဒါဏ်းပြီးဖြစ်သည် ဆိုသည့်သ
တင်းများမှာ အကြောင်းမဲ့ ရေးသားဖေါ်ပြနေခြင်းမဟုတ်ပါ။ လူတစ်ဦးချင်းစီ၏ ချမ်းသာကြွယ်ဝမှုနှင့်အတူ
စေတနာ သဒ္ဒါတရား၏ အလင်းရောင်များကိုပါ ပြသ,နေခြင်းဖြစ်ပါသည်။

ကျွန်တော်တို့သည်လည်း လူသားထဲကလူသားများသာ ဖြစ်ပါသည်၊ ဖြစ်ချင်စိတ်ရှိလျင် ဘယ်အရာမဆို
ဖြစ်ခွင့်ရှိပါသည်။ ပျင်းနေ ဖျင်းနေပြီး ချမ်းသာချင်လို့တော့ မရနိုင်ပါ။ ပိုက်ဆံရှာကြရာတွင် ဥပဒေဘောင်
အတွင်းမှ သမ္မာအာဇီဝ,ကျမည်ဆိုလျင် မည်သည့်အလုပ်မဆို ရှက်စရာမလိုပါ၊ ပိုက်ဆံရှာကြရာတွင် ကံ၊
ဉာဏ်၊ ၀ိရိယ များများစိုက်သူက,များများရပြီး နည်းနည်းစိုက်သူက,နည်းနည်းရမည်သာဖြစ်ပါသည်၊ တချိန်
တုန်းက ပစ္စည်းမဲ့ဝါဒဟု ကြွေးကြော်ပြီး မာ့စ်ကိန်းတို့ကို ကိုးကွယ်သူတို့ ဒုက္ခရောက်ခဲ့ကြသည်ကိုလည်း အ
မှတ်ရသင့်ပါသည်။

ပိုက်ဆံနှင့်ပတ်သက်သော အနောက်တိုင်းအဆိုအမိန့်တခုမှာ Money is kind of poetry. ပိုက်ဆံသည်
စိတ်ကူးအသစ် ရည်ရွယ်ရာအသစ်များကို ဖြစ်စေပါသည်။
ပိုက်ဆံရှိလျင် ကားလှလှ အိမ်လှလှ ရောင်စုံပန်းခြံလှလှများကို စိတ်ကူးရှိသလို ပျော်ရွှင်ကြည်နူးစွာ တည်
ဆောက်နိုင်ပါသည်။

ဘာစားချင်သလဲ၊ ကျောက်ခေတ်ကလို ဂူအောင်းပြီး အမဲလိုက်စရာမလိုပါ၊ ဖါး၊ ငါးရှဥ့်၊ ကြွက်ကိုကြိုက်နှစ်
သက်ရာ ပိုက်ဆံရှိလျင် ၀ယ်ယူစားသောက်နိုင်ပါသည်။ ပိုက်ဆံသည် အချိန်ကိုပင်ဝယ်၍ရပါသည်။
ဥပမာ ရန်ကုန်မှ ကော့သောင်းသို့ သွားချင်လျင် လေယာဉ်ခ ကိုးသောင်းခွဲလက်ဝယ်ရှိလျင် ရောက်ရှိရန်
တနာရီခန့်သာကြာပါမည်။ ကျပ်တသောင်းလောက်သာရှိလျင်တော့ ကားဖြင့်နာရီနှစ်ဆယ်ကြာအောင် စီး
ရပါမည်။ လေယာဉ်နှင့် သွားသည့်အတွက် အချိန်(၁၉နာရီခန့်)ပိုထွက်လာပါသည်။
ထို ၁၉နာရီမှာ ပိုက်ဆံနှင့်ဝယ်လိုက်သော အချိန်များ ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ အေးအေးနေတတ်သော
အမူအကျင့်ကို အပြစ်ဆိုစရာမရှိသော်လည်း ကိုယ့်ရဲ့အိမ်ခေါင်မိုး ပေါက်တာလောက်သာသိပြီး အိုဇုံးလွှာ
ပေါက်တာကျတော့ မသိသည့်အဖြစ်မျိုးတော့ မဖြစ်သင့်ပါ။
အရာရာတိုင်းကို ကမ္ဘာနှင့်ယှဉ်ပြီး အားကျအတုယူသင့်ပါသည်၊ ၁၉၉၇ ခုနှစ်ခန့်က အမေရိကန်လူမှုရေးသိပ္ပံ
ပညာရှင် အယ်လ်ဗင်တော်ဖလာသည် တတိယလှိုင်းဟူသောစာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါသည်။ ထိုစာ
အုပ်ကို တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် က ချက်ခြင်းတရုတ်ဘာသာသို့ပြန်ဆိုစေပြီး ကော်မတီဝင်အား
လုံးသို့လေ့ လာဖတ်ရှုစေခဲ့သည်ဟု မှတ်သားဘူးပါသည်။
ကောင်းသော အတုကိုယူခြင်းနှင့် ကြိုးစား ယှဉ်ပြိုင်စိမ်ခေါ်စိတ်မှာ လူတစ်ဦးအတွက် မရှိမဖြစ်လိုအပ်ပါ
သည်။

ယှဉ်ပြိုင်ခြင်းနှင့် သက်ဆိုင်သော ဆရာအောင်သင်း၏ စကားအချို့အား အမှတ်ရမိပါသည်၊ ဆရာက ဘ၀မှာ
အဖေနဲ့သားလည်း ယှဉ်ပြိုင်ရမယ်၊ ကိုယ့်အဖေက ၀ါးအိမ်ဆောက်ပြီးနေခဲ့လျင် ကိုယ့်အလှည့်မှာ သစ်အိမ်
ဆောက် ပြီးနေနိုင်ရမယ်၊ ဒါမှ ကိုယ်မွေးတဲ့ကလေးက တိုက်ဆောက်မယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်အဖေက
ဝါးအိမ်နဲ့နေခဲ့ပြီး တဲပုတ်နဲ့နေမယ်ဆိုလျင် ကိုယ်မွေးတဲ့ကလေးက အ၀ိစိရောက်မယ် ဟုပြောပါသည်။

ကိုယ့်မိသားစုနှင့် ကိုယ့်လူမျိုးစုရဲ့ ဂုဏ်ကိုမြင့်မားအောင် ဆောင်ရွက်နိုင်သူကို အမျိုးမြတ်သား ဟုခေါ်ဆိုပြီး
အမျိုးဂုဏ်ကို နိမ့်ကျအောင်ပြုလုပ်သူကို အမျိုးယုတ်သားဟု ခေါ်ဆိုရပါမည်။ ကျွန်တော်တို့ကိုယ်တိုင်ဘယ်
နေရာ ဘယ်အဆင့်ရောက်နေသလဲ စမ်းစစ်ကြည့်ရပါလိမ့်မည်။ ကိုယ်က ကိုယ့်မိဘထက် ပိုတော်တဲ့လူဖြစ်
နေပြီလား ဒါမှမဟုတ် မိဘထက်ညံ့သူလား။ ရှေ့မရောက်နောက်မရောက် ဘေးတိုက်ကန့် လန့်ဖြစ်နေသ
လား။ ခိုကပ်ပြီး အောက်ဆုံးမှာ တန်းလန်းကြီးဖြစ်နေသလား။ စမ်းစစ်ကြည့်သင့်ပါသည်။
အောင်မြင်ကြီးပွါးတိုးတက်ချင်သူများ မှာ မိုးကောင်းကင်ရဲ့အမြင့်ဆုံးတနေရာတွင် တိမ်ညွန့်ကိုစားပြီး ပျံဝဲနေ
သော ဇီဝစိုးငှက်ကိုသာ အားကျအတူယူတတ်ကြပါသည်။ နွားခြေရာခွက်တွင် အသိုက်လုပ်ပြီး ဖြစ်သလိုနေ
တတ်သော မြေလူးငှက်မျိုးကို အတုယူလေ့မရှိပါ။

မွမွလေး
ကရင့်ကြေးမုံ

၂၇၄၆ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိန်းအမှတ်