Saturday, March 2, 2013

အမျိုးပြုတ်တော့မယ့် ကရင်



အမျိုးပြုတ်တော့မယ့် ကရင်

အပိုင်း ()

March 2, 2013
Saturday

By မင်းစိုးစံ

လေးစားအပ်ပါသော ကရင်ပညာရှိအပေါင်းတို့ခင်ဗျား။
ကရင့်စကားလုံးတွေနဲ့ပတ်သက်လို့ မဖြစ်စလောက်လေး ရေးသားလိုက်တာပါဆိုတာထက် သိသလောက်
ကို အိတ်သွန်ဖါမှောက်ရေးပြခဲ့တာပါလို့ ၀န်ခံပါရစေ။
ဘာကြောင့်လဲဆိုလျင် ကျုပ်တို့ ကရင်စကားတွေဟာ စောစောပိုင်းကပြောခဲ့သလို တိမ်မြုပ်နေတာအများ
ကြီးပါ။ အသေအခြာရှာဖွေရေးသားကြမယ်ဆိုလျင် မကုန်မခမ်းနိုင်ပါဘူး။ အခုရေးသားပြတာက ဗမာအ
ခေါ်အဝေါ်နဲ့ ကရင်အခေါ်အဝေါ်ကိုသာ ရေးသားတင်ပြနေတာပါ။
ကရင်တွေကြားထဲက အခေါ်အဝေါ်လေးတွေမတူတာကို လေ့လာကြည့်ကြပါစို့လား။

ပိုးကရင်(ဖလုံ)နဲ့ စကောကရင်(ရှောင်)အခေါ်အဝေါ်ကို ခဏလေးထားလိုက်ပါဦး ပြီးတော့ အရှေ့ပိုးကရင်နဲ့ အနောက်ပိုးကရင်ကိုလည်း အသာထားလိုက်ပြီး အရှေ့ပိုးကရင်တစ်ခုတည်းမှာတင် အခေါ်အဝေါ်လေး
တွေကွဲနေတာ အများကြီးရှိပါတယ်။
ကျုပ်တို့ကရင်တွေမှာ အိပ်ခန်း(Bed room)ကို ဘယ်လိုခေါ်ကြပါသလဲ။ ဍိုဝ်ဖိုင် လို့ခေါ်သလို ဍုဂ်ဖိုင်လို့ခေါ်
ကြပါတယ်။ တခါ ဗမာလို ရေကပြင် ကိုကရင်လို ဆီးဆိုင် လို့ခေါ်ကြသလို ဆိုတ်ဆိုင် လို့လည်းခေါ်ကြပါ
တယ်။
အဲဒီအထဲကမှ စ,အသံထွက်နဲ့ ဆ,အသံထွက်က မတူကြပြန်ပါဘူး။ စ,အသံထွက်ကို တချို့ ကျ လို့အသံ
ထွက်ကြသလို တခါဆ,အသံ ထွက်ကို ချ ဆိုပြီးအသံထွက်ကြပါတယ်။ ဒါတွေက နေရာဒေသလိုက်ပြီး အ
သံတွေကွဲနေတာဖြစ်ပေမယ့် အဓိပ္ပါယ်ကအတူတူပဲဖြစ်ပါတယ်။

ကျုပ်တို့ရဲ့ ကရင့်အနုပညာရှင်အဓိပတိကြီး ဂုရုကြီးလို့ပြောနိုင်တဲ့ စ၀်လိက်သိင့် (ဗမာမှုပြုချင်တဲ့လူတွေ
က စောလှသိန်း လို့ရေးထားတာကို ကက်စက်ခွေကာဘာပေါ်မှာ အမှုမဲ့အမှတ်မဲ့တွေ့လိုက်သေးတယ်)ကို
ကျဝ်လိက်သိင့် (ကျော်လိုက်သိန့်)လို့အသံထွက်ရေးကြပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ နား
လည်နိုင်ကြပါတယ်။ ဆ,အသံထွက်မှာတော့ ပြဿနာတစုံတရာပေါ်လာမလားဆိုပြီး စိုးရိမ်စိတ်ဝင်မိပါ
တယ်။ ကရင်သင်ပုံးကြီးထဲမှာ ဆ ဆု ဟှယ့်ဆိုင် လင်ဆိက်ဖိုင် ဆိုတဲ့စာလုံးကို အသံထွက်တဲ့အခါမှာ ဗမာ
လို ဆ ဆယ်ဂဲ့ဆန်လောင်ဆိုက်ဖန် အစား ချ ချဂဲ့ချန် လောင်ချိုက်ဖန် လို့အသံထွက်တဲ့ လူတွေက ဒီစာလုံး
မမှန်ဘူး အသစ်ထွင်မယ်ဆိုလျင် အားလုံးရှုတ်ထွေးကုန်တော့မှာဖြစ်ပါတယ်။
(အဲဒီသင်္ခန်းစာပါ စာရဲ့အဓိပ္ပါယ်က မိုးရွာနေပြီ လယ်ထဲဆင်း လို့ဆိုပါတယ်)။ ဒီနေရာမှာ ပိုးကရင်တွေပြော
တဲ့ စကားလုံးတွေအပေါ်(အသံထွက်အပေါ်)အချို့ လိုက်ပြီးရေးတတ်ကြလို့ စိုးရိမ်မိတာဖြစ်ပါတယ်။

ပိုးကရင်လို အေး ဆိုတာက အငြင်း စကားလုံးတွေမှာ သုံးတာဖြစ်ပေမယ့် နေရာမှားသုံးနေတာ သတိပြုမိ
လို့ဖြစ်ပါတယ်။ ပိုးကရင်လို ဟှေး နဲ့ အေး ဆိုတာမတူပါဘူး။ ပိုးကရင်တွေသိကြပါတယ်။ ခုလိုဆက်သွယ်
ရေးနည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကာလမှာ အများကြီးသတိထားဘို့လိုအပ်ပါတယ်။
အဓိက ဆိုလိုချင်တာကတော့ အနုပညာလုပ်ငန်းတွေမှာ အထူးသဖြင့်စာတမ်းထိုး တေးသီချင်းနဲ့ပတ်သက်
လို့ အထူးသတိပြုစေချင်နေတာဖြစ်ပါတယ်။
မှားလျင် မှားသလောက်ပြင်ရခက်ပါတယ်။ ဒါကြောင့် မိမိတို့ မိခင်ဘာသာစကားကို ထိန်းသိမ်းဘို့ရာမှာ အ
နုပညာရှင်တွေရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ (သတ်ပုံမမှားအောင် ဂရုစိုက်စေချင်လို့ပါ)

ဘာကြောင့်လဲဆိုတော့ တေးသံရှင်တွေ သီဆိုနေတာတွေကို စာတမ်းလေးတွေထိုးပေးခြင်းအားဖြင့် ကရင်
စာပေကို လေ့လာလိုသူတွေအတွက် အထောက်အကူများစွာရနိုင်လို့ဖြစ်ပါတယ်။ စာလုံးပေါင်းမှားနေတဲ့
အဓိပ္ပါယ်မတူတဲ့ အရေးအသားမျိုးပါသွားတဲ့ ရုပ်သံခွေလေးတစ်ခု ပြည်သူလူထုကြားရောက်သွားပြီဆိုလျင်
 ပြင်ဆင်ရအင်မတန်ခက်ပါတယ်။
အခု အေး ဆိုတာကို နားလည်သလောက် ရှင်းပြချင်ပါတယ်။
အေး ဆိုတာ ယ်ုလေ၀်ကဲအေး ငါမသွားချင်ဘူး။ ယ်ုလ၀်ကဲအေး ငါမပြော ချင်ဘူး။ ယ်ုအင်းကဲအေး ငါမစား
နိုင်ဘူး။ ယ်ုမာကဲအေး ငါမလုပ်နိုင်ဘူး။ ဒါက ငြင်းပယ်တဲ့အခါမှာ သုံးတာဖြစ်ပြီး ဟှေး ဆိုတာက အပြန်အ
လှန် အခေါ်အထူးလုပ်တဲ့အခါမှာ သုံးလေ့သုံးထရှိကြတယ်။
တောထဲမှာ မျှစ်ရှာတာမျိုး အင်ဥကောက်တာမျိုး အင်ဖက်ကောက်တာမျိုး တောထဲမှာ တစ်ယောက်နဲ့တစ်
ယောက် အဖေါ်တွေနဲ့ကွဲနေလျင် ဟှေး လို့တယောက်ယောက်က အသံပြုလိုက်တာနဲ့ ကြားတဲ့လူက ဟှေး  လို့ အသံပြန်ပေးပါတယ်။ ဒါကြောင့် ဟှေး နဲ့ အေး ဆိုတာအဓိပ္ပါယ်မတူဘူးလို့ ယုံကြည်ယူဆ,ပါတယ်။

အောက်က,ရုပ်သံလေးကို သတိထားပြီးကြည့်ရှုစေချင်ပါတယ်။ ပြီးတော့ ဘယ်လိုစာလုံးတွေ မှားနေသလဲ
ဆိုတာ နောက်အပတ်ရောက်လျင် ပြန်လည်ပြောဆိုဆွေးနွေးကြပါစို့။


ဟုတ်ကဲ့ အခုလိုအကျယ်တ၀န့်ရေးပြနေမိတာကတော့ ကျုပ်တို့ကရင်တွေမှာ တိကျတဲ့စကားလုံး အသံ
ထွက်ခိုင်မာဘို့လိုနေတာကို တွေ့ရပါလိမ့်မယ်။ တိကျတဲ့စကားလုံးဖြစ်ဘို့ဆိုတာ စာအရေးကြီးပါတယ်။
စာပေရှိဘို့ လိုအပ်ပါတယ်။ စာပေရှိမှ စကားလုံး ခိုင်မာပါမယ် စကားလုံးခိုင်မာဘို့ စာပေဆိုတာ မရှိမဖြစ်လို
အပ်ပါတယ်။
စာပေလို့ပြောလိုက်တာနဲ့ စာဘတ်သူတွေအနေနဲ့ တော့ကျုပ်မပြောတတ်ဘူး ကျုပ်တော့ ရူးတောင်ရူးချင်
လာတယ်။ ကရင်တွေမှာ စာပေဘယ်နှစ်မျိုးရှိခဲ့သလဲ။ ဘယ်ခုနှစ်တွေတုန်းက ပေါ်လာခဲ့တာလဲ။ ဘယ်သူ
တွေထွင်ခဲ့တာလဲ။ နောက်ထပ်စာပေအသစ် ဘယ်နှစ်မျိုးထွက်လာနေသလဲ။ ဘယ်သူတွေ ထွင်လိုက်တာ
လဲ။ နောက်ထပ်ဘယ်နှစ်မျိုး ထပ်ပြီး ထပ်ထပ်ပြီး ပေါ်လာဦးမလဲ။ ဘာကြောင့်ထွင်ရတာလဲ။ ဘာကြောင့်
ထပ်ထွင်မှာလဲ။

မေးခွန်းတွေများလာတော့ အဖြေတွေကလည်းများလာတယ်။ အဖြေတွေအပေါ်မှာ ပြန်သုံးသပ်တော့ တစ်
ယောက်နဲ့ တစ်ယောက် စကားများကြ။ စိတ်ဝမ်း ကွဲကြ။ မခေါ်ချင်မပြောချင် ဖြစ်ကြ။ မျက်နှာချင်း မဆိုင်
ချင်ကြ။ ဒီလိုနဲ့ပဲ အလစ်ချေုာင်း နေတဲ့ လူရဲ့အကွက်ထဲဝင်သွားရော။ ဒါနဲ့ပဲ ကရင်တွေအမျိုးပြုတ်ဘို့နီးလာ
ရော။
အကြောက်တရားကြီးမားတဲ့လူရဲ့အတွေး လို့ပြောဦးမလား။ ပြောချင်လား။ မပြောခင်မှာ အလျင်ဦးဆုံး စဉ်း
စားပြီးမှပြောပါ။ အသေအခြာ လေးလေးနက်နက် စဉ်းစားပြီးမှ ပြောပါ။

ကျုပ်သိသလောက်ကတော့ အခုအခြေအနေမှာ ကရင်စာပေစုစုပေါင်း (ရုပ်သံတွေမှာမြင်တာ) စကောက
ရင်လို နှစ်မျိုး ပိုးကရင်လို နှစ်မျိုး ဗမာအက္ခရာနဲ့ရေးတာပေါ့နော်။ တစ်ခါ ဒူးဂဏန်းလိုလို ကိုးရီးယားစာလုံး
ယောင်ယောင် ဂျပန်လေလား တရုတ်စာလားလို့ အတိအကျမသိနိုင်တဲ့ ဒီကေဘီအေ ကရင့်အမျိုးသားတိုး
တက်ရေး ဗုဒ္ဓဘာသာအဖွဲ့က မသင်မနေရဆိုပြီး တာဝန်ယူထုတ်တဲ့စာနဲ့ ချင်းမိုင်က,ကရင်တွေ အင်္ဂလိပ်စာ
လုံးနဲ့ရေးထားတဲ့ စကောကရင်အသံထွက်နဲ့ စာတွေပါဆိုတော့ စု စုပေါင်းစာပေ ခြောက်မျိုးလောက်ရှိနေ
တယ်။ အဲဒီတော့ သီချင်းတပုဒ်ထွက်လာတယ် ငါတို့ဘယ်စာကိုသင်ရမှာတုန်း လူကြီးမင်းတို့ ဆိုတဲ့သီချင်း။

အဲဒီတော့ ကရင်မှာစာပေတစ်မျိုးပဲရှိရမယ်ဆိုတာ ဖြစ်လာရော။ စာပေများတဲ့အတွက် လူမျိုးတွေစုစည်းမှု
လျော့နည်းစေတယ်ဆိုတာကို မြင်လာကြတယ်။
ဒီအမြင်မျိုးကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ဝန်းကျင်လောက်တုန်းက ဒီအမြင်မျိုးရှိခဲ့တဲ့ ကရင်အသိ
ပညာရှင် အတတ်ပညာရှင်တွေစုစည်းပြီး အာလိန်ငါးဆင့် ဆေးဝင်္ကမ္ဘာကျောင်းဝင်းထဲမှာ ဆရာတော် ဦး
သုန္ဓရ အမှူးပြုပြီး အနယ်နယ်အရပ်ရပ်က ကရင်စာပေပညာရှင်တွေ စုစည်းပြီး ကရင်စာပေတစ်ခုတည်း
ထားရှိရေးကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း ကြားရပါတယ်။

အဲဒီနေရာမှာတင် ဘယ်စာပေက အရင်ဦးဆုံးပေါ်တဲ့စာပေဖြစ်တဲ့အတွက် အဲဒီစာပေကို အဓိကထားအသုံး
ပြုသင့်တယ်။ မရဘူး ကျုပ်တို့စာပေကိုသာ အဓိက,ထားရမယ်။ ကျုပ်တို့စာက, ခင်ဗျားတို့စာထက် ပိုပြီး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ငြင်းခုံနေကြတာနဲ့ အဲဒီကိစ္စက,ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။
ဟော အခုတော့ ဒီကိစ္စခေါင်းထောင်လာပြန်ပါပြီ။ ကဲ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ။

ဘယ်လိုစာကိုအခြေခံပြီး ဗျည်းသတ်မှတ်ပြီးတော့ သရ ဘယ်နှစ်လုံးထည့်သုံးကြမလဲ။ တစ်ခု ထည့်စဉ်းစား
ရမှာက ကရင်မှာ ကိုယ်ပိုင်စာပေမရှိဘူးဆိုတဲ့ လွဲမှားတဲ့အမှတ်သညာတွေကို ဖယ်ထုတ်ပစ်ဘို့လိုပါတယ်။
အဲဒါနဲ့အတူ ကရင်မှာစာပေရှိတယ်ဆိုတာကိုလည်း နက်နက်နဲနဲယုံကြည်ဘို့လိုပါလိမ့်မယ်။ ကရင်မှာ စာပေ
မရှိဘူးဆိုတာကို ပြောကြားခဲ့သူကတော့ ဒေါက်တာဂျွန်ဝိတ်(Dr Jonathan Wade)က ၁၈၃၁ ခုနှစ်မှာပြော
ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလိုပြောတဲ့အခါကျတော့ ကရင်မှာစာမရှိဘူးလို့ပြောတဲ့အမေရိကန်သာသနာပြုတို့ အဆိုအပြောတွေကို သံလွင်မြစ်အရှေ့ဘက်ချမ်းမှာရှိတဲ့ ဦးယောင်း က,ပယ်ချပြီး ဥာဏ်အမျှော်အမြင်မရှိလို့ပြောနေတာ။ ယုတ်
မာတဲ့အဆိုတွေဖြစ်ပါတယ်ဆိုပြီး အကြိမ်ကြိမ် ပြောဆိုချေပ,ခဲ့တယ်လို့သိရပါတယ်။

ကရင်သံဃာတော်တွေဖြစ်ကြတဲ့ ဦးစိန္တာက၀ိနဲ့ ဦးပညာတို့ကတော့ ကရင်မှာစာမရှိဘူး ဆိုတာကို လက်ခံ
ရေးသားပြောဆိုတာတွေမလုပ်ပဲ ငါတို့ကရင်တွေမှာ စာရှိပေမယ့် နည်းသေးတယ် ဝေါဟာရတွေနည်းသေး
တယ် လို့ပြောဆိုညည်းတွါးပြီး စာအရှိနည်းနေတာကိုများလာအောင် ဝေါဟာရ,ရှားပါးတာကိုတိုးပွါးလာ
အောင် ကြိုးစားရှာဖွေရင်း ကျမ်းသစ်တွေကို ပြုစုရေးသားခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဆက်ရန်ရှိသေးသည်။

ကိုးကားချက်။

ဆရာ ဦးဘုန်းမြင့်(M.A, B.L)၏ 1851-1970 အတွင်းရေးသားပြုစုခဲ့သော ဗုဒ္ဓဘာသာပိုးကရင်ပေစာသမိုင်း

မောင်သိန်းတန် (မြဲ-၀၀၁၉) သီဟရတနာပုံနှိပ်တိုက် ၁၄၄အနော်ရထာလမ်း ရန်ကုန်မြို့၌ ပုံနှိပ်၍
ဦးအောင်ဇေယျ(မြဲ-၀၆၀၁) သပြေဦးစာပေတိုက်မှ 1975 January တွင် ပထမအကြိမ် အုပ်ရေ
၂၀၀၀ ထုတ်ဝေသည်။