+အတ္တအမှောင်


+ပုပ်တဲ့အထုပ်ကိုဖြေချ အနံ့ဆိုးတွေလှိုင်းထ,တော့ ရိုင်းပြတဲ့လူသိုက် ဝိုင်းကိုက်ချင်ကြ။


+အလုပ်ရှုတ်တဲ့ကျုပ် အရှုတ်လုပ်လို့တဲ့။


+ကျုပ်အထင် သူတို့ခွင်(ဂွင်)ပျက် ဒေါသ,တွေ.....ထွက်လျှံကျ။


+ငါ့သမီးရ,ဘို့ ငါ့ဇနီးမယားလှ,ဘို့ ငါ့သားဝ,ဘို့ သူတပါးထမင်းလုတ်ကို နှိုက်ထုတ်ယူ ပါးစပ်ပိတ်တဲ့လူကို.....ပေး ခေါင်းငြိမ့်တဲ့လူကို......ကျွေး လက်ညှိုးထောင်တဲ့လူကို.....မွေးထား ကိုယ်တိုင်ကျ Millianare စည်းစိမ်များနဲ့။


+မောဟ,တွေနဲ့ လောဘ,ရမက်အဆိပ်တက် အထွတ်အထိပ်ရောက် ဆန်ကော(စကော)လောက်မှ စောက်(ဇောက်)မနက်။


+ဖေါက်ပြန်တဲ့လူတန်းစား တိုးတက်များပြား ကြီးပွါးနေလျှက်။


မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)


Thursday, December 24, 2009

မင်းလူရဲ့ အီကြာကွေးအမှတ်တရ (VOA Burmese Section)

မင်းလူရဲ့ အီကြာကွေးအမှတ်တရ,
ကိုကျော်အောင်လွင်(VOA Burmese Section)

အနုပညာမိုးကောင်းကင်ကဏ္ဍမှာ ကိုကျော်အောင်လွင် စီစဉ်တင်ဆက်ထားတဲ့ မင်းလူရဲ့ အီကြာကွေး
အမှတ်တ ရ, ကိုနားထောင်ပြီး ပြန်ရေးပြလိုက်တာဖြစ်ပါတယ်။

ဆရာမင်းလူပြောသလို သရော်စာရေးတဲ့ ဆရာအီကြာကွေးကို နောက်တမျိုးပြောရ,မယ်ဆိုရင် ဟာသ,
စာရေး ဆရာအီကြာကွေးရဲ့ အရေးအသားတွေကို ပေါတောတောအရေးအသား၊ အဆင့်မရှိတဲ့အရေးအ
သားဆိုပြီး ကျုပ် ပြည်တွင်းမှာနေခဲ့တုန်းက မဖတ်ဖြစ်ခဲ့တာများပါတယ်၊ ဆရာအီကြာကွေးဟာ ကဗျာရေး တယ်ဆိုတာကိုလည်း လုံးဝ,မှတကယ့်ကိုလုံးဝ, မသိခဲ့ရိုးအမှန်ပါ။
အခုလိုသိလိုက်ရ,တဲ့အချိန်မှာ ဆရာဟာဘဝတပါးကိုပြောင်းသွားပါပြီ။
နောက်တယောက်က,တော့ ကျုပ်တို့ရဲ့ ကရင့်အမျိုးသားခေါင်းဆောင်ကောင်း KNU အတွင်းရေးမှူးချုပ်
ပဒို မန်းရှာဖြစ်ပါတယ်၊ သူ့ကိုလည်း စာရေးဆရာမှန်း၊ ကဗျာဆရာမှန်း ကျုပ် လုံးဝ,မှတကယ်လုံးဝ,မသိခဲ့
ပါဘူး။
သူအသတ်ခံရတဲ့ February 14 (Valentine day) ချစ်သူများနေ့ နောက်ပိုင်းမှာမှ သိလိုက်ရ,တဲ့အတွက်
ကျုပ် ဘယ်လိုခံစားနေရ,မှန်းကို ပြောမပြတတ်အောင်ဖြစ်ရပါတယ်။
ကျုပ်ရဲ့အမှုမဲ့အမှတ်မဲ့ နေထိုင်ကျင့်ကြံလာခဲ့မှုတွေဟာ ကျုပ်ဘဝအတွက် အလဟဿ ဖြစ်ကုန်တယ်။
အဲဒီလိုပဲလောက,ကြီးမှာ ဆရာကိုဆရာမှန်း၊ သူတော်ကောင်းကိုသူတော်ကောင်းမှန်း၊ မိတ်ဆွေကိုမိတ်
ဆွေမှန်း၊ ရန်သူကိုရန်သူမှန်း၊ ပညာရှိကိုပညာရှိမှန်း ကျုပ်မသိခဲ့တာဘယ်လောက်အထိရှိနေခဲ့ပြီလဲဆို
တာ မရည်မတွက်နိုင်တော့ဘူးလို့ထင်ပါတယ်။
ထားလိုက်ပါတော့ဗျာ။
ဆရာမင်းလူပြောထားတဲ့ အီကြာကွေးအမှတ်တရ,ကို စိတ်ဝင်စားရင်ဖတ်ကြည့်စေချင်ပါတယ်။


ဆရာကွေးက, ဆရာကွေးကြီးတဲ့အချိန်ကျမှ ကျွန်တော်တို့နဲ့သိတာဆိုတော့ ဟိုဘက်အပိုင်းတွေတော့
ကျွန် တော်တို့သိပ်မသိဘူးပေါ့၊ ဒါပေမယ့် ကျွန်တော်စ,သိတာက ကျွန်တော်တို့ရှစ်တန်း၊ ကိုးတန်း
လောက်မှာ ဆရာကွေးက နော်၊ ရှုထောင့်ဂျာနယ်မှာ နိုင်ငံတော်ပြည်အရေး ဆိုတဲ့ကဏ္ဍနဲ့ နော်၊ သရော် စာတွေရေးနေပြီ ပင်တိုင်ကဏ္ဍပေါ့နော်။
အဲဒီနောက်ပိုင်းမှာလည်း ခွပ်လိုက်ကြစို့သူငယ်ချင်းပေါ့နော် နာမည်ကြီးတွေပေါ့ သူ့ရဲ့၊ အဲဒီမှာကတည်း
က ကျွန်တော်တို့က ဒါတွေကိုဖတ်ပြီးကြိုက်ခဲ့ရ,တာပေါ့၊ တနည်းပြောရ,ရင်လည်း ဟို နည်းနာယူခဲ့ရ,
တယ်ပေါ့။
ဟို ကျွန်တော်တို့က အဲဒီတုန်းကတော့ ကလေးပဲပေါ့ပဲပေါ့နော် ကလေးပဲရှိသေးတာပေါ့၊ အဲဒီနောက်
ကျွန်တော် တို့တတွေ စာတွေဘာတွေရေးပြီး ရေးတော့မှ ဆရာကွေးကိုသေသေခြာခြာတွေ့ဘူးတာပါ။
ကျန်တဲ့အချိန်တွေကတော့ ဟောပြောပွဲမှာပဲပေါ့၊ ဟောပြောပွဲမှာဆရာကွေးပြောတာတွေ ကျွန်တော်တို့ သွားနားထောင်ရ,တာပေါ့နော်။
အဲ နောက်ပိုင်းမှာတော့ ဆရာကွေးနဲ့အတူတူ ကျွန်တော်ဟောပြောပွဲလေးတွေဘာလေးတွေ အတူသွား
ခဲ့ဘူး တာလေးတွေရှိတယ်၊ နောက် တော်တော်လည်းရင်းနှီးမှုတွေရှိလာခဲ့တယ်ပေါ့နော်၊ အဲဒါနဲ့ပတ်သက် ပြီးတော့ ကျွန်တော် Essay ဆန်ဆန်လေး တခုတောင်ရေးသေးတယ် မွှေးလွန်းသည့်ကွေး ဆိုပြီးတော့ ၊ အဲ ဒီမှာလည်း ကျွန်တော်အမှတ်တရ,လေးတွေပေါ့နော် ဆရာကွေးနဲ့ဘယ်လိုစ,ဆုံတယ်ဆိုတာကို၊ ဘယ်လို စ,ဆုံလိုက်မှန်း တောင်မသိလိုက်ဘူး ဆရာကွေးနဲ့က၊ အမှတ်တရ,ပြောလို့မရ,ဘူး တနေရာမှာ ဒီလိုပဲဆုံ
ပြီးတော့ စ,ဆုံဆုံခြင်းပဲခင်သွားတယ်လို့ပဲ ပြောရမှာပဲလေ။
ဘာကွာခြားသလဲဆိုတော့ ဆရာကွေးတို့က သူက Satire သမားတယောက်အနေနဲ့ရပ်တည်ပြီးတော့
Satire သက်သက်ကိုပဲရေးတာလေ၊ ကျွန်တော်တို့ကျတော့ အဲဒီလိုမဟုတ်ဘူး ကျွန်တော်တို့က ဝတ္ထု
ရေးမယ် ဟုတ်လား Essay လေးတွေရေးမယ် ဟို လုံးချင်းဝတ္ထုလည်းရေးတယ်ပေါ့နော်၊ အချစ်ဝတ္ထု
တွေလည်း ရေးတယ် အဲဒီကြားထဲမှာမှ ကျွန်တော်တို့က ကြုံသလို Satire လေးတွေကိုညှပ်ညှပ်ပြီး တော့ထည့်သွားတာ၊ အဲ တခုတော့ ကွာမယ်ထင်တယ်၊ အဲ Satire နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ ဥပမာဆရာမောင်သော်က ဆိုရင်လည်း Satire သမားပဲပေါ့နော်၊ ဆရာဦးကိုယုဆိုတော့ နော် ဆရာ မောင်တင့်နိုင်ဆိုတဲ့ နာမည်နဲ့ရေးတာပေါ့နော် ဒါလည်း Satire သမားတွေလိုပဲလို့ ပြောလို့ရ,တာပေါ့နော်၊ ဒါပေမယ့်ခုဏပြောသလိုပေါ့ အဲဒီဆရာတွေကျတော့ ဒီ ဒီဟာသက်သက်ရေးတာမဟုတ်ဘူးလေ၊ တခြား စာတွေလည်းရေးသေးတယ်လေ။
Satire သက်သက်ကိုပဲ တခါတည်းဆုပ်ကိုင်ပြီးရေးတာဆိုရင်တော့ ဒါ တော်တော်ရှားတယ်ဗျ။


ဆရာကွေးတို့လက်ထက်က ဥပမာပေါ့ နော်၊ သင်္ကြန်သံချပ် ထားပါတော့နော်၊ ဆရာကွေးတို့က သင်္ကြန်
ခေတ်ကောင်းတဲ့တလျှောက်လုံး သံချပ်တွေရေးခဲ့ကြတာကိုး၊ သံချပ်လည်းရေးတယ် ကိုယ်တိုင်လည်း
သင်္ကြန်တွင်းတတွင်းလုံး ကားပေါ်မှာ နေ့နေ့ညည ကိုယ်တိုင်သံချပ်ဝင်တိုက်ချင်လည်းတိုက်နေတာကိုး၊ အဲဒီလိုအချိန်မျိုးရှိ တယ်လေ။
နောက်တခါဇာတ်သဘင်ကျတော့လည်း ဆရာကွေးတို့က အဲဒီလိုဇာတ်သဘင်နောက်ကိုလိုက်တယ်လေ၊
ဇာတ် ဇာတ်နဲ့ ဟို တလ,ကိုးသီတင်းလိုက်သွားတာတို့ ဘာတို့ ဒါတွေရှိတယ်၊ ဒီလိုအခွင့်အရေး သူတို့ က,ပိုရ,တယ်ပေါ့ နော်၊ အဲဒီတော့ တနေရာ ခရီးတခုကို သူက ဟို သေသေခြာခြာ စိမ်ပြေနပြေ အကြာ ကြီးလေ့လာပြီးတော့ လုပ်နိုင်တာပေါ့နော်။
ကျွန်တော်တို့ဘက် ခေတ်ကျတော့ အဲဒီလောက်တော့ အခွင့်အရေးတွေမရ,တော့ဘူးပေါ့နော်၊ ဒါလေး
တွေကွာ မယ်ထင်တယ်၊ ကျွန်တော်တို့ဘက်ခေတ်ကျတော့ ကျွန်တော်တို့က, ဘာသာသလဲဆိုတော့ သတင်းသာတယ်၊ ကျွန်တော်တို့ကျတော့သိရ,တာက ဟိုက,သတင်းတွေ စာတွေဖတ်ရ,တာ၊ ရေဒီယို
က ဟာတွေလေ၊ ဟုတ်လား ရုပ်မြင်သံကြားတွေလည်းပေါ်လာတယ် စသည်ဖြင့်ပေါ့နော်။
သတင်းတွေသိရ,တဲ့အပေါ်မှာ ကျွန်တော်တို့က ပိုပြီးတော့လုပ်ဖြစ်တာများတယ်။
ဆရာကွေးနဲ့ပတ်သက်လို့ဆိုရင် ပြောစရာတွေက သိပ်များလွန်းတယ်၊ ဟို တခုခုမှတ်မှတ်သားသား
ပြောဘို့ ဆိုတာ တော်တော်ခက်တယ်၊ တချို့တွေက,ပေါ့နော် တချို့တွေက ဆရာကွေးကို ဟို ရိုးရိုး ဟာသ,သမားကြီးပေါ့ နော်၊ ဟာသ,လျှောက်ရေးတဲ့လူကြီးတယောက်ပေါ့ဗျာ ဆိုတာလောက်ပဲသိထား
ကြတဲ့လူတွေရှိတယ်ဗျ။
တချို့တွေက နော် ဆရာကွေးရဲ့စာတွေက ဟိုဒင်း နည်းနည်းပေါတယ်ပေါ့ဗျာ၊ ထားပါတော့နော်၊ ဟို
အဆင့်မရှိ ဘူးလိုလို စသဖြင့် ဟို ပြောကြတဲ့လူတွေလည်းရှိတယ်ဗျ၊ ဟို ကျွန်တော်က ပြောချင်တာက,
တော့ ဒီလိုဗျ၊ ဆရာ ကွေးက, သူ့မှာသိထားတာတွေက အများကြီးရှိတယ်ဗျ နော်၊ ဟို နိုင်ငံရေးနဲ့ပဲဖြစ်ဖြစ် ဘာသာရေးနဲ့ပဲဖြစ်ဖြစ် တခြား လူမှုရေးကိစ္စတွေနဲ့ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တကယ်လေးလေးနက်နက်သိထားတဲ့ဟာတွေ သူ့စီမှာအ များကြီးရှိတယ်၊ အဲဒါတွေကို မရေးဘူး၊ သိပ်လည်းမပြောဘူး၊ မပြောပဲနဲ့သူ့ဟာသူဒီလိုပဲ နောက်လား ပြောင် လား ဘာညာနဲ့ပေါ့နော် ဒီလိုပဲနေသွားတယ်ပေါ့နော်။
ဒါပေမယ့်သူ့ရဲ့ရင်ထဲမှာပေါ့နော် သဘောက လူတွေထင်ထားသလိုမဟုတ်ဘူးဗျ၊ သူ့မှာဝမ်းနည်းစရာ
တွေ စိတ် ထိခိုက်စရာတွေအများကြီးရှိခဲ့တယ်၊ တော်တော်စိတ်ထိခိုက်စရာကောင်းတဲ့ဟာမျိုး ရှိခဲ့တယ်၊ မှတ်မှတ်ရ,ရ,တခု ဆိုရင် သူပြောပြတာနော်၊ သူပြန်ပြောပြတာနော်၊ မှတ်မှတ်ရ,ရ,ဆိုရင်သူက,စာပေဟောပြောပွဲ စင်ပေါ်မှာပြေနေ တုန်းမှာပဲ အတော်ဆိုးတဲ့သတင်းတခု သူ့စီကိုရောက်လာတယ်၊ ပြောခါနီးလေး စင်ပေါ်တက်ခါနီးလေးနော်၊ တော်တော်ဆိုးတဲ့ သတင်းပေါ့ဗျာ၊ အဲဒီမှာသူဘာလုပ်ရ,မှန်းမသိဘူး၊ ဒါပေမယ့် သူပြန်စဉ်းစားလိုက်တဲ့အခါကျ တော့ ဒါက ငါ့ကိုယ်ရေးကိုယ်တာကိစ္စတပိုင်းပဲ၊ ဟိုမှာပရိဿတ်ကြီးက ငါ့ကိုစောင့်နေပြီ နော်၊ ဒါ ပရိဿတ်ကို ဟို
ဟာသ,နဲ့ နော် ငါဟောပြောဘို့က ငါ့တာဝန်ပဲလို့ သူ စင်ပေါ်တက်သွားတယ်တဲ့ တက်သွားတော့ သူတ
ခါ တည်း အဲဒီမှာပြောလိုက်တာ တော်တော်လည်းကြာတယ်၊ သူကရယ်(ရီ)စရာတွေကိုဆက်တိုက်ပြော
ချလိုက် တာ တော်တော်လေးလည်းကြာတယ်တဲ့၊ ပြီးတော့မှ သူ ပြန်ပြောပြတယ်၊ ငါ့တသက်တာမှာ တဲ့ အဲဒီဟောပြော ပွဲဟာ ရယ်(ရီ)စရာအကောင်းဆုံးဟောပြောပွဲပဲ တဲ့၊ ဒါ ဆရာကွေးရဲ့ စရိုက်ကလေးကို ဒီလောက်ပြောရင်သိလိမ့် မယ်လို့ထင်တယ်။

ဆရာမင်းလူ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ရထား

သတိထားစရာ ရထားတစဉ်း
(မင်းစိုးစံ)

ရထားတွဲကြီး ဘူတာရုံကနေ
ခရီးစ,ထွက်တော့
သူခုတ်တဲ့အသံက

ဟုတ်…ဟုတ်။
ဟုတ်…ဟုတ်။
ဟုတ်…ဟုတ်။
ဟုတ်…ဟုတ်။
ဟုတ်…ဟုတ်။

နည်းနည်းလေးအရှိန်ရ,လာတော့
ခုတ်သံကတမျိုး

ဟုတ်…တုတ်တုတ်။
ဟုတ်…တုတ်တုတ်။
ဟုတ်…တုတ်တုတ်။
ဟုတ်…တုတ်တုတ်။
ဟုတ်…တုတ်တုတ်။

အဲဒီထက်ပိုပြီးအရှိန်ရ,လာတဲ့အခါမှာတော့
ပြောင်းသွားတဲ့ ရထားခုတ်သံ

ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။
ဟုတ်ဟုတ်။

ခရီးတဝက်ရောက်ခါနီးမှာတော့
ခုတ်သံကတမျိုးပြောင်းသွားပြန်တယ်။

ဟုတ်ဟုတ်..မဟုတ်ဟုတ်။
ဟုတ်ဟုတ်…မဟုတ်ဟုတ်။
ဟုတ်ဟုတ်…မဟုတ်ဟုတ်။
ဟုတ်ဟုတ်…မဟုတ်ဟုတ်။

ခရီးတဝက်ကျော်ကျော်မှာခုတ်တဲ့အသံက,တော့

ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။
ရှုတ်ရှုတ်။

ဘူတာရုံကိုလှမ်းမြင်ရ,ပြီဆိုတာနဲ့

ရှုတ်ရှုတ်ယှက်ယှက်။
ရှုတ်ရှုတ်ယှက်ယှက်။
ရှုတ်ရှုတ်ယှက်ယှက်။
ရှုတ်ရှုတ်ယှက်ယှက်။

ဘူတာရုံလည်းရောက်ခါနီးရော

ရှုတ်ရှုတ်…ယှက်ယှက်။
ရှုတ်ရှုတ်…ယှက်ယှက်။
ရှုတ်ရှုတ်…ယှက်ယှက်။
ရှုတ်ရှုတ်…ယှက်ယှက်။
ရှုတ်ရှုတ်…ယှက်ယှက်။

ဘူတာလည်းဆိုက်ရော
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။
ရှုတ်…ယှက်...ခပ်။ နဲ့
ရထားကြီးဟာ
ဘူတာရုံထဲဝင်ဘို့ကြိုးစားလိုက်တာ
ဘူတာရုံစပ်အနား
ရပ်သွားပါတော့တယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တိုက်ပွဲပျော် အီကြာကွေး (ဓနုဖြူကျော်ထွန်း)


တိုက်ပွဲပျော်
ဓနုဖြုကျော်ထွန်း (အီကြာကွေး) ၁၉၃၈ - ၂၀၀၉
ဒီဇင်ဘာ ၂၁၊ ၂၀၀၉

ပုခက်ထဲက၊ “အူဝဲ” ဟစ်ကာ
စစ်ကျေညာပြီး၊ လောကကြီး၏
ခါးသီးတွေ့ကြုံ၊ အလုံးစုံကို
မဖြုံအံခဲ၊ ပွဲဆက်နွှဲယင်း
လူလဲ တော်တော်ကြီးခဲ့ပေါ့။

မိုက်လဲ မိုက်လို့၊ တိုက်လဲ တိုက်ခဲ့
ရှုံးလိုက်တာလဲ၊ အသေင်္ချေ။

ရဲလဲရဲလို့၊ နွှဲလဲနွှဲခဲ့
အောင်ပွဲတွေလဲ အနန္တ။

သည်လိုပဲပေါ့
တိုက်ပွဲဆိုတာ၊ သာချင်သာသည်
တိုက်ပွဲဆိုတာ၊ နာချင်နာမည်
ဘယ်မှာ ခန့်မှန်း သိနိုင်မလဲ။

နာ နာ သာသာ
ဘာမှ မဖြုံ၊ စိတ်လုံခြုံရင်
မတုန်မလန့်ဖျပ်ပါဘူး
အဟုန်မတန့်တတ်ပါဘူး။

ရှေ့ကဆီး၍ ခရီးလမ်းထဲ
သစ်ပင်လှဲမလား …

ရှေ့က ကန့်၍ အဟန့်အတား
ဆူးတွေ ထားမလား …

ယောကျာ်းဟေ့နော်၊ တိုက်ပွဲပျော်
ကျနော် တိုက်ယင်း တက်မှာဘဲ။

၁၉၆၆ စက်တင်ဘာလ၊ ရှုမ၀မဂ္ဂဇင်း အဖွင့်ကဗျာ
စာရေးဆရာ ဓနုဖြူကျော်ထွန်း (အီကြာကွေး) ၏ ကျော်ကြားသောကဗျာအဖြစ် ပြန်လည် တင်ဆက်လိုက်ပါတယ်။
မိုးမခ,စာစောင်မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, December 22, 2009

ဆရာ ဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ (အောင်ငြိမ်း)

ကဗျာဆရာ ဗန်းမော်ညိုနွဲ့ အမှတ်တရ
ကိုကျော်အောင်လွင်(VOA Burmese Section)

ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့ November 12 ရက်နေ့က ကွယ်လွန်သွားပြီဆိုတဲ့သတင်းကြောင့်
ဆရာဖြတ် သန်းခဲ့တဲ့ ပညာရေးအသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အနုပညာအသိုင်းအဝိုင်းက
လူတွေက ဆရာ့ကို လွမ်းလွမ်းဆွတ်ဆွတ်နဲ့ တမ်းတ,ကြပါတယ်။
ပုံမှန်အားဖြင့်ဆိုရင်တော့ ကဗျာဆရာတဦးကွယ်လွန်သွားပြီိဆိုရင် စာနယ်ဇင်းလောက,သားတွေက
မဂ္ဂဇင်း ဂျာနယ်တွေမှာ နာရေးသတင်းဖြစ်ဖြစ် အမှတ်တရ,ဆောင်းပါးဖြစ်ဖြစ် အနည်းဆုံးတော့
ဖေါ်ပြကြပါတယ်၊ ဒါပေမယ့် ကဗျာဆရာဗန်းမော်ညိုနွဲ့ကတော့ မြန်မာ့စာနယ်ဇင်းလောက,မှာ ဖေါ်ပြခဲ့တာမျိုးမတွေ့ရပါဘူး။
ဘာကြောင့်လည်းဆိုတော့ ကဗျာဆရာဗန်းမော်ညိုနွဲ့ဟာ အနုပညာဖန်တီးခွင့်ပိတ်ပင်ခံထားရတဲ့
ကဗျာဆရာတဦးဖြစ်လို့ပါပဲ၊မြန်မာပြည်ဒီမိုကရေစီအရေး တက်တက်ကြွကြွဆောင်ရွက်ခဲ့သူဖြစ်
ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှည်တဦးဖြစ်
ခဲ့တဲ့ ကဗျာဆရာဗန်းမော်ညိုနွဲ့ဟာ မြန်မာ့စစ်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းကစ,လို့ သူကွယ်
လွန်ခဲ့တဲ့အချိန်အထိ သူဖန်တီးတဲ့အနုပညာတွေကို မြန်မာစစ်အ စိုးရ,က စာနယ်ဇင်းတွေမှာ ဖေါ် ပြခွင့်မပေးခဲ့ပါဘူး။
သူ့အကြောင်းကို တခြားစာပေလောက,သားတွေကလည်း ရေးသားဖေါ်ပြခွင့်မရ,ကြပါဘူး၊ ဒါကြောင့်
ဆရာဗန်း မော်ညိုနွဲ့ကွယ်လွန်ခဲ့တဲ့အကြောင်းနဲ့ သူ့ကိုအောင်းမေ့တသ,ကြတဲ့အကြောင်း ရေးသား ဖေါ်ပြချက်တွေကိုပါ စာနယ်ဇင်းတွေမှာ မတွေ့ရတာပါ။
ပြည်ပ,က စာနယ်ဇင်းတွေမှာတော့ ဆရာဗန်းမော်ညိုနွဲ့ကို တန်ဘိုးထားကြသူတွေက သူကွယ်လွန်တဲ့အ
ထိမ်းအမှတ်အဖြစ် ကဗျာတွေစာတွေနဲ့ တခန်းတနားတုံ့ပြန်ကြပါတယ်၊ အဲဒီအထဲက ကဗျာဖန်တီးသူ အောင်ငြိမ်းရဲ့ ဆရာဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ ဆိုတဲ့ကဗျာကို တင်ဆက်ပေးချင်ပါတယ်။
ဒီကဗျာကို အရှေ့မိုးကောင်းကင် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတာပါခင်ဗျား။

ဆရာဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ
(အောင်ငြိမ်း)


မြန်မာမင်းလက်ထက်
ကောင်းတုံလို့ခေါ်တဲ့
ဧရာဝတီတဖက်ကမ်း
ရှေ့တန်းကင်းစခန်းဖြစ်ခဲ့တဲ့
မြို့။

တပိန်မြစ်ကြောင်းလမ်း
ဧရာဝတီမြစ်ကြောင်းလမ်း
ကုန်းလမ်း ရေလမ်း
ရှမ်း၊ ကချင်၊ တရုတ်၊ ကုလား
သွားလာကူးသန်း
ပိုးလမ်းမ,ကြီးရဲ့တစိပ်တဒေသ
ကုန်သွယ်ရေးလမ်းမ,ပေါ်က
မြို့။

ဒုတိယကမ္ဘစစ်ကာလ
စစ်ရေးအချက်အခြာကျ
လီတိုလမ်းမ,ကြီးပေါ်က
မြို့။

အင်္ဂလိပ်တပ်၊ ဂျပန်တပ်
အမေရိကန်တပ်၊ တရုတ်တပ်
တပ်ပေါင်းစုံကျော်ဖြတ်နင်း
စစ်တလင်းဖြစ်ခဲ့တဲ့
မြို့။

ဒီမြို့ကလေးဟာ
မတော်တာဆိုရင်
ရှင်ဘုရင်ကိုပင်ခွ(ဂွ)တိုက်တဲ့
သာသနာ့အကျော်အမော်
ဗန်းမော်ဆရာတော်အစ
မြစ်ဧရာပေါ်က,သံမဏိလင်းယုံ
ဗန်းမော်တင်အောင်အဆုံး
နှလုံးရည်လက်နက်
ကလောင်ထက်တဲ့
မြို့။

လွတ်လပ်ရေးအတွက်
ရရင်ရ မရရင်ချဘို့
ဗိုလ်အောင်ဆန်းကိုယ်တိုင်
လာရောက်စည်းရုံး
လက်ရုံးတောင့်တဲ့
မြို့။

ကိုလိုနီခေတ်
ဖက်ဆစ်ဂျပန်ခေတ်
လွတ်လပ်ရေးခေတ်
ဒီမိုကရေစီတိုက်ပွဲခေတ်
ခေတ်ပြိုင်သမိုင်းအဆက်ဆက်
တော်လှန်ရေးမျိုးဆက်မပြတ်တဲ့
မြို့။

ဒီမြို့ကလေးမှာ
အသက် ၈၇ နှစ်အရွယ်
ကျောင်းဆရာ
ကဗျာဆရာ
ပြည်သူချစ်တဲ့ဆရာအိုတယောက်
ပေါက်ဖွါးနေထိုင်
ကြီးပြင်းထွက်ခွါ
လွမ်းစရာတွေကျန်ခဲ့တဲ့
မြို့။

စေတနာ၊ ဝါသနာ၊ အနစ်နာ
နာသုံးနာနဲ့ရပ်တည်
သစ္စာဝါဒီတဦး
တောရှင်းမြေပြင်
လယ်သစ်ထွင်တဲ့
မြို့။

ဓါးများကိုထက်စေသူ
ပန်းများကိုပွင့်စေသူ
ကျောက်သားလိုမာပြီး
မြေဆီမြေသားလို
နူးညံ့ပျော့ပျောင်းစွာ
မထင်မရှားနေထိုင်သွားခဲ့သူ
ဒီမြို့နဲ့ဒီလူ
ဘာကိုမှုမတုန်း
ဒီလူတွေရှိနေသရွေ့
ဒီမြို့နဲ့ဒီပြည်ဟာ
ဘယ်တော့မှမတိမ်ကောဘူး။

အောင်ငြိမ်း
November 2009

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, December 20, 2009

သသူယုံကြည်ရာ VOA Burmese Section

VOA Burmese Section ကနေ သက်ကြီးစကားသက်ငယ်ကြားဆိုတဲ့ အစီအစဉ်ကို
တင်ဆက်ထားရာမှာ Fine Art အနုပညာဘာသာဘွဲ့ရ, မနေနေရဲ့ သူယုံကြည်တာကို
ပြောပြထားတာမို့နားထောင်ပြီး တဆင့်ပြန်ရေးသားတင်ပြလိုက်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဘယ်လိုအကြောင်းအရာမျိုးပဲဖြစ်ဖြစ် ကိုယ်ယုံကြည်တာလေးတွေကို
ပြောပြချင်တယ်ဆိုရင် ဗွီအိုအေကိုဆက်သွယ်ပြီး ပြောပြနိုင်ပါတယ်။
လိပ်စာကတော့
E-mail burmese@voanews.com
Phone +1 202-382-5554
Fax + 1 202-382-5552

ကျေးဇူးအများကြီးတင်ပါတယ်။

ကျွန်မယုံကြည်တာကတော့ အနုပညာနဲ့မွေ့လျော်နေထိုင်ခြင်းဟာ အကောင်းဆုံးနေထိုင်ခြင်း
ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

အနုပညာဆိုတဲ့နေရာမှာ ပန်းချီ၊ ပန်းပု၊ ဓါတ်ပုံပညာ၊ ကဗျာ၊ စာပေ၊ သဘင်၊ ဂီတ,၊ ရုပ်ရှင် စ,တာတွေအားလုံးပါဝင်ပါတယ်။
ဘာလို့အကောင်းဆုံးဖြစ်သလဲဆိုတော့ အနုပညာသမားဟာ ကျယ်သောနှလုံးသား၊ ကြီးသောခံစား

ချက်၊ လင်းသောမျက်စိ၊ ပွင့်သောအတွေးအခေါ်ရှိတဲ့အတွက်ကြောင့် ဘဝမှာ အကောင်းဆုံးနေထိုင်နည်း ဖြစ်တယ်လို့ ယုံကြည်တာဖြစ်ပါတယ်။
အနုပညာနဲ့မွေ့လျော်နေထိုင်တဲ့အခါမှာ ဘဝဆိုတာ ဒီမှာတင်ရှိနေတာမဟုတ်ဘူးဆိုတာကိုသိပါတယ်၊အနုပညာနဲ့နေထိုင်တဲ့လူတယောက်က သူ့ရဲ့ခံစားချက်တွေဟာ ဒီမှာရှိနေတဲ့အဖြစ်အပျက်တွေအားလုံး ကျော်လွန်ပြီးတော့ ခံစားနိုင်တယ်လို့ထင်ပါတယ်။
သူများတွေမြင်တာထက် ကျော်လွန်ပြီးမြင်နိုင်တယ်၊ မဖြတ်သန်းနိုင်တဲ့နေရာတွေဖြတ်သန်းနိုင်ပြီးမဖြတ်သန်း ကြတဲ့အတားအဆီးတွေကို ဖြတ်သန်းပြီးတော့ မြင်နိုင်တဲ့သူ၊ အချိန်နဲ့နေရာကိုပျောက်စေနိုင်တဲ့သူလို့ ထင်လို့ပါ။
အနုပညာသမားတယောက်က လူတယောက်ပဲ၊ ဒါပေယ့်သူက လူတွေထဲမှာရှိတဲ့ ကြင်လည်ကျက်စားတဲ့ဒေသ,တွေ၊ နယ်မြေတွေဖြစ်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး၊ ဘာသာရေးနယ်မြေတွေမှာပဲ သူက တခြားလူတွေနဲ့ ကူးလူးဖြတ်သန်းသွားလာနေတဲ့အချိန်မှာပဲ အဲဒီနယ်မြေတွေကနေပြီးတော့ ချုပ်နှောင်ထားတဲ့ တားဆီးထားတဲ့ အဆီးအတားတွေ စည်းမျဉ်း ဘောင်တွေကိုကျော်ဖြတ်ပြီးတော့ သူက မြင်နိုင်တယ် တွေ့ နိုင်တယ် နားလည်ခံစားနိုင်တယ်လို့ ကျွန်မယုံကြည်တယ်။
ကျမအဲဒီလိုယုံကြည်တဲ့အတွက်ကြောင့် အနုပညာနဲ့ပတ်သက်တဲ့ဘာသာရပ်တွေကို လေ့လာတယ်လေ၊အနုပညာနဲ့ပတ်သက်တဲ့ ပန်းချီ၊ ပန်းပု၊ ဓါတ်ပုံ၊ ကဗျာ၊ စာပေ၊ သဘင်၊ ဂီတ,၊ ရုပ်ရှင်က အစ,အားလုံးနဲ့မွေ့လျော်နေထိုင်ပါတယ်။
ကျွန်မယုံကြည်ထားတာက အနုပညာသမားဆိုတာ နိုင်ငံရေးသမားမဟုတ်ပါဘူး၊ တရားဓမ္မသမား
လည်းမဟုတ်ပါဘူး၊ ထို့အတူ စီးပွါးရေးလူမှုရေးသမားလည်း မဟုတ်ပါဘူး၊ ဒါပေမယ့် အနုပညာသမား
ဟာ နိုင်ငံရေးသမားလည်းဟုတ်တယ်၊ တရားဓမ္မသမားလည်းဟုတ်တယ်၊ လူမှုရေးသမားလည်း
ဟုတ်တယ်။
အနုပညာသမားသည် လူမှုပတ်ဝန်းကျင်နယ်ပယ်အားလုံးမှာရှိတဲ့ အရာအားလုံးနဲ့ပတ်သက်ပြီး
တော့ သူခံစားသိရှိတဲ့အရာတွေအားလုံးကို ဖြတ်သန်းသွားတယ်၊ ကျော်လွှားနိုင်တယ်၊ ဘောင်တွေ
စည်းတွေကို ကျော်လွှားသွားနိုင်တယ်
လို့ ကျမယုံကြည်ပါတယ်။
၁၉၁၆ ခုနှစ်က,နေ ၁၉၂၀ ကျော်လောက်အထိ အနုပညာနယ်ပယ်မှာထွန်းကားခဲ့တဲ့ ဒါးဒ,ဝါဒပေါ့နော်
အဲဒီဒါးဒ ,ဝါဒ,က တဦးဖြစ်တဲ့ ဂျူးဟင်းနပ်ဘာဒါ ဆိုတဲ့အနုပညာရှင်တဦးပြောတဲ့စကားကို ကိုးကားပြီး
တော့ပြောပြချင်ပါတယ်။
သူက ဘာပြောသလဲဆိုတော့ ဒါးဒယက်ဆိုတာက,တဲ့ ဖြတ်သန်းမသွားနိုင်တဲ့ပုံသဏ္ဍန်များမှနေထိုင်ခြင်းကိုချစ်မြတ်နိုးပြီး ဘဝဆိုတာ ဒီမှာပဲမဟုတ်ပါဘူး ဟိုမှာဟိုမှာလို့သိလည်းသိ ပြောလည်းပြောတဲ့ လူတယောက်ပါ လို့ ဖွင့်ဆိုထားပါတယ်။
ကျွန်မကတော့ အဲဒီဒါးဒ,ရဲ့နေရာမှာ အနုပညာသမားလို့အစားထိုးပြီးတော့ ခံစားချင်ပါတယ်၊ အနုပညာ
နဲ့မွေ့လျော် နေထိုင်တဲ့အခါမှာ ဘဝဆိုတာဒီမှာလေးတင်မဟုတ်ပါဘူးဆိုတာကို သိလာပါတယ်၊
ဥပမာ သိပ်လှတဲ့နေဝင်ချိန် လေးတချိန်မှာပေါ့နော်၊ တိမ်တွေက,လည်းတောက်နေတယ်၊ ရောင်စုံ
ကွန့်မြူးနေတယ်၊ ကောင်းကင်ကိုကြည့်ပြီး တော့ လှလိုက်တာ၊ ကြည်နူးလိုက်တာလို့ ပြောကြပါတယ်။
ဒါပေမယ့် အနုပညာသမားတယောက်က,တော့ အဲဒီဖြတ်သန်းမသွားနိုင်တဲ့ ပုံသဏ္ဍန်တွေက,နေတ
ဆင့်အဲဒီ တိမ်တွေရဲ့အောက်မှာ ယိုင်နဲ့နဲ့အိမ်ခြေလေးတွေရှိမယ်၊ မျက်ရည်ဖြူးထားတဲ့ ထမင်းဝိုင်းရှိမယ်၊
ကျောင်း မသွား တော့တဲ့ကျောင်းသားတွေရှိမယ်၊ သားသမီးပျောက်တဲ့မိခင်တွေ၊ ဒါဏ်ရာဒါဏ်ချက်နဲ့မြို့ တော်ကြီးရှိတယ်ဆိုတာ အကြောင်းကိုပါ သိလည်းသိနေတယ်၊ ပြောလည်းပြောနေသူပါလို့ ကျွန်မယုံကြည်ပါတယ်။
အဓိက,လေးပြောချင်တာကတော့ အနုပညာနဲ့နေထိုင်တဲ့လူက သူ့ရဲ့စိတ်ထဲ သူ့မှာကြီးကျယ်တဲ့ ဟို နှလုံး
သားပေါ့နော်၊ ကြီးတဲ့ခံစားချက် ကျယ်တဲ့နှလုံးသား လင်းတဲ့မျက်စိ ပွင့်တဲ့အတွေးအခေါ်ကို ခုနပြောသလို
ဘောင်တွေပေါ့နော်၊ ဘာသာရေးတို့၊ စီးပွါးရေးတို့၊ လူမှုရေးတို့ နိုင်ငံရေးတို့မှာရှိတဲ့ စည်းတွေ ဘောင်တွေ ဥပဒေသ, တွေ ကျော်ဖြတ်ပြီးမြင်တယ်၊ မြင်နိုင်ဘို့ကြိုးစားတယ်၊ မြင်လည်းမြင်တယ် အဲဒီလိုမျိုးလို့ ကျွန်မ ယုံကြည်ပါတယ်။
အနုပညာနဲ့မွေ့လျော်နေထိုင်တဲ့သူတွေဟာ မဖြတ်သန်းနိုင်တဲ့ပုံသဏ္ဍန်တွေကိုကျော်ဖြတ်ပြီးတော့၊မဖြတ်

သန်းကြတဲ့ အတားအဆီးတွေကိုလည်း ကျော်ဖြတ်နိုင်မယ်၊ အချိန်နဲ့နေရာတွေကိုလည်းကျော်ဖြတ်နိုင်
တယ် ပျောက်စေနိုင်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် အနုပညာနဲ့နေထိုင်ခြင်းဟာ အကောင်းဆုံး နေထိုင်နည်းဖြစ်တယ် လို့ ကျွန်မ,ယုံကြည်ပါတယ်ရှင်။


မနေနေ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, December 19, 2009

ထိုင်း-မြန်မာနယ်စပ်တွင် နှစ်သစ်ကူးပွဲ အသီးသီးကျင်းပ,ခဲ့ (KIC)

ဓါတ်ပုံ ခေတ်ပြိုင်ဂျာနယ်

ထိုင်း မြန်မာနယ်စပ်တွင် နှစ်သစ်ကူးပွဲ အသီးသီးကျင်းပ,ခဲ့


ဒီဇင်ဘာ ၁၉ရက်။
စောခါးစူးညား (ကေအိုင်စီ)

ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ကျရောက်သည့် ၂၇၄၉ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ မင်္ဂလာပွဲတော်ကို ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း အပါအ၀င် ပြည်တွင်းပြည်ပများ၌လည်း အသီးသီး ကျင်းပ ခဲ့ကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ စသည့် ကရင်ဒုက္ခသည်စခန်းများနှင့်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ထို့ကော်ကိုး၊ နို့ဖိုးထီးမူးထာ့၊ ဝေါ်လေဂွင်များ၊
မြ၀တီမြို့နှင့် ရွှေကုက္ကိုကျေးရွာများအပြင် မဲဆောက်မြို့၊ မယ်တော်ဆေးခန်း ၌လည်း ၄င်းတို့၏ အစီအစဉ်အတိုင်း ကျင်းပခဲ့ကြသည်။
ယခုနှစ် မယ်လစခန်းတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ထူးခြားသည့် ငါးမျှားတံ(တခွဲဘိုး) တံခွန်တိုင်နှင့် အခြားရိုးရာ ယဉ်ကျေးမှုများကို ဖော်ထုတ်တင်ဆက်သွားခဲ့သည့်အတွက် ယခင်နှစ်ထက် ပိုစည်ကားကာ လူထုပရိသတ်ပေါင်း တစ်သောင်းကျော် တက်ရောက်ခဲ့ကြသည်ဟု စခန်းတွဲဖက်အတွင်း
ရေးမှူး စောရန်းကူးက ယခုလိုပြောသည်။

ဒီနှစ် မယ်လစခန်းမှာ ကရင်နှစ်သစ်ကူးကျင်းပတာ အရင်နှစ်ထက် အတော်စည်ကား၊ ထူးခြားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျိုး ဆက်သစ်လူငယ်တွေ မသိသေးတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြန်လည် ဖော်ထုတ်တာရှိတယ်။
ဥပမာအားဖြင့် ဒီမနက်မှာ ထောင်လိုက်တဲ့ တခွဲဘိုး(ငါးမျှားတံ တံခွန်တိုင်)လိုယဉ် ကျေးမှုကို သိတဲ့သူ အတော်ရှားတယ်လေ။ ဆိုလိုတာက မျိုးဆက်သစ် ကရင်လူငယ်တွေ မသိသေးတဲ့ ကရင်ယဉ်ကျေး
မှုတွေ ဖော်ထုတ်ပြသ,တော့ လူစည်ကားတာပေါ့”ဟု သူက ဆိုသည်။
ဒုက္ခသည်စခန်း၌ ယခုလို ကရင်နှစ်သစ်ကူးနေ့တွင် မိမိယဉ်ကျေးမှုကို လွတ်လပ်စွာ တင်ဆက်ပြသ,
နိုင်သော်လည်း ဖော်ထုတ်ခွင့်မရသည့် နေရာဒေသ,အများအပြား ရှိနေသေးကြောင်းနှင့် အချုပ်အခြာ
အာဏာရှိသည့် ကရင်ပြည်နယ်ရှိလာပါက ကရင်နှစ်သစ်ကူးကို ယခုထက်ပို၍ စည်ကားစွာကျင်းပနိုင်
မှာဖြစ်ကြောင်း စောရန်းကူးက ဆက်ပြောသည်။
မယ်လနှစ်သစ်ကူးပွဲ လာရောက်သူ စောဆာ့ဖလယ့်မူးကလည်း “ထိုင်းမြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေထဲမှာ ကရင်နှစ်သစ်ကူးနေ့ကို ဒီလို စည်စည်ကားကား ကျင်းပတာ တခါမှ မ
တွေ့ဖူးဘူး။ ကျနော့်အတွက် ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ။
နောက် စခန်းမှာ ဒီလို ခမ်းခမ်းနားနားလုပ်တာကိုတွေ့တော့ စိတ်ထဲမှာအရမ်းပျော်တယ်။
အထူးသဖြင့်ကျနော် မသိသေးတဲ့ ကရင့်ရိုးရာဓလေ့တွေကို ဖော်ထုတ်ပြသ,တာတွေ့ရတော့
ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်”ဟု ဆိုသည်။
နှစ်စဉ် စပါးပေါ်ချိန်တိုင်းတွင် စပါးစောင့်နတ် ဖီးဘူးယော်ကို ပူဇော်ပ,သ,ခြင်းနှင့်အတူ ကျင်းပ,ပြုလုပ်
လေ့ရှိသည့် ကရင်နှစ်သစ်ကူးပွဲ တော်များတွင် ရိုးရာဒုံးယိမ်း၊ ၀ါးညှပ်၊ တောင်ယာစူးထိုးအကများ၊
ရိုးရာနှင့် ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲများ၊ လက်ဝှေ့ အပါအ၀င် ဘောလုံး၊ ဘော်လီဘော၊ ပိုက်
ကျော်ခြင်း၊ ချောတိုင်တက်ခြင်း စသည့် အားကစားပြိုင်ပွဲများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။
ကော့ကရိတ်မြို့နယ်၊ ကွင်းကလေး(နို့ဖိုးထီးမူးထာ့)နှင့် မဲ့ကနဲကျေးရွာတို့ စုပေါင်းပြုလုပ်သည့်
နှစ်သစ်ကူးပွဲတွင် မဲ့ကနဲရွာမှ ဘာသာ ရေးဆရာတဦးက “ကျနော်တို့ ကရင်နှစ်သစ်ကူးဆိုတာ
ကရင်တွေရဲ့ စုစည်းညီညွတ်ခြင်းကို ပြသတာဖြစ်လို့ ဘာသာခွဲခြားမှုမရှိပါ ဘူး။
အခုလိုရွာတွေစုပေါင်းပြီး လုပ်ဆောင်ခြင်းအားဖြင့် ကျနော်တို့လူမျိုးရဲ့စည်းလုံးမှုကို ဖေါ်ဆောင်
လိုက်တာပဲ ဖြစ်တယ်”ဟု ပြောသည်။
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ၂၀၁၀ခုနှစ်သည် ကရင်အမျိုးသားများအတွက် စိုးရိမ် ဖွယ်ကောင်းသည့် နှစ်တနှစ်ဖြစ်ကြောင်း၊ ကေအဲန်ယူသည် တိုင်းရင်းသားလူမျိုးများအတွက် မည်သည့်အာမခံချက် အခွင့်အရေးမှ မပါဝင်သည့် ဖွဲ့စည်းပုံအခြေ
ခံဥပဒေနှင့် ရွေးကောက်ပွဲဆိုသည်ကို ဆန့်ကျင်နေကြောင်း၊ နိုင်ငံရေးအရ ရုန်းကန်တိုက်ပွဲဝင်မှုသည် ကရင်အမျိုးသားများ၏ ဘ၀ကံကြမ္မာနှင့် တိုက်ရိုက်သက်ဆိုင်သည့်အတွက် ကရင်လူမျိုးတိုင်း၏ အမျိုး သားရေးတာဝန်ဖြစ်၍ အောင် ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းထားသည်။
ယခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို နယ်စပ်ဒေသတ၀ိုက်အပြင် မြန်မာပြည်တွင်းရှိ ရန်ကုန်၊ ဖားအံ၊ ဖာပွန်၊
ဘီးလင်း စသည့်မြို့များနှင့် အင်္ဂလန်၊ နယူးဇီလန်၊ မလေးရှား၊ သြစတြေးလျား၊ အမေရိကန်၊ ကနေဒါ၊
ဂျပန်၊ ကိုးရီးယား စသည့်နိုင်ငံများ၌လည်း ကျင်းပ,ခဲ့ကြကြောင်း သိရှိရသည်။
သလေ(ပြာသို)လဆန်း ၁ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ကို အတည်ပြုနိုင်ရေး
အတွက် ကရင်အမတ်များဖြစ်ကြ သည့် စောဂျွန်ဆင်ဒီဖိုးမင်း၊ စောမြတ်သိန်း၊ မန်းဘခိုင်၊ စောဆစ်ဒနီ
လူနီ၊ စောဖေသာ၊ စောကံအေး၊ မန်းထွန်းခင်၊ မန်းရွှေညွှန့်၊ စော သာဒွေး၊ ဦးဖိုးမျှင်၊ စောဖိုးချစ်နှင့်
ဦးလှဖေတို့က ကြိုးပမ်းခဲ့ရာ ၁၉၃၈ ခုနှစ်တွင် တရားဝင်နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး
စောစံစီဖိုး၊ မန်းရွှေဘနှင့် ဆရာစံဘော်တို့က ကရင်နှစ်သစ်ကူးနေ့ ရရှိအောင် ကူညီစွမ်းဆောင်
ပေးခဲ့သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, December 17, 2009

ကေအင်န်ယူထိန်းချုပ်ဒေသ,မှသစ်များ ခုတ်ခွင့်ပိုပေးနေ

ကေအန်ယူ ထိန်းချုပ်ဒေသမှသစ်များ ခုတ်ခွင့် ပိုပေးနေ
ဝီရ / ၁၇ ဒီဇင်ဘာ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသတဝိုက်ရှိ ကေအန်ယူ တပ်မဟာ (၆) ထိန်းချုပ်ထားရာ မဲကသာခွင်အတွင်း သစ်ထုတ်လုပ်ခွင့်ကို ကေအန်ယူက ယမန်နှစ်ကထက် ပိုမိုလုပ်ကိုင်ခွင့်ပြု
လိုက်ကြောင်း ဘုရားသုံးဆူမြို့မှ သစ်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ဒီဇင်ဘာလဆန်းပိုင်းက စလို့ သစ်ခုတ်ခွင့် စပေးတာ။ အခု သစ်ဝယ်ရောင်းတဲ့ ထိုင်းလုပ်ငန်း ရှင်တွေကလည်း မြန်မာဘက်ခြမ်းက သစ်ခုတ်တဲ့သူအတွက် ဘတ်ငွေအရင်းအနှီး သိန်းဆယ်ချီ
လာအပ် ထားကြတယ်။
ကေအန်ယူက အများဆုံးဖွင့်ရင်လည်း (၂) လပဲဆိုတော့ သစ်ထုတ်တဲ့သူတွေက အပြိုင်အဆိုင်ပေါ့”
ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ကေအန်ယူက ၎င်းတို့ထိန်းချုပ်ဒေသမှ သစ်ထုတ်ခွင့်ကို ၂၀၀၇ ခုနှစ်ကတည်းက ကန့်သတ်ထားရာမှ
ပြန်လည် လုပ်ခွင့်ပေးလာခြင်းဖြစ်ပြီး သစ် (၁) တန်လျှင် ထိုင်းဘတ် (၃,၀၀၀- ၄,၀၀၀) အကြား
ကောက် ခံကြောင်း သိရသည်။

“အခု ခုတ်ခွင့်ပေးတဲ့နေရာက ဘုရားသုံးဆူကနေ မိုင် (၂၀) လောက် ဝေးတယ်။ ဘုရားသုံးဆူကို
ရောက်ဖို့ စစ်တပ်တို့၊ အပစ်ရပ်အဖွဲ့တို့ စတဲ့ အခြားဂိတ်ပေါင်း (၆) ဂိတ်ကိုလည်း ပေးရသေးတယ်။
ဒါပေမယ့် အဝယ်လိုက်တော့ အခု သစ်ခုတ်တဲ့ လုပ်ငန်းရှင်တွေ (၁၅) ယောက်ကျော်ရှိတယ်။
သစ် (၁) တန်ဆိုရင် ဘတ် (၂,၀၀၀) လောက်တော့ ကျန်တာပေါ့” ဟု ဘုရားသုံးဆူမြို့မှ အခြား သစ်လုပ်ငန်းရှင်တဦးက ပြောသည်။
ဘုရားသုံးဆူတွင် လက်ရှိ သစ်မာ (၁) တန်လျှင် ဘတ် (၃၅,၀၀၀) ဝန်းကျင်အထိ ရှိနေပြီး ထိုင်း
လုပ်ငန်းရှင်တို့က အပြိုင်အဆိုင်ဝယ်ယူနေကြ၍ ဈေးဆက်တက်ရန်ရှိကြောင်း သစ်လုပ်ငန်းရှင်များ
က ပြောသည်။
ကေအန်ယူ သစ်တောရေးရာဌာန၏ မှတ်တမ်းများအရ မဲကသာခွင်တွင် သစ်ထုတ်လုပ်နိုင်သည့်
ဧကပေါင်း (၅,၀၀၀) ခန့် ရှိသော်လည်း ယခုအခါ အတွင်းပိုင်းကျသည့် ဧကပေါင်း (၁,၀၀၀) ကျော်
သာ ကျန်ရှိကြောင်း သစ်လုပ်ငန်းရှင်တို့က ပြောသည်။
နအဖစစ်တပ်၊ ဒီကေဘီအေ ပူးပေါင်းတပ်တို့နှင့် ကေအန်ယူအကြား (၁) လနီးပါး တိုက်ပွဲဖြစ်ပွားခြင်း
မရှိခဲ့သည့် အဆိုပါ တပ်မဟာ (၆) ဒေသကို ယခု ပွင့်လင်းရာသီတွင် နအဖနှင့် ဒီကေဘီအေတို့ဘက်
က စစ်ဆင်ရေး ပြန်လည်စတင်ရန်ရှိပြီး ထိုဒေသကို ကေအန်ယူတို့ လက်လွှတ်ရနိုင်ကြောင်း
ဒီကေဘီအေနှင့် နီးစပ်သူ စီးပွားရေးသမားတဦးက ပြောသည်။
၎င်းက “ဒီကေဘီအေက နယ်ခြားစောင့်တပ် မပြောင်းခင် ဒီဒေသကို သိမ်းပိုက်ထားဖို့ ဆန္ဒရှိနေ
တယ်။ ခက်တာက တပ်မဟာ (၆) က ကေအန်ယူရဲ့ ကင်းပုန်းတပ်တွေပဲ ရှိတယ်။ ဌာနအနေနဲ့
အတည်ချထားတာ မရှိတော့ တပ်မဟာ (၇) ကို တိုက်သလို အပြတ်လုပ်လို့မရဘူး။
ဒါပေမယ့် ၂၀၁၀ ခုနှစ်ကျရင် အဓိကကျတဲ့ မဲကသာတို့လိုနေရာကိုတော့ ကေအန်ယူ လက်လွှတ်
ရဖို့ ရှိတယ်။ ဒါကို သိလို့ ကေအန်ယူကလည်း အဲဒီကသစ်တွေကို အခုလို အကုန်ထုတ်ရောင်းနေတာ
ဖြစ်တယ်” ဟု ပြောသည်။
ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်တို့က ပိတ်ပင်ထားသော်လည်း ထိုင်းစီးပွားရေးသမား
တို့က နှစ်ဖက်ညှိနှိုင်းကာ သစ်နှင့် အခြားသဘာဝသယံဇာတတို့ကို (၁၄) တန် တင်ဆောင်နိုင်သည့်
ကားကြီးတို့ဖြင့် ထိုပိတ်ထားသည့်ဂိတ်မှတဆင့် တလလျှင် အနည်းဆုံး (၂) ကြိမ်၊ (၁) ကြိမ်လျှင် ကား
အစီးရေ (၁၀) စီးဝန်းကျင် ဖြတ်သန်းလျက်ရှိကြောင်း မြို့ခံတို့က ပြောသည်။

ခေတ်ပြိုင်မှ တိုက်ရိုက်ကူးယူဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....