• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label literature. Show all posts
Showing posts with label literature. Show all posts

Tuesday, March 11, 2014

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ရှစ်)

March 11, 2014
Tuesday

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ရှစ်)


By မင်းစိုးစံ

ကရင်စာပေ သင်ကြားတတ်မြောက်လိုသူများနဲ့တကွ ဘလော့ဂ်မိတ်ဆွေများအပြင် ပြည်ထောင်စု မြမ္မာနိုင်ငံတော်
သူ နိုင်ငံတော်သားများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်ဝတော်မူကြပါစေ။
အပိုင်းရှစ်မှာတော့ သင်္ခန်းစာ (၁)နဲ့ စာလုံးပေါင်းပုံနည်းလေးတွေကို ဦးစွာပထမ လေ့လာကြရမှာဖြစ်ပါတယ်။
အသံ မသဲမကွဲဖြစ်နေလျင်သော်လည်းကောင်း၊ မြန်နေလျင်သော်လည်းကောင်း၊ လိုအပ်ချက်တစုံတရာ ချို့ယွင်းမှု
များနဲ့ ထောက်ပြ အကြံပေးစရာလေးများ ရှိမယ်ဆိုလျင် မဖြစ်မနေ စာရေးသားအကြောင်းကြားခြင်းနဲ့ ကူညီကြဘို့ အထူးမေတ္တာရပ်ခံပါတယ်။
အားလုံးအတွက် အကြံပေးထောက်ပြတာဟာ ကုသိုလ်အလုပ်ပါ။

သင်္ခန်းစာကို မသွားခင်မှာ အခုသင်နေကြတဲ့ ကရင်သင်ပုံးကြီးစာအုပ်ရဲ့ သမိုင်းလေးကို သိချင်ကြတဲ့လူရှိလိမ့်မယ်
လို့ထင်ပါတယ်။ သိပြီးသားလူတွေလည်း ပိုသိနိုင်အောင်လို့ ထပ်ဆင့်ပြီးရေးသားပြလိုက်ပါရစေ။

ဒီပိုးကရင်သင်ပုံးကြီးစာအုပ်ကို ကရင်လိုအဓိပ္ပါယ်အပြည့်အစုံကတော့ ကရင့်ရိုးရာ အခြေခံဖတ်စာ သူငယ်တန်းအ
ဆင့်လို့ ဆိုပါတယ် ဒီစာအုပ်ကို စတင်ပုံနှိပ်ခဲ့တဲ့ ခုနှစ်ကတော့ ၁၉၆၅ခုနှစ်ဖြစ်ပါတယ်။ အမှတ် ၁၃၉။ ၄၆လမ်း ရန် ကုန်မြို့ မှာရှိတဲ့ ရွှေသိန်းပုံနှိပ်တိုက်ကနေ အုပ်ရေပေါင်း ၅၀၀၀ တိတိထုတ်ခဲ့တာပါ။ လိက်လ်ုဆင့် လို့ခေါ်တဲ့ ပထမ
တန်း စာအုပ်နဲ့ တနှစ်ထဲထုတ်ခဲ့တာလို့ ပြောပါတယ်။ ပထမတန်းစာအုပ်လည်း အုပ်ရေ ၅၀၀၀ထုတ်ခဲ့တယ် ဆိုတဲ့
အကြောင်း ဗုဒ္ဓဘာသာ ပိုးကရင် ပေစာသမိုင်းစာအုပ်ရဲ့ စာမျက်နှာ ၅၈မှာ ဇယားများနဲ့ တိတိကျကျဖေါ်ပြထားတာ
တွေ့ရပါတယ်။ ဒီစာအုပ်ကို ရေးသားပြုစုခဲ့သူကတော့ ဦးဘုန်းမြင့် M.A, B.L ဖြစ်ပါတယ်။
၁၈၉၁ ခုနှစ်ကနေ ၁၆၇၀ အတွင်း ကရင်စာပေရဲ့သမိုင်းကြောင်းတွေကို ပေမူတွေကိုလေ့လာရင်း ပြုစုထားတာလို့
သိရပါတယ်။

အခုလို သင်္ခန်းစာတွေကို အစမ်းသဘောအနေနဲ့ တင်ပေးလိုက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နောက်ပိုင်းမှာဆက်
လက်ဖေါ်ပြမယ့် ဆရာကိုင်စာအုပ်ထဲက ကရင်စာလုံးတွေကို ဘယ်လိုပေါင်းရတယ်ဆိုတာနဲ့ မပေါင်းရတဲ့စာလုံးက
ဘာနဲ့ဘာတွေဖြစ်တယ်ဆိုတာကို ကြိုတင်နားလည်ထားစေချင်လို့ ဖြစ်ပါတယ်။
အဲဒီလို သိနားလည်ထားမှသာ ကလေးတွေကို သင်ပြရာမှာ ပိုမိုထိရောက်ပြီးသေချာမှာဖြစ်ပါတယ်။ ဆရာကိုင်စာ
အုပ်ကို မလေ့လာပဲ ကလေးတွေကိုသင်မယ်ဆိုလျင် အမှားမှားအယွင်းယွင်းတွေ ဖြစ်စရာပိုများပါလိမ့်မယ်။
အထူးသဖြင့် အခြေခံသင်ပုံးကြီးကို သင်ကြားပို့ချပေးတဲ့ ဆရာဆရာမတွေ အတွက်မရှိမဖြစ်တဲ့ စာအုပ်ကတော့ ဆရာကိုင်စာအုပ်ငယ်လေးပဲဖြစ်ပါတယ်။

အောက်က စာသားနဲ့ အသံကို ကြည့်ရှုလေ့လာကြည့်နိုင်ပါတယ်။
အကြံဉာဏ်လေးများလည်း ပေးသနားကြပါဦးဗျာ။
ကျုပ်ကို ဒီအတိုင်းလွှတ်မထားကြပါနဲ့။
အားလုံးကောင်းဘို့ လိုလားလျင် ၀ိုင်းဝန်းပြီးပံ့ပိုးပေးကြပါ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး) 





Monday, March 10, 2014

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ခုနစ်)

March 11 2014
 Tuesday

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ခုနစ်)

By မင်းစိုးစံ

ကရင်ဘာသာစာပေမှာ သရ ၁၄မျိုးရှိပါတယ်။
မိမိကလေးကို စာသင်ပေးတဲ့ မိဘတွေအနေနဲ့ ဒါမှမဟုတ် မျိုးဆက်သစ်တွေကို စာသင်ပေးတဲ့ ကျောင်းဆရာ ဆ ရာမတွေအနေနဲ့ အသံထွက်တွေ မသဲမကွဲဖြစ်နေတာမျိုးကနေ ကင်းဝေးစေဘို့အတွက် သရ ၁၄လုံးရဲ့ အသံတွေ
ကို စာလုံးများနဲ့တကွ ဖေါ်ပြပေးလိုက်ပါတယ်။

ကရင်တယောက်က ဗမာလိုမပီတာ ဘာမျှမဖြစ်ပေမယ့် ကရင်တယောက်ဖြစ်ပြီး ကရင်လိုမပီတာမျိုးကတော့ ဂုဏ်
ယူစရာမဟုတ်ပါဘူး။ ဒါကြောင့် အသံကို သေသေခြာခြာနားထောင်ဘို့ လိုသလို စာလုံးတွေကိုလည်း သတိထားရ မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကြားသံ ဆိုတဲ့ အသံတသံနဲ့ သူ့အသံကိုရေးထားတဲ့ စာလုံးတွေကို သတိချပ်ဘို့ အင်မတန်
အရေးကြီးလို့ ဖြစ်ပါတယ်။ အဲဒီ ကြားသံကို ဆရာအတော်များများ သဲသဲကွဲကွဲ ရွတ်ဆိုပြတာမျိုး မကြားမိတာမို့ အ
ခုလို နောက်နောင်တွေမှာ မဖြစ်အောင် ဂရုပြုကြဘို့ အထူးလိုအပ်ပါတယ်။
ဒါမှ မျိုးဆက်သစ်တွေဟာ စာပေကို အသံမှန်မှန် သတ်ပုံမှန်မှန် ၀ါကျမှန်မှန် ရေးသားရွတ်ဆိုနိုင်ကြမှာဖြစ်ပါတယ်။


ကျေးဇူးတင်ထိုက်သူ မှန်သမျှကို တယောက်မကျန်ကျေးဇူးတင်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Wednesday, March 5, 2014

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ခြောက်)

March 06,2014
Thursday

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ခြောက်)

By မင်းစိုးစံ

ကျုပ်ရဲ့ ဆရာက ကရင်လို အခန်းအနားတွေမှာ သတိ နေမြဲ ကရင့်အမျိုးသားအလံတော်အား အလေးပြု၊ ကျဆုံး
လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ကရင့်သစ္စာအဓိဌာန်များကို ရွတ်ဆို စတဲ့အမိန့်ပေး
သံတွေကို သံစဉ်တွေ စာသားတွေပါ တင်ပေးပါဆိုလို့ တင်ပေးလိုက်ပါပြီဗျား။

သို့သော် စာသားများကို ရိုက်ထည့်ပေးနိုင်ခြင်းမပြုနိုင်လိုက်တဲ့အတွက် နားလည်ပေးစေချင်ပါတယ်။
အကြောင်းကတော့ အာဇာနည်ကို ကရင်လိုခေါ်ဝေါ်သုံးစွဲတာနဲ့ ပတ်သက်ပြီးမသေမချာတာတွေရှိနေတာမို့ စာ
သားနဲ့တင်တဲ့အခါမှာ ရှုတ်ထွေးကုန်ပြီး ရှင်းရခက်နေမှာစိုးလို့ဖြစ်ပါတယ်။

အာဇာနည်နေ့ကို ကရင်လို ဍူ၀၀် လို့ရေးသားသုံးနှုံးထားတာတွေ့ရပါတယ်။
ဍူ ဆိုတဲ့အဓိပ္ပါယ်က ရဲစွမ်းသတ္တိနဲ့ပြည့်စုံတယ်လို့ ယူဆပြီးသုံးစွဲထားသလို ၀၀် ဆိုတဲ့ ဝေါဟာရကတော့ နီစွေးခြင်း
နီရဲခြင်း ရဲရဲတောက် စသည်ဖြင့် အဓိပ္ပါယ်ကောက်ယူကြတယ်လို့ ထင်ပါတယ်။

ကျုပ်သိရသလောက်ကတော့ အာဇာနည်ကို ကရင်လို ဖိုတ်ထေံသုဂ် လို့ ရေးသားထားတာကို တွေ့ဘူးပါတယ်။
သုဂ် ဆိုတာက စစ်သား။ ရွေ့လျားခြင်း၊ ပြောင်းရွှေ့ခြင်း၊ နေရာချခြင်း။
ထေံ ဆိုတာက ပြတ်တောက်ခြင်း။ ပြတ်ခြင်း။
ဖိုတ် ဆိုတာက ကျွတ်ထွက်ခြင်း။ ပဲ့ထွက်ခြင်း။

အဲဒီတော့ အာဇာနည်ဆိုတာက ရဲစွမ်းသတ္တိရှိတာတင်မကပဲ ပေးဆပ်ခြင်း အနစ်နာခံခြင်း စွန့်လွှတ်ခြင်း ဆိုတဲ့အ
ခြေခံအကြောင်းရင်းခံတွေ စိတ်ဓါတ်တွေရှိရတာဆိုတော့ ဍူ၀၀် ဆိုတာမှန်သလား ဖိုတ်ထေံသုဂ် ဆိုတာက မှားနေ
သလား ပေါ့လေ။ အဲဒီလိုမသေမချာဖြစ်နေတော့ သံစဉ်ထဲမှာလည်း မပါသလို စာသားနဲ့လည်း ရေးမပြထားသေး
ပါဘူး။ သေခြာတဲ့ စာရွက်အထောက်အထားလေးတွေ့မှပဲ ပြန်ပြီးရေးသားတင်ဆက်ပေးပါ့မယ်။

ကျုပ်ဆိုတဲ့လူကလည်း အပြောင်းအရွှေ့သိပ်ထူတာဗျို့။
ဗမာပြည်ထဲမှာ နေတုန်းကလည်း ပြောင်းလိုက်တာ နေရာအနှံ့ပဲ။ ကရင်ပြည်နယ်ရောက်ပြန်တော့ အိမ်ဆိုတာဘာ
မှန်းတောင်မသိဘူး။ နယ်စပ်ရောက်ပြန်တော့ ပြောင်းတာက မရပ်နိုင်ဘူး။ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှာတောင် အ
ငြိမ်မနေရဘူး။ အမေရိကန်နိုင်ငံရောက်တော့လည်း ပြည်နယ်တခုကနေ တခုကိုပြောင်းရုံတင်မကသေးဘူး၊ တမြို့
ထဲမှာတင် နေရာ ငါးနေရာလောက်ပြောင်းနေတာ ဆိုတော့ စာရွက်စာတမ်းတွေလည်း ပျောက်မှာပေါ့ဗျာ။

ကံကောင်းလျင်တော့ပြန်တွေ့မှာပါ။
အဲဒီတော့မှပဲ အာဇာနည်နေ့ ဆိုတာ ဒီလိုခေါ်တယ်ဆိုတာကို သက်သေအထောက်အထားနဲ့ပြနိုင်မှာလေ။
မဟုတ်လျင် နာ့ဟူးပွါတဲ ဆိုတာနဲ့ စခန်းသွားနေရတာ ကြာလာတော့သိပ်ပြီး မပျော်ချင်တော့ဘူး။
အောက်က ရုပ်သ့ဖိုင်လေးကို နားဆင်ကြည့်ရှုကြပါ။
ဖုတာမိုက်ဂုဏ်ကျေးဇူး ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းသားလေးတွေနဲ့ ဆရာဆရာမတွေ စာမသင်မီအ
ချိန်မှာ သီဆိုထားကြတာပါ။
စနေနေ့ နဲ့ တနင်္ဂနွေနေ့ တွေမှာ စာသင်ပါတယ်။ ဒုံးသင်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ငါး)

March 05, 2014
Wednesday

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း ငါး)

By မင်းစိုးစံ

ဘာလိုလိုနဲ့ အပိုင်း (၅)ကိုရောက်လာပါပြီ။
စာသင်ပေးမယ်လို့ စိတ်ကူးမရှိသေးပေမယ့် အခြေခံသင်ပုန်းကြီးလေးလောက်ကို ပီပီသသ အသံထွက်ရွတ်ဆိုနိုင် ကြပါစေလို့ ဆန္ဒရှိတာနဲ့ ကရင်လို အသံထွက်တတ်အောင် အသံနဲ့ ဒုက္ခပေးလိုက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသံထွက်ကို အသေအချာနားထောင်ပါ။ အာရုဏ်စိုက်ပါ။
စာလုံးတွေကိုလည်း အသေအခြာဂရုစိုက်ပြီး ကြည့်ရှုပါ။
စာလုံးတူတယ် အသံမတူတာတွေရှိတာကို သတိပြုမိပါလိမ့်မယ်။
ကရင်စာမှာ အသံမငြိမ်တဲ့ စာလုံးတွေကို သတိထားမိစေချင်တဲ့အတွက် အခုလို အသံနဲ့ဒုက္ခပေးလိုက်ရတာပါ။
စိတ်မရှိပါနဲ့။

နောက်တမျိုးကတော့ စ (စလုံး)နဲ့ ဆ (ဆလိန်) မှာ ကျ ချ ဆိုတဲ့အသံကို ကြားမိပါလိမ့်မယ်။ နောက်စာလုံး တလုံး
က ဇ(ဇကွဲ)ပါ။ ကရင်လူမျိုးတွေမှာ ဇ အသံထွက်နဲ့ ပြောဆိုသုံးနှုံးထားတာမျိုး မရှိပါဘူး။ ဇ ဆိုတဲ့အသံထွက်ရှိမယ်
ဆိုလျင် အဲဒီစကားလုံးဟာ အခြားဘာသာစကားကနေ ကူးချထားတဲ့ စကားလုံးသာဖြစ်ပါတယ်။
ဒါကြောင့် ဇ (ဇကွဲ)နေရာမှာ ကျ ဆိုတဲ့အသံကို ထွက်ဆိုပြထားပါတယ်။
အကယ်၍ ပညာရှင်များအနေနဲ့ ကရင်ဝေါဟာရတွေမှာ ဇ (ဇကွဲ)နဲ့ အသံထွက်ပြီး ရေးသားသုံးနှုံးထားတာ ရှိတယ်
ဆိုလျင် အထောက်အထားများနဲ့ တကွ ရှင်းလင်းသင်ကြားပေးဘို့ လေးစားစွာနဲ့ မေတ္တာရပ်ခံ တောင်းပန်လိုပါ
တယ်။
အခုလိုမေတ္တာရပ်ခံရတာက အကြောင်းရှိပါတယ်။ ကရင်လူမျိုးတွေရဲ့ ဘာသာစာပေဟာ တိုးတက်သင့်သလောက်
မတိုးတက်သလို ပြန့်ပွါးသင့်သလောက်မပြန့်ပွါးရခြင်းတွေထဲမှာ ပညာရှင်တွေဟာ ကိုယ့်မှာရှိတဲ့ပညာကို ထုတ်သုံး
ဘို့ ၀န်လေးနေကြတဲ့ အချက်ကလည်း အင်မတန်အရေးကြီးတဲ့အချက်ဖြစ်နေလို့ ဖြစ်ပါတယ်။

ဒါကြောင့် မိမိအမျိုးသားစာပေ တိုးတက်ပြန့်ပွါးရေးအတွက် မိမိတို့မှာရှိနေတဲ့ ကရင်ဘာသာစာပေနဲ့ပတ်သက်တဲ့
အသိပညာတွေကို မျှဝေပေးဘို့ ၀န်မလေးကြပါနဲ့။
နောက်ဆုံးတော့ ကိုယ့်မှာရှိနေတဲ့ ဖျာတချပ်ကို ဆုတ်ပြဲမှာစိုးပြီး ကြတ်ခိုးစင်ပေါ်တင်ထားရာကနေ နှစ်ကြာလာတာ
နဲ့အမျှ ဆွေးမြေ့ပျက်ဆီးသွားသလို ကရင်အမျိုးသားဘာသာစာပေတွေ ပျက်ဆီးမယ့်အရေးကိုထောက်ထားသော
အားဖြင့် မျှဝေပေးကြစေလိုပါတယ်။

မသိနားမလည်သူတယောက်ဖြစ်တဲ့ ကျုပ်ရဲ့ ကြိုးပမ်းမှုတွေကို ကူညီတဲ့အနေနဲ့ အမှားအယွင်းတွေ ချို့ယွင်းချက်နဲ့ အဆီအငေါ်မတည့်တဲ့ ပြောဆိုသုံးနှုန်းမှုတွေကို မြင်လျင်မြင်တဲ့အတိုင်း မထောက်မညှာ ထောက်ပြပြုပြင်ပေးဘို့
အထူးလိုအပ်ပါတယ်။
ဒါမှသာ ကျုပ်တို့တတွေရဲ့ မျိုးဆက်သစ်လေးတွေ မှန်ကန်ခိုင်မာတိကျတဲ့ စာပေကို လက်ဆင့်ကမ်းသင်ကြားတတ်
မြောက်နိုင်ကြပါလိမ့်မယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Saturday, February 15, 2014

ပိုးကရင်စာ သင်ကြပါစို့ အပိုင်း (လေး)

February 15. 2014
Saturday.

ပိုးကရင်စာ သင်ကြပါစို့ အပိုင်း (လေး)

By

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ပိုးကရင်စာ သင်ကြပါစို့ ဆိုတဲ့ခေါင်းစည်းနဲ့ ရေးလာ
လိုက်တာ ဘာလိုလိုနဲ့ အပိုင်း(လေး)ကို ရောက်လာခဲ့ပါပြီ။ အခုထက်ထိ စာသင်တဲ့ဘက်ကိုမရောက်သေးပါဘူး။
စာသင်တာက လွယ်ပါတယ်၊ ရင်ထဲ ဦးဏှောက်ထဲ အသွေးအသားထဲ နောက်ဆုံးထွက်သက်အထိ စာပေကို မြတ်
နိုး တန်ဘိုးထားတတ်ဘို့ကျတော့ မလွယ်ပါဘူး။ လွယ်လွယ်ရလျင် ဘာကိုမျှတန်ဘိုးမထားတတ်တဲ့လူတွေရှိ
ကောင်းရှိနေနိုင်တာမို့ အခုအပိုင်း (လေး)မှာလည်း စာသင်ဖြစ်မယ်မထင်ပါဘူး။

ပြောလိုက်လျင် အလုံးကြီးသက်သက်ပဲ၊ စာမသင်တတ်လျင် မသင်တတ်ဘူးလို့ မပြောဘူးလို့ ပြောကြမှာကို ကြို
မြင်ထားတဲ့အတွက် ကျုပ်ဟာ ကျောင်းဆရာမဟုတ်ဘူးလို့ အစကတည်းက ပြောပြထားပြီးသား မဟုတ်ပါလား။
လွယ်လွယ်လေးရတာကို လေးစားတန်ဘိုးထားရကောင်းမှန်းမသိဘူး ဆိုလျင်တောင် ကျုပ်တို့ အရှေ့ပိုးကရင်ရဲ့
စာ ဘယ်လိုတွေဖြတ်သန်းရပ်တည်ခဲ့ရသလဲဆိုတာကိုတော့ ခပ်ပါးပါးလေး သိထားစေချင်တာက ကျုပ်ရဲ့ဆန္ဒပါ။

တချို့ကျတော့ စာတတ်ချင်လာပြီ ဗျည်းတွေ သရတွေ သင်ချင်လှပြီ။ ဘာတွေလာပြီး အာလူးပေးနေတာလဲ ဆိုပြီး
အားမလိုအားမရ ဖြစ်နေမယ့်မိတ်ဆွေတွေအတွက် အကြံပေးချင်တာက ကျော်ခရော့စ် လုပ်ထားတဲ့ ဆိုက် ကို
သွားလိုက်ပါ။
http://www.khwekabaung.org/
Mouse ထောက်လိုက်ယုံနဲ့ အသံထွက်တွေ စာလုံးတွေ အားလုံးမြင်ရကြားရမှာပါ။
အဲဒီမှာ သွားပြီး လေ့လာလိုက်လျင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။

စာပေဆိုတာ စကားလုံးကို ခိုင်အောင် လုပ်တာဖြစ်ပါတယ်။ စကားသံဆိုတာက နေရာဒေသကိုလိုက်ပြီး မသိမ
သာနဲ့တမျိုး သိသိသာသာတမျိုး ကွဲပြားသွားတတ်ပါတယ်။ အဲဒီတော့ ကရင်တွေမှာ စာပေတမျိုးတည်းဖြစ်စေဘို့
ကြိုးစားကြမယ့် ပညာရှင်တွေကိုတော့ အားနာနာနဲ့ပြောရမယ်ဆိုလျင် လာမယ် ကြာမယ်။
ဥပမာလေး တခုပြောပြပါ့မယ် တကယ့် ပါးပါးလေးထဲက ပါးပါးလေးပါ။
နင့်ကို ငါချစ်တယ် အရှေ့တိုင်းပိုးကရင်လို ယယ်အဲနယ်။
စကောကရင်လို ယါအဲ့နာ။
အနောက်တိုင်းပိုးကရင်လို ယယ့်အိုင်နာ။
ငါ့လက်ငါ့ခြေထောက် ယယ်ကျူးယယ် ခေါင်း။ ယါကျု ယါခေါ့။ ယယ့်စူယယ့်ခန်။
ဒီလိုအသံထွက်မျိုးဆိုလျင်တော့ စာပေအရေးအသားမှာ ပြဿနာ နည်းနိုင်ပါတယ်။
သို့သော်လည်း ခြင်ထောင် ဆိုတဲ့စကားလုံးမှာတော့
အရှေ့တိုင်း ပိုးကရင်လို သုန် လို့ခေါ်တယ်။
စကောက ရင်(စဝှော်)လို ပေ့ပေါ်(ပေပေါ်)။
အနောက်တိုင်းပိုးကရင်လို တနောင်။ စာနဲ့ပေနဲ့ ဘယ်လိုလုပ်ပြီး တမျိုးတည်းရေးပြီး နားလည်အောင်လုပ်မှာလဲ။ ဒါက ကျုပ်လိုလူပြိန်းတယောက်ရဲ့ အမြင်ပါ။ ပညာရှင်တွေအနေနဲ့ကတော့ အခက်အခဲ ရှိနိုင်မယ်မထင်ပါဘူး။
ပါးပါးလေးမှ တကယ့်ပါးပါးလေးပါ။

ဒီကနေ့ ကရင်တွေ အထူးသဖြင့် ပိုးကရင်တွေ စကားပြောဆိုရာမှာ မိခင်ဘာသာစကားတွေကြားအခြား စကား
လုံးတွေ တနေ့ထက်တနေ့ တဆထက်တဆ အသုံးများလာတာ တွေ့ရမြင်ရကြားနေရပါတယ်။ ပြည်တွင်းမှာနေ
တဲ့ ကရင်တွေ၊ ထိုင်းကိုရောက်နေတဲ့ ကရင်တွေ အမေရိကန်က ကရင်တွေကိုတော့ စာရင်းထဲမထည့်တော့ပါဘူး။
ဥပမာ ဗမာလို ဈေးသွားမယ်ဆိုတာကို ဗမာပြည်က ကရင်တွေ ဘယ်လိုပြောသလဲ။ မယ်လေ ဈေး။
ရုပ်ရှင် သွားကြည့်မယ်ဆိုလျင် မယ်လေယိုးဖန် ယုပ်ရှင်။
ရေအိမ်တက်မယ်ဆိုလျင် မလေ အိန်သာ့။
ထိုင်းက ကရင်တွေ ကျတော့ ဈေးသွားမယ်ဆိုတာကို မယ်လေ တလာ။
ရုပ်ရှင်သွားမယ်ဆိုလျင် မယ်လေဒူးနန်။ 
ရအိမ်တက်မယ်ဆိုလျင် မယ်လေဟောင့်နန်း။
ရုပ်ရှင်၊ အိမ်သာ၊ ဈေး ဆိုတဲ့ အခေါ်အဝေါ်တွေက ကရင်လိုမရှိလို့မဟုတ်ပါဘူး။ ရှိရှိကြီး နဲ့ မသုံးကြတာပါ။
ရုပ်ရှင် ကို ဆယ်ဂေါင်မန့် လို့ခေါ်ပါတယ်။
အိမ်သာ ကို ဟိုင်ဒိုင် လို့ ပြောကြပါတယ်။
ဈေး ကို ဖျာ့ လို့ သုံးကြပါတယ်တဲ့ ခင်ဗျား။

ကိုယ့်မိခင်ဘာသာစကားမှာ မရှိတဲ့ စကားလုံးအသုံးအနှုံးတွေကို မသုံးတာက အကြောင်းမဟုတ်ပါဘူး။ ရှိနေပါ လျှက်မသုံးပဲနေတာဟာ လူမျိုးတမျိုး ပျောက်ဘို့ မျိုးတုံးဘို့ ဆိုတာအသေအချာပါပဲ။ ဒါကြောင့်လည်း စာပေဆို တာကို မဖြစ်မနေတတ်မြောက်ထားကြဘို့ အထူးလိုအပ်ပါတယ်။ အဲဒီလို ကိုယ့်မိခင်ဘာသာစာပေကို သင်ကြား ကြရာမှာ ရှေးလူကြီးတွေ တခေတ်ပြီးတခေတ် လက်ဆင့်ကမ်းဘယ်လိုကြိုးစားရုန်းကန်ခဲ့ရတယ် ဆိုတာကို သိ နားလည်ထားမှသာ စာသင်ယူကြတဲ့ ကလေးငယ်တွေအနေနဲ့ လေးစားမြတ်နိုး တန်ဘိုးထားရကောင်းမှန်း သိ နားလည်လာတာနဲ့အလျှောက် မိမိတို့စာပေ တည်တံ့ခိုင်မြဲတိုးတက်လာမှာဖြစ်တယ်လို့ ယူဆယုံကြည်ပါတယ်။

ခေတ်အဆက်ဆက်က ဆိုလိုက်တာနဲ့ နှာခေါင်းမရှုံ့လိုက်ပါနဲ့။
လွန်ခဲ့တဲ့ နှစ် ၂၀၊ လောက်က အကြောင်းအရာလေးကိုပဲ ပြောမှာပါ။ အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပျံလွန်တော်မူ
သွားခဲ့တဲ့ ဆရာတော် မန်းဉာဏ၀ရ ကြိုးပမ်းခဲ့ပုံတွေကို တွေးကြည့်နိုင်အောင်လို့ပါ။ ဘယ်လောက်အထိ အချိန်
ပေးရသလဲ၊ ဘယ်လောက်ခက်ခဲလိုက်မလဲ ဆိုတာ။
အခုလို ပုံနှိပ်ရေးနိုင်တဲ့ အချိန်လည်းမဟုတ်သလို ဘယ်အစိုးရအဖွဲ့အစည်း ဘယ်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းစီ
က ဘာအကူအညီမျှမရပဲ မယူပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ကျားကုတ်ကျားခဲ ကြိုးစားခဲ့လို့သာ ဒီကနေ့ ကျုပ်တို့ တတွေရဲ့
ကရင်စာလုံးတွေကို ကွန်ပျူတာစက်ပေါ်ရိုက်နိုင်တဲ့အထိရောက်ခဲ့ရတာပါ။
အဲဒီလိုသာမကြိုးစားခဲ့ကြဘူးဆိုလျင်ဖြင့် အခုလို မြင်နိုင်တွေ့နိုင်၊ မြင်ရတွေ့ရ၊ သင်ရဘတ်ရ တော့မှာမဟုတ်ပါဘူး။ ကရင် ဂဏန်းသင်္ချာနံပါတ်တွေကိုလည်း တွေ့ရမြင်ရပါလိမ့်မယ်။

အခုဆို ကွန်ပျူတာပေါ်မှာ နံပါတ်တွေကို ရေးနိုင်ကြပါပြီ။ အင်္ဂလိပ်နံပါတ်တွေ ဗမာနံပါတ်တွေရှိနေပြီပဲ ကရင်နံ
ပါတ်ကို သုံးဘို့မလိုပါဘူး ဆိုတဲ့၊ ကရင်တယောက်ကို ဗမာကျောင်းသားများစခန်းမှာတွေ့ခဲ့ဘူးတယ်။ ကိုယ့်မှာရှိ
တာကို ထုတ်မသုံးပဲ သူများဟာကို သုံးတဲ့အကျင့်က သိပ်မကောင်းဘူးထင်တယ်။
ရှိတာထုတ်မသုံးလျင် ကြွက်ပျင်းထက်ဆိုးပြီပေါ့၊ ကြွက်ပျင်းဆိုတဲ့အမျိုးက ကိုယ့်ကျင်းကို ကိုယ်တိုင်မတူးဘူး၊ သူ
များကျင်းလိုက်အောင်းတတ်တဲ့သတ္တ၀ါလေ။ သူများကျင်းဆိုတော့ မပင်ပမ်းဘူးပေါ့။ သို့သော် မြွေကျင်းထဲ အောင်း
မိလို့ကတော့များ အမျိုးပြုတ်ပြီသာမှတ်။

စာလုံးတွေကို အသေအချာကြည့်ပါ။ ပုံနှိပ်စာလုံးလား၊ လက်နဲ့ရေးထားတာလား။ အဲဒါကိုကြည့်ခြင်းအားဖြင့် အ
ခြေခံသင်ပုန်းကြီး စာအုပ်ကို အစကနေအဆုံး ဘာသာပြန်ရေးထားတာ ဘယ်လိုစိတ်ဓါတ်မျိုးလဲဆိုတာ ခန့်မှန်း တွက်ဆနိုင်ပါလိမ့်မယ်။
ဘာသာပြန်တာနဲ့ ပတ်သက်ပြီး ဆရာစံမင်းမင်း(ကွယ်လွန်)နဲ့ ကျုပ်အခြေအတင် စကားများခဲ့ဘူးပါတယ်။ ကျုပ်က ဆရာစံမင်းမင်းကို စာလုံးတွေပြင်လိုကြောင်းပြောတော့ ကျုပ်ကို နဂိုလ်ကတည်းက မှေးနေတဲ့သူ့မျက်လုံးနဲု့ ကျုပ်
ကိုမှေးပြီးကြည့်ရင်း
နေပါဦး မင်းက စာလုံးတွေပြင်ရအောင် ဒီစာအုပ်ကို မင်းကိုယ်တိုင်ပါဝင်ပြီး ရေးခဲ့တာလား။
မင်းက ဘယ်လောက် နားလည်နေလို့လဲ။
ဆိုပြီး ပြောပါလေရောဗျာ။ ကျုပ်လည်းအောင့် သက်သက်နဲ့ စိတ်ဆိုးပြီးဘာမျှပြန်မပြောပဲနေလိုက်တယ်။
ရေးထားတဲ့လက်ရေးမူက ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်တဲ့ ဆရာတော် မန်းဉာဏ၀ရရဲ့ လက်ရေးမူပဲဖြစ်ပါတယ်။

ကျုပ်က အဲဒီတုန်းက လူငယ်လေ အရာရာတိုင်းမှာ လူတတ်ကြီးလုပ်ချင်နေခဲ့တာ။
သို့သော်လူကြီးလုပ်တဲ့လူက လူငယ်ကို
အော် အေးကောင်းသားပဲကွ။ ဘယ်နေရာတွေကို ပြင်မှာတုန်း။ လို့ပြောပြီးလမ်းကြောင်းလေးဖွင့်ပေးလိုက်၊ ပြီး
တော့မှ အေး ဒီဟာက ဒီလိုရှိတယ်ကွ၊ ဟိုဟာကဖြင့် ဟိုလိုရှိတယ်ကွ ဆိုပြီးပြောဆိုဆွေးနွေးပေးမယ်ဆိုလျင် လုပ်
ချင်ကိုင်ချင်စိတ်တွေရှိတဲ့ လူငယ်တွေအနေနဲ့ နေသာထိုင်သာရှိသွားပြီး လူကြီးနဲ့လူငယ်ပိုမိုနားလည်လာကြမှာ အ
မှန်ပဲ။

မိတ်ဆွေတို့လည်း လေ့လာကြည့်ပါ။ စာအုပ်ထဲက ဘာသာပြန်ထားတဲ့ ဗမာစာလုံး တွေထဲက ဘယ်စာလုံးတွေကို
တော့ဖြင့် ပြင်သင့်တယ်ဆိုတာကို အထောက်အထားလေးတွေနဲ့ ရှင်းလင်းပေးဘို့ မေတ္တာရပ်ခံပါရစေ။ ဘာကြောင့်လဲဆိုတော့ ကရင်တယောက် ဗမာစကားမပီတာထက် ဗမာတွေနားလည် အောင်ပြောနိုင်ဘို့ လိုတယ်
လေ။ မိတ်ဆွေရဲ့အမြင်ကို ကျုပ်ရဲ့ Email နဲ့လည်းရေးပို့နိုင်ပါတယ်။
လိပ်စာက minsoesan09@gmail.com ဖြစ်ပါတယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Monday, February 3, 2014

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း နှစ်)

February 03, 2014
Monday

ပိုးကရင်စာ သင်ကြပါစို့ (အပိုင်း နှစ်)

By မင်းစိုးစံ

ဒီနေ့မှာတော့ မိဘများအနေနဲ့ဖြစ်ဖြစ် လူငယ်တွေကို ပိုးကရင်စာသင်ပေးနေတဲ့သူတွေပဲဖြစ်ဖြစ် ကရင်အမျိုးသား
အခမ်းအနားတွေကို တက်ရောက်မယ့်သူတွေပဲဖြစ်ဖြစ် အထူးလိုအပ်ပြီးမဖြစ်မနေဆိုတတ်ရမယ့် သီချင်းတပုဒ်ကို
ကျုပ် သီဆိုပြပါ့မယ်။

ကရင့်အမျိုးသားအခမ်းအနားမှာ ကရင့်အမျိုးသားအလံတော်ကိုအလေးပြုမယ်။
ကျဆုံးလေပြီးသော ကရင့်အာဇာနည်ခေါင်းဆောင်ကြီးတွေကိုအလေးပြုမယ်။
ကရင့်အမျိုးသားသီချင်းကို ဆိုကြမယ်။
အလံကိုအလေးပြုတာတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာတို့ကတော့ သူများလုပ်တဲ့အတိုင်း မ
သိမသာခိုးကြည့်ပြီးလိုက်လုပ်လို့ရပေမယ့် ကရင့်အမျိုးသားသီချင်းကိုကျတော့ ၀ရူးဝရူးလိုက်လုပ်လို့မဖြစ်ဘူးလေ။
ကရင်တစ်ယောက်ဖြစ်လာမှတော့ ကိုယ့်ကရင်အမျိုးသားသီချင်းကိုတောင် မဆိုတတ်ဘူးဆိုလျင် သင့်တော်ပါ့မ လားဗျာ။

ကရင်အမျိုးသားတွေကြားမှာ မျက်နှာမငယ်ရအောင် အမျိုသားသီချင်းလေး လေ့ကျင့်ထားကြပါစို့လား။
ရပြီးသား မိတ်ဆွေတွေကိုတော့ အားနာမိပါရဲ့။
တကယ်ပြောတာပါ။
ဘာကြောင့်လဲဆိုတော့ ကျုပ်အသံက ကြားလိုက်တာနဲ့ ထပြေးချင်စိတ်ပေါက်အောင်ကို ကောင်းလွန်းလို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အများကြားမှာ ဆိုတတ်တော့ ပိုကောင်းတာပေါ့နော်။
သူများတွေက ကိုယ့်အသံလောက်မှမကောင်းပဲနဲ့ ဆိုနေသေးတာပဲ။ ကိုယ့်အသံကောင်းကြောင်းကြွားတဲ့အနေနဲ့ အားရပါးရကြီးကို ဆိုပြလိုက်စမ်းပါ။

တခုတော့ရှိတာပေါ့လေ၊ ကျုပ်အသံကိုကြားလိုက်တာနဲ့ သီချင်းဆိုချင်စိတ်တွေပျောက်ပြီး သင်ချင်စိတ်ပါပျောက်
သွားလျင်တော့ မဆိုတတ်တဲ့မိတ်ဆွေအတွက် ကရင်အမျိုးသားကြားမှာ မျက်နှာငယ်ရမယ့်အရေးတွေးပြီး စိတ်
မကောင်းဖြစ်မိမှာအမှန်ပါ။
သည်းခံပြီး နားထောင်ပါ။ မဖြစ်မနေသင်ပါ။ တောင်းပန်ပါတယ်။ 

ဒီသီချင်းကလည်း စာမသင်ခင်မှာနဲ့ စာသင်အပြီးမှာ မဖြစ်မနေ နှလုံးသွင်းပြီးသီဆိုကြဘို့ အထူးလိုအပ်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Saturday, April 13, 2013

ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ

 Source Photo from http://www.bbcburmese.com/images
ပိတောက်ပန်းတွေလို့တော့ ထင်တာပဲ
April 13, 2013

ကရင်လူမျိုးတို့ သိသင့်သိထိုက်သော

လဆန်း လဆုတ် အခေါ်အဝေါ်များ

 

Saturday, April 6, 2013

ဗမာ ပိုးကရင် အဘိဓာန်


ဗမာ ပိုးကရင် အဘဓာန်

April 6, 2013
Saturday

မင်္ဂလာပါခင်ဗျား။
ယ္ခုတဖန် ဗမာ ပိုးကရင် အဘိဓာန် ကို ဆက်လက်ကူးယူရေးသားဖေါ်ပြလိုက်ပြန်ပါတယ်။
မိတ်ဆွေတချို့က အခုလို အဘိဓာန်ကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလာကြသလို အချို့
ကတော့ ဖေါ်ပြထားတဲ့စာလုံး အရေအတွက်နည်းလွန်းတယ်လို့ ပြောကြပြီး အချို့ကျပြန်တော့ ဒီစာအုပ် ရ
နိုင်တဲ့ နေရာကို မေးကြပါတယ်။

အခုလို စိတ်ဝင်တစားရှိနေကြတဲ့အတွက် များစွားမှပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ သို့သော် အင်မတန့်
အင်မတန်ကို စိတ်ဝင်စားမှုနည်းပါးနေသေးတဲ့ အနေအထားမျိုးမှာ ရှိနေသေးတာမို့ အားမရနိုင်တာတော့
အမှန်ပါ။ ပါဝင်ဆွေးနွေးလာကြတဲ့ လူအနည်းစုကြောင့်မို့ အားမလျှော့မိတာပါ။

ဒီအပတ်မှာတော့ စာမျက်နှာတစ်မျက်နှာစာ ပိုပြီးတင်ပေးထားပါတယ်။
လေ့လာရတာအားမရဘူးဆိုတဲ့ ညီအစ်ကိုမောင်နှမတွေအတွက်ပါ။ ဒါပေမယ့် မေးခွန်းတစ်ခုတော့ မေးပါရ
စေ။ အခုလို တင်ပြီးသွားတဲ့ ဗမာ ပိုးကရင် အဘိဓာန်ထဲက စာလုံးအားလုံးကို မှတ်မိနေပါပြီလား၊ သုံးစွဲနေ
ပါပြီလား ဆိုတာကို ဖြေပေးစေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ နာယူ မှတ်သား ကျင့်ကြံ ပွါးများပါမှ အကျိုးရှိနိုင်တာမို့ပါ။
ဒါကြောင့် ကျုပ်တို့တတွေ ဗမာ ပိုးကရင် အဘိဓာန် ကို လေ့လာပြီးတဲ့နောက် အကျိုးရှိရှိ ပြောဆိုသုံးစွဲကြ
စေလိုပါတယ်။ ဒီထက်မကလည်း ပြောဆိုဆွေးနွေးစေချင်ပါတယ်။

ဒီစာအုပ်အပြင် အခြားစာအုပ်တွေကိုပါ ရနိုင်တဲ့နေရာဌာနကတော့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ချွန်ဘူရီခရိုင် ဘုန်း
တော်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ ကျီတာဘာဝါ ဆိုတဲ့ ဘုန်တော်ကြီးကျောင်းမှာပါ။
ပိုပြီးသေသေခြာခြာသိချင်တယ်ဆိုလျင်ဖြင့် ယ္ခု အုမ်းပျန် ဒုက္ခသည်စခန်းမှာ သတင်းသုံးနေထိုင်နေတဲ့ ဆ
ရာတော် ဦးဉာဏ၀ရ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆရာတော်ရဲ့ ဖုံးနံပါတ်ကိုတော့ဖြင့် ဖေါ်ပြမပေးနိုင်တာကို နားလည်ခွင့်လွှတ်စေချင်ပါတယ်။ မိမိတို့နဲ့ နီးစပ်
ရာအသိမိတ်ဆွေတွေကနေတဆင့် မေးမြန်းစုံးစမ်းနိုင်ကြောင်းပါခင်ဗျား။

ကူးယူရေးသားတင်ပြထားတဲ့ စာအုပ်ရဲ့အ မည်နာမကတော့ သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့ ဆြာ့
စူးဖံင်းလိက်အုဂ် စာပေသင်ကြားပို့ချပေးတဲ့ ဆရာတွေ သိထားသင့်တဲ့ ဆရာကိုင်စာအုပ် လို့ အဓိပ္ပါယ်ရ
ပါတယ်။

ကျေးဖူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အမှားပြင်ဆင်ချက်

စာမျက်နှာ ၁ စာကြောင်းရေ ၁၀

ရှေ့တိုးနောက်ဆုတ်        ခုင်းခါင့်ခုင်းယါ့

Saturday, March 30, 2013

ကရင်လူမျိုးနှင့် ကရင့်နိုင်ငံတော်သီချင်း


ကရင်လူမျိုးနှင့် ကရင့်နိုင်ငံတော်သီချင်း

March 30, 2013
Saturday

By မင်းစိုးစံ

မင်္ဂလာအပေါင်းနှင့် ပြည့်ဝနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်။
ယခုတဖန် ကရင်အမျိုးသားများ အထူးသဖြင့် ကရင်မျိုးဆက်သစ်လူငယ်များ သိရှိနိုင်စေရန်ဦးတည်၍ လွန်
ခဲ့သည့် အတိတ်ကာလမှ ကရင့်တော်လှန်ရေးနယ်မြေအတွင်း အများပြည်သူများ လိုက်နာကျင့်သုံးခဲ့ကြရ
သည့် စည်းကမ်းသတ်မှတ်ချက် တစ်ခုအားရေးသားဖေါ်ပြလိုပါသည်။

ကောင်းမွန်လျှော်ကန်သော စည်းကမ်းသတ် မှတ်ချက်ဖြစ်သဖြင့် ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများ
အားလုံး လိုက်နာသင့်သည်ဟု ယုံကြည်မိပါ၍ ယခုကယ့်သို့ ရေးသားဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။

ထိုစည်းကမ်းသတ်မှတ်ချက်အကြောင်း မရေးသားမဖေါ်ပြမှီ ကရင် ဆိုသည့်အသုံးအနှုံးကို အနည်းငယ်မျှ
ရေးသားဆွေးနွေးလိုပါသည်။ ဤသို့ဆွေးနွေးရေးသားတင်ပြရာ၌ တတ်၍မဟုတ် သိ၍မဟုတ်ပဲ ကြားဘူး
နားဝရှိသမျှကလေးဖြင့် ဆွေးနွေးမည်ဖြစ်သောကြောင့် အသိပညာရှင်အတတ်ပညာရှင်များအနေဖြင့် အ
ကျွန်ုပ်ရေးသားဖေါ်ပြသော အကြောင်းအရာများတွင် အမှားအယွင်းတစ်စုံတစ်ရာရှိမည်ဆိုပါက အားမနာ
တမ်းဝေဘန်ထောက်ပြ အကြံပြုကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ဝေဘန်ထောက်ပြခြင်းသည် မှားနေသည်ကို မှန်ရန်၊ မှန်နေသောအရာကို ပိုမိုတိကျ စေရန်နှင့် မှားနေသည့်
အရာကို ရှေ့ဆက်မမှားမိစေရန်အလို့ငှာ သတိပေးခြင်းဖြစ်သည်ဟု အကျွန်ုပ်အနေဖြင့် မှတ်ယူပါ၏။

ကရင် ဟူသည့် အသုံးအနှုံးကို ဆက်လက်ဆွေးနွေးပါအံ့။
ကရင်ဆိုသည်မှာ လူမျိုးတစ်မျိုးဖြစ်၏၊ ကရင်လူမျိုးတို့ တွင် မျိုးနွယ်စုများရှိပါ၏။ လူတိုင်းသိကြ၏။ သို့သော်
ကရင်အချင်းချင်းကြားတွင် ကရင်ဆိုသည့်အသုံးအနှုံးကို နားလည်မှုလွဲမှားစွာဖြင့် မျက်လုံးစုံမှိတ်ကာ မဆင်
မခြင်လက်ခံပြောဆိုသုံးစွဲနေကြသည်မှာ စိတ်ပျက်ဘွယ်ရာကောင်းသည်သာမက စိုးရိမ်ဘွယ်ရာပင်ကောင်း
လှပါတော့သည်။

ကရင်ကို ပိုးကရင်ဘာသာဖြင့် ဖႜုံ (ဖလုံ)ဟုခေါ်ပြီး စကောကရင်ဘာသာဖြင့် ကညီ (ကညော) ဟုခေါ်၏၊ စကော ကရင်ကို ပိုးကရင်ဘာသာဖြင့် ယှင် (ရှောင်) ဟုခေါ်သကယ့်သို့ ပိုးကရင်ကို စကောကရင်ဘာသာ
ဖြင့် ပှိဿ်(ပို) ဟုခေါ်ပါ၏။
စကောကရင်က မိမိကိုယ်ကို ကညီ(ကညော)ဟုသတ်မှတ်သကယ့်သို့ပင် ပိုးကရင်ကလည်း မိမိ ကိုယ်ကို ဖႜုံ(ဖလုံ)ဟု သတ်မှတ်ပါသည်။ အချို့သောပိုးကရင်များက ဖလုံဆိုသည်မှာ ပိုးကရင်ဖြစ်ပြီး ရှောင်ဆို
သည်ကား စကောကရင်ဖြစ်၏ဟု နားလည်ထားကြသည့်နည်းတူ အချို့သောစကောကရင်များကလည်း ကညောသည်ကား စကောကရင် ပိုဆိုသည်မှာ ဖလုံ ကရင်အဖြစ်သိထားကြလေသည်။
ကရင်ဆိုသည့်လူမျိုးတွင် စကောကရင် ပိုးကရင် ဟူသည့်လူမျိုးနှစ်မျိုးကို ပေါင်းလိုက်မှသာ ကရင်လူမျိုး
ဖြစ်၏ ဆိုသည်ကို အားလုံးနားလည်သင့်ပါ၏။ ပိုးကရင်ကို ပိုးကရင်ဘာသာဖြင့် မည်သို့ခေါ်ဆိုပါသနည်း။

ပိုးကရင်ကို ပိုးကရင်ဘာသာဖြင့် ဖႜုံယှိုဝ်ၟ ဟုခေါ်ပြီးစကောကရင်ကိုမူကား ဖႜုံယှင် ဟုခေါ်သည်ကို သတိပြုသင့်ပါ၏။ ၎င်းနည်းတူ စကောကရင်ကိုစကောကရင်ဘာသာဖြင့် စှီဍ္ဎ ဟုခေါ်ပြီး ပိုးကရင်ကိုမူ ပှိဿ် ဟုခေါ်ကြောင်းသိသင့်ပါ၏။

ထို့ကြောင့် ပိုးကရင်သီချင်းရေးသားသူ တေးပြုစာဆိုများအနေဖြင့် သီချင်းရေးသားသီကုံးစပ်ဆိုရာ၌ ဖႜုံယှင် ဖေါဟ်ယိုဝ် လ်ုအှ်ဖႜုံခါင့်ဏှ်ဆိုဝ် ဟုရေးမည့်အစား (ဆိုမည့်အစား) ယှိုဝ်ၟယှင်ဖေါဟ်ယိုဝ်
လ်ုအှ်ဖႜုံခါင့်ဏှ်ဆိုဝ် ဟု ရေးသားစပ်ဆိုသင့်ပါကြောင်းနှင့် အခြားသီချင်းတပုဒ်ဖြစ်သည့် ဖႜုံဖေါဟ်ဍေ
ယှင် သၞ၀့်ဃှူ့ဃှင် နေရာတွင်ဖႜုံယှိုဝ်ၟ ဍေယှင်သၞ၀့်ဃှူ့ဃှင် ဟုရေးသားစပ်ဆိုကြမည်ဆိုပါက ပိုမိုလျှော်ကန်သင့်မြတ်လိမ့်မည်ဟု ထင်မြင်ယူဆပါ၏။

ကရင်အမျိုးသားအချင်းချင်းတွေ့သည့်အခါ အခမ်းအနားများ၌ဆုံကြသည့်အခါ တစ်ဦးနှင့်တစ်ဦး မျိုးနွယ်
စုကို စုံစမ်းမေးမြန်းရာ၌ စကောကရင်ဘာသာဖြစ်ပါက နမ့ဿ္ပွၯကညီဧါ ပွိဿ္ဧါ (နာေမပါြကေညာဂါး ပိုဂါး)ဟုမေမးပဲ နမ့ဿ္ စွီၯဧါ ပိဿ္ဧါ (နာမေစော်ဂါး ပိုဂါး) ဟုမေးသင့်ပါသည်။

ထို့နည်းတူ ပိုးကရင်ဘာသာဖြစ်ပါလျင်လည်း ဏ်ုမွဲါဖႜုံဟှး ယှင်ဟှး (နယ်မွယ်ဖလုံဂါး ရှောင်ဂါး) ဟုမေး
မည့်အစား ဏ်ုမွဲါယှိုဝ်ၟဟှး ယှင်ဟှး (နမွယ်ရှိုဂါး ရှောင်ဂါး) ဟုမေးရမည်ဖြစ်ပါသည်။ သို့မှသာလျင် မှန်ကန်သော စနစ်ကျသော အသုံးအနှုံးဖြစ်ပေမည်။ အထူးဂရုပြုရန်လိုပါသည်။

ဤကား ကရင်လူမျိုးနှင့်ဆက်စပ်သည့် ကြားဘူးနားဝ စကားများအားပြန်လည်ဖေါက်သည်ချခြင်းဖြစ်ပါသည်၊ အ ကျွန်ုပ်အနေဖြင့် လူတတ်ကြီးလုပ်၍ ရေးသားဖေါ်ပြခြင်းမဟုတ်သဖြင့် နာခံကျင့်သုံးရန်လုံးဝ တိုက်တွန်းခြင်းမပြု လုပ်လိုပါ။ မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် သုံးသပ်ရန်သာဖြစ်ပါသည်။ တော်လှန်ရေးနယ်မြေအတွင်း လိုက်နာကျင့်သုံးခဲ့ရသည့် စည်းကမ်းသတ်မှတ်ချက်တစ်ခုအားရေးသားပြပါမည်။ ယခုရေးသားဖေါ်ပြသည့် အကြောင်းရပ်သည် ယခင်ကလည်း ဖေါ်ပြရေးသားဆွေးနွေးခဲ့ဘူးပါသည်။

ထိုအရာမှာ ကရင့်နိုင်ငံတော် သီချင်းဖြစ်ပါသည်။ ကရင့်နိုင်ငံတော်သီချင်းကို ရုပ်ရှင်ရုံများ၌ ရုပ်ရှင်မပြသမီ ထိုသီချင်းဖြင့် ကရင်အမျိုးသားအလံတော်ကို ဦးညွှတ်ဂုဏ်ပြုကြရပါသည်။
အကျွန်ုပ်အနေဖြင့် အကြံပြုလိုသည်မှာ ကရင့်အမျိုးသားအခန်းအနားပွဲတော်များ ကျင်းပပြုလုပ်ရာတွင် က
ရင်အမျိုးသားတေးသီချင်းတစ်ခုတည်းဖြင့်မဟုတ်ပဲ နိုင်ငံတော်သီချင်းကိုပါ ပူးတွဲကာသီဆို ဂုဏ်ပြုစေလို
ပါသည်။

သီချင်း၏အဓိပ္ပါယ်အား သိထားသူများအနေဖြင့် အကြောင်းမဟုတ်သော်လည်း သီချင်းအဓိပ္ပါယ်မသိသူ
များ အနေဖြင့်မူ အနည်းငယ်တွေးတောစရာဖြစ်နိုင်ပါသဖြင့် အကျဉ်းချုပ်ရှင်းပြပေးပါမည်။

အဓိပ္ပါယ်မှာ
သဘာဝတောတောင်စိမ့်စမ်းများဖြင့် ပြည့်စုံသောအသင့်အား အကျွန်ုပ်၏အသက်နှင့်ထပ်တူထပ်မျှ တန်
ဘိုးထားပါ၏။ သဲစီးဆင်းသောမြစ် ဖလံတောင်များဖြင့်လွှမ်းနေသောလှပသည့် နိုင်ငံတော်နှင့် အကျွန်ုပ်
တို့၏လွတ်ရေးအတွက် သင့်အားအကျွန်ုပ်၏အသည်းနှလုံးကို ပေးဆပ်ပါ၏။

အကျွန်ုပ်တို့၏ ဘိုးဘွားများသည် ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးကြသူများ ဖြစ်ကြပါ၏ သို့သော်လည်း လူမျိုး
ခြားတို့၏ နိုင်ထက်ကလူပြုမူမှုကြောင့် အသင့်ကို စွန့်လွှတ်ခဲ့ရပါ၏။ ယနေ့အကျွန်ုပ်တို့၏ နိုင်ငံသည် တပါး
လူမျိုး၏နိုင်ငံဖြစ်သွားခဲ့သည် ယခင်က အကျွန်ုပ်တို့၏ နိုင်ငံတော် အစစ်အမှန်ဖြစ်ပေသတည်း။

အကျွန်ုပ်နားလည်သည့်အတိုင်း ဘာသာပြန်ထားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိမည်ဖြစ်သည်ကို ၀န်ခံပါ၏။ ထို့ကြောင့် အောက်ပါ ကရင့်နိုင်ငံတော်သီချင်းကို ဖတ်ရှုပြီးနောက် ပညာရှင်များအနေဖြင့် အတိ
အကျဘာသာပြန်ပေးစေလိုပါကြောင်း ထပ်မံမေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်ပါသည်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Thursday, March 28, 2013

Tuesday, March 26, 2013

ပိုးကရင်ဘာသာဖြင့် ဘုရားရှိခိုးကြပါစို့


ပိုးကရင်ဘာသာဖြင့် ဘုရားရှိခိုးကြပါစို့

မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေခင်ဗျား။
ဗုဒ္ဓဘာသာ ပိုးကရင်များအတွက် ဘုရားပင့်၊ ဘုရားရှိခိုး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ နံ့သာ ကပ်လှူပူဇော်တဲ့
အခါမှာ ပိုးကရင်ဘာသာနဲ့ရွတ်ဖတ်နိုင်ဘို့အတွက် ကူးယူရေးသားတင်ပြလိုက်ရပါတယ်။

အခုလိုရေးသားလိုက်တင်ပြလိုက်ရတဲ့ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာရှိနေ ရောက်နေကြတဲ့ က
ရင်အမျိုးသားများအနေနဲ့ မိမိတို့ရဲ့မိခင်ဘာသာစကားနဲ့ ဘုရားရှင်ကိုပူဇော်ကန်တော့ခြင်းအားဖြင့် ရရှိလာ
မယ့် ပီတိကို သိရှိခံစားစေချင်လို့ဖြစ်ပါတယ်။

နောက်တမျိုးကတော့ နိုင်ငံတကာကိုရောက်နေကြတဲ့ ကရင်မိသားစုများအနေနဲ့ မိမိတို့ကိုယ်တိုင်က ပါဠိ
ဘာသာဖြင့်ဖြစ်စေ ဗမာဘာသာဖြင့်ဖြစ်စေ ကရင်ဘာသာဖြင့်ဖြစ်စေ ရွတ်ဆိုပူဇော်နိုင်ကြသော်လည်း မိမိ
တို့ရင်သွေးများမှာတော့ ကာလကြာရှည်လာသည်နှင့်အမျှ မိမိတို့၏ ဗုဒ္ဓဘာသာအပေါ်ရိုသေကိုင်းရှိုင်းမှု
အားနည်းလာပြီး ယုံကြည်ကိုးကွယ်မှုပ,ပျောက်သွားမယ့်အရေးကို စိုးရိမ်မိတာကြောင့် အခုလိုဖေါ်ထုတ်
လိုက်တာဖြစ်ကြောင်းပါခင်ဗျား။

လူငယ်တွေအချို့ပြောတာကတော့ အရင်တုန်းကသာ ဗုဒ္ဓဘာသာတရားတော်ကို ပါဠိချည်း သက်သက်မ
ဟုတ်ပဲ ပါဠိ နဲ့ အနက် ကိုရှင်းပြပေးမယ့်သူရှိခဲ့လျင် ကျုပ်တို့တခြားဘာသာထဲ ၀င်ဖြစ်မှာမဟုတ်ဘူးလို့ဆို
ကြပါတယ်။
ကျုပ်တို့ရဲ့ရင်သွေးငယ်တွေကျပြန်တော့ ဘာသာစကားနားမလည်နိုင်မှုကြောင့် ဗုဒ္ဓဘာသာကိုစွန့်လွှတ်
လိုက်ရ တာပါလို့ ပြောလာကြမယ်ဆိုလျင်ဖြင့် ဘယ့်နှယ်နေမလဲ။ အခုမှ ရေးရကောင်းလား ဖေါ်ပြရကောင်းလားဆိုပြီး ပြစ်တင်ဝေဘန်ကြမယ်ဆိုလျင်လည်း ခံယူဘို့အသင့်
ပါ။

ပိုးကရင် သံဃာတော်အပေါင်းတို့ဘုရား။

တပည့်တော်ရေးသားကူးယူထားသည့် စာလုံးတို့တွင် အမှားအယွင်း တစ်စုံတစ်ရာတွေ့ရှိပြီး ပြင်ဆင်ပေး
လိုပါက တပည့်တော်ထံ စာဖြင့်ရေးသားဖြည့်စွက်ပြင်ဆင်ပေးပါရန် လက်စုံမိုး၍ ဦးထိပ်ပန်ဆင် တောင်းပန်
လျှောက်ထားအပ်ပါသည်ဘုရား။

ကျေးဇူးအထူးတင်ပါသည်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ဆက်သွယ်ရန် E-mail minsoesan09@gmail.com

Saturday, March 23, 2013

ပိုးကရင် ဗမာ အဘိဓာန်

 

March 23, 2013

ပိုးကရင် ဗမာ အဘိဓာန်

ဒီ ပိုးကရင်ဗမာ အဘိဓာန်ကို စာရွက်တွေအဖြစ်နဲ့ သိမ်းဆည်းထားတာ အလွန်အမင်းကြာနေပြီလို့ ယုံကြည်
ရပါတယ် ဘာကြောင့်လဲဆိုတော့ စာရွက်ကလေးတွေဟာ အင်မတန်ကိုဟောင်းနွမ်းနေပြီး စာလုံးတွေထင်
ရှားပြတ်သားမှုနည်းပါးနေတာကြောင့်ဖြစ်ပါတယ်။

ကရင်သံဃာတော်တစ်ပါးကနေ သူ့အနေနဲ့ လောကီအလုပ်ကိုမလုပ်တော့ပဲ လောကုတ္တရာဘက်ကိုသာ ဦး
ချလုပ်ကိုင်သွားတော့မယ်ဆိုပြီး ကျုပ်ကိုပေးခဲ့တာပါ။ အဲဒီသံဃာတော်အနေနဲ့ ပိုးကရင် ဗမာ အဘိဓာန်ကို
စာအုပ်အဖြစ်ထုတ်ဘို့ အပတ်တကုတ်ကြိုးစားခဲ့ဟန်ရှိပါတယ်၊သို့သော်လည်း အခြေအနေပေးခဲ့ပုံမရပါဘူး။
စာရွက်တွေအဖြစ်နဲ့သာ ကြေနပ်နေရတဲ့ပုံပေါက်နေပါတယ်။ အခုမှ ကျုပ်လည်း စာအုပ်သေတ္တာကို လိုက်ဖွ
ရင်းတွေ့တာနဲ့ လိုအပ်မယ်ထင်ပြီးရသလောက်ကလေးကောက်ရေးလိုက်ပါတယ်။

အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့မယ်ဆိုလျင်ဖြင့် အဲဒီအမှားဟာ ကျုပ်ရဲ့(စာလုံးကူးရေးရာ၌ဖြစ်စေ ဖတ်သည့်
အခါ၌ဖြစ်စေမသေခြာမှုကြောင့်) ကျုပ်ရဲ့အမှားပဲဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Tuesday, February 26, 2013

မေတ္တာရပ်ခံခြင်းနှင့် ဆော်သြခြင်း

 
ဇွဲကပင်ကျော်လေး ရုပ်တုဖွင့်ပွဲ မှတ်တမ်းဓါတ်ပုံ

Saturday, May 9, 2009

မေတ္တာရပ်ခံခြင်းနှင့် ဆော်သြခြင်း


ချစ်လှစွာသော ကရင်ညီအစ်ကို မောင်နှမအပေါင်းတို့

ကျုပ်ဖေါ်ပြထားတဲ့ အခြေခံ ကရင်သင်ပုန်းကြီး ဖတ်စာများ ဆိုတဲ့ စာအုပ်လေးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က
မနီလွိုင် မြန်မာကျောင်းသားစခန်းမှာရှိတဲ့ အမှိုက်ပုံးတခုထဲက ကောက်ယူခဲ့တာပါ။ နိုင်ငံခြားကို ထွက်တော့
မယ့် မိသားစု တစုစုကနေပြီး နိုင်ငံခြားသွားတော့မှာမို့ အမှိုက်ပုံးထဲ ကောက် ပစ်ထားခဲ့တဲ့ပုံ ပေါ်ပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခုတော့ ဒီစာအုပ်ကလေးဟာ အမှိုက်ပုံးထဲကနေပြီး စင်္ကြာဝဠာထက်
မှာရှိနေတဲ့ ဆက်သွယ်ရေးဂြိုလ်တုပေါ်ကို ရောက်သွားပါပြီ။
တခုတော့ မေတ္တာရပ်ခံပါရစေ၊ ဒီစာအုပ်လေးထဲက စာလုံးတချို့ ဖတ်လို့မရတာ၊ မထင်မရှားဖြစ်နေ တာတွေ ရှိနေတာမို့ ဖေါင့်ရှိတဲ့လူတွေ ပြင်ဆင်ရိုက်နှိပ်ဖြည့်စွက်ဖေါ်ပြပေးကြပါ။ ဘယ်နေရာဘယ်ဒေသကိုပဲ ရောက်ရောက်၊ ကိုယ့်စာပေကို မြှင့်တင်ကြပါ၊ သင်ယူကြပါ၊ လေ့လာကြပါ။

နိုင်ငံခြားကိုရောက်နေပေမယ့် ဘယ်လောက်ပဲချမ်းသာနေပေမယ့် ခင်ဗျားတို့ ကျုပ်တို့ ညီအစ်ကို မောင်နှမ
အားလုံးတို့ဟာ တိုင်းပြည်မရှိတဲ့အတွက် အားလုံးဟာ သခင်မရှိတဲ့ခွေးတွေလိုပါပဲ။
သခင်မဲ့တဲ့ခွေးဘဝဟာ ဟိုချောင်တိုးရင် ဟိုကရိုက်လွှတ်၊ ဒီချောင်တိုးပြန်တော့ ဒီကရိုက်လွှတ်၊ ဒီလိုခံနေရ
တာကို မသိလို့ပဲဖြစ်ဖြစ်၊ သိသိကြီးနဲ့ဖြစ်ဖြစ် အချင်းချင်း သမ,နေကြတာကတော့ဖြင့် ဝမ်းနည်းစရာ အင်မ
တန်ကို ကောင်းလှပါတယ်။

ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ်မှု၊ နှုတ်မှုတွေကို ထိန်းသိမ်းကြပါ။ အချင်းချင်း ဘာသာမခွဲနဲ့၊ မျိုးနွယ်စုမခွဲနဲ့၊
ဒေသမခွဲနဲ့၊ စာပေမခွဲနဲ့၊ စကားမခွဲနဲ့ အယူမသည်းကြပါနဲ့။ အဲဒီလို လုပ်ရပ်တွေကြောင့် တန်ဘိုးမဖြတ်နိုင်
တဲ့ နစ်နာဆုံးရှုံးမှုတွေဟာ ဘယ်လိုမှ အဖတ်ဆည်လို့ မရနိုင်လောက်အောင် ဖြစ်ခဲ့ရပြီးပါပြီ။
သင်္ခဏ်းစာယူတတ်ကြပါစေ။

ကျုပ်ကိုအခုလို Blog လေးတခု လုပ်ပေးတဲ့ စောကျော်ခွိ၊ စောလင်းနက်၊ အဲခေါင်သောင့် (ကျုပ်မသိ ကြွမ်း
ပေမယ့်) (အခြားနာမည်မသိသူတွေပါ)တို့ရဲ့ ကျေးဇူးတရားကို ကျုပ်တသက်လုံးမမေ့ပါဘူး။

အစစအရာရာ အသေးစိပ်ကအစ, စိတ်ရင်းစေတနာအပြည့်အ၀နဲ့ ကူညီဆောင်ရွက်ပေးကြတဲ့အတွက် သူ
တို့အားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်များ အမြန်ဆုံးပြည့်ဝ,ကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်က စာကြောင်းလေးကို ကလစ်လိုက်လျင် ဖတ်စာတွေကို လေ့လာနိုင်ပါတယ်။



  • အခြေခံ ကရင်သင်ပုန်းကြီး ဖတ်စာများ
  • Friday, November 11, 2011

    မဟာဗမာ စစ်အစိုးရမှ မဟာဗမာ အရပ်သားအစိုးရသို့

    ၁၉၉၆ ခုနှစ်မှာ ဒေါ်စုကို ပထမအကြိမ် လွှတ်ပေးလိုက်လို့ ၁၉၉၇ ခုနှစ်မှာ အာဆီယံအသင်းထဲ ဗမာစစ်အစိုးရ ဝင်ခွင့်ရသွားတယ်။

    အခုတခါ ၂၀၁၄ ခုနှစ်မှာ အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌလုပ်နိုင်ရေးနဲ့ ဒဏ်ခတ်မှု ရုတ်သိမ်း ရေးအတွက် ဒေါ်စုနဲ့ ဆက်ဆံရေးကောင်းအောင် ပြတယ်။နှစ်(၅၀) တဖက်သတ်လုပ်လာပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ် ဆိုတာပြောတယ်။

    သမ္မတအကြံပေး ဒေါက်တာဦးမြင့်ရဲ့ စာတမ်းကို နှစ်လလောက်ကြိုပြီး သက်ဆိုင်ရာအာဏာပိုင်တွေ ကို တင်ပြရတဲ့နောက်တော့ မဟာဗမာ စစ်အစိုးရ ကနေ မဟာဗမာ အရပ်သားအစိုးရကို ပြောင်းနေ တာဆိုတာ ထင်ရှားတဲ့သက်သေပဲ။

    ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ ဆိုတဲ့ ဘိုးစဉ်ဘောင်ဆက် ရည်မှန်းချက်တွေပြည့်စုံဘို့အရေး တိုင်း ရင်းသားတွေကို ဗမာတွေနဲ့တန်းတူတဲ့အခွင့်အရေးမျိုးပေးဘို့မဆိုထားနဲ့ တိုင်းရင်းသားအချင်းချင်း တွေကြား၊ တိုင်းရင်းသားတွေရဲ့ အုပ်စုချင်းကြား မညီမညွတ်ဖြစ်အောင် လုပ်နေခဲ့တာ၊ လုပ်နေမှာ ဆက်လုပ်မှာကတော့ မြေကြီးလက်ခတ်မလွဲပါ။

    တိုင်းရင်းသားအချို့တော်လှန်ရေးအဖွဲ့တွေထဲက တချို့ကိုအပစ်ခတ်ရပ်စဲထားမယ် တချို့ကိုနှိပ်ကွက် မယ်၊ အဲဒီတဖွဲ့ရှင်းပြီဆိုတာနဲ့ နောက်တဖွဲ့၊ နောက်တဖွဲ့ပြီးနောက်တဖွဲ့ အဲဒီလိုကို ဖြုတ်ပစ်မှာ။

    အိမ်ခြေတရာလောက်ရှိတဲ့ရွာတရွာမှာ အခြားအိမ်မှာဆူပူသောင်းကျန်းနေတာ ငါတို့အိမ်ဘာမျှမဖြစ် လျှင်ပြီးရော ဆိုပြီးနေနေလို့ကတော့ အဲဒီအိမ်ကပြဿနာမျိုး ကိုယ့်အိမ်ကိုရောက်လာမှာပဲ၊ အဲဒီအခါ ကျလျင်တော့ တောင်မင်း မြောက်မင်း မကယ်နိုင်ဖြစ်ပြီသာမှတ်။

    ကဲ အောက်က အသံဖိုင်လေး နားသောတဆင်ကြည့်တော်မူကြပါ ခင်ဗျား။

    ကျန်းမာချမ်းသာကြပါစေ။


    တေးသံရှင် သန်းမြတ်စိုးနဲ့ တေးသံရှင်အသစ်လေး က မိုက်ချက်က ကမ်းကုန် ဆိုတာနဲ့ အားဖြည့်ထားကြပါတယ်။သတင်းကတော့ ဒီဗွီဘီမြန်မာပိုင်းအစီစဉ်က ကူးယူထားတာပါ။ကျေးဇူးတင်ပါတယ်။

    မင်းစိုးစံ
    (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

    Monday, March 7, 2011

    ကရင်စာပေ

    8 Mar 11, 01:53
    klaw: ကရင်စာပေလေ့လာဖို့ဆိုတဲ့နေရာကလည်း ဗမာလိုလည်း ရှင်းပြမထားဘူး
    klaw: ကရင် -ဗမာ ပုံစံနဲ့ရှင်းပြသင့်တယ်။


    Friday, December 10, 2010

    Burmese language




    Source Audio from http://www.bbc.co.uk/burmese

    Sunday, September 26, 2010

    Friday, September 10, 2010

    သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့

    သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့ (၆)

    အှ်ဆံင်းလာၟဆါ် ကိုဝ်ၟဟှာဍေ။

    စ၀်ထေါဟ်တွါ်
    ကႜုံပိုင်ၟ(ကေါဝ်တြာ်ခင်းထ်ါလ)

    Monday, September 6, 2010

    လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်


    လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
    (စ၀်ထေါဟ်တွါ်)

    အှ်ဆံင်းလာၟဆါ် ကိုဝ်ၟဟှာဍေ။

    အ်ုယိုဝ်ဏှ် အှ်ကှေ်သာ လာခုဂ်ခါင်ၟစူး္ဘုံး ဟှံင်ယုဂ်ဏယ်၊္ဘုံးအ်ုဝဲါတာ ၀ဲါပျုက်္ဘုံးစါ်္ဘိုဝ် မွဲါမု္ဘးဆေ၀်ၟဟှ လ်ုဏိင်းဏိင်းဏယ့်္ဘေ့ယိုဝ်သိုဝ်လှ်၊ ဏင်ၟဏိင်းဍ၀်သီး္ဘေ့ယိုဝ်သိုဝ်လှ်စါ်္ဘိုဝ် မ်ုမာသာ္ဘေ့သှေ်သိုဝ်လဲ မာဟှံင်မာကဲဆ်ု မာလံင်အင်းလံင်ဆု လ်ုဏင်ဏင်သီး ပ်ုအုဏေ၀်ၟ စေ၀်ဟှံင်လှ် အင်းဏင်အင်းလေါဟ် သာ အေဃွှယ့်ဟှံင်ကဲလှ်္ဘးပါတိင့်ဆ်ုအှ်ဏင်ၟမိင်အေး။

    လ်ုဏင်ဏင်ဏှ်ဍ၀် ပ်ုအေက္ဘဲးဆြ့ာဖါဍေါဟ်စါ်္ဘိုဝ် ဟှံင်လှ် လ်ုဆုမာသှေ်မာဍးဝေ့ အင်းအ်ုသှေ်အင်းဍး ဝေ့ လ၀်ယှုက်ဆ်ုသယ်သီးကဲအေး။

    လ်ုဏင်ဏင်ဏှ်ဍ၀် ကႜုဆ်ုအှ်ဏင်ၟမိင်မိင်အေး ပ်ုဆုဃှီ့ဆ်ုလာ အေထင်းထ၀့်ဏင်ထီးဟှံင်လှ် ပ၀့်လဲ မ်ုက္ဘဲးသာဆြာ့ဖါဍေါဟ်၊ ပ၀့်လဲ မ်ုမာအင်းစေ၀်၊ ပ၀့်လဲ မိင်မ်ုဖႜဟ်္ဘးသာ မ်ုမာတ်ါတါ်လှ်။
    လ်ုဏင်ဏင်ဏှ်ဍ၀် ပ်ုယိုဝ် ပ်ုမာဆ်ုသှေ်အေး အင်းမိုင့်အင်း တာၟလှ်။ ဆ်ုလုကႜု ထီ့ ဆ်ုလ်ုကႜုခံင့်္ဘးလု စံင်းယိုဝ် ပ်ုမုအင်းမိုင့်အင်းဏင်ထီး။

    လ်ုမိင်မိင် လ်ုစံင်းစံင်းယာၟဏယ့်၊ မာအင်းစေ၀်လ်ုစံင်းသီးမွဲအ်ုဟှေဝ် မ်ုက္ဘဲးသာဆြ့ာဖါဍေါဟ် လ်ုစံင်းဏှ် သီးမွဲါအ်ုဟှေဝ်၊ မာဆ်ုသှေ်အှ်ဏင်ၟမိင်မိင်အေး အင်းမိုင့်အင်း အ်ုဖႜုံသီး မွဲါအ်ုဟှေဝ် ဆိုဒ်ဆ်ုဃှီ့လာ အ်ုဖင့် ခေါဟ်္ဘးသာမိင်အှ်လုစံင်းဍေ အဲဍိုဝ်ဆ်ုဃှီ့လာလေ၀်ထင်းလေ၀်ထ၀့်ဆာၟသီး ကိုဝ်ဟှာဍေသီးဟှေး။

    ပ်ုထူၟရူ့လာၟခုဂ်ခါင်ၟစူးဏှ် ဟှံင်ခွိက်ယုဂ်၊ ပ်ုဖေါဟ်ပ်ုလီအ်ုဟှင်ၟ မွဲါပ်ုအှ်ကှေ်ထ၀်ၟဆ်ုသယ်လ်ုစံင်းဏှ် မွဲါအု မွဲါအု္ဘးဟှ မွဲါအ်ုမွဲါအ်ုတ၀်ဆေ၀်ၟဟှ။ မွဲါတ၀်အေး လင်မေါဝ်ၟအ်ုခႜီ့ ဖါၟအ်ုသးအေးစါ်္ဘိုဝ် လ်ုခါင့်ခေါဟ် ဆု ဖ်ါဆုမာလ်ုဖး မ်ုကးဟှယ်ဏေ၀်ၟပ်ုဖေါဟ်ပ်ုလီဆေ၀်ၟလှ်။

    ပ်ုဖေါဟ်ပ်ုလီလ်ုဖး ဏးသှေ်ဆ်ုအေတ်ုပႜိင်သ္ဘှာ် စါ်္ဘိုဝ် မ်ုတုဖႜးဏေ၀်ၟထိုင်ဆိုဒ်သာ့ဆေ၀်ၟလှ်။
    ဖေါဟ်လီကြိုဒ်္ဘးသှေ်ယါ့ဆ်ုလုဖး ဏ်ုသီးလ၀်ဖှေ်ခႜါင်ဖှေ်အေး မာလေါဟ်ဖှေ်္ဘးအေး စါ်္ဘိုဝ် ဏ်ုသီးယိုဝ် မ၀့်ဃှင်ဍေ ခႜိုဝ်လင်စူးဖံင်းသႝာအှ်သီး လ်ုကါဍါ် မွဲါဏ်ုသီးမာဟှာဟှံင်လင် ဏင့်ဆာၟဆိုဒ်ဆဆေ၀်ၟလှ်။

    အ်ုခေါဟ်စံင် ဆ်ုလုလာခုဂ်ခါင်ၟစူးယိုဝ် ပု္ဘးခါင်ၟစူးအ်ုခိင့်အ်ုခါ့ ယှာင်ယိက်လဲ၊ ပ်ုမု္ဘးခါင်ၟ္ဘေ့သှေ်သိုဝ်လဲ ဏှ် သံင်းလေါဟ်လာၟ ပ်ုဖေါဟ်ပ်ုလီ ကိုဝ်ၟဟှာဍေဆါ် ဆ်ုမာအင်းလ်ုဟှုဂ်ဆး လ်ုစံင်းဏှ် အ်ုသီးဝေ့ အ်ုနိင့် အေကာဟှံင်လှ် ဖေါဟ်လီလ်ုဖး ထံင်မ်ုက္ဘဲးသာဏင်မိင် ဆိုဒ်သီးမ်ုမာသာ္ဘေ့သှေ်သိုဝ်လဲ ဆံင့်မံင်းဝေ့ လိုင်အေး။ မ်ုအှ်ကှေ် စင်ၟကႛယ်ခွိက်ဝေ့ဆေ၀်ၟလှ်။

    ဆ်ုလုဖႜုံထူၟရူ့လာခုဂ်ခါင်စူးယိုဝ် ကေမူၟဏါခါ့ ဖီ့သာယှာၟလ်ုဟှ္ဘားကိုဝ်ဖှေ်ဝေ့ ဖေါဟ်လီဝိလာ ဆေ၀်ၟ လှ်။ ဟှိင်းမေံယာ့ဃှင့်ထုင်ၟလံင် ဍေ ဟှိင်းလင်ခါင့်ဃှင့်ထုင်ၟသီးလ်ုဖး ဍေဏံင်းဝး ဏှ်္ဘးယှိုတ်ဏေ၀်ၟ ၀ိလာဏှ်ဆေ၀်ၟလှ်။ ဆ်ုဖါန်ထင်း ဆင့်လ်ုယူလင် ဟှင်းခေါဟ်ထါ်္ဘးခါ့ ဖီ့ဝေ့ဍးလ်ုဟှ္ဘားယှိုတ်ထါင်ဝိလာ ထံင်ဃှင့်တုင်ၟသယ်အေဟှံင် ခါင်ၟဟှဝ်ဝေ့ စူးဏှ်ဆေ၀်ၟလှ်။

    လု္ခႜဳဂ္လာၟခုဂ္ဃွဦဳလု္ဟွ၀္ဏွ္ တ်ုစင်လ်ုဟှးဏှ် ဖေါဟ်လီသီးလ်ုဖး္ဘးမီ့ဆုက်ဝေ့ ဖီ့ဖူ့အ်ုဟှိင်းဖိုင်ဏှ်ဆေ၀်ၟ လှ်။ ယှိုတ်ထါင်ဝိလာဟှံင်္ဘးယှိုတ်ထါင်လာလု ခွါဖိုင်ဏှ်ဆေ၀်ၟလှ်။
    ယှိုတ်ဝိလာခွါဖိုင်ခါ့ ဆာၟမွဲါ ဖေါဟ်လီသီးလ်ုဖး္ဘးဖံင်းထ ခွါကိုဝ်ၟဟှာဍေလှ်။



    ဆ်ုခႜါင်မေါဝ်ၟတိုင်ဏှ် ပ်ုဆ်ုဖ်ါဆုမာလ်ုဖး္ဘေ့မ်ုလင်မေါဝ်ၟအ်ုခႜီ့ ဖါၟအ်ုသးသိုဝ် ပ်ုသယ်လ်ုစံင်းယိုဝ် ပ်ုမု္ဘး သံင်းလေါဟ်ထ ဖေါဟ်ဍီပြီး လ်ုဖးယိုဝ်ဆေ၀်ၟလှ်။ ပ်ုသံင်းလေါဟ်ဆု အေ လု္ဘး္ဘးဍူ လ်ုခါင့်စူးယာ့ခေါဟ် ပ်ုဆုဃှီ့ဆ်ုလာ ထူၟရူ့မုင်ၟ္ဘျာ အ်ုရၜအ်ုသါ့ သီးလ်ုဖးမ်ုလင်မာၟဟှာဟှံင်ပႜ၀်ဝေ့ဆေ၀်ၟလှ်။

    မွဲါဏ်ုသီးဆံင့်မံင်း္ဘေ့သှေ်သိုဝ်လဲ ဆ်ုခႜါင်အ်ုဝေ့ဏှ် မွဲ္ဘါးဆ်ုဏှ်လ္ဘဲးအင်းစါထင်းဏှ်။ ခေါဝ်ၟက်ုတ၀် ပ်ုဆု ဃှီ့လာ အ်ုသေါဟ်အ်ုယါင်လ်ုဖး မ်ုဟှာဟှံင်္ဘးခေါတ် အ်ုစံင်ဏှ်လှ်။
    ယ်ုမုဖှေ်္ဘးသာ ဏ်ုသီးဆ်ုကုင်းဏှ်

    လ်ုခႜုဂ်လေ၀်္ဘုံးဖါဍေါဟ်ဍ်ါခါ့ ခါင်ၟဖှေ်ဝီၟဏ်ုသီးဖေါဟ်လီအ်ုစူး လ်ုဏုသီးဟှိင်းဏှ်ဆါ်။

    လ်ုခႜုဂ်ခါင်ၟစူးဍါ်္ဘးခါ့ လ၀်ထါင်ဖှေ်လာၟ ဏ်ုသီးဖေါဟ်ဏ်ုသီးလီ လာခုဂ်ခါင်ၟစူးဟှယ့်ကဲထင်း အ်ုထါ်အု္ဘံင်ဍေ အ်ုကုယိုင့် အ်ုခ၀့်ပ်ုယ၀့်ခါ့ လ၀်္ဘးလာၟ ထီ့ထီ့ဆါဆါဏှ်ဆါ်။

    လင်ခါင့်ထုက်လ်ုမိင်ဏှ် ဆ်ုလုပ်ုယှာၟ လ်ုဖႜုံသီးယိုဝ် ပ္တံင်ဆ်ုမာလ်ုမိင်ဟှေဝ်လ်ုမိင်ဟှေဝ် ပ္တံင်မာထင်းဝေ့လု လာယေါတ် ထံင်ထါင်လာဃှဦုဏှ်ဆေ၀်ၟလှ်။

    ဆ်ုသိုင့်မိင်ဏှ် လ၀်ထါင်ဖှေ်လာၟပ်ုဖေါဟ်ပ်ုလီ ကိုဝ်ၟဟှာဍေဏှ်ဆါ်။

    ဏ်ုသီးယေါဝ်ၟထါင် ပ်ုဏိင်းထင်းသင့်မူၟဏီစါ်္ဘိုဝ် လာထါင့်ခုက်ဖေါဟ် ယေါတ်ထင်းလ်ုသင့် ဆေ၀်ၟလှ်။ အေယေါဝ်ၟထါင် လာခုဂ်ခါင်ၟစူးလ်ုခ၀့်ဏှ်ဍ၀် လာခုဂ်ဃှဦုဏှ်ဆေ၀်ၟလှ်။ အ်ုခေါဟ်စံင် ပ်ုယှာၟလ်ုဝီၟဍးအိုဝ် ပ္တံင်လင်ဆ်ုဖါ်ဆ်ုမာ လာယေါတ်ထံင်လင်ထါင် လါဃဦှုဏှ်လှ်။
    လာလင်စါ်္ဘိုဝ် ပ္တံင်လင်ဝေ့ ဆ်ုဖါ်ဆ်ုမာဏှ်အေး၊ မွဲ္ဘါးဆ်ုဏှ်လဲစါ်္ဘိုဝ် က်ုတ၀်ဝေ့ ဖႜုံဆိုဒ်ဖေါဟ်အ်ုကျး မု လင်သုဂ် မ်ုခါ်ယှုက်္ဘးခေါတ်ဆေ၀်ၟလှ်။

    အ်ုသီးဝေ့ ပ္တံင်လင်ဆ်ုဖါ်ဆ်ုမာ လာယေါတ်ထင်းဍေ လာဃှဦုအ်ုခေါဟ်စံင် ထံင်မူၟဆါ့လ်ုဏီယိုဝ် လင်ဆိုဝ် ဖေါဟ်လင်ဆိုဝ်လီ ဏ်ုသယ်ပ်ုသီးလ်ုဖး ဖိုင့်ခိုင့်ထုဂ်ဖႜဟ်ထင်းဏေ၀်ၟဝေ့ဟှေဝ်ဟှေဝ်္ဘး္ဘး ခိုင့်ခိုင့်ဏံင် ဏံင် ဆေ၀်လှ်ဏှ် ယ်ုလ၀်္ဘုံးဝေ့ဆေ၀်ၟလှ်။

    ပ်ုယှာၟဆ်ုခႜါင် အေဆံင့်ဏး အင်းဃှဦ္ဘုယ် လုက်ဍေထါပး။
    ပု္ယွာၟဆု္ခႜါင္ ေအခင့္ဖး မူၟလု္ဏီ မု္ထံင္ဆု္ကး။

    ဆု္ခႜါင္လ၀္ဆို၀္လု္ဖး ဏ်ုသီးထံင်ဏါင်းဏေ၀်ၟလါၟ ကိုဝ်ၟဟှာဍေဆါ်။
    ယှူးခႜိင်း္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့်လါၟ ကိုဝ်ၟဟှာဍေဆါ်။
    အသံဖိုင်လေးပါ။


    စ၀်ထေါဟ်တွါ်
    ကႜုံပိုင်ၟ (ကောဝ်တြာ် ခင်းထ်ါလ)

    Tuesday, August 17, 2010

    လာခုဂ်ခါင်ၟစူး

    ပ၀်ၟယေါဝ်ၟ ထံင်အ်ုထုက်ဆါ်။ အေလု္ဘးအေလ်ုမွ္ဘဲါးစါ်္ဘိုဝ် လ၀်ပြိုင့်ထါင်သှေ်ဝေ့ဆေ၀်ၟလှ်။



    လ်ုဏိင်းလု္ဘႜင် လာၟခုဂ်ခါင်ၟစူး္ဘးခါ့ ကိုဝ်ၟဟှာဍေ ခါင်ၟလာၟစူးဏှ်စါ်။
    ဏယ်ဖႜိုဝ်လိုင်ဃှေဝ် ဏယ်မိင်လိုင်ဃှေဝ် သွးခေါဟ်လံင့်ထါ် အှ်္ဘးလာၟ လိုင်ဃှေဝ်။
    ဟှယ့်ထါင်အှ်ဍေမေါဝ်ၟ ဟှယ့်ထါင်အှ်ဍေဖါၟ ဟှယ့်ထါင်အှ်ဍေဖူ့ ဟှယ့်ထါင်အှ်ဍေဖီ့။
    ဟှယ့်ထါင်အှ်ဍေထီသိုဝ် ဟွယ့္ထါင္အွ္ေဍဖႜဳံဆိုဒ္ကႜာ။
    ဟွယ့္ထါင္တါင္ေဍါဟ္လာၟ ဖႜဳံဆု္ဃွီ႔ဆု္လာၟဆၚ။

    စ၀်ထေါဟ်တွါ်
    (ကႜဳံပိုင္ၟ)