ဒါဏ်ရာရ ဆန္ဒပြသည့် အမျိုးသမီးများ
ဓါတ်ပုံ
http://www.bbcburmese.com/images
ကရင်ဒုက္ခသည်များသို့ ကရင်ဒုက္ခသည်တဦးမှ
ပေးစာ
February 28, 2013.
Thursday
By မင်းစိုးစံ
ဒုက္ခသည်ဆိုတာ ဘာလဲ။ ဘာကြောင့်ဒုက္ခသည်လို့ ခေါ်ရသလဲ။ ဒုက္ခသည်ဆိုတာကို မပြောခင်မှာ ဒုက္ခဆို
တာဘာလဲ။ သက်ရှိသတ္တ၀ါတွေမှန်သမျှ သက်ရှိလောကမှာ ကြင်လည်ကြရသူတိုင်း ဒုက္ခနဲ့မလွဲမသွေအတူ
ယှဉ်တွဲ ပေါင်းသင်းနေကြရတာပါ။
သတ္တ၀ါတွေအားလုံးဟာမိမိအသက်ရှင်သန်နိုင်ဘို့အတွက် နေရေး စားရေးကိုအဓိက ထားကြရပါတယ်။
အဲဒီတော့ သက်ရှိသတ္တ၀ါဖြစ်တည်လာပြီဟေ့ဆိုတာနဲ့ ဒုက္ခဆိုတာအလိုအလျှောက်ပါလာကြတာမို့ မလိုချင်
ပဲ မခံစားချင်ပဲ ရယူခံစား ကြရပါတယ်။
လူဆိုတာကလည်း သတ္တ၀ါဖြစ်တာမို့ ဒုက္ခနဲ့မကင်းနိုင်ကြပါဘူး။ လူတိုင်းမှာ ဒုက္ခနဲ့ချည်းဖြစ်ပါတယ်။
တိရိစ္ဆာန်ကျတော့ သုံးမျိုးပဲသိတဲ့အတွက် သူ့ကိုတိရိစ္ဆာန်လို့ခေါ်ကြတာဖြစ်ပါတယ်။
သက်ရှိသတ္တ၀ါမှန်သမျှ အားလုံးဟာ ဒုက္ခနဲ့မကင်းဘူးဆိုတော့ လူတိုင်းဟာဒုက္ခသည်တွေချည်းပါပဲ။
ဒုက္ခသည်တွေက ဒုက္ခသည်တွေကို ပြန်ပြီးဒုက္ခတွေပေးနေကြတဲ့ အတွက် (လူသတ္တ၀ါတွေက လူသတ္တ၀ါ
တွေကို) ဒုက္ခသည်ဆိုတဲ့ လူတန်းစားတရပ် စိတ်မကောင်းခြင်းကြီးစွာနဲ့ ပေါ်ပေါက်လာပါတော့တယ်။
ဒီနေရာမှာ ကွင်းစ,ကွင်းပိတ် သုံးလိုက်ရသလဲဆိုတော့ ဒုက္ခသည်တွေကြားထဲမှာ အထူးသဖြင့်ဒုက္ခသည်
စခန်းတွေမှာ ဒုက္ခသည်အချင်းချင်း ပြန်ပြီးဒုက္ခပေးနေတယ်လို့ ဆိုလိုရာ ရောက်သွားမှာ စိုးလို့ပါ။ တခုတော့ပြောချင်ပါတယ်။ ဒုက္ခသည်အချင်းချင်း ဘ၀တူအချင်းချင်း ပြန်ဒုက္ခပေးတယ် မပေးဘူး ဆိုတာ
ကိုတော့ ဒုက္ခသည်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။
ဒုက္ခသည်ဆိုတာ ဘာလဲ။
အကျယ်ပြောနေစရာမလိုဘူးလို့ ထင်ပါတယ်။ ကိုယ့်နိုင်ငံမှာ အေးအေးချမ်းချမ်းနဲ့ အကြောက်တရားကင်း
ကင်း လွတ်လွတ်လပ် ကြီးပွါးချမ်းသာဘို့ အသက်ရှင်ရပ်တည်နိုင်ဘို့ မဖြစ်နိုင်လို့ ဒုက္ခသည်အဖြစ် လူ့ဂုဏ်
သိက္ခာမဲ့စွာ မဖြစ်မနေခံယူလိုက်ကြရသူမှန်သမျှ ဒုက္ခသည်ပဲဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်အလွန်မှာ ကျုပ်တို့ ဒုက္ခသည်တွေအကြောင်း ဆွေးနွေးခဲ့ဘူးပါတယ်၊ ဒုက္ခသည်တွေကို တတိ
ယနိုင်ငံတစ်ခုခုကို ပို့လိုက်ရုံနဲ့ ဒုက္ခသည်အရေးပြေလည်မသွားနိုင်ဘူးဆိုတာကို သိခဲ့ရပါတယ်။
သတင်းတွေမှာသိကြရသလိုပါပဲ စခန်းတွေထဲကနေ ဒုက္ခသည်ဦးရေ ဘယ်လောက်ထွက်ခွါသွားပါပြီ ဆိုပေ
မယ့် ဒုက္ခသည်အရေအတွက်က လျော့နည်း ကျဆင်းသွားတာမရှိပါဘူး။
ကဲအခုတော့ ပြည်ထောင်စု ဗမာနိုင်ငံ(ပြည်ထောင်စု မြန်မာနိုင်ငံ)ကို ပြန်ပို့ဘို့ ပြင်ဆင်နေကြပါပြီ။
ဒီနေရာမှာ ဘာ့ကြောင့်ပြည်ထောင်စု ဆိုတာကြီးကိုထည့်သုံးရသလဲဆိုတော့ အခုလက်ရှိဗမာအစိုးရ အုပ်
ချုပ်နေတဲ့ မြန်မာနိုင်ငံဆိုတာ မြန်မာ(ဗမာ) လူမျိုး တစ်မျိုးထဲပိုင်တာမဟုတ်လို့ဖြစ်ပါတယ်။
နောက်တခုက ဒီနိုင်ငံဟာ တိုင်းရင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံ ပြည်ထောင်စုနိုင်ငံ တနိုင်ငံဖြစ်တယ် ဆို
တာကို သိသာထင်ရှားစေချင်လို့ပါ။
ဗမာလို့ခေါ်ရမယ် မြန်မာလို့ခေါ်ရမယ် ဆိုတာကို ငြင်းနေတာနဲ့ ပြည်ထောင်စု ဆိုတာပျောက်သွားနိုင်လို့ပါ။
ဟုတ်ပါပြီ ကိုယ့်နေရပ်ရင်း ပြန်ကြမယ့် ကရင်ဒုက္ခသည်တွေကို စောစောကပြောခဲ့တဲ့ ပြည်ထောင်စု ဗမာ
နိုင်ငံတော်ကြီးဘက် ပြန်ပို့လိုက်ရုံနဲ့ ဒုက္ခသည်ကိစ္စပြေလည်မလားဆိုတာ စဉ်းစားကြည့်လိုက်တဲ့အခါမှာ
အဖြေက (ကျုပ်တစ်ယောက် တည်းအဖြေ) မလွယ်ရေးချမလွယ် တကယ့်ကိုမလွယ်သေးတာ။
ဘာကြောင့်လဲဆိုတော့ အခုလက်ရှိဖြစ်ပျက်နေတဲ့ ဗမာ အစိုးရ လုပ်ပုံကိုင်ပုံတွေကိုကြည့်လိုက်တဲ့အခါမှာ
ဘယ်လောက်အထိ လူမဆန်သလဲဆိုတာကို အော့နှလုံးနာစရာ မြင်တွေ့နေရလို့ ဖြစ်ပါတယ်။
ခင်ဗျားတို့ကျုပ်တို့က ပြည်ထောင်စု ဗမာနိုင်ငံတော်ကြီးနဲ့ ဘယ်လောက်အထိ အဆက်အသွယ်ပြတ်နေခဲ့
သလဲ၊ ကျုပ်တို့က ဆိုလို့ ဒုက္ခသည်စခန်းမှာမွေးပြီး လူလားမြောက်ခဲ့ကြရတဲ့ လူငယ်တွေကိုရည်ညွှန်းတာ
ပါ။ အသက် ၄၀ပတ်ဝန်းကျင်အထိ ကိုပြောနေတာပါ။
ကျုပ်တို့တတွေ လုပ်ကိုင်စားသောက်နိုင်ဘို့ ဘာတွေအာမ,ခံချက်ရှိထားပါသလဲ။ ဒီနေရာမှာ ဒုက္ခသည် စခန်းထဲက ကြီးပွါးချမ်းသာနေတဲ့ လူအုပ်စုကို ဆိုလိုတာမဟုတ်ပါဘူး။
ကျုပ်တို့ကို ဗမာအစိုးရက မြေဆယ်ဧက,ပးမယ်တဲ့။ အဲဒီစကားကို ယုံသလား။
လယ်မြေတွေကိစ္စကမပြီးသေးတာ အားလုံးအသိပါ။ အခုမှမီးက လောင်လို့ကောင်းတုန်း လူအချင်းချင်း
သတ်ကြဖြတ်ကြလို့ကောင်းတုန်းအချိန်။
မယုံလျင် ဒီရုပ်သံဖိုင်ကို ကြည့်လိုက်ပါလား။
ချွေးနဲ့ မျက်ရည်နဲ့ ဘ၀,နဲ့ ရင်းနှီးထားတဲ့ မြေတွေ။
ကျုပ်တို့တတွေ ရောက်သွားပြီးထားပါတော့။ ဗမာအစိုးရ ပေးတဲ့မြေဆယ်ဧက,ထဲမှာ ထိုင်းနဲ့ ယူအင်အိပ်ခ်ျ
စီအာရ် က သင်ကြားပို့ချပေးလိုက်တဲ့ စိုက်ပျိုးရေး မွေးမြူရေး နည်းပညာတွေနဲ့ လုပ်ကိုင်စားသောက်ကြ
မယ်ဆိုပါစို့။ စားဘို့လောက်လျင် အင်မတန်ကံကောင်းပြီသာမှတ်။
လုပ်စားကိုင်စားလို့ အဆင်ပြေမယ်မကြံသေးဘူး မင်းတို့ ကရင်ဒုက္ခသည်တွေ အခုပြောင်းစမ်း ဆိုလျင်
ဘယ်လိုလုပ်မလဲ။
သူချကိုယ်ချလုပ်မယ်ဆိုလျင် ဘယ်မှာတုန်းခင်ဗျားတို့ကျုပ်တို့ရဲ့ လက်နက်။
ကျုပ်တို့ ခင်ဗျားတို့ကို မီးရထားဝန်ကြီး ဦးအောင်မင်းပေးမယ့် ပေါက်တူးတို့ တူရွင်းတို့ ဆိုတာတွေက ဂျီ ၃ ဂျီ ၄ ကိုယှဉ်လို့မရဘူးဆိုတာ ပြောဘို့မလိုပါဘူး။
ဖြစ်လာပြီဆိုလျင် မအူပင်က မလက်တိုရွာလို ရုပ်သံမှတ်တမ်းရိုက်ပြီးပို့လိုက်ရုံနဲ့ ပြေလည် အေးဆေးသွား
မယ်များ မှတ်သလား။
ငါတို့ကတော့ ဦးအာင်မင်းပေးတဲ့မြေကို ယူစရာမလိုအောင် ချမ်းသာနေတာ အရေးမကြီးဘူးလို့ ဒုက္ခသည်
စခန်းထဲက ကြီးပွါးချမ်းသာနေတဲ့ လူတွေကပြောလိမ့်မယ်။
ဟုတ်တာပေါ့ဗျာ ဗမာအစိုးရဆိုတာငွေပေးနိုင်လျင် ဘာမဆိုဖြစ်တာပဲလို့ ထင်စရာဖြစ်နေတာကိုး။ ခင်ဗျား
တို့ကျုပ်တို့ ရတဲ့ငွေက ဘယ်ပုံဘယ်နည်းနဲ့ရသလဲဆိုတာ ခင်ဗျားတို့ ကျုပ်တို့အသိဆုံးပါ။
စကားစပ်မိလို့ ပုံပြင်လေးတစ်ပုဒ်လောက်ပြောပြလိုက်မယ်။
ကျုပ်တို့ပြည်ထောင်စု ဗမာနိုင်ငံထဲကို ချစ်တီးကုလားတွေ စီးပွါးရှာခဲ့တဲ့ ခေတ်ကာလ,တခုလို့ပဲဆိုကြပါစို့
နွားနို့ရာင်းတဲ့ကုလား တစ်ယောက်ရှိခဲ့ဘူးတယ်။ နွားနို့ကို ရိုးရိုးသားသားမရောင်းဘူး ရေရောတယ်ပေါ့ဗျာ
သူ့နိုင်ငံကိုပြန်တဲ့အချိန်မှာ သူရှာထားတဲ့ ပစ္စည်းဥစ္စာရတနာတွေကို သင်္ဘောကြီးပေါ်တင်ပြီး ပြန်သွားတော့
ပင်လယ်ထဲမှာ လေမုန်တိုင်းမိပြီး အားလုံးနစ်ကုန်ရော။ လူကတော့ မသေဘူး။ သူဘာပြောလဲသိလား ပါနီ
ထဲကလာ ပါနီ ထဲကိုသွား တဲ့။
ဘာကိုဆိုလိုသလဲဆိုတာ ဒုက္ခသည်စခန်းထဲက နွားနို့ရောင်းတဲ့ကုလားလို ချမ်းသာနေကြတဲ့ သူဌေးကြီး
တွေ သဘောပေါက်ကြမှာပါ။
အခုဖြစ်နေတဲ့ အရေးအခင်းတွေကိုကြည့်လိုက် အားလုံးဟာ ဗမာလိုတတ်တယ်၊ဗမာရည်လည်တယ်၊ ဗမာ
ပြည်က ဗမာအုပ်ချုပ်သူတွေရဲ့ အထာကိုညက်ကြတယ်။ ဒီကြားထဲမှာမှ ပြဿနာက ဖြစ်နေသေးတာ။
ပြန်ကြမယ့်ကရင်ဒုက္ခသည်တွေထဲမှာ ဗမာရည်လည်တဲ့လူ ဘယ်နှစ်ယောက်ရှိသလဲ၊ ဗမာလိုပြောတတ်တဲ့
ကရင် ဘယ်နှစ်ယောက်ရှိသလဲ၊ ဗမာအုပ်ချုပ်သူတွေရဲ့အထာကိုညက်တဲ့ကရင် ဘယ်နှစ်ယောက်ရှိသလဲ။
အဲဒီလူတွေထဲကမှ ကရင်ကိုချစ်တဲ့ကရင် ဘယ်လောက်ရှိမယ်လို့ ထင်သလဲ။ အဲဒီမျိုးချစ်ကရင်တွေက တ
ကယ်ပဲ သူတို့ကိုယ်သူတို့ ပေးဆပ်နိုင်ကြမယ်တဲ့လား။
အဲဒါမျိုးတွေလုပ်မယ့်ကရင် ကို သုတ်သင်ရှင်းလင်းနိုင်ဘို့အတွက် ဒုက္ခသည်တွေကြားထဲစိမ့်ဝင်နေတဲ့ ဗမာ
အစိုးရ ထောက်လှမ်းရေးတွေ ဘယ်လောက် ရှိနေပြီလဲ။ ဗမာပြည်ထဲမှာ အသင့်စောင့်နေတဲ့ သူတို့ဘက်
တော်သားတွေ နေရာအနှံ့ ကဏ္ဍအစုံမှာရှိတယ် မရှိဘူး ဆိုတာမျိုး ကျုပ်တို့အတိအကျ ပြောနိုင်ပါသလား။
ပြောမယ်ဆိုလျင် အများကြီး။ ဒုက္ခသည်တွေကို ခြောက်လှန့်နေသလားလို့မေးစရာရှိပါတယ်။ မဟုတ်ပါဘူး
အဲဒီလို ရည်ရွယ်ချက်မျိုးနဲ့ ရေးတာမဟုတ်ပါဘူး။ မလွှဲသာမရှောင်သာလို့ မဖြစ်မနေပြန်ကြရတော့မယ် ဟေ့
ဆိုတဲ့အခြေအနေမျိုး ဖြစ်လာပြီဆိုလျင် ဘာတွေပြင်ဆင်ထားဘို့ လိုသလဲဆိုတာကို မြင်နိုင်အောင်ရည်ရွယ်
နေတာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒုက္ခသည်ပြဿနာကို အမြစ်ပြတ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာဖွေမတွေ့နိုင်သေး
တဲ့အချိန် ဖြစ်နေသေးလို့ပါပဲခင်ဗျား။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)