Friday, January 25, 2013

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အင်တာဗျူး


နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ

ပန်ကြားရေးဝန်ကြီးဌာန 

ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အင်တာဗျူး

(ဝေမာသိမ့် တွေ့ဆုံမေးမြန်းသည်)

နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့က လဂျားယန်ဒေသအား ဇန်န၀ါရီလ ၁၉ရက် နံနက် ၆နာရီမှ စ,တင် ကာစစ်ရပ်ဆိုင်းမည်ဟူသည့် အချက်ပါသတင်းထုတ်ပြန်ချက်တစ်ရပ်ကို ဇန်န၀ါရီလ ၁၈ရက်နေ့စွဲဖြင့်ထုတ်
ပြန်ခဲ့သည်။ ထို့နောက် KIO/ KIA ဘက်မှလည်း ဇန်န၀ါရီလ ၁၉ရက်နေ့တွင် လဂျားယန်ဒေသတွင်သာ
စစ်ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်အနှံ့တွင် စစ်ရေးလှုပ်ရှားမှုများလျှော့ချရန် သတင်းထုတ်
ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇန်န၀ါရီလ ၁၉ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ KIO အား တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်ကမ်းလှမ်းသည့်စာကို ပေးပို့ခဲ့ ပြီး ဇန်န၀ါရီလ ၂၀ ရက်တွင် KIO ဘက်မှ ၎င်းတို့နှင့် သီးခြားဆွေးနွေးမှုမလုပ်ဘဲ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)နှင့်
သာ ဆွေးနွေးသွားရန် အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း လဂျားယန်ဒေအပါအ၀င် ကချင်ပြည်နယ်အနှံ့အပြားတွင်လည်းကောင်း၊ ရှမ်းပြည်နယ်
မြောက်ပိုင်း KIA တပ်မဟာရှိသည့် ဒေသတွင်လည်းကောင်း တိုက်ပွဲများပြင်းထန်လျက်ရှိနေကြောင်း အ
ကျိုးတော်ဆောင်များ၏ အဆိုအရ,သိရသဖြင့် နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး
ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို ဆောင်ရွက်မည့်အနေအထားများ၊ လက်ရှိ
ဖြစ်ပေါ်နေသော တိုက်ပွဲအခြေအနေ၊ လက်ရှိတပ်မတော်၏သဘောထားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မေးမြန်းခဲ့ပါသည်။

မေး - ဇန်န၀ါရီလ ၂၀ရက်က,ထုတ်ပြန်တဲ့ KIO အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် ဘယ်လို သဘောထား
မျိုှးရှိပါသလဲ။ လက်ရှိ ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးဖြစ်ဖြစ်၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ပဲဖြစ်ဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ UNFC တို့
တွေ့ဆုံသွားဖို့ရှိပါသလား။

ဖြေ - ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအနေနဲ့ KIO အဖွဲ့ရဲ့ ပြန်ကြားချက်အ
ပေါ်မှာမူတည်ပြီး လုပ်ငန်းကော်မတီရဲ့ သဘောထားနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ် တွေကို အသိပေးသွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မပြောနိုင်သေးပါဘူး။
ကျွန်တော် တစ်ဦးတည်းသဘောထားနဲ့ ပြောရရင်တော့ အခုအရေးအကြီးဆုံးအလုပ်က တိုက်ခိုက်မှုအရှိန်
တွေကိုလျှော့ချပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ရမယ့် အခြေအနေကောင်းကို ဖော်ဆောင်ဖို့၊ ပဋိပက္ခကြားမှာ ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေအတွက် စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ အဆင်ပြေ
အောင် ဆောင်ရွက်ဖို့က,အရေးအကြီးဆုံးလို့ ထင်ပါတယ်။
အဲဒါတွေကိုလုပ်နိုင်ဖို့က ပဋိပက္ခမှာတိုက်ရိုက်ပါဝင်aနတဲ့ နှစ်ဖက်တွေ့တာက အကောင်းဆုံးဖြစ်မယ်လို့ထင်
ပါတယ်။ ထိုင်းနယ်စပ်မှာရှိနေတဲ့ UNFC က ပုဂ္ဂိုလ်တွေအနေနဲ့ မြေပြင်အခြေအနေကိုမသိနိုင်သလို အဆုံး
အဖြတ်ပေးနိုင်မယ့် အခြေအနေလည်းမရှိပါဘူး။
သမ္မတကြီးကလည်း ငြိမ်းချမ်းရေးထပ်မံ ကမ်းလှမ်းချိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသမ္မတကြီးရဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုမိမိ ခုခံဖို့က,လွဲရင် ပစ်ခတ်တိုက်ခိုက်တာမျိုးမလုပ်ပါဘူးလို့ ထပ်မံအတည်
ပြုပြောချိန်မှာ ကေအိုင်အိုဘက်က,အခုလိုတုန့်ပြန်တဲ့အပေါ် အတော်အံ့သြမိပါတယ်။ သူတို့ဘက်က ငြိမ်း
ချမ်းရေးဆွေးနွေးဖို့ ဆန္ဒမရှိဘူးလားလို့လဲ စိုးရိမ်မိပါတယ်။

မေး - KIO ရဲ့ သတင်းထုတ်ပြန်ချက်အရ လက်ရှိမှာလဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ သိရပါတယ်။ လဂျားယန်ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်နေ တယ်ဆိုတဲ့ အပေါ် ဘာများပြောလိုပါသလဲ။ နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်အရေးအပေါ် ဘယ်လို မူဝါဒ တွေ ချမှတ်သွားနေပါသလဲ။

ဖြေ - တပ်မတော်ဘက်က ကချင်ပြည်နယ်သာမက ရှမ်းပြည်မြောက်ပိုင်းဒေသတွေအပါအ၀င် မိမိကိုယ်မိမိ ခုခံကာကွယ်တာကလွဲပြီး ပစ်ခတ်တိုက်ခိုက်မှု မလုပ်ပါဘူးလို့ ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ ထပ်မံအတည်ပြု
ပြောခဲ့သလို လဂျားယန်မှာဖြစ်နေတဲ့ စစ်ရေးလှုပ်ရှားမှုများကိုလည်း ဇန်န၀ါရီလ(၁၉)ရက်နေ့ မနက်က စ,
တင်ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်မှာပဲ ကေအိုင်အေ တပ်ဖွဲ့များက ဖားကန့်မြို့နယ်က ကာမိုင်းရဲစ
ခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး ရသလို ဗန်းမော်- လွယ်ဂျယ်ကားလမ်းမှာ
လည်း အရပ်ကား ၃ စီးကိုမိုင်းခွဲတိုက်လို့ ၂၂ ဦး ဒဏ်ရာရပါတယ်။
လဂျားယန်ဒေသဘက်မှာလည်း တပ်မတော်စခန်းကို လာရောက်နှောင့်ယှက်ပစ်ခတ်မှုတွေရှိတယ်လို့ သ
တင်းaတွရပါတယ်။ ဒီလိုလာရောက်တိုက်ခိုက်တာမျိုးဆိုရင်တော့ ခုခံကာကွယ်ပစ်ခတ်မှုတွေ လုပ်ရမှာပဲ
ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ စစ်ကြောင်းချီပြီး ကေအိုင်အေစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုမရှိပါဘူး။ ကေအိုင်
အေဘက်ကလည်း အဲသလိုသာလိုက်နာမယ်ဆိုရင် တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်သွားမယ်လို့ ထင်ပါ
တယ်။

မေး - နိုင်ငံတော်သမ္မတရဲ့ညွှန်ကြားမှုတွေကို တပ်မတော်က လိုက်နာမှုမရှိဘူးလို့ ဝေဖန်ပြောဆို နေတာ
တွေလည်းရှိပါတယ်။ အဲဒါကရော မှန်ပါသလား။

ဖြေ - တပ်မတော်ဟာ ကွပ်ကဲမှုအဆင့်ဆင့်နဲ့ စနစ်တကျ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိက စ,
မတိုက်ရဘူးဆိုရင် အဲဒီ့အတိုင်းအတိအကျလိုက်နာနေပါတယ်။ ဒီလိုလိုက်နာတဲ့အတွက်လည်း ပဋိပက္ခ
အစ,ပိုင်းမှာ တပ်မတော်တပ်ဖွဲ့များကို ကေအိုင်အေဘက်က,အခွင့်ကောင်းယူ ချုံခိုတိုက်ခိုက်တာတွေရှိ
ခဲ့ပြီး ထိခိုက်မှုတွေတောင်ရှိခဲ့ပါတယ်။
အခုလည်း တပ်မတော်က သမ္မတကြီးနဲ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ညွှန်ကြားချက်တွေကို အတိ
အကျလိုက်နာနေပါတယ်။ ကေအိုင်အေဘက်ကတော့ တချို့တိုက်ခိုက်မှုတွေနဲ့ပတ်သတ်ပြီး ဗဟိုကမသိ
ဘူး။ အောက်ခြေကလုပ်တာဖြစ်မယ်လို့ ပြောနေတော့ သူတို့ အနေနဲ့ အောက်ခြေတပ်ဖွဲ့တွေကို ကွပ်ကဲနိုင်
ရဲ့လားလို့ မေးစရာဖြစ်နေပါတယ်။

မေး - မီဒီယာတွေမှာ KIOဘက်က,ကချင်အကျိုးတော်ဆောင်တွေဘက် ပြန်လည်ဖြေကြားမှုတွေ ကိုမ
ကြာမဏ,တွေ့ရပါတယ်။ ကျွန်မတို့ကိုယ်တိုင် ကချင်က,ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေကို ဆက်
သွယ်မေးမြန်းတဲ့အခါ လွယ်လွယ်ကူကု ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ တပ်မတော်ဘက်
က သတင်းထုတ်ပြန်မှုတွေ၊ ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေတာတွေရှိနေတဲ့အတွက် မီဒီယာတွေက မျှမျှတ
တ သတင်းဖော်ပြနိုင်ဖို့ တပ်မတော်ဘက်ကသော်လည်းကောင်း၊ အစိုးရအဖွဲ့က,သော်လည်းကောင်း၊ ငြိမ်း
ချမ်းရေးဖော်ဆောင်ရေး ကော်မတီဘက်က,သော်လည်းကောင်း၊ကချင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးအခြေ
အနေတွေကို သိရှိနိုင်ဖို့ ဖြေကြားပေးစေလိုပါတယ်။
အခုလက်ရှိမှာလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီက ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဘယ်လို
ဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ - အခုပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်းမှာ ကချင်ပြည်နယ်က အခြေအနေများနှင့်ပတ်သက်ပြီး သတင်းတွေ
ပိုပြီးထုတ်ပြန်ပေးနေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကော်မတီကလည်း ထုတ်ပြန်ပေးသွားပါလိမ့်မယ်။ သို့သော်
ဆွေးနွေးမှုအချို့အဆင့်တွေမှာတော့ အခြေအနေအရ, အချိန်မတိုင်ခင် ထုတ်ပြောလို့မရ,နိုင်တာမျိုးတော့
ရှိပါတယ်။

မေး - ကချင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုသည်များရှိရင် ပြောကြားပေးစေလိုပါ
တယ်။

 ဖြေ - ယနေ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ KOI/ KIA လက်နက်ကိုင် ပဋိပက္ခသာ ဖြစ်တဲ့အတွက် ဒီအခြေ
အနေကို အချို့နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ မီဒီယာမှာရှိတဲ့ပုဂ္ဂိုလ်တွေက ကချင်စစ်ပွဲလို့သုံးနေတာမသင့်တော်ဘူး
လို့ထင်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကချင်တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။

ကချင်ပြည်နယ်အရေးဟာ လွတ်လပ်ရေးမရမီ ကချင်ပြည်နယ် နယ်နမိတ်ကို ဘယ်လို သတ်မှတ်မလဲ ဆို
တာကစပြီး အခုအချိန်အထိ ရှုပ်ထွေးနက်နဲတဲ့ တိုင်းရင်းသားလူမျိုးစုများအရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ပထ၀ီနိုင်ငံရေးအခြေအနေတွေ ပါဝင်ပတ်သက်နေတာဖြစ်တဲ့အတွက် လက်ရှိအခြေအနေ တစ်ခုတည်းကို
ပဲကြည့်ပြီး သုံးသပ်လို့ မရပါဘူး။ ဆက်စပ်ပတ်သက်နေတဲ့အကြောင်း အချက်တွေအားလုံး သုံးသပ်ပြော
ဆိုကြစေချင်ပါတယ်။ အဲဒါမှ အဖြေမှန်ကို ရနိုင်မယ်လို့ထင်ပါတယ်။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်
ပါတယ်ရှင်။

Copy from http://www.burmesewldnews.com/2013/01/blog-post_6542.html