2012 ၏ ဘ၀မောများ
(မင်းစိုးစံ)
January 09 2012 Monday
ဟုတ်ကဲ့ မင်္ဂလာအပေါင်းနဲ့ပြည်စုံကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
နှစ်သစ်နဲ့အတူ မျှော်လင့်ချက်အသစ်လေး တွေနဲ့ အသက်ရှင်နေထိုင်ကြဘို့ ကျုပ်တို့အားလုံး လုံ့လပြုကြပါတယ်၊
ဒါပေမယ့် အခြေအနေက လူလုပ်တဲ့ အ ကြောင်းရပ်ကြောင့် ကောင်းကျိုးဆိုးကျိုးဆိုတာတွေက ဖြစ်လာရတာ
ဆိုတော့ ကျုပ်တို့စိုက်ထုတ်လိုက်တဲ့ လုံ့ လဆိုတဲ့ အရာဟာလည်း ဖြစ်လာဘို့ရှိနိုင်သလို ပျက်ပြယ်သွားနိုင်ပါတယ်။
အမှန်အတိုင်းပြောကြေးဆိုလျင် ကျုပ်ရေးချင်နေတာ မင်္ဂလာတရားမဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျုပ်ကြားနေရ မြင်နေရတဲ့ အကြောင်းအရာတွေမှာ မင်္ဂလာတရားဆိုတာ နည်းပါးလွန်းလို့ဖြစ်ပါတယ်။
သတင်းတွေနားထောင်လိုက်လျင် ဘယ်နေရာမှာဖြင့် ဗုံးပေါက်ပြန်ပြီ ဘယ်နေရာမှာဖြင့်လူအရေအတွက်
ဒီ လောက်သေတယ် ဘယ်၍ဘယ်မျှအနာတရဖြစ်တယ်၊ ဒါတွေပဲကြားနေရတော့ ကျုပ်လည်းပဲ အဲဒီမင်္ဂလာမ
ရှိ တဲ့ အကြောင်းအရာကို အခြေခံပြီးရေးမိရပါတော့တယ်။
၂၀၁၂ခုနှစ် ဇန္န၀ါရီလ နှစ်ဆန်း(၁)ရက်နေ့ မိုးလင်းတာနဲ့ သတင်းကို နားထောင်လိုက်တော့ အလိုလေး ကရင် အမျိုးသမီးတယောက်ရဲ့ ငိုသံဟာ ကျုပ်အသည်းနှလုံးကို ဆုပ်ခြေလိုက်သလို ခံစားလိုက်ရတယ်၊ ဗမာစစ်အစိုး ရက အသက်မပြည့်သေးတဲ့ သူ့သားလေးကို ကချင်ပြည်နယ်ဘက်မှာ စစ်တိုက်ဘို့အတင်း စစ်တပ်ထဲသွင်း လိုက်တယ်ဆိုတဲ့ သတင်းပါ။
လူမသိနိုင်တဲ့ မကြားနိုင်တဲ့ သတင်းဌာနကို ရောက်မလာတဲ့ မိခင်တွေရဲ့ငိုရှိုက်သံတွေ မျက်ရည်တွေ ဗမာစစ်အစိုးရ သက်တမ်းတလျှောက် ဘယ်လောက်တောင် များပြားနေပြီလဲမသိဘူး။

မကြာပါဘူး၊ ငြိမ်းချမ်းရေးလုပ်ဘို့ ပြောနေရင်းမတ်တတ်ကနေ ဖြတ်ဖြတ်ဆို ဗမာ့တပ်မတော်က ကရင်တ ယောက်ကို အသေပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ မြင်မကောင်းရှုမကောင်းတဲ့ အသတ်ခံရသူရဲ့ ဓါတ်ပုံ တွေ အင်တာ နက်ပေါ်ရောက်လာတယ် အမေနဲ့အဖေက သားရဲ့ အလောင်းတဘက်တချက်မှာ ထိုင်နေတဲ့ပုံနဲ့ သေနတ်ဒါဏ်ရာနဲ့ လူ့လောကကို ကျောခိုင်းသွားတဲ့ ကရင်လူငယ်တယောက်ရဲ့ပုံ။
ဟိုးအရင်တုန်းက အခုလို ဆက်သွယ်ရေးနည်းပညာတွေ မရှိခင်တုန်းက တိုင်းရင်းသားတွေရဲ့ မျိုးဆက်သစ်လူ
ငယ်တွေ (အမျိုးသား အမျိုးသမီး) ဗမာစစ်အစိုးရ ဗမာ့တပ်မတော်ရဲ့ လက်ချက်နဲ့ ဘယ်လောက်များ များ သေ ကြေ ခဲ့ကြရပြီလဲဆိုတာ ဘယ်သူမျှ စာရင်းကောက်ထားတာမရှိတော့ တိတိကျကျမသိနိုင်ပေမယ့် အများအ ပြားပဲ
ဆိုတာကိုတော့ ဘယ်နည်းနဲ့မျှ မငြင်းနိုင်ပါဘူး။
ထပ်လာပြန်ပြီ ကရင်ပြည်နယ်ထဲမှာပဲ အင်မတန်စည်ကားတဲ့ နှစ်တိုင်းကျင်းပခဲ့ကြတဲ့ ဘုရားပွဲ ဗုံးကွဲလို့ ကရင် တွေ သေကြေထိခိုက်ဒါဏ်ရာရကြတယ်ဆိုတဲ့သတင်းကြားရပြန်တယ်၊ ဗမာစစ်အစိုးရလုပ်ပုံကိုင်ပုံတွေ က တော်တော်ကို နာကျည်းစရာကောင်းတဲ့အတွက်လုံးဝကို ခွင့်မလွှတ်နိုင်တဲ့ ဆိုးရွားတဲ့လုပ်ရပ်ပါ။
ဒီနေရာမှာ ကျုပ်ပြောချင်တာက သတင်းကိစ္စ၊ သတင်းတင်ပြပုံသိပ်အရေးကြီးတယ်ဆိုတာကို ပြောချင်လို့ပါ၊
ကျုပ်လည်း ဘီဘီစီ ဗမာပိုင်းအစီအစဉ်ကို သတင်းတွေပို့ဘူးတယ်ဗျ၊ (အလကားကြွားတာ)။
ထိုင်းတာဝန်ရှိသူတွေက ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ပိတ်ပင်တာကအစ မောင်ချစ်သူတို့ ဒုက္ခသည်
စခန်းကို မီးလောင်တိုက်သွင်းတာအဆုံးပေါ့ဗျာ၊ အဲဒီလိုကိုသတင်းတွေပို့တာ ကိုယ့်ပိုင်ပိုက်ဆံ အကုန်ခံပြီး တော့
ကိုပို့တာ။
အဲဒီတုန်းက ဒေါ်ယဉ်ယဉ်မေ ဦးဖေသန်း ဦးနေ၀င်း ဦးကျော်ဇံသာ ဦးသန်းလွင်ထွန်းတို့ တာဝန်ထမ်းဆောင်
နေကြတဲ့ကာလပေါ့၊ သူတို့က သတင်းတပုဒ်ကိုပေးမယ်ဆိုတာနဲ့ ကျုပ်မှတ်မိသလောက် ပထမဆုံးမေးတာက
တော့ လိုအပ်လို့ရှိလျင် သတင်းပေးပို့သူရဲ့ အသံကို သုံးခွင့်ပြုမယ်လား မပြုဘူးလားဆိုတာကို မေးတယ်ဗျ။
အဲဒီလို သတင်းတွေပို့လို့ကောင်းတုန်း တနေ့တော့ ဘီဘီစီဗမာပိုင်းဌာနက ဆရာဦးကျော်စွာသိဏ်းနဲ့ စကား လက်ဆုံကျတယ်ဗျ၊ သူကကျုပ်ကိုမေးတယ် ဟေး ညီ မင်းကသတင်းတွေဘာတွေ ပေးနေတယ်ဆိုတော့ ဘယ်ကနေ သတင်းပေးနေတာလဲ ဟုတ်ကဲ့ ကျုပ် ကရင်ဒုက္ခသည် စခန်းထဲကနေ သတင်းပေးနေတာပါ ဒါဆိုလျင် ငါ့ညီက စခန်း
ထဲမှာ ဘယ်လိုတာဝန်တွေယူထားတာလဲ ကျုပ် သာမာန်အရပ်သားပါ ဘာတာဝန်မျှမ ရှိပါဘူးဆိုပြီးဖြေလိုက်တော့ သူဘာပြောလဲသိလား ညီရေ လမ်းလေးဘာလေးကြည့်လျှောက်နော် တော်ကြာခ လုတ်တွေဘာတွေတိုက်ပြီး ချော်
လဲနေဦး မယ် အဲဒီလိုပြောတော့ ကျုပ်က ဆရာ ဘာကိုဆိုလိုတာလဲ လို့ပြန် မေးလိုက်တဲ့အခါ သူက ဘာမျှမဟုတ်ပါဘူး နောက်တာပါတဲ့။
မကြာပါဘူး ကျုပ်ချော်လဲတော့တာပါပဲ။ လဲတာမျှ တော်ရုံတန်ရုံမဟုတ်ဘူး အခုထက်ထိ အနာက အကင်းမသေ
သေးဘူး။ ကျုပ်ကခလုတ်ကိုသွားတိုက်တာမဟုတ်ဘူး ခလုတ်တွေက ကျုပ်ကိုလာတိုက်တာ။ ဧရာမ ခလုတ်တွေ။
ဆိုလိုချင်တာကတော့ သတင်းပေးတာတွေ သတင်းထောက်က မေးတာတွေကို ပြန်ဖြေတဲ့အခါမှာ ပြီးလျင်ပြီး ရောဆိုပြီး သာမာန်ကာလျှံကာ လုပ်လို့မရဘူးဆိုတာကိုပြောချင်လို့ပါ။
အခု ဗုံးကွဲတဲ့သတင်းအသံဖိုင်လေးကို နားသောတဆင်ကြည့်ပါ၊ သုံးကြိမ်လောက်နားဆင်ကြည့်ပါ။
Source Audio from http://www.bbcburmese.com
အောက် က အသံဖိုင်ကို ထပ်ပြီးနားဆင်ကြည့်ပါ။
Source Audio from http://www.bbcburmese.com
အသံတွေနားဆင်ပြီးပြီဆိုလျင်တော့ မိတ်ဆွေအနေနဲ့ တစုံတခုကောက်ချက်ချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ဘာမျှကောက်ချက်ချစရာ မရှိဘူးဆိုလျင်တော့ အဲဒါ ကျုပ်ရဲ့အားနည်းချက်ပဲဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
