ဗမာ့တပ်မတော်သားတို့၏ စနက်ကြောင့် ရွာပုန်းရွာရှောင်ဘ၀ဖြင့်
အသက်ရှင်သန်နိုင်ရေးအတွက် ပြေးလွှားနေရရှာသော တိုင်းရင်းသူ အမယ်အို တစ်ဦး
ပန်းကန်ထဲမှာ ပြောင်တလင်းခါသည်အထိ
ကျေးဇူးတရားကို အသိအမှတ်ပြုပါ
(တစ်)
စင်္ကာပူရောက် မြန်မာလူငယ်တစ်ယောက် ရန်ကုန်မြို့ သို့ခေတ္တခဏ,ရောက်ရှိ၍လာခဲ့ပြီး ရန်ကုန်ကနေ
စင်္ကာပူသို့ ပြန်အထွက် တစ်နံနက်ခင်း၌ ကျွန်တော့်အတွက်စာအုပ်ကလေးတစ်အုပ်ကို လူကြုံကတစ်ဆင့်
လက်ဆောင်အဖြစ် ထားရစ်ခဲ့ပါသည်။ မြန်မာစာရေးဆရာအချို့၊ မြန်မာစာဖတ်သူအချို့နှင့် ထိစပ်ရင်းနှီး
ပြီးဖြစ်သော စာရေးဆရာတစ်ယောက်၏ စာအုပ်ပဲဖြစ်ပါသည်။
သစ်နတ်ဟန်း (Thich Nhat Hanh)တဲ့။ ဗီယက်နမ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၊ ဇင်ဘုန်းတော်ကြီး၊ စာအုပ်
အမည်က Happiness တဲ့။ ပျော်ရွှင်မှုဟု ဆိုကြပါစို့။ ထိုစာအုပ်၌ Family Meals ဟူ၍ မိသားစုထမင်းဝိုင်း
နှင့်ပတ်သက်၍ အခန်းတစ်ခန်းပါဝင်ရာ ထိုအခန်း၌ သည်အစားအစာကို ကောင်းကင်၊ မြေကြီး၊ မိုးစက်နှင့်
နေရောင်ခြည်အပါအ၀င် စကြ၀ဠာကြီးက,လက်ဆောင်ပေးသည်ဟု နှလုံးသွင်းတဲ့။
ရောင်းချသူများ၊ ချက်ပြုတ်သူများ အထူးသဖြင့် တောင်သူလယ်သမားကြီးများ၏ကျေးဇူးကို နှလုံးသွင်းတဲ့။
စားနိုင်သလောက်ကိုသာ ပန်းကန်ထဲကို ထည့်တဲ့။ စသည်စသည်ဖြင့် အချက်ခြောက်ချက်ဖော်ပြထားခဲ့ရာ
ကျန်သောအချက်တွေကို ထားလိုက်ပါတော့။ ကျွန်တော့်အတွက်ကတော့ ထိုပထမနှစ်ချက်၊ သုံးချက်၌ပင်
လျှင် သစ်နက်ဟန်း (Thich Nhat Hanh)ကို ငြိသွားခဲ့ပါလေပြီ။
(နှစ်)
ကမ္ဘာပေါ်၌ လူလေးယောက်တွင် တစ်ယောက်နှုန်း ဆင်းရဲကာ အစာအာဟာရ ပြည့်ဝအောင် မစားရသူက
၎ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရပါသည်။
ဒါဆိုငတ်နေသူက လူ ၁၀၀ မှာ ၅ ယောက်လောက်ဆိုသည့် သဘောပဲပေါ့။ လူတစ်ယောက်အဖို့ တစ်ရက်
လျှင် ကယ်လိုရီ ၂၃၀၀ လောက်စားသုံးရန် လိုအပ်ပြီး ၂၀၁၀ ခုနှစ်၊ ကုန်ဈေးနှုန်းများအရ လူတစ်ယောက်
လူအဖြစ် ရှင်သန်နေထိုင်နိုင်ရန် အလို့ငှာ စားသုံးဖို့အတွက် မြန်မာကျပ်ငွေ ၇၆၃ကျပ် နေ့စဉ်လိုအပ်ပါသည်။
အကယ်၍ မိသားစုငါးယောက်ရှိလျှင် နေ့စဉ် ၃၈၁၅ ကျပ် (သို့မဟုတ်) ၄၀၀၀ ကျပ်ကျသင့်မည်ဆိုသည့်သ
ဘော။ ဒါက,စားဖို့တစ်ခုတည်းအတွက် လိုအပ်ချက်။ ၀တ်ဖို့တွေ၊ နေဖို့တွေ၊ ပညာရေးတွေ၊ ကျန်းမာရေးေ
တွေ၊ သာရေးနာရေးတွေ ဘာတစ်ခုမှမပါသေး။ မိသားစုတိုင်း မိသားစုတိုင်း စားဖို့တစ်ခုတည်းအတွက် ငွေ
ကျပ် ၄၀၀၀ နေ့စဉ်သုံးနိုင်ကြပါစေ။
ကုလသမဂ္ဂကတော့ လူတစ်ယောက်ချင်း၏၀င်ငွေ တစ်နှစ်ကို ဒေါ်လာ ၉၀၅ ဒေါ်လာထက်နည်းလျှင် ဆင်း
ရဲသည်ဟု သတ်မှတ်ပါသည်။ ၂၀၁၁ ခုနှစ် စာရင်းဇယားများအရ ဘရူးနိုင်းက လူတစ်ယောက် တစ်နှစ်ကို
ဒေါ်လာ ၅၀၇၉၀၊ စင်္ကာပူက ဒေါ်လာ ၄၉၇၅၄ တဲ့။ သို့ဖြင့် မလေးရှားက ၁၃၃၈၅ ဒေါ်လာ၊ ထိုင်းက ၇၉၀၇
ဒေါ်လာ၊ အင်ဒိုနီးရှားကတော့ ၃၇၂၈ ဒေါ်လာ၊ ဖိလစ်ပိုင်က ၃၃၈၃ ဒေါ်လာ၊ လာအိုက ၂၀၅၄ ဒေါ်လာ၊ ဗီ
ယက်နမ်က ၁၅၈၉ ဒေါ်လာ၊ ကမ္ဘောဒီးယားက ၁၈၁၈ ဒေါ်လာ စသည်စသည်ဖြင့် ဆင်းသွားလိုက်ရာ မြန်
မာက ၁၀၄၀ ဒေါ်လာဖြင့် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှာ စာရင်းပိတ်ပါသည်။
ဤတွင် ကုလသမဂ္ဂက ၉၀၅ ဒေါ်လာပဲ သတ်မှတ်ထားတာ တို့များ ၁၀၄၀ ဒေါ်လာကြီးများတောင်ဟု အ
လောတကြီး ဘ၀င်ကြွမသွားလိုက်ပါနှင့်ဦး။ တစ်ဦးချင်းဝင်ငွေဆိုသည်ကလေးကိုဖြင့် သတိကလေး ကပ်
ထားလိုက်စေချင်ပါသည်။ ယခုလောလောလတ်လတ်ငွေကြေးတန်ဖိုးအရ,တစ်ဒေါ်လာကို ၈၅၀ကျပ်ဟုဆို
ရာ မြန်မာတို့၏ တစ်ဦးချင်းဝင်ငွေ ၁၀၄၀ ဒေါ်လာကို ၈၅၀ နှင့် မြှောက်လိုက်တော့ ၈၈၄၀၀၀ ကျပ်။ ဒါကို
၁၂ နှင့်စား လိုက်တော့ တစ်လကို ခုနှစ်သောင်းကျော်ကျော်။ ဒီခုနှစ်သောင်း .ကျော်ကျော် ကို မိသားစုဝင်
ဦးရေနဲ့သာ မြှောက်လိုက်ပေတော့။ ယင်းသည် တစ်လ၀င်ရမည့် မိသားစုဝင်ငွေ။ ၀င်သလား မ၀င်ဘူးလား
ဆိုသည်ကတော့ ကိုယ်တိုင်သာ ဖြေကြည့်ကြပေတော့။
ဆိုလိုတာက ကျွန်တော်တို့ အဆင်မပြေကြပါဘူးဆိုတာပဲ ဖြစ်ပါသည်။ ကျွန်တော်တို့မှသာ မဟုတ်ပါ။ အာ
ဖရိကမှာ၊ လက်တင် အမေရိက မှာ ၊ အာရှတိုက်ကြီးထဲမှာ ကမ္ဘာအနှံ့အပြား ဆင်းရဲသူတွေ ဆင်းရဲသူတွေ။
လူလေးယောက်မှာ တစ်ယောက်ဆင်းရဲ၍ လူ ၁၀၀ တွင် ၄ ဒသမ ၈ ယောက်ငတ်သည်ဟု ဆိုခဲ့ပြီးမဟုတ်
လော။
(သုံး)
တစ်ခါက ရန်ကုန်မြို့တစ်နေရာရှိ နာမည်ကျော် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဆီသို့
ရောက်သွားခဲ့ရာ ဘူဖေး (buffet) ပုံစံဖြင့် နေ့လယ်စာကျွေးပါသည်။ ကိုယ်တိုင်ယူငင် စားသုံးသည့်စနစ်။
ထမင်းဟင်းလျာတွေက ခုံတန်းရှည်ကြီးပေါ်မှာ အလျှံပယ်။ ဟိုနံရံ၊ သည်နံရံများရှိရာသို့ အကြည့်ရောက်
သွားတော့ ဆရာတော်ဘုရား၏ သတိပေးစာတန်းများကိုတွေ့ရာ ယင်းအပေါ်၌ ရိုသေလေးစားစိတ် ဖြစ်ရ
ပါသည်။
“ကြိုက်သလောက်စား ကုန်သလောက်ထည့်”တဲ့။ ဟုတ်ပါသည်။ ကိုယ့်ခန္ဓာကိုယ်၏လိုအပ်ချက်အရ,ကြိုက်
သလောက်စား၍ ရ,ပါသည်။ တစ်ခေါက်နှင့် မ၀,သေးလျှင်နောက်တစ်ခေါက်။ နောက်တစ်ခေါက်နှင့် မ၀,
သေးလျှင် နောက်ထပ်တစ်ခေါက်။ ကြိုက်သလောက်ထည့် ကြိုက်သလောက်စား။
သို့သော် အလိုရမ္မက်ကြီးကြီးနှင့် ခူးခပ်ထည့်ထားပြီး မကုန်နိုင်မခန်းနိုင် ထားပစ်ခဲ့တာမျိုးကိုတော့ကျောင်း
က,အလွန်အထင်သေးပြီး အလွန်စက်ဆုပ်ပါသည်။ လူလေးယောက်၌ တစ်ယောက် ဆင်းရဲကာ လူ ၁၀၀
မှာ ၅ ယောက်လောက် ငတ်နေသည့်ကမ္ဘာ၌ သည်လိုဖြုန်းတီးခဲ့ခြင်းသည် လူ့အဖွဲ့အစည်းကို မထီမဲ့မြင်
လုပ်မှု၊ စိုက်ပျိုးထုတ်လုပ် ချက်ပြုတ်သူတို့၏ သွေးနှင့်ချွေးကို စော်ကားမှု။
(လေး)
ဂျပန်အတွေ့အကြုံကြွယ်ဝ,သူများနှင့် စကားဝိုင်းဖွဲ့သည့်အခါ အံ့မခန်းပြောကြလေ့ရှိသည်က ဂျပန်တို့ စား
သောက်ကြပုံ ဟန်ပန်တစ်ကွက်ဖြစ်ပါသည်။ ဂျပန်တွေဟာ ထမင်းကို အကုန်မစားဘဲနဲ့ ပန်းကန်ထဲမှာ ချန်
ထားခဲ့တာမျိုးကို ဘယ်တော့မှ မလုပ်ကြဘူးလို့ ဆိုပါလား။ ချန်ထားသူကို အထင်သေးလေသတဲ့။
ထမင်းမစားခင်မှာ သူတို့ပြောကြမြဲဖြစ်တာက အီတာရာကိမာ့စ်(itakimasu) တဲ့။
ဤအသက်ခန္ဓာရှင်သန်ရန်အတွက် စားရသည့်အစာအာဟာရအတွက် ကျေးဇူးတင်ပါကြောင်းဆိုလား။
သူတို့လူမျိုးတွေရဲ့ စိတ်နေသဘာဝ,တွေက ကြက်သီးမွေးညင်းထ,စရာကောင်းလိုက်တာ။
ကျေးဇူး။ ကျေးဇူး။ ကျေးဇူး။ တင်တတ်ရင် တင်လို့ရတဲ့ ကျေးဇူး။ ထမင်းပဲစားစား၊ ထမင်းကြော်ပဲစားစား
ပန်းကန်ထဲမှာ ထမင်းတစ်စေ့မှ မကျန်သည်အထိ ကျွန်တော်စားဖြစ်နေခဲ့သည်မှာ ကြာလှပါပြီ။
တောင်သူလယ်သမားကြီးတို့ရဲ့ ချွေးတွေ၊ သွေးတွေကို ကျွန်တော်အားနာလို့။ ချို့တဲ့ငတ်မွတ်သူတို့ရဲ့ မျက်
နှာတွေကို ကျွန်တော် မလုံမလဲဖြစ်လို့။ အလှူတွေ၊ မင်္ဂလာဆောင်တွေ၊ ဧည့်ခံပွဲတွေ၊ တတ်နိုင်သူတွေရဲ့ ထ
မင်းဝိုင်းကြီးတွေဆီက ပေါပေါလောလော ဖောဖောသီသီစွန့်ပစ်လိုက်တဲ့ ထမင်းလုံးပေါင်းထောင်သောင်း
သိန်းသန်း ကုဋေကုဋာကို ကျွန်တော်နှမြောလိုက်တာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တတ်နိုင်လို့လွှင့်ပစ်တာဘာဖြစ်
သလဲလို့များ ပြောကြလေမလားမသိ။ ကျွန်တော်ကတော့ ကိုယ်မစားနိုင်ဘဲနဲ့ အလဟဿစွန့်ပစ်ခဲ့သူ၊ငွေ
ပေးပြီးဝယ်ထားတာမို့ ဘယ်သူ့မှ ကျေးဇူးတင်စရာမလိုဘူးဟု သဘောထားရှိသူမှန်သမျှကို လူနှင့် လူ့အဖွဲ့
အစည်းအား စော်ကားနေသူများဟု စွပ်စွဲလိုက်ချင်သည်။
သစ်နက်ဟန်း(Thich Nhat Hanh)ပြောသလို ထမင်းပန်းကန်ထဲက ထမင်းစေ့များစွာကိုကြည့်ရင်း သည်
ထမင်းဖြစ်လာဖို့ ပေးဆပ်သူများအားလုံးကို ကျွန်တော်ကတော့ကျေးဇူးတင်ပါသည်။ မွတ်သိပ် ဆာလောင်
သူတို့၏ ဘ၀,များစွာကို အားနာစွာဖြင့် တစ်စေ့မျှမကျန်သည်အထိလည်း ကျွန်တော်စားသုံးပါသည်။
တတ်နိုင်တာပဲဟူသော စိတ်ဓာတ်ဖြင့် ဘယ်တော့မှ သွန်မပစ်စတမ်း။ မှောက်မပစ်စတမ်း။ ။
မောင်သာချို
ကမ္ဘာသစ် မြန်မာ Fan Page
Copy from http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:120978