မဟာအောင်မြေ ကျောက်မျက်ဝိုင်း တစ်နေရာ
မန္တလေး ကျောက်ဝိုင်း ပြောင်းရွှေ့ခိုင်းသည့် တည်ဆဲအစိုးရ
ကြီးမားသော ဒီမိုကရေစီ စိန်ခေါ်ပွဲကြီးနှင့်
မလွဲမသွေ ရင်ဆိုင်ရနိုင်ဟုဆို
စီးပွားရေးသတင်း — မန္တလေး၊ ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၃
မန္တလေး ကျောက်မျက်ရတနာ ဈေးအား အခြားသောဒေသတစ်ခုသို့ အတင်းအဓမ္မ ပြောင်းရွှေစေခိုင်းခဲ့
သည်ရှိသော် တည်ဆဲအစိုးရအနေဖြင့် ကြီးမားသော ဒီမိုကရေစီစိန်ခေါ်ပွဲကြီး တစ်ခုနှင့် မလွဲမသွေ ရင်ဆိုင်
ရလိမ့်မည်ဟု ကျောက်သမားအများစုအရေး ဖော်ဆောင်နေသူများအဖွဲ့မှ ကုန်သည် ဦးသန်းဌေးက မြန်မာ
အင်ဒီပဲန်ဒင့် မှတစ်ဆင့် ရဲရဲတောက်စကား ပြောကြားလိုက်သည်။
“လူ ၃သိန်းကျော်ရဲ့သွေးချွေး ဘဝနဲ့ရင်းနှီး တည်ဆောက်ခဲ့တဲ့ဈေးကို ခရိုနီတစ်စုကောင်းစားရေးအတွက်
ပြောင်းရွှေ့ပေးရမယ်ဆိုရင် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရရဲ့ လူမှုစီးပွားဘဝ ဖူလုံ
ရေး ၏ဆိုတဲ့ နိုင်ငံတော်ဦးတည်ချက်အရ (Democracy Challenge) ဒီမိုကရေစီ စိန်ခေါ်ပွဲကြီးတစ်ခု အ
မှန်တကယ် ပေါ်ပေါက်လာလိမ့်မယ်” ဟု ယင်းကပြောသည်။
ယင်းတို့ ကျောက်သမားအများစုအနေနှင့် တိုင်းဒေသကြီးအစိုးရ၏ တိကျရေရာသော အဖြေစကားကိုသာ
သိရှိလိုကြပြီး ပြောင်းရွှေ့စီမံကိန်းဆောင်ရွက်နေသူများ၏ ပြောင်းရွှေ့ရေး မပြောင်းရွှေ့ရေးနှင့် ပတ်သက်၍
အလိုရှိသလို လုပ်ဆောင်နိုင်သည်ဟူသော စကားရပ်ကိုလည်း လက်သင့်ခံလိမ့်မည် မဟုတ်ကြောင်း ယင်း
က,ဆိုပြန်သည်။
ဆက်လက်၍လည်း နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်းသာယာစွာ လုပ်ကိုင်စားသောက်နေလာကြသည့်
ကျောက်မျက်ဈေးအား ပြောင်းရွှေ့စီမံကိန်းဆောင်ရွက်နေသူများဖက်က အပြည်ပြည်ဆိုင်ရာ အဆင့်မြင့်
ကျောက်မျက်ဈေး ခေါင်းစဉ်တပ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အကျိုးတူ ပူးပေါင်းလုပ်ဆာင်
နေသည်ကိုလည်း ပုဂ္ဂိုလ်ရေးအရ,ပြောဆိုလိုခြင်း မရှိပါကြောင်း၊ သို့သော် လက်ရှိအခြေအနေအရ ကုန်
သည် ပွဲစား ကျောက်သွေးသမားများသာမက,ဘဲ နိစ္စဓူဝ,လုပ်ကိုင်စားသောက် နေကြရသူများအနေဖြင့်
ဈေးပြောင်းရွှေ့ရေးစီမံကိန်းဆိုသော အသံကိုကြားရုံမျှနှင့်ပင် နေ့စဉ်နှင့်အမျှ ခြောက်ခြားတုန်လှုပ်မှုမျိုး ခံ
စားနေကြရကြောင်း ပြောပါသည်။
မန္တလေးမြို့၏ အဓိက,စီးပွားရေး ပုံရိပ်ကြီး၃ ခုဖြစ်သည့် ပဲကုန်စည်ဒိုင်၊ ဈေးချိုတော်နှင့် မဟာအောင်မြေ
ကျောက်မျက်ရတနာဈေး (ကျောက်ဝိုင်း)တို့သည့် မန္တလေးဒေသခံများအတွက် သာမက,ဘဲ အထက်မြန်
မာပြည်တစ်ဝှမ်းလုံးအတွက် ကုန်စည်စီးဆင်းရာ အထင်ကရ နေရာကြီးများဖြစ်ပြီး ပြောင်းရွှေ့ရေး မပြောင်း
ရွှေ့ရေးအတွက် အငြင်းပွားလျက်ရှိသည့် မဟာကျောက်မျက်ရတနာဈေးကြီးသည်လည်း ပြည်တွင်းပြည်ပ,
ရတနာကုန်သည်များ၏ ရှေးနှစ်ပေါင်း များစွာကတည်း က, ကူးသန်းရောင်းဝယ် ဖောက်ကားခဲ့ကြသည့် နိုင်
ငံ့အကျိုးပြု ပြည်တွင်းကျောက်ဈေးကွက်ကြီး တစ်ခုဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စ,တင်ပြီး ကျောက်ဝိုင်း ပြောင်းရွှေ့ရေးဆိုသည့် သတင်းများ ထွက်ပေါ်လာသည်
တွင် အဆိုပါ ကျောက်ဝိုင်းအပေါ် မှီခိုလုပ်ကိုင်နေကြရသူများ သာမကတော့ဘဲ ပြည်တွင်းပွဲစားရတနာကုန်
သည်များပါမကျန် ဘဝရပ်တည်ရေးအတွက် ရတက်မအေးဖြစ်ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
“မဟာအောင်မြေကျောက်ဝိုင်း ပြောင်းရွှေ့ရမှာကို ကျွန်တော်တို့အနေနဲ့အင်မတန် စိုးရိမ်ပူပန်နေပါတယ်။
သက်ဆိုင်ရာ အစိုးရဝန်ကြီးအဖွဲ့အနေနဲ့ ပွင့်လင်းမြင်သာ သတင်းထုတ်ပြန်ပေးစေချင်ပါတယ်”
ဟု ဒေသခံ ပွဲစားတစ်ဦးက လည်းကောင်း
“ကျောက်သမားတွေအနေနဲ့က ကျောက် ဝိုင်းကြီး ပြောင်းရွှေ့ရမှာလား၊ မပြောင်း ရွှေ့ရမှာလား ပူပန်သော
က,တွေ ဖြစ် နေကြရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းတိတိ ကျကျပြော ကြားပေးစေချင်ပါတယ်”
ဟူသော နယ်လှည့်ကျောက်ကုန်သည်တစ်ဦး၏ ပြောပြချက်အရ,လည်းကောင်း ကျောက်သမားများဆီမှ စိုးရိမ် ကြောင့်ကြသံများ ထွက်ပေါ်လျက်ရှိ ရာ ယခုအခါတွင် မပြောင်းရွှေ့လိုသူကျောက်သမား အများစု
တို့က နီးစပ်ရာအချင်းချင်းစုပေါင်း၍ ကျောက်ဝိုင်းတည်မြဲရေး ယာယီကော်မတီကြီးတစ်ခု ထွက်ပေါ်လာ
သည်အထိ ပြောင်းရွှေ့ရေး စီမံကိန်းအား ဆန့်ကျင်ရန် စည်းလုံးညီညွတ်မှုအပြည့်ဖြင့် အသင့်အနေအထား
ရှိပြီးဖြစ်ကြောင်း သိရသည်။
ယင်းတို့အနေဖြင့် လက်ရှိနေရာမှပြောင်းရွှေ့ရပါက မိမိတို့ဘဝ,အဆင်ပြေချောမွေ့စွာ ရပ်တည်ရှင်သန်နိုင်
ရေးခက်ခဲမည်ဖြစ်ပြီး ကျောက်ဝိုင်းအနီးဝန်းကျင်ရှိ သံဃာတော်များသီတင်းသုံးတော်မူရာ ကျောင်းတိုက်
ကြီးငယ်မှ စာသင်စာချ သံဃာတော်များအတွက်လည်း အတိုင်းအတာတစ်ခုအထိ အခက်အခဲများဖြစ်ပေါ်
နိုင်သည်ဟု သံဃာတော်များ အရေးအတွက်ပါ စိတ်မအေးစွာပြောကြသည်။
“ကျောက်ဝိုင်း ပတ်ချာလည်မှာ စာသင်တိုက်ပေါင်း ၁ဝခုလောက်ရှိတယ်။
ကျောက်ဝိုင်းမိသားစုအနေနဲ့က စာသင်သားသံဃာတော်တွေအတွက် နှစ်စဉ်လှူဒါန်းကြတာ သိန်းပေါင်း
ထောင်ချီရှိတယ်။
အထူးသဖြင့်တော့ ကျွန်တော်တို့ ကျောက်ဝိုင်းထဲမှာကို စာသင်သားသံဃာတော်တွေဝယ်ဖို့မတတ်နိုင်တဲ့
ဘာသာရေးဆိုင်ရာ စာအုပ်တွေ၊ ပိဋကတ်တော်တွေကို ရတနာလူငယ်မြတ်ဗုဒ္ဓဒေသနာတော် ပြန့်ပွားရေး
အဖွဲ့ဆိုတဲ့ အသင်းကနေ စာအုပ်တွေငှားပေးနေတယ်။
စာသင်သား ကိုယ်တော်လေးတွေအတွက်ကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်”
ဟု အဆိုပါ အသင်းဥက္ကဋ္ဌက ဖြည့်စွက်ပြောသည်။
“တစ်ဖက်အဖွဲ့အစည်းကို အခွင့်အရေးပေးသလို ကျွန်တော်တို့ဖက်ကိုလည်း အခွင့်အရေးပေးမယ် ဆိုရင်
အဆင့်မြှင့် တည်ဆောက်ဖို့ ဆန္ဒရှိပါတယ်။
တိုင်းဒေသကြီး အစိုးရရဲ့အကူအညီကိုမယူပါဘူး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆောက်မှာပါ”
ဟု ယင်းက ပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မဟာအောင်မြေ ကျောက်မျက် ရတနာဈေးကြီး
သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အလှူ့ဒါယကာ ဦးဘ ဆိုသူက မန္တလေးမြို့သူမြို့သားများ နာရေး
ကိစ္စအဆင်ပြေစေရန် အလို့ငှာ ရဟိုင်းသုဿန်ကြီးအဖြစ် မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ထံ လှူဒါန်း
ခဲ့သည့် မြေနေရာဖြစ်သည်။
ခရစ်သက္ကရာဇ် ၂ဝဝဝ ခုနှစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက မဟာမြတ်မုနိဘုရား
ကြီးကျောင်းတိုက် ရေတော်ဆရာတော်ထံ မဟာအောင်မြေ ရတနာဈေးဖော်ဆောင်ရေးအတွက် ခွင့်ပြုချက်
တောင်းယူကာတည်ဆောက်ခဲ့ပြီး ဈေးစ,တင်ဖွင့်လှစ်ခဲ့စဉ်က လူဦးရေတစ်သောင်းဝန်းကျင်ဖြင့် ရောင်းဝယ်
ဖောက်ကားခဲ့ကြသည်။
Copy from http://www.myanmarij.com