Tuesday, June 11, 2013

ခင်ဗျားတို့က ဘာလိုချင်တာလဲ? ကျုပ်တို့က ဘာကိုပေးရမှာလဲ?


ခင်ဗျားတို့က ဘာလိုချင်တာလဲ?

ကျုပ်တို့က ဘာကိုပေးရမှာလဲ?

June 11, 2013
Tuesday

By မင်းစိုးစံ

ခင်ဗျားတို့က ဘာလိုချင်တာလဲ ဆိုတဲ့မေးခွန်းကို ကြည့်ကြပါစို့။
လိုချင်တာတွေ ပြောပါဆိုတဲ့ မေးခွန်းမျိုးဖြစ်ပြီး အဖြေကျတော့ ကျုပ်တို့ကဘာကို ပေးရမှာလဲ ဆိုတော့
အများကြီးပေးမှာမဟုတ်ပါဘူး၊ ဘာကို ဆိုတဲ့စကားကြောင့် တောင်းတဲ့လူအတွက် နေရာကျဉ်းကျဉ်းလေး
လမ်းကျဉ်းကျဉ်းလေး အပေါက်ကျဉ်းကျဉ်းလေးထဲက ခပ်သေး သေး ခပ်ငယ်ငယ် ခပ်ပါးပါးလေးထဲက တ
ခုခုကိုပေးချင်မှ ပေးမယ့်ပုံပါ။

ဝ ကျတော့ရှင်းတယ်၊ ဒေသဆိုတာကျဉ်းတယ်၊ ပြည်နယ်ယူမယ်တဲ့။
ကျုပ်တို့ကျတော့ အခုထက်ထိ ဘာတွေလိုချင်လို့ ဘာတွေတောင်းရမှန်းမသိသေးဘူး။ ကားလိုင်စင်လား။
သားသတ်လိုင်စင်လား။ ငါးဖမ်း လိုင် စင်လား။ သစ်လိုင်စင်လား။ သတ္တုတူးမယ့်လိုင်စင်လား။ လား တွေနဲ့
ကို ရှုတ်နေတယ်။

ဝ တွေလို ပြည်နယ် တောင်းဘို့မလိုပါဘူး ကရင်ပြည်နယ် ပေးထားပြီးသားပဲ။
တခုပဲရှိတယ် မြိုင်ကြီးငူဒေသကနေ အခုထွက်သွားစမ်း။
ထောင်ထားတဲ့အလံတွေ အခုချက်ခြင်းသိမ်း။
သေနတ်ထမ်းပြီး လမ်းမသလားနဲ့။
လိုင်စင်မဲ့ကားတွေ မမောင်းစေနဲ့။
နိုင်ငံခြားသားတွေတွေ့သွားလျင် ငါတို့သိက္ခာကျတယ်။

မင်းတို့နဲ့ လိုင်စင်မဲ့ ကားတွေဟာ အတူတူပဲဆိုတာ မသိဘူးလား။
(ဒီစကားကို ဗမာစစ်အစိုးရ မပြောပါဘူး ကျုပ် က အဲဒီလိုမြင်လို့ရေးလိုက်တာပါ)
မကြေနပ်ဘူးလား။ ဘာဖြစ်ချင်လဲပြော၊ ကချင်ကိုပစ်တဲ့လေယာဉ်တွေ မြင်ဘူးချင်လို့လား။ ပြောပြီးပြီးနော် ကချင်နဲ့ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ပုံစံအတိုင်း နမူနာယူပြီးဆွေးနွေးသွားမယ်ဆိုတာ။

အဖွဲ့တဖွဲ့ကို အခွင့်အရေးတမျိုးစီပေးပြီးစည်းရုံးတာဟာ တဖွဲ့နဲ့တဖွဲ့ နားလည်မှုလွဲအောင်လုပ်တာပဲ။
သည်အဖွဲ့က ကြီးတယ်၊ ဟိုအဖွဲ့က ငယ်တယ်လို့ ပြောတယ်ဆိုတာ တမင်ခွဲပစ်တာ။
ကွဲတော့ သေးလာတယ်။ သေးလာတာကို ထပ်ဖဲ့တော့ ငယ်လာတယ်။ ငယ်တာကို ငယ်အောင်ထပ်သေး
ပစ်လိုက်မှ အားလုံးကို ချေပစ်ပြီးအမှုန့်လုပ်လို့ရမယ်လေ။
အမှုန့်လေးတွေဆိုတာ လက်ဖ၀ါးမှာ ကပ်နေလျင် အလွယ်လေးဖုတ်ဖက် ခါချလိုက်ရုံပဲ။ ဘာလို့လဲဆိုတော့သေး သေးကြီးကြီး မြွေပွေးဆိုတာ အဆိပ်နဲ့ချည်းပဲ။

ဆိုတော့ ကိုယ့်ကိုယ်ကိုသာ ငါက ဟိုအဖွဲ့၊ သူကဒီအဖွဲ့၊ သူလုပ်တာ ငါလုပ်တာမဟုတ်ဘူး၊ ငါ့နဲ့မဆိုင်ဘူး
ဆိုပြီး ကိုယ့်ဘာသာကိုယ် ခွဲနေတာ။ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)က အားလုံးကို တမျိုးတစားထဲသတ်
မှတ်ထားတာ။

ခပ်ရိုင်းရိုင်းဥပမာပေးရမယ်ဆိုလျင် ငါက တိုက်ကြက်၊ သူက ဥစားကြက်၊ ဟိုကောင်က အသားစားကြက်၊ ဒီ
ဘက်ကအကောင်က မွေးမြူရေးကြက်၊ ဒီနားကကောင်တွေက အိမ်မွေးကြက် ဟိုအုပ်စုက တောကြက်၊
ကြက်ခြင်းထဲက ကြက်တွေသာ အချင်းချင်းအမျိုးအစားခွဲပြီး ခွပ်နေကြတာ။
ကြက်ခြင်းပိုင်ရှင်က သူလိုတဲ့အချိန်မှာ လိုတဲ့ကြက်ကို လိုသလောက်သတ်စားမှာပဲ။
ကြက်ကို အစာကျွေးပြီး ဘေးမဲ့လွှတ်လိုက်တာမျိုး ပုံပြင်ထဲမှာတောင် မကြားဘူးဘူး။

ဒီကြားထဲ ကရင်ပါတီတခုက KNU အနေနဲ့ ပါတီထောင်မယ်ဆိုလျင် သူကကူညီမယ်ဆိုပါလား။
ပါတီသဘောထားလား၊ သူ့သဘောလား ဆိုတာတော့ ကျုပ်လည်းမသိဘူး။
အဲဒီဆရာကြီး ဖြစ်ပုံက ဟိုသင်းက ဘယ်နေရာမှာရှိမှန်းမသိပေမယ့် အ၀ှာကတော့ တစိုစိုနဲ့ ဆိုသလိုဖြစ်
နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကရင်အချင်းချင်းပဲလေ အသိအမှတ်ပြု လေးစားပါတယ်။

မကြာခင်မှာ DKBA ကနေပြီး တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို ဒီလ ၁၅ရက်နေ့မှာ လုပ်
မယ်ဆိုတော့ ၀မ်းသာစရာကောင်းလှပါတယ်။ သင့်တော်ကောင်းမွန်တဲ့ အဖြေတခုခု ရလာလိမ့်မယ်လို့မျှော်
လင့်ပါတယ်။

ကျုပ်တို့တတွေ သတိထားရမှာက အစည်းအဝေးပွဲတွေမှာ လူအားလုံးအတွက် ဘေးကင်းလုံခြုံတဲ့နေရာ
ဖြစ်ဘို့ အထူးဂရုပြုဘို့လိုအပ်ပါတယ်။ ဖြစ်မလာဘူးဆိုလျင်တော့ ကောင်းတာပေါ့လေ။
ဖြစ်ပြီးခါမှ လုံခြုံရေးအတွက် စီမံမယ်ဆိုလျင် တန်ဘိုးကြီးမားမားပေးရမှာအသေအခြာပါ။

ဒါကြောင့် ကရင်ပြည်သူလူထုအတွက် ဗမာပြည်ထောင်စုနိုင်ငံတော် (မြန်မာပြည်ထောင်စုနိုင်ငံတော်) အ
တွက် ကိုယ်ကျိုးစွန့်အနစ်နာခံလုပ်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ နေရာအသီးသီး ဘက်ပေါင်း
စုံက တာဝန်ရှိသူတွေအားလုံး အခုလ ၁၅ရက်နေ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအတွက်၊ တန်းတူရည်တူအ
ခွင့်အရေး ရရှိ နိုင်ရေးအတွက်၊ စုစည်းညီညွတ်ပြီး အကျိုးရှိတဲ့ အဖြေကောင်းများရရှိနိုင်ကြပါစေ။ ထို့အတူ ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာစွာနဲ့ ဆွေးနွေးပွဲကို ပျော်ရွှင်ချမ်းမြေ့မှုများနဲ့ အောင်မြင်စွာကျင်း
ပနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျား။



အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)