• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, April 19, 2009

တပ်မဟာ(၇) တပ်မဟာမှူး၏ မိန့်ခွန်းကောက်နှုတ်ချက်နှင့် ကဗျာဆရာတင်မိုး၏ ကဗျာ


တပ်မဟာ(၇) တပ်မဟာမှူးထိန်မောင်၏ မိန့်ခွန်းကောက်နှုတ်ချက်

တော်လှန်တဲ့ KNLA ရဲဘော်များနဲ့ မဟာမိတ်တပ်မတော်သားအားလုံးဟာ
တပ်ပေါင်းစုနဲ့အောင်ပွဲခံမယ်ဆိုတာကို အတွေးအခေါ်အရ ရှင်းနေရမယ်။
ဒို့ဟာ ရန်သူကို နိုင်ငံရေး၊စစ်ရေးထိုးစစ်တွေနဲ့ လက်တွေ့စစ်ဆင်တဲ့အခါ
အားသာချက်တွေအများကြီးနဲ့ အားနည်းချက်တချို့ တွေ့လာရ လိမ့်မယ်။
ကြုံတွေ့လာမယ့်အားနည်းချက်တချို့ကို တဆင့်ပြီးတဆင့် မှန်မှန်ကန်ကန်
ဖြေရှင်းသွားကြရလိမ့်မယ်။
ဒီလိုဖြေရှင်းသွားနိုင်ရင် အောင်မြင်မှုပိုရပြီး တိုးတက်မှုတွေကြီးကြီးမားမား
ဖြစ်လာလိမ့်မယ်။
ဒါကြောင့် ရဲဘော်တို့အားလုံးဟာ နိုင်ငံရေး၊ စစ်ရေး၊ စည်းလုံးရေး၊ အုပ်ချုပ်ရေးတွေကို
နားလည်တတ်ကျွမ်းထားကြရမယ်။


ကဗျာဆရာတင်မိုး၏ ကဗျာ

သမိုင်းမှာ မင်း တရားခံဖြစ်မယ်

မင်း မမှန်ရင်၊
မင်း တရားခံဖြစ်မယ်
ငါ မမှန်ရင်၊
ငါ တရားခံဖြစ်မယ်
တရားဆိုတာ၊
ညှာလည်းမညှာ၊
ညာလည်းမညာ
သာစေ၊ နာစေ လည်းမရှိ
ပကတိ၊ သူ့သဘောသူဆောင်ခြင်းပါပဲ၊

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ၊
နောက်နေ့ မင်းရဲ့အတ္ထုပ္ပတ်
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ၊
နောက်နေ့ မင်းရဲ့အနာဂါတ်
မပါတ်သက်ချင်လို့ မရ၊
မဆက်စပ်ချင်လို့ မရ
မင်းဘ၀ကို၊ မင်းသာပြဌာန်းတယ်။

မင်းဘာလဲ၊
မင်းဘယ်သူလဲ၊
မင်းဟာမင်းပဲ။
(တင်မိုး)

၁၉၉၈ ခုနှစ် မေလထုတ် ဒေါနအောင်ပွဲစာစောင် အတွဲ(၁) အမှတ်(၁) မှ တိုက်ရိုက်ကူးယူဖေါ်ပြသည်။