Monday, January 9, 2012

ကားသုံးစီးဆင့် တိုက်မှုဖြစ်ပွား


လမ်းစည်းကမ်းတွေလိုက်နာကြ ယာဉ်စည်းကမ်းတွေလိုက်နာကြ မူးယဇ်သောက်စား ယာဉ်မောင်းသမား
ဟန့်တားထိန်းသိမ်းကြ

(ကျုပ်တို့ငယ်ငယ်တုန်းက မြန်မာ့အသံက အမြဲတမ်းလိုလို ကြားနေရတဲ့သီချင်း)

ရွှေဂုံတိုင်လမ်းမပေါ်တွင် ကားသုံးစီးဆင့် တိုက်မှုဖြစ်ပွား

Monday, 09 January 2012

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် ၀န်းကျင်အချိန်က ဗဟန်းမြို့နယ် ဗံဒါပင်မှတ်တိုင်အနီး ရွှေဂုံတိုင် လမ်းမပေါ်တွင် ကားသုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရွှေဂုံတိုင်ဘက်မှ တာမွေအ၀ိုင်းဘက်သို့ ရွှေဂုံတိုင် လမ်းမအတိုင်း မောင်းနှင်လာသော ၁၆၇ (အစိမ်း)ယာဉ်
လိုင်းမှ ဟိုင်းလတ်တစ်စီးမှာ ဗံဒါပင်မှတ်အနီး တွင်ဖြတ်ကွေ့သော ပါဂျဲရိုးကိုတိုက်မိပြီး အဆိုပါလမ်း ကြောင်းအ တိုင်း မောင်းနှင်လာသောဂျစ်ကားတစ်စီးနှင့်ပါ ထပ်မံတိုက်မိပြီး ကားသုံးစီးဆင့်တိုက်မိခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါယာဉ်တိုက်မူကြောင့် ဟိုင်လတ်ကားပေါ်လိုက်ပါလာသော ခရီးသည် ၁၀ ဦးအနက် ကျားနှစ်ဦး၊ မခြောက်ဦးပေါင်း
ရှစ်ဦးမှာ ဒဏ်ရရှိပြီး ရန်ကုန်ပြည်သူ့ဆေရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Copy from http://www.news-eleven.com