Tuesday, June 11, 2013

ရှင်ကျိုး အမှတ်-၁၀ လူပါအာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်

 

ရှင်ကျိုး အမှတ်-၁၀ လူပါအာကာသယာဉ်ကို

 အောင်မြင်စွာ လွှတ်တင်

2013-06-11

ယနေ့ ၁၁-ရက်နေ့ ညနေ ၅နာရီ ၃၈မိနစ်အချိန်တွင် အာကာသယာဉ်မှူး ၃-ဦး သယ်ဆောင်သည့် ရှင်ကျိုး
အမှတ်၁၀ လူပါအာကာသယာဉ်ကို တရုတ်ပြည် အနောက်မြောက်ပိုင်း ကျိုချွမ်-ဂြိုဟ်တု လွှတ်တင်ရေး စ
ခန်းတွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေး
မှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဦးဆောင်သည့် ပါတီနှင့် နိုင်ငံတော် ခေါင်း
ဆောင်များသည် ၎င်းလွှတ်တင်မှုကို ကြည့်ရှုခဲ့ကြကြောင်း စီအာအိုင်-သတင်းအရ သိရပါသည်။

ရှင်ကျိုး အမှတ်၁၀ အာကာသယာဉ်သည် ကမ္ဘာပတ်လမ်းကြောင်းတွင် ၁၅ရက်ကြာပျံသန်းရန် စီစဉ်ထား
ကြောင်း၊ ကြိုတင်အစီအစဉ်အရ ထျန်ကုန် အမှတ်၁ အာကာသစခန်းနှင့် ချိတ်ဆက်ရေး တာဝန် ၂ကြိမ်
ထမ်းဆောင်မည်ဖြစ်ကြောင်း၊ ညဲ့ဟိုင်ရှင်း၊ ကျန်းရှောင်ကွမ်းနှင့် ဝမ်ယာ့ဖိန် အပါအဝင် အာကာသယာဉ်မှူး
၃-ဦးတို့သည် ထျန်ကုန်-အမှတ် ၁ သို့ ဝင်ပြီး အာကာသ ဆေးဝါးကုသရေး စမ်းသပ်မှု၊ နည်းပညာ စမ်းသပ်
မှုနှင့် အာကာသ သင်တန်းပေးမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။

Copy from http://myanmar.cri.cn/666/2013/06/11/1s25856.htm