Source Photo from http://www.warwarkhaingmin.co.cc
သံဃာတော် အပါး ၅၀၀ နှင့် သီလရှင် အပါး ၅၀၀ တို့ကို ဆွမ်းလောင်းလှူ
9 Jan, 2012
သုခကာမီ ရေနံချောင်း သီလရှင် စာသင်တိုက် ၁၀ နှစ်ပြည့်နဲ့ ရွှေရတုဝိဇာတ မင်္ဂလာပွဲအတွက် သံဃာတော် အပါး ၅၀၀ နှင့် သီလရှင် အပါး ၅၀၀ တို့ကို ဇန်န၀ါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ် ၊ အမှတ် ၃ လမ်းမကြီးရှိ သုခကာမီ ရေနံချောင်း သီလရှင် စာသင်တိုက်မှာ ဆွမ်းလောင်းလှူ ခဲ့တယ်လို့ သိရပါသည်။
အဲ့ဒီ ဆွမ်းလောင်းလှူ ပွဲမှာတော့ သံဃာတော် အပါး ၅၀၀ နဲ့ သီလရှင် ဆရာကြီးများ ၊ သီလရှင် ဆရာကြီး အပါး ၅၀၀ တို့ကို လှူဒါန်းခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါသည်။ အဆိုပါ သီလရှင် စာသင် တိုက်မှာ သူငယ်တန်းမှ သတ်္တမတန်းအထိ ကျောင်းသား၊ေ ကျာင်းသူများကို ပညာသင်ကြားပေးလျက်ရှိပြီး အဋ္ဌမတန်း၊ န၀မတန်း၊ ဒဿမတန်းအထိကို ပြင်ပဖြေအဖြစ် လက်ခံသင် ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိ ၂၀၁၁-၁၂ ပညာသင် နှစ်မှာတော့ ကျောင်းသား ၊ ကျောင်းသူ ၅၄၂ ဦးခန့် ပညာသင်ယူနေပြီး ကျောင်းသား ဦးရေကလည်း နှစ်စဉ်တိုးတက် နေတယ်လို့ ဆွမ်းလောင်းလှူပွဲမှ သိရပါသည်။
Credit http://www.mrtv4.net.mm
အလှူရှင်များ အားလုံးကို သာဓု သာဓု သာဓု ခေါ်လိုက်ပါတယ်။
