• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label video. Show all posts
Showing posts with label video. Show all posts

Thursday, January 28, 2016

အကြံဉာဏ်လေး ပေးနိုင်မလား


အကြံဉာဏ်လေး ပေးနိုင်မလား

January 28, 2016
Thursday

By မင်းစိုးစံ

ကျန်းမာကြံ့ခိုင်ကြပါစေ။
ကျောင်းတကျောင်းရဲ့ ကျောင်းသားလေးတွေက ဆို,က,ရေး,တီး နဲ့ပတ်သက်ပြီး သူတို့လေးတွေရဲ့သင်ကြား
တတ်မြောက်မှု အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ မိဘတွေရှေ့မှာ ဆိုပြတီးပြတဲ့ အစီအစဉ်သေးသေး
လေးတခုရှိလို့ သွားဖြစ်တယ်။
အဲဒီလိုသွားတော့ တွေ့လိုက်မြင်လိုက်ရတဲ့အခါ ကိုယ့်ကလေးတွေရဲ့ အနာဂတ်အတွက် တစုံတရာများ အ
ကျိုးကျေးဇူးရှိလာလေမလားဆိုတဲ့ အတွေးနဲ့ ရုပ်သံဖိုင်လေးတခု ဖန်တည်းဖြစ်သွားပါတယ်။

အဲဒီတော့ တတိယနိုင်ငံကိုရောက်နေကြတဲ့ ကလေးမိဘတွေ ဒီရုပ်သံဖိုင်ကိုကြည့်ပြီး ကရင့်အရေးနဲ့ပတ်
သက်လို့ ဘာတွေတွေးမိသလဲ။ ဘာတွေမြင်မိသလဲ။ ဘာတွေလုပ်သင့်တယ်လို့ ထင်သလဲ။
တတိယနိုင်ငံကိုရောက်နေကြတဲ့ မျိုးဆက်သစ်ကရင်လေးတွေထဲက အနုပညာကို ၀ါသနာပါတဲ့ လူငယ်တွေ
အနေနဲ့ ဘာတွေတွေးမိသလဲ။ ဘာတွေမြင်မိသလဲ။ ဘာတွေလုပ်သင့်တယ်လို့ ထင်သလဲ။

ပည်တွင်းမှာရှိနေတဲ့ ကရင်လူတန်းစားအသီးသီး၊ အသက်အရွယ်အသီးသီးပါ ပေါ့နော်။
အထူးသဖြင့် မိမိအမျိုးကို ထိန်းသိမ်းစောင့်ရှောက်မယ်လို့ လက်သီးလက်မောင်းတန်းနေတဲ့ ကရင်တွေအနေ
နဲ့ ဘယ်လို တွေးမိမြင်မိသလဲဆိုတာ ပိုသိချင်ပါတယ်။
အဓိက,ကတော့ နောင်အနာဂတ်မျိုးဆက်သစ်တွေအတွက် စဉ်းစားထားတာလေးတွေကို ရေးချပြခြင်းအား
ဖြင့် အချက်အလက်ကောင်း အကြံဉာဏ်ကောင်းတွေ ရလာနိုင်လေမလားလို့ပါ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Friday, January 8, 2016

တရားနာခြင်းဖြင့် စိတ်ဧချမ်းမှုကို ရယူပါ

နော်မြင့်ဝင်း နှင့် ကျော်လတူ ပရိတ်တရားအလှူ အမှတ်တရ

တရားနာခြင်းဖြင့် စိတ်ဧချမ်းမှုကို ရယူပါ

January 07, 2015
By မင်းစိုးစံ

မင်္ဂလာအပေါင်းနဲ့ ပြည့်ဝကြပါစေ။
လွန်ခဲ့တဲ့ ၂ရက်လောက်က ညနေပိုင်းမှာ နော်မြင့်ဝင်းနဲ့ ကျော်လတူ တို့က သူတို့အိမ်မှာ အန္တရာယ်ကင်း ပ
ရိတ်တရားနာဘို့ ခေါ်လို့လိုက်သွားခဲ့ပါတယ်။

ဆရာတော် ဦးပဏ္ဍိတ ရဲ့ ပဌာန်းရွတ်ဖတ်သရဇ္ဈယ်တာကို ရုပ်သံဖိုင်လေး တင်ပေးချင်တဲ့အတွက် VIDEO
recording အညံ့စားလေးနဲ့ သွားပြီးမှတ်တမ်းယူခဲ့ပါတယ်။
ကံဆိုးချင်တော့ ဆရာတော်ရဲ့ တရားတ၀က်လောက်မှာ ခလုတ်မှားပြီး နှိပ်မိတဲ့အတွက် အသံရော အရုပ်ပါ
မပြည့်မစုံဖြစ်သွားပါတယ်။
ဒါကြောင့် ရှေ့ပိုင်းနဲ့ နောက်ပိုင်းကိုပဲ အဆင်ပြေအောင် ပြုပြင်ပြီး တင်ပေးလိုက်ပါတယ်။

အသံအတိုးအကျယ် ဖြစ်တာမျိုး ကြုံရကြားရမှာမို့ ကျုပ်ရဲ့အားနည်းချက်အတွက် သည်းခံပေးစေလိုပါကြောင်း
အနူးအညွှတ်မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။
တရားနာခြင်းဖြင့် စိတ်ဧချမ်းမှုကို ရယူနိုင်ကြပါစေ။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Wednesday, March 12, 2014

အကြည့်အများဆုံး နှင့် သဘောထားအမြင် အများဆုံး ရုပ်သံဖိုင်

March 12, 2014
Wednesday

အကြည့်အများဆုံး နှင့် သဘောထားအမြင်

အများဆုံး ရုပ်သံဖိုင်


By မင်းစိုးစံ

ကျုပ်တင်ထားတဲ့ရုပ်သံဖိုင်တွေထဲက အကြည့်အများဆုံး နဲ့ သဘောထားမှတ်ချက်တွေ အများဆုံးရေးထားတဲ့ ဖိုင်
တခုကို ပြန်တင်ပေးလိုက်ပါတယ်။
များတယ်ဆိုလို့ သူများတကာတွေရဲ့ ရုပ်သံဖိုင်တွေလို သန်းနဲ့ကုဋေနဲ့ မဟုတ်ပါဘူး သောင်းဂဏန်းကျော်ကျော်
လေးပါ။
မှတ်ချက်ပေးတာကလည်း အများကြီးမဟုတ်ပါဘူး။
ဆယ်ဂဏန်းလောက်ပါပဲ။
ကျုပ်အတွှက်ကတော့ အတော်များပါတယ်။
ဘာကြောင့်လဲဆိုတော့ မှတ်ချက်ရေးခံရတာ မရှိသလောက်ဖြစ်တဲ့ ရုပ်သံဖိုင်တွေထဲက ဒီဖိုင်လေးကတော့ ပိုပြီးထူး
ခြားနေသလားလို့ပါ။

စိတ်ဝင်စားလျင် တချက်လေးလောက် ကလသ်ကြည့်လိုက်ပါလား။
ဘာကြောင့် လူကြိက် အဲလေ လူကြည့်များရသလဲဆိုတာ ဖြစ်နိုင်လျင် မှတ်ချက်လေးပါပေးသွားစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။


)

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Friday, January 31, 2014

၂နှစ်အတွင်း အကြည့်အများဆုံးနဲ့ အကြည့်အနည်းဆုံး ရုပ်သံဖိုင် ၂ခု

January 31, 2014
Friday.

၂နှစ်အတွင်း အကြည့်အများဆုံးနဲ့ 

အကြည့်အနည်းဆုံး 

ရုပ်သံဖိုင် ၂ခု

By မင်းစိုးစံ

ဒီလိုရှိပါတယ်။
ကိုယ့်အလုပ်ကို ကိုယ်ပြန်ဆန်းစစ်ကြည့်တဲ့သဘောပါ။
ကျုပ်တင်ထားတဲ့ရုပ်သံဖိုင်တွေထဲက လွန်ခဲ့တဲ့ ၂နှစ်ကျော်ကျော်လောက်က ဘလော့ဂ်မိတ်ဆွေတွေ အကြည့်အ
များဆုံး ရုပ်သံဖိုင်နဲ့ အကြည့်အနည်းဆုံး ရုပ်သံဖိုင် ၂ခုကို ပြန်တင်ပြပေးလိုက်တာပါ။
လူကြည့်အနည်းဆုံး ရုပ်သံဖိုင်ကတော့ ဖိုင်နံမည် My mine 010 ဖြစ်ပြီး July 28 2011နေ့က YouTube ပေါ်တင်
ခဲ့ပါတယ်။
ဒီနေ့အထိ ကြည့်ရှုသူအားလုံးပေါင်း   61ပဲရှိပါတယ်။

နောက်ရုပ်သ့ဖိုင်တခုကတော့ ဖိုင်နာမည် My mine 079 ဖြစ်ပြီး တင်ခဲ့တဲ့နေ့ကတော့ January 12, 2012နေ့မှာ
တင်ခဲ့တာပါ။ ဒီနေ့အထိ ကြည့်ရှုသူပေါင်း   6897 ရှိပါတယ်။

အကြောင်းအရာတွေကတော့ မတူကွဲပြားမှု သိပ်မရှိလှပါဘူး။
BBC မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောတဲ့ လွတ်လပ်ခွင့်အကြောင်းဟော
ပြောချက် အပိုင်း(၁)ဖြစ်ပါတယ်။ ဒေါ်တင်ထားဆွေ ဘာသာပြန်တင်ဆက်ထားတာပါ။

နောက်ရုပ်သံဖိုင်တခုကတော့ KNU ဒုဥက္ကဌ ဒေးဗစ်သာကပေါ်နဲ့ ဆက်သွယ်မေးမြန်းခန်းလေးပါ။
RFA မြန်မာပိုင်းအစီအစဉ်ကနေပြီး ကိုဉာဏ်ဝင်းအောင် တင်ဆက်ထားတာပါ။

ဘာကြောင့် အကြည့်နည်းရတယ်၊ ဘာကြောင့် အကြည့်များရတယ်ဆိုတာကို ဘလော့ဂ်မိတ်ဆွေများ သုံးသပ်နိုင်
အောင် ထပ်ဆင့်တင်ဆက်လိုက်ရပါတယ်။


BBC မြန်မာပိုင်းအစီအစဉ်က ဖြစ်ပါတယ်။


RFA မြန်မာပိုင်းအစီအစဉ်က ဖြစ်ပါတယ်။ 


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Thursday, January 16, 2014

မြန်မာ့စီးပွါးရေး တိုးတက်မှု ၆.၇၅ ရာခိုင်နှုန်း ရှိလာမည်ဟု IMF ခန့်မှန်း

Thursday, 23 May 2013

မြန်မာ့စီးပွါးရေးတိုးတက်မှု ၆.၇၅ ရာခိုင်နှုန်း 

ရှိလာမည်ဟု IMF ခန့်မှန်း


မြန်မာ့စီးပွါးရေး တိုးတက်မှုနှုန်းမှာ ယမန်နှစ်က ၆.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး နောက်ထပ်လည်း အတန်အသင့် မြန်ဆန်သော နှုန်းဖြင့် ဆက်လက်တိုးတက်နေလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့သော ၁၅ ရက်ကြာ ခရီးစဉ်အပြီး မေလ ၂၂ ရက်နေ့က ခန့်မှန်းပြောကြားရာ၌
မြန်မာ့စီးပွါးရေးသည် ၂၀၁၃-၁၄ဘဏ္ဍာရေးနှစ်တွင် တိုးတက်မှု ၆.၇၅ရာခိုင်နှုန်း ရှိလိမ့်မည်ဟု IMF ကိုယ်စားလှယ်
က ပြောဆိုလိုက်ကြောင်း AFP သတင်းတရပ်တွင် ပါရှိသည်။
ယင်းမှာ ဓါတ်ငွေ့ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အာဏာပိုင်တွေရဲ့ မျှော်မှန်းချက် ကြီးမားလှတဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေက အသီးအပွင့်တွေကို မြင်နေရ
ပါပြီ။
မက်ကရို စီးပွါးရေးလည်း တည်ငြိမ်မှုရှိနေပြီး ရင်းနှီး မြှုပ်နှံသူတွေရဲ့ အကြီးအကျယ်စိတ်ဝင်စားမှုကိုလည်း ရရှိနေပါ
တယ်”
ဟု IMF ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မက်ဒေးဗီးစ် (Matt Davies)က ကြေညာချက်ထုတ်ပြန်ရာတွင် ထည့်
သွင်းရေးသားထားသည်။

Read more http://www.mizzimaburmese.com/component/k2/item/11712-imf

စီးပွါးရေးတိုးတက်လာပြီဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်(ပြည်ထောင်စုဗမာနိုင်ငံတော်)သူ နိုင်ငံသားတွေ
လည်း ချမ်းသာလာကြပြီပေါ့။
ဗမာစစ်အစိုးရ ပြောထားတဲ့ ဆင်းရဲမွဲတေမှု ပ,ပျောက်ရေးစီမံကိန်းကြီး အကောင်အထည်ပေါ်လာတာနဲ့အမျှ လူထု
တွေ စိတ်ချမ်းသာနေကြရပါပြီလား။



သမ္မတကြီးကတော့ ပြောလိုက်ပါတယ်၊ အဲဒီကျောင်းဆရာမဟောင်းကို မဘမ်းပါနဲ့တဲ့၊ ဥပဒေအတိုင်းဆောင်ရွက်
ပေးလိုက်ပါတဲ့။ ဗမာစစ်အစိုးရရဲ့ ဆင်းရဲမွဲတေမှု ပ,ပျောက်ရေး လုပ်ငန်းကလည်း တမျိုးကြီးပဲ။ 

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Wednesday, January 15, 2014

တိုင်းရင်းသားသတင်း အတိုအထွာ

January 15, 2014
Wednesday

တိုင်းရင်းသားသတင်း အတိုအထွာ

By မင်းစိုးစံ

ဘာရေးလို့ ရေးရမှန်းမသိတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့လိုက်တယ်ဆိုတဲ့ သတင်းတွေ့လို့ တိုင်းရင်းသား
သတင်း အတိုအထွာ ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ရုပ်သံဖိုင်လေးကို တင်ပေးလိုက်ပါတယ်။

ဒီလိုပုံစံမျိုးနဲ့သာဆိုလျင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ဇာတ်မျောကြီးဖြစ်သွားလေမလား။
ပြည်တွင်းစစ်ပွဲကြီးပဲ ထပ်ဖြစ်လာမလား။
ဒါမှမဟုတ်လျင်လည်း ခဏလေးငြိမ်ပြီး ပြန်တည်ကြမလား။

ဦးမင်းအောင်ပြောသလို ချမ်းသာလျင် ဘယ်သူမျှ လက်နက်မကိုင်ချင်ကြဘူး ဆိုတဲ့စကားက ဘယ်သူတွေအတွက်
ပြောနေတာလဲ။
တကယ်ပဲ ချမ်းသာအောင်လုပ်နေကြပြီလား။ ဘယ်သူတွေ ချမ်းသာနေကြလဲ။
ဘယ်လောက်အတိုင်းအတာအထိဆိုလျင် ချမ်းသာတယ်လို့ ပြောမှာလဲ။
ချမ်းသာတဲ့လူတိုင်း လက်နက်မကိုင်ကြဘူးလား။ လက်နက်မကိုင်တဲ့လူတိုင်း ချမ်းသာကြသလား။

ဒါဆို မချမ်းသာတဲ့လူတွေက လက်နက်ကိုင်မှာလား။ လက်နက်ကိုင်ထားတဲ့သူတွေတိုင်း တကယ်ပဲဆင်းရဲနေသ
လား။
ဆင်းရဲတဲ့လူတိုင်း လက်နက်ကိုင်ကြသလား။ ဆင်းရဲတိုင်း လက်နက်ကိုင်ရမှာလား။

လက်နက်ကိုင်ကြတယ်ဆိုတာ ဘာအတွက်လဲ။
ဗမာပြည်မှာ ဆင်းရဲတဲ့လူနဲ့ ချမ်းသာတဲ့လူ ဘယ်သင်းများသတုန်း။
အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ ရက်ရွှေ့လိုက်ပြန်ပြီ။ ထပ်ရွှေ့ဦးမလား မပြောတတ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)


Tuesday, December 24, 2013

ခရစ္စမတ် အထူးလက်ဆောင်

ခရစ္စမတ် အထူးလက်ဆောင်

December 24, 2013
Tuesday

By မင်းစိုးစံ

နင့်ကို ငါ ချစ်တယ်လို့ မပြောခဲ့ဘူးပါဘူး။
နင်လည်း ငါ့ကိုချစ်တယ်လို့ မပြောခဲ့ဘူးပါဘူး။

နှင်းအေးအေးထဲမှာ သီချင်းအတူမဆိုခဲ့ရပါဘူး။
ဘုရားကျောင်းလည်း အတူမသွားခဲ့ရပါဘူး။
တစ်ယောက်နဲ့တစ်ယောက် ခရစ္စမတ်ကဒ်လေးတွေ တခါမျှ မပေးခဲ့ရဘူးပါဘူး။

နင့်အဖေအမေတွေက နင်နဲ့ငါ ဘာသာမတူတဲ့အတွက် မချစ်ရဘူးလို့ပြောသလို ငါ့အဖေနဲ့အမေကလည်း အဲဒီလို
ပဲပြောတယ်။
ဒီတော့ တို့နှစ်ယောက်ရဲ့ နှလုံးသားတွေမှာ ဒါဏ်ယာကိုယ်စီနဲ့ပေါ့ဟာ။ 

ဒါပေမယ့် ဗမာစစ်သားတွေရွာထဲဝင်လာပြီး ပစ်ခတ်သတ်ဖြတ်တာလုပ်တော့ နင့်အိမ်မီးလောင်သလို ငါ့အိမ်လည်း
ပြာဖြစ်သွားတယ်။
နင့်နွားနှစ်ကောင်နဲ့ နင့်ကျွဲနှစ်ကောင်ကို ဗမာစစ်သားတွေ သတ်စားသလို ငါ့ဝက်တစ်ကောင်နဲ့ ငါ့ခွေးတစ်ကောင် လည်း သူတို့စားပစ်ကြတယ်။
ငါတို့မိသားစု ထမင်းအိုးတွေကို ဗမာစစ်သားတွေရဲ့ သေနတ်တွေနဲ့ ပစ်ဖေါက်ပစ်တာခံရသလို နင်တို့မိသားစုရဲ့
သေတ္တာထဲက လက်ဝတ်ရတနာတွေလည်း ဗမာစစ်သားတွေခိုးတာ ခံရတာပဲမဟုတ်လား။
 
နင့်မိဘနဲ့ငါ့မိဘ လယ်ကွင်းတွေဖြတ်ပြီး ရွာနဲ့ခပ်လှမ်းလှမ်းက တောအုပ်လေးထဲမှာ ပုန်းအိပ်ကြတာအတူတူပါ။
နင့်အမေငိုသလို ငါ့အမေလည်း ငိုပါတယ်။
နင့်အဖေ တောက်ခေါက်သံပြင်းပြင်းနဲ့ အံကြိတ်နေချိန်မှာ ငါ့အဖေလည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အ
သံတိတ် မျက်ရည်ကျနေတာ တို့နှစ်ယောက်စလုံး အတူငေးကြည့်ဘူးတယ်။
ပြီးတော့ တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြိုင်တူငိုလိုက်ကြတယ်။

နင် ရွာကနေထွက်သွားတဲ့အချိန်မှာ မကြာမတင်မှာ ငါလည်းရွာကနေထွက်လာခဲ့တယ်။
နင်က ထိုင်းသူဌေးအိမ်မှာ အိမ်ဖေါ်လုပ်သလို ငါလည်းတရုတ်သူဌေးရဲ့ ဆန်စက်မှာ စပါးကြိတ်ပေးပြီး ၀က်မွေးခဲ့ရ
ပါတယ်။
နင်နဲ့ငါ ဘာသာမတူပေမယ့် ငါတို့တတွေရဲ့ဘ၀တွေက အတူတူပဲနော်။
ကဲအခု ငါတို့တတွေအိမ်ထောင်ပြုကြတော့မယ်။
နင်လည်း နင့်အဖေအမေသဘောကျတဲ့လူနဲ့ယူခဲ့သလို ငါလည်း ငါ့မိဘသဘောတူတဲ့သူနဲ့ယူခဲ့တယ်။

ငါတို့ကနေ မွေးလာတဲ့ နင့်သားသမီး ငါ့သားသမီးတွေကို ငါတို့လိုဘ၀မျိုး အဖြစ်ဆိုးမျိုးကလွတ်အောင် ငါတို့ဘယ်
လိုလုပ်ကြမလဲ။
သူတို့လေးတွေရဲ့ အနာဂတ်ဘ၀ လုံခြုံစိတ်ချရရေးအတွက် ငါတို့လူကြီးတွေ ဘာလုပ်ကြမလဲ။ဘာသာမတူပေမယ့် ငါတို့ကမွေးလာတဲ့ ရင်သွေးငယ်တွေရဲ့ဘ၀တွေဟာအတူတူပဲဆိုတာ နင်သိပါတယ်။

ဗမာစစ်သားတွေကတော့ သူတို့ကိုယ်သူတို့အစိုးရလို့ သတ်မှတ်ပြီး ငါတို့ကို အမျိုးဖြုတ်ဘို့ လုပ်စရာရှိတာဆက် လုပ်သွားမှာပဲဆိုတာကိုတော့ နင်ရောငါပါ သံသယဖြစ်နေစရာ မလိုပါဘူး။

တစ်ချိန်တုန်းက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတို့သားသမီးတွေအတွက် ငါတို့ဘ၀ပေးတာဝန်ကျေပြွန်ဘို့လိုသလို သမိုင်း
ပေးတာဝန်လည်း ကျေဘို့လိုတာပေါ့။ ဟုတ်တယ်မဟုတ်လား။
နင်တို့မိသားစုတွေအားလုံး အယောက်စီတိုင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
 

Friday, July 26, 2013

ဆြာ့ စ၀်လိက်သိင့် ထါခေါဟ်


ဆြာ့ စ၀်လိက်သိင့် ထါခေါဟ်

July 26 2013

စေ၀်

ဆံင့်ဏးယှံင် ထီသိုဝ်လ်ုဖး အှ်ဆံင်းလာ.ဆါ် ဍုဂ်ပါင်လာ.ဆါ်

Monday, July 22, 2013

အချိန်ရမှ နားဆင်ကြည့်ရှုကြပါ

တိုင်းရင်းသား သက်ကြီးနိုင်ငံရေး ခေါင်းဆောင်များအား ဂါရ၀ပြုနေစဉ်
Source Photo from
http://www.phophtawnews.org/burmese/index.php/news/short-news/item/517-2013-07-22-12-32-28.html

အခုရက်ပိုင်းအတွင်း စာရေးဘို့ရာ လမိုင်းမကပ်တဲ့အတွက် ဘာတခုမျှရေးချင်စိတ်မရှိတာနဲ့ တင်ခဲ့ပြီးသား
ရုပ်သံအဟောင်းလေး တင်ပေးလိုက်ပါတယ်။
အချိန်ရမှ နားဆင်ကြည့်ရှုကြပါ။



ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Thursday, July 4, 2013

ဟတ်ကြီးရေကာတာအကြောင်း တစေ့တစောင်း


ဟတ်ကြီးရေကာတာအကြောင်း တစေ့တစောင်း


အားလုံကို ကျေးဇူးတင်ပါတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒ့က္ခသည်တဦး)

Thursday, May 23, 2013

လိင်တူချစ်သူ ကရင်တစ်ဦး၏ ခံစားချက်နှင့် ရည်ရွယ်ချက်များ


လိင်တူချစ်သူ ကရင်တစ်ဦး၏

ခံစားချက်နှင့် ရည်ရွယ်ချက်များ



ကျေးဇူးတင်ပါသည်။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Monday, April 29, 2013

ဗမာစစ်အစိုးရ(မြန်မာအစိုးရ) နားလည်တဲ့ငြိမ်းချမ်းရေး(သို့မဟုတ်) စစ်မှန်တဲ့ ငြိမ်းချမ်းရေး


ဗမာစစ်အစိုးရ(မြန်မာအစိုးရ)နားလည်တဲ့

ငြိမ်းချမ်းရေး(သို့မဟုတ်) စစ်မှန်တဲ့ ငြိမ်းချမ်းရေး



နားလည်မှုတည်ဆောက်ဘို့ ကြိုးစားနေကြသူတွေ သိစေချင်လို့ပါ။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ကို အပြစ်မမြင်ကြပါနဲ့။
သူတို့ဟာ သူတို့လမ်းစဉ်ကို မမှိတ်မသုံလျှောက်နေတာပါ။ မှန်မှန်ကြီး ချီတက်နေတာပါ။
ယုံယုံကြည်ကြည်နဲ့ကို အစီအစဉ်တကျ လုပ်နေတာပါ။
ကျုပ်တို့မှာသာ...........။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Sunday, April 28, 2013

အရပ်ရပ် နေပြည်တော် ကြားလို့မျှ မတော်

 

အရပ်ရပ် နေပြည်တော် ကြားလို့မျှ မတော်


August 28. 2013
Sunday

By မင်းစိုးစံ

ကောင်းကြသေးရဲ့လား ဗျာတို့။
ပုံပြင်ထဲမှာ
ဟင်္သာ ကိုးသောင်းဇာတ်လမ်း
ပရမ်းပတာနဲ့
စိတ်ပျက်စရာ ကောင်းလိုက်ပါဘိခြင်း။

ကိုးဒီသားအချင်းချင်း
စစ်ခင်းနေလိုက်ကြတာများ
ဇာတ်တူသားချင်း စားလို့
ငြိမ်းချမ်းရေးရမယ်များ
ထင်နေကြသလားမသိ
ဗေချိဆိုတာနဲ့ သေနတ်မောင်းကွင်းက ခလုတ်
ဖြုတ်ဘို့ပဲစဉ်းစား။

ရန်သူနဲ့များဆို
ပြေလည်သလားမမေးနဲ့
ယောက်ဖ လို့တောင်ခေါ်လိုက်သေး။

အရေးကြီးလျင် သွေးနီးတယ်ဆိုပေမယ့်
အရေးကြီးနေတဲ့ခုချိန်ခါ
ကိုယ်စီမှာ သွေးတွေနီကုန်ပါပကော
သူးမွဲ တကြော အတောမသတ်နိုင်။
ဒေါန တလျှောက် သွေးနံ့မပျောက်သေး။

မင်းတို့ ပိုင်တဲ့လယ်မြေ
ခွေးတွေယူသွားကြပြီ
မင်းတို့ချစ်တဲ့ ညီမလေး
ခွေးတွေကိုက်ဖဲ့လွေးကြပြီ။

ဒါလား မင်းတို့ပြောပြောနေတဲ့
ကရင်မသေ တာဝန်မကျေ ဆိုတာ။
ငါမသေ ငါ့စခန်းမကျစေရ ဆိုတာ။

အပြောတော့ ရွှေမန်းတင်မောင်
ကတော့ ချိုမိုင်မိုင် လေးတောင် မပီပြင်
ပြောလျင် အောင်မင်း လွန်တယ်လို့ ထင်နေဦးမယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)


အားပေးကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Wednesday, April 17, 2013

ဘော့စ်တွန် ပေါက်ကွဲမှု နောက်ဆက်တွဲသတင်း

 

ဘော့စ်တွန် ပေါက်ကွဲမှု နောက်ဆက်တွဲသတင်း




ပထမတင်လိုက်တဲ့ ရုပ်သဖိုင်တွေကို you tube က block လိုက်လို့ အားလုံးကိုဖြုတ်ပစ်လိုက်ပါတယ်။
အခရုပ်ရှင်တွေမသုံးတော့ပဲ ရုပ်သေဓါတ်ပုံတွေနဲ့ ထပ်တင်လိုက်တာဖြစ်ပါတယ်။
ထပ်ပြီး block လုပ်မယ်ဆိုလျင် ထပ်ဖြုတ်ရုံပေါ့နော်။

သူများတွေ တပင်တပမ်းရိုက်ယူထားတာကို အသာကလေး ကူး။ အသံပြောင်းထည့်လုပ်တော့ ဘယ်သူက
ကြိုက်မှာလဲ။

ကူးယူတဲ့နေရာကို အသေအခြာဖေါ်ပြပေးလိုက်လျင် ပြဿနာမဖြစ်ဘူးထင်နေတာ၊ အခုတော့ Notice
 ဆိုပြီး E-mail ထဲဝင်လာပါလေရော။ 
အာ် ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကိုကြည့်ပြီး မဆင်မခြင်လုပ်မိတာကိုး။

သင်္ခန်းစာပေါ့လေ။

ကျန်းမာချမ်းသာကြပါစေ။

င်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)      
  

Friday, April 12, 2013

ဆန်မှာ ခဲဓါတ်များနေတယ်

 
ကျုပ်တို့စားနေကျ ဆန်လေ
Source Photo from http://www.google.com/images

ဆန်မှာ ခဲဓါတ်များနေတယ်

အဲဒါမှ ပြဿနာပဲ။ ဆန်မှာ ခဲဓါတ်များတယ်ဆိုတော့ မုန့်ဟင်းခါးလေးလုပ်စားရကောင်းမလားလို့။
ဖြစ်ပါ့မလားနော်။ အော် လောက လောက လောက။

  

Wednesday, April 10, 2013

ဒုက္ခသည်ဘ၀သို့ ရောက်ရှိရေး ဖန်တည်းကြသူတိ့၏ အာသီသ


ထိုင်းမြန်မာနယ်စပ် မဲ့ဟုန်ဆောင်မြို့နယ် က မီးလောင်သွားခဲ့တဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)
Source Photo from http://www.bbcburmese.com/images

ဒုက္ခသည်ဘ၀သို့ရောက်ရှိရေး ဖန်တည်းသူတို့၏

အာသီသ

April 10, 2013 Wednesday

By မင်းစိုးစံ

ဒုက္ခသည်ဘ၀ကို ဘယ်လိုလူမှ အားကျနေမှာမဟုတ်ပါဘူး။ ဒုက္ခသည်ဘ၀ကို အားကျနေလျင် ဒုက္ခသည်
ဆိုတာရှိတောင်ရှိမှာမဟုတ်ဘူး။ ဒုက္ခသည်ဘ၀ကို အားမကျလို့သာ ဒုက္ခသည်တွေ ပုံစံအမျိုးမျိုး နေရာအနှံ့
ရှိနေရတယ်လို့ထင်ပါတယ်။
ဘာကြောင့်လဲ ကမ္ဘာပေါ်မှာ ကုဋေကြွယ်သူဌေးဦးရေ ထက် အစာရေဆာငတ်နေတဲ့ လူက ပိုများနေတာကို
က သက်သေပဲ။ သူဌေးသူကြွယ်တွေကို မေးကြည့်လိုက်စမ်းပါ ခင်ဗျားတို့ဒုက္ခသည်ဘ၀ကို လိုချင်ပါရဲ့လား
လို့။

ဒီလိုမေးလျင် တဘက်သပ်ကြီးဖြစ်နေတယ်။ သာမာန်လူလတ်တန်းစားတွေကို မေးကြည့်တာ က ပိုပြီးသင့်
လိမ့်မယ်ထင်ပါတယ်။ ဒုက္ခသည်ဘ၀ကို အားကျတဲ့လူထက် သန်းကြွယ်သူဌေးဘ၀ကိုလိုချင်သူက ပိုများ
မှာအသေအခြာပါ။

တချို့ငြင်းမလားတော့ မပြောတတ်ဘူး။ ဥပမာ လမ်းခင်းတဲ့ကျောက်ခဲနဲ့ စိန် ဆိုလျင် ဘာကိုလိုချင်ကြသလဲ၊
ဘာကြောင့်စိန်ကိုလိုချင်ရတာလဲ။ တန်ဘိုးကြီးလို့။ ဘာဖြစ်လို့ တန်ဘိုးကြီးရသလဲ။ ရှားလို့။ သူဌေးသူကြွယ်
နဲ့ ဆင်းရဲသူ ဘယ်သင်းပိုများတုန်း။ အဲဒါပဲ လူတိုင်းချမ်းသာချင်နေကြတာ။

နောက်ထပ်ဥပမာ တစ်ခုပြောပြမယ်။ မိတ်ဆွေအနေနဲ့ နာရေးကျော်ငြာတွေဖတ်ဘူးပါလိမ့်မယ်။ သူဌေးတွေ
ရဲ့ အမည်နာမကိုသာ တွေ့ရမှာပါ။ သာမာန်ခေါင်းရွက်ဗျတ်ထိုးဈေးသည်တွေ နေ့စားသမားတွေ ပန်းရံအ
လုပ်လုပ်သူတွေ အထုပ်ထမ်းသူတွေ ၀က်သားတုတ်ထိုးရောင်းတဲ့သူတွေ နာမည်ပါပါရဲ့လား။ ဘယ်ပါမလဲ
 ငွေလေဗျ ငွေ။
ဆိုလိုတာကတော့ လူချမ်းသာတွေက သူတို့မှာရှိတဲ့အဆောင်အယောင်တွေကြောင့် သေသွားတာတောင်
ကျန်ရစ်သူတွေက ဂုဏ်ယူနေချင်ကြ၊ ထင်ပေါ်ကျော်ကြားချင်ကြပြီး စိတ်ဝင်စားစေချင်ကြတာကိုး။

လူတိုင်းဟာ လူ့ဘ၀မှာ ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ အသက်ရှည်ရှည် နေချင်ကြတာချည်းပါပဲ။
ဘယ်သူမှ ငတ်တစ်လှည့်ပြတ်တစ်လှည့်ဘ၀မျိုးနဲ့ မနေချင်ကြသလို ကြောက်ရွံ့ထိတ်လန့်နေရတဲ့ အသက်
ရှင်နေထိုင်ရမှုကို မလိုလားမတောင့်တကြပါဘူး။ အခုများမှာတော့ လူတွေဟာ စိုးရွံ့ထိတ်လန့်စွာနဲ့ နေထိုင်
အသက်ရှင်နေ ကြရရှာပါတယ်။ (ကျုပ်အပါအ၀င်)

အဲဒီမှာ လူဘယ်နှစ်မျိုးနှစ်စားရှိတယ်ထင်ပါသလဲ။ လူအမျိုးအစား စုစုပေါင်း ၂၂မျိုးရှိပါတယ်။
ဟုတ်ပါ့မလား။ လူဆိုတာ အသားဖြူ အသားဝါ အသားနီ အသားမည်း လေးမျိုး။ အေ ဘီ အို အေဘီ သွေး
အုပ်စုလေးမျိုး။ ဒါပဲ ရှိနေတဲ့ဟာကို လူအမျိုးစား ၂၂မျိုးဆိုတော့ ဘာကိုဆိုလိုတာပါလိမ့်နော်။ မသိချင်ကြ
ဘူးလား။ ချင့်ချိန်ပြီးတော့မှ ယုံကြပေါ့ဗျာ။ ကျုပ်ကတော့ သိတော်မူကြတဲ့အတိုင်းပဲ။ သိလို့တတ်လို့နား
လည်လို့ မဟုတ်ဘူး။ ကြားဘူးနားဝ လေးနဲ့လျှောက်ရေးနေတာ။ ကိုယ်တိုင်ကိုယ်ကျ အဖြစ်ကိုမရှိတာ။
ကဲဗျာ လူ၂၂မျိုးကိုရေးပြမယ်။

ပထမဆုံးအမျိုးအစားက ကြောက်တတ်တဲ့လူနဲ့ မကြောက်တတ်တဲ့လူ။ မြင်အပ်တဲ့လူနဲ့ မမြင်အပ်တဲ့လူ။
ဘ၀ဆုံးနေတဲ့လူနဲ့ ဘ၀မဆုံးတဲ့လူ။ အနီးကလူနဲ့ အဝေးကလူ။ ပိန်တဲ့လူ ၀တဲ့လူ နဲ့ မ၀မပိန်တဲ့လူ။ ကိုယ်
ခန္ဓာကြီးတဲ့လူ ခန္ဓာကိုယ် သေးတဲ့လူ နဲ့ ခန္ဓာကိုယ်မကြီးမသေးတဲ့လူ။ အရပ်မြင့်တဲ့လူ အရပ်ပုတဲ့လူ နဲ့ အ
ရပ်မပုအရပ်မမြင့်တဲ့လူ။ လူအချင်းချင်းကို အထင်သေးတဲ့လူ။ လူအချင်းချင်းကို လိမ်ညာလှည့်စားတဲ့လူ။
လူအချင်းချင်းကို ဆင်းရဲဒုက္ခ ရောက်အောင်လုပ်တဲ့လူ။ စုစုပေါင်း ၂၂မျိုးရှိတယ်။

အဲဒီလို ၂၂မျိုးသောလူဟာ နေရာတိုင်းမှာရှိတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ(ဗမာနိုင်ငံ)က လွှတ်တော်ထဲ
မှာရှိတယ်။ မြို့တော်ရန်ကုန်မှာရှိတယ်။ နေပြည်တော်မှာရှိတယ်။ နေရာတိုင်းမှာရှိတယ်။ မြို့တိုင်း ရွာတိုင်းမှာ
ရှိတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ(ဗမာနိုင်ငံ)ထဲက ဒုက္ခသည်စခန်းမှာရှိတယ်။ ပြည်ပ ဒုက္ခသည်စခန်းမှာရှိ
တယ်။စက်ရုံအလုပ်ရုံတွေမှာရှိတယ်။
အဖွဲ့အစည်းတိုင်းမှာရှိတယ်။ တော်လှန်ရေးအဖွဲ့အစည်း။ နိုင်ငံရေးအဖွဲ့အစည်း။ လူမှုရေးအဖွဲ့အစည်း။ ကမ္ဘာ့
နေရာဒေသတိုင်းမှာ ရှိတယ်။ ယုံရဲ့လား။
သတင်းတွေနားထောင်ကြည့်။ ဓါတ်ပုံတွေကိုကြည့်။ ရုပ်သံတွေကိုကြည့်။ အသေအခြာကြည့်ပါ။ သို့ပါသော်
လည်း နေရာဒေသတစ်ခုနဲ့တစ်ခု လုပ်ငန်းဆောင်တာတစ်ခုနဲ့တစ်ခု မတူတဲ့အတွက် အနည်းနဲ့အများကွဲပြား
ခြားနားတာကလွဲလျင် နေရာတိုင်းမှာ လူအမျိုးစား ၂၂မျိုးထဲက တစ်မျိုးမျိုးကတော့ ရှိနေတာအမှန်ပါ။

ကျုပ်တို့ကရင်စကားပုံမှာ စူးနုံ ဖိုဟ်ထ၀့် သိင်းလးအိင်းလဲါ(ဗမာလိုအသံထွက် ဆူးနုံဖူးထေါ့ သိန်းလါးအိန်း
လယ်)လက်ချောင်းတွေ အတိုအရှည်ရှိသလို သစ်ရွက်တွေ အကျဉ်းအကျယ်ရှိတယ် လို့အဓိပ္ပါယ်ရပါတယ်။
လူ့ဘ၀မှာ လူ့လောကမှာ အဆိုးတွေ အကေါင်းတွေ ပျော်ရွှင်ကြည်နူးစရာတွေ ၀မ်းနည်းကြေကွဲစရာတွေ စ
သည်ဖြင့်ပေါ့ဗျာ ဆန့်ကျင်ဘက်သဘောတရားတွေနဲ့ မွှမ်းထုံထားတာ အားလုံးသိကြပါတယ်။ သိနေကြပါ
လျှက် ဘာကြောင့်လူကိုလူလို့ မမြင်နိုင်ကြပဲ ခွဲခွဲခြားခြားဆက်ဆံနေကြရတာလဲ။

ကျုပ်ရော လူတွေကိုခွဲခြားဆက်ဆံပါသလား။ ဟုတ်ကဲ့ အသေအခြာကို ခွဲခြားဆက်ဆံပါတယ်။ ဘာကြောင့်
လဲဆိုတော့ ကျုပ်ရဲ့အကျိုးစီးပွါး ကျုပ်အမျိုးသားရဲ့အကျိုးစီးပွါး ကျုပ်နိုင်ငံရဲ့အကျိုးစီးပွါး အဲဒါတွေကို ထိခိုက်
လာပြီ လို့ တွေးထင်ယူဆထားသူတွေကို လူဆိုးကြီးတွေလို့ သတ်မှတ်ဆက်ဆံပါတယ်။ တနည်းနည်းနဲ့တုန့်
ပြန်ပါတယ်။
အဲဒီတော့ တစ်ဘက်ကလည်း ကျုပ်ကို သူတို့အကျိုးစီးပွါး သူတို့အမျိုးသားရဲ့အကျိုးစီးပွါး သူတို့နိုင်ငံရဲ့ အ
ကျိုးစီးပွါးကို ထိခိုက်အောင်လုပ်တဲ့လူ ဆိုပြီးတော့ လူဆိုးကြီးလို့ ပြန်မြင်ပါတယ်။ နည်းမျိုးစုံနဲ့ ပြန်လည်တုန့်
ပြန်ကြပါတယ်။ ဒီလိုနဲ့ပဲ သံသရာလည်နေပါတော့တယ်။

အခုတလော ဒုက္ခသည်စခန်းတွေမှာ လူဟောင်းတွေကုန်သလောက်ရှိနေပြီး လူသစ်တွေသာကျန်တော့
တယ်ဆိုတဲ့ အသံတွေကြားရပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်(ဗမာပြည်)ကို ပြန်ပို့မယ်ဆိုတဲ့အ
တွက် ဒုက္ခသည်တွေ စိုးရိမ်နေကြတယ်တဲ့။ မေးပါရစေ။
ပြန်ပို့ဘို့လုပ်နေတဲ့ အဖွဲ့အစည်းတွေထဲကလူတွေကိုပေါ့နော်။ ဘယ်သူကများ ကိုယ့်နေရာ ကိုယ့်ဒေသက
နေ အိုးပစ်အိမ်ပစ်နေချင်ကြပါသလဲ။ အရှင်ဆုံးပြောမယ်ဆိုလျင် ကိုယ့် ကိုယ်ပိုင်မြေယာပေါ်မှာ သဲပွတ်ခင်း
ထားတဲ့တဲအိမ်လေးထဲ နေနေရတာက သူတပါးပိုင်တဲ့ တိုက်ခန်းပေါ်မှာနေရတာထက် စိတ်ချမ်းသာတယ်
ဆိုတာ ခင်ဗျားတို့သိစေချင်ပါတယ်။
ငြိမ်းချမ်းနေတယ်၊ လွတ်လပ်နေတယ်၊ ဖိနှိပ်ချုပ်ချယ်မှု မရှိဘူး၊ မတရားတဲ့ဥပဒေ တွေမရှိဘူး ဆိုလျင်ပေါ့
လေ။(ထိပ်ပိုင်းခေါင်းဆောင်တွေသဘောနဲ့ ချမှတ်တဲ့ စည်းကမ်းဥပဒေမှန်သမျှ တရားမျှတခြင်းနဲ့ ပြည့်စုံမှု
မရှိနိုင်ပါဘူး)။

စစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြား သေနတ်သံတိတ်နေရုံလေး၊လက်နက်ကြီး
 ကျည်မပေါက်ရုံလေးနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတာ ဒုက္ခသည်တွေရဲ့ ဆန္ဒကိုလျစ်လျှုရှုရာ အ
သိအမှတ်မပြုရာရောက်နေပါတယ်။
ပြောမှသိ ထိမှနာ သာမှပေါင်း သေမှခင် ဤလေးအင်လူတွင်မကျင့်နှင့် ဆိုတဲ့ဆုံးမစာရှိပေမယ့် လိုက်နာနိုင်
တဲ့လူက ခက်ရှားရှားရယ်။ ကိုယ်နေထိုင်နေတဲ့ ကိုယ့်ပတ်ဝန်းကျင် အိမ်နားနီးချင်းနဲ့ စကားများရတာနဲ့ မ
ခေါ်မပြော ချင်ရတာနဲ့ မေးငေါ့ရတာနဲ့ မကောင်းကြောင်းပြောရတာနဲ့ အချိန်တွေကိုဖြုဉ်းပစ်ကြတယ်။

ဒုက္ခသည်စခန်းထဲမှာ အတူနေရတာတောင် ဟေ့ ငါက မင်းတို့ကိုအုပ်ချုပ်နေတာ ငါပြောတာနားထောင်
ရုတ်ရုတ်မလုပ်နဲ့ ရိက္ခာဖြတ်ပစ်လိုက်မယ် ဘာမှတ်တုန်း ဆိုတာရှိသလို နင်က ငါတို့မိသားစုထက် အများ
ကြီးနောက်ကျမှ ရောက်လာတာ ရိက္ခာကျတော့ အစောကြီးရတယ်။ ငါတို့ကျ ဘာဖြစ်လို့မရတာလဲ။ ဆိုတာ
မျိုးတွေ။ ဟိုလူကွာ ရပ်ကွက်ထဲမှာ တ ခါမှမတွေ့ဘူးပါဘူး အခုတော့ တတိယနိုင်ငံထွက်သွားပြီ ဆိုတဲ့အသံ
တွေကြောင့် လူ့အခွင့်အရေးချိုးဖေါက်ခံရတယ် ပြောမလား။ မတရားဘူးလား။ ဘာမှန်းဝေခွဲလို့မရပေမယ့်
တကယ်တမ်း မတည့်သူတွေအတူနေကြတဲ့ ဒုက္ခသည်စခန်းကနေ ခွါရတော့ မျက်ရည်စတွေနဲ့ နှုတ်ဆက်
ကြရှာလေရဲ့။

အတူနေစဉ်မှာ တည့်အောင်မနေနိုင်ကြတဲ့နောက် ခွဲခွါရမယ့်အချိန်မှာ ဘာကြောင့်မျက်ရည်တွေနဲ့နှုတ်ဆက်
ချင်ကြရတာလဲ။ သွားမယ့်သူကလည်း ငို၊ ကျန်ရစ်ခဲ့သူကလည်း ငို၊ မြင်နေရတဲ့လူကလည်း ငို၊ ဘာမျှမဆိုင်
တဲ့လူက လည်း ငို၊ သူတို့အဖြစ်ကိုကြည့်ပြီး ငိုတဲ့လူကလည်း ငို၊ လူ့လောကကြီး ဘာတွေဖြစ်နေမှန်းကိုမသိ
တော့ဘူး။

ဘယ်လိုတွေဖြစ်ဖြစ် ကရင်လူမျိုးတွေကတော့ ကိုယ်ပိုင် အိုးအိမ် လယ်ယာမြေ ဓလေ့ထုံးတမ်းတွေကို စွန့်
လွှတ်ကြပြီး အိမ်နီးချင်းနိုင်ငံမှာနေရင်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်နိုင်ဘို့စောင့်ဆိုင်းနေရာကနေ ငါ့အိုးငါ့အိမ်
ငါ့လယ်မြေ ငါ့တောင်ယာမှာ ငါ့ဥယျာဉ်ထဲမှာ ငါ့ဓလေ့ထုံးစံတွေကို အေးအေးချမ်းချမ်းလုပ်ဘို့ မဖြစ်နိုင်တော့
ပါလား ဆိုတဲ့ဝမ်းနည်းကြေကွဲစိတ်နဲ့ တတိယနိုင်ငံကိုထွက်လာကြသလို ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည်တွေခမျာ
တို့မှာလည်း ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ရဲ့လက်ထဲ သူတို့ဘ၀တွေဘယ်လိုဖြစ်လာမလဲဆိုတာ တွေးပူနေ
မှာတော့အမှန်ပါပဲ။

ကရင်တွေပိုင်တဲ့မြေ ပိုင်တဲ့လယ် ပိုင်တဲ့တောင်ယာခင်း ပိုင်တဲ့ဥယျာဉ်ခြံတွေအပေါ်မှာ ကရင်တွေမနေတော့
တဲ့နောက် မနေနိုင်တော့တဲ့နောက် မြေယာဥယျာဉ်တွေကို ပိုင်မယ့်လူကတော့ ကရင်တွေကို စနစ်တကျနဲ့
ရေတိုရေရှည်စီမံကိန်းတွေကို မဟာဗျူဟာမြောက်အကွက်ချပြီး မောင်းထုတ်ပစ်သူတွေသာ ဖြစ်ပါတော့
တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Friday, March 22, 2013

စိုင်းထီးဆိုင်ရဲ့ ဥပက္ခာလောကသား

 

စိုင်းထီးဆိုင်ရဲ့ ဥပက္ခာ လောကသား

နားဆင်ခံစားကြည့်ကြပါ။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Thursday, March 21, 2013

Sunday, March 17, 2013

မီးအိမ်ရှင်မ,လေးရဲ့ ဖန်တည်းရှင်



မီးအိမ်ရှင်မ,လေးရဲ့ ဖန်တည်းရှင်

နှင်းစိုနေတဲ့ မီးအိမ်ရှင်မ,လေးကို အကြင်နာပိုရသလို အသက်နဲ့ရင်းပြီး ဘ၀,ရပ်တည်နေရတဲ့ မိန်းမချော
လေးအတွက်လည်း ရင်ဖိုမိတာအမှန်ပါ။
နောင်ဂျိန်ပွဲတွေကလည်း ခေတ်စားနေလိုက်တာများဗျာ။
လူကြီးမင်းတို့ လက်ခုပ်တီးကောင်းတုန်းပဲလား။
ဖန်တည်းရှင်ရဲ့ ကားပြိုင်ပွဲကြီးကတော့ အခုထက်ထိ မပြီးဆုံးသေးပါလားနော်။

နားဆင်ခံစားကြည့်ကြပါစို့လား။

Saturday, March 9, 2013