• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, December 8, 2013

အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်

အစိုးရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် KNU ၏ 

သဘောထား ဆက်သွယ် မြေးမြန်းချက်

Sunday, 08 December 2013
Written by ရွှေဟင်္သာ သတင်းဌာန

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒုတိယအကြိမ် ဗဟိုအမြဲတမ်းကော်မီတီ၏ ပုံမှန်အစည်းအဝေးသည် ဒီဇင်
ဘာ (၂)ရက်နေ့ စတင်ပြီး (၅)ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ် ၎င်းတို့၏ လေးဝါး ခေါ်လောခီးလာစခန်းတွင်ပြီး ဆုံးခဲ့ကြောင်း အတွင်းရေးမှူး(၂) ဖြစ်သူ ပဒိုမန်းမန်း ကဆိုပါသည်။

ယင်းအစည်းအဝေးသို့ ကိုယ်စားလှယ်(၄၅)ဦးခန့်တက်ရောက်ပြီး (၁၅)ကြိမ်မြောက်ညီလာခံ၏ လုပ်ငန်းစဉ်များ ကို
ပြန်လည် သုံးသပ်ခဲ့ပါသည်။
ထို့အပြင် နိုဝင်ဘာ (၄)ရက်နေ့၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ကျင်းပသော အစိုးရနှင့် တိုင်းရင်းသား လက်
နက်ကိုင်များ အစည်းအဝေးမှ အစိုးရဖက်တင်ပြထားသော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း ကို
လည်း ဆွေးနွေးခဲ့ပါသည်။

ယင်းမူကြမ်းအပေါ် KNU ခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်ချက်များနှင့်ပါတ်သက်ပြီး ရွှေဟင်္သာသတင်းဌာနသည်
အတွင်းရေးမှူး(၂)အား အောက်ပါအတိုင်း မေးမြန်းခဲ့ပါသည်။

မေး။ ။ (KNU) ရဲ့ဒုတိယအကြိမ် ဗဟိုအမြဲတမ်းကော်မီတီပုံမှန်အစည်းအဝေးမှာ အစိုးရကတင်ပြထားတဲ့ တနိုင်ငံ
လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိစ္စ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
အဲဒီအပေါ် ဘယ်လိုသဘောရပါသလဲ။

ဖြေ။ ။ ဝေဖန်သုံးသပ်ချက်တွေက အများကြီးပါ။
လက်ခံနိုင်စရာမရှိပါဘူး။
ပြီးတော့ ပြောချင်တာက KNUရဲ့သဘောထားထက် တိုင်းရင်းသားတွေရဲ့ သဘောထားဘဲဖြစ်ချင်တယ်။
ဒါပေမဲ့ အစိုးရစာချုပ်မူကြမ်းရဲ့ အဓိကပြဿနာကတော့ သုံးထားတဲ့ဝေါဟာရတွေက အချိန်အခါအခြေအနေနဲ့ မညီ
တာလဲ ပါပါတယ်။
အချက်အလက်အရ ထောက်ပြရမယ်ဆိုရင်တော့ အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်တဲ့။
ဒီတော့ ဒီအချိန်မှာ အဲဒီလိုအတိအလင်းပြောရင် ဘယ်သူကလက်ခံမှာလဲ။

တိုင်းရင်းသားတွေအတွက် နိုင်ငံရေးအရ ဘာအာမခံချက်မှမရှိသေးတဲ့အချိန်မှာ ဒီလိုပြောလာရင်ဘယ်သူမှ လက်
ခံမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြတယ်လေ။
လက်တွေ့မကျဘူးပေါ့ နော်။
ဒီအချိန်မှာ အဲဒီလိုပြောရင် လက်နက်ချခိုင်းရာ ရောက်တော့တာပေါ့။
ဒါပေမဲ့ လက်မခံစေချင်လို့ ထည့်ရေးရင်တော့ မပြောတတ်ဘူးပေါ့။
ပြီးတော့ စာချုပ်မှာ တည်ဆဲဥပဒေလို့ သုံးပါတယ်။
တိုင်းရင်းသားတွေနဲ့ ချုပ်တဲ့စာချုပ်စာတမ်းတွေမှာ တည်ဆဲဥပဒေအရလို့ သုံးရင် ဖြစ်နိုင်ပါ့မလားပေါ့။ ဥပမာအားဖြင့် ပြောတာပါ။
ဝေဖန်ထားတဲ့အချက်တွေက အများကြီးပါ။
တိုင်းရင်သားတွေဖက်ကတော့ ဒီစာချုပ်အရဆိုရင် ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။
ခြေချုပ်ထားသလိုမျိုး ခံစားကြတယ်။
လက်တွေ့မဖြစ်နိုင်တဲ့စာချုပ်မျိုးဘဲလို့ အတိုချုပ်အားဖြင့် ပြောနိုင်ပါတယ်။

မေး။ ။ ဒါဆိုရင် KNUဖက်က လက်မခံနိုင်ဘူးပေါ့။

ဖြေ။ ။ ကျနော်တို့ လက်မခံဘူးဆိုတာထက် တိုင်းရင်းသားတွေ လက်ခံနိုင်အောင်လည်း သဘောထားကြီးကြီးနဲ့
တင်ပြဖို့လိုတယ် မဟုတ်ဘူးလား။
အမြဲတမ်း အပေါ်စီးကနေဘဲ ပြောနေလို့ရှိရင် လက်တွေ့မကျဘူးပေါ့။
ကျနော်တို့ လက်ခံတဲ့အချက်တွေကတော့ တိုင်းရင်းသားတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း
ရေးအ ဖွဲ့ (NCCT)ကို တင်ပြထားပြီးပြီလေ။

မေး။ ။ ဆရာတို့ KNUဖက်က (NCCT) ကို ဘယ်လိုမျိုးတင်ပြထားလဲ။
ရှင်းပြခွင့်ရှိရင် ပြောပြပါလား။

ဖြေ။ ။ ကျနော်တို့ KNUကတော့ အစိုးရရဲ့စာချုပ်မူကြမ်းကို ဝေဖန်သုံးသပ်ထားတာဘဲရှိတယ်။
ကျနော်တို့ရဲ့ အကြံပြုချက်တခုလုံးကိုတော့ (NCCT) ရေးဆွဲထားတဲ့ စာချုပ် မူကြမ်းတွေမှာ ဖြည့်စွက်ထားတာဘဲ ရှိတယ်။
အကြမ်းအားဖြင့်ပြောရရင် ဒီလိုပါ။
NCCTရဲ့ ပထမမူကြမ်းကတည်းက၊ မူကြမ်းရဲ့အောက်လိုင်းကိုဆွဲကတည်းကပေါ့၊ ကျနော်တို့ ဗဟိုကော်မီတီ အလုပ်
အမှုဆောင်အဖွဲ့မှာ အကြံပြုထားပြီးသားဖြစ်ပါတယ်။
အဲဒီအကြံပြု တင်ပြထားတဲ့အချက်ကို NCCTက ပြန်ဆွေးနွေးတယ်။
ပြီးတော့ အဲဒါကိုတခါ NCCT မူကြမ်း ပြန်ဖြစ်လာတယ်။
ပြီးတော့ အဲဒီထွက်လာတဲ့မူကြမ်းကို ကျနော်တို့ ဗဟိုကော်မီတီက ပြန်ဆွေးနွေးတယ်။
ဆိုတော့ အထွေအထူးတော့ ပြောစရာ ဖြည့်စွက်စရာ ပြင်ဆင်စရာ မရှိတော့ဘူးပေါ့။

မေး။ ။ အသေးစိပ်လေး ပြောပြနိုင်မလားဆရာ။

ဖြေ။ ။ အသေးစိပ်တော့ ပြောလို့မဖြစ်သေးဘူး။
NCCTက တခြားအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးရင် လေးဝါးမှာကျင်းပတဲ့ ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံမှာ ပြန်တင်
ပြပြီးတော့ အတည်ပြုကြမယ်။
ပြီးမှ အစိုးရဆီမှာ တင်ပြမှာပေါ့။

မေး။ ။ အဲဒီ အစိုးရနဲ့တွေ့တဲ့ကိစ္စကို မေးချင်ပါတယ်။
အစိုးရက နိုဝင်ဘာ (၂)ရက်နေ့မှာပြီးဆုံးသွားတဲ့ လိုင်ဇာက ပထမအကြိမ်ညီလာခံမှာ သဘောထားတမျိုးတင်ပြ
ထားတယ်။
အဲဒီအပေါ်မှာမှီပြီး တိုင်းရင်းသားတွေက ဆွေးနေီးကြတယ်။
ပြီးတော့ နိုဝင်ဘာ (၄)ရက်နေ့ မြစ်ကြီးနား ဆွေးနွေးပွဲရောက်တော့ နောက်ထပ်တမျိုးထပ်မံ တင်ပြတယ်လို့ကြား
တယ် ဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။
အဲဒီအကျိုးဆက်ကြောင့် ဒုတိယအကြိမ်ညီလာခံ ပေါ်လာတယ်လို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ အစိုးရနဲ့ဆွေးနွေးပြီးရင် နောက်ထပ်ပြန်ညှိရဦးမယ်ဆိုတာလည်း ရှိသေးတယ်လေ။
အဲဒီအခါမှာ ကျနော်တို့မှာ လာညှိကြမယ်လို့ ပြောထားတာလည်းရှိပါတယ်။
ဒါပေမဲ့ ညီလာခံအဆင့် ဖြစ်လာတယ်ဆိုတာက အစိုးရရဲ့ မတူညီတဲ့သဘောထားတွေလည်း ပါတယ်ပေါ့နော်။
အခုလည်း အဲဒီလိုမဖြစ်အောင် ထင်ပါတယ်။
အစိုးရ MPCက ဒုတိယအကြိမ်ညီလာခံမတိုင်ခင် တွေ့ဖို့ရှိတယ်လို့ NCCTက အကြောင်းကြားထားတာ ရှိပါတယ်။

မေး။ ။ နောက်တခု မေးချင်ပါသေးတယ်။
အစိုးရရဲ့ သန်းကောင်စာရင်းကိစ္စနဲ့ပါတ်သက်လို့ KNUကဆွေးနွေးတယ်လို့ ကြားတယ်။
ဘယ်လိုမျိုး ဖြစ်စေချင်လို့လဲ။

ဖြေ။ ။ အဲဒါတော့ နည်းနည်းပြောချင်တယ်။
ကရင်လူမျိုးစုဆိုတာက မျိုးနွယ်တွေပေါင်းထားတဲ့အပေါ် သတ်မှတ်ရမယ်လေ။
ကရင်လူမျိုးတွေမှာ မျိုးနွယ်စု (၁၁)စုရှိတယ် ဆိုပါတော့။
အဲဒါ ကရင်(၁၁)မျိုး ရှိတယ်လို့ သတ်မှတ်မလား။
အဲဒါ မဖြစ်သင့်ဘူးပေါ့နော်။ အဲဒီလို ခွဲပစ်မယ်။
ပြီးရင် နိုင်ငံရေးအရ အသုံးချမယ်။
အဲဒါကို စိုးရိမ်နေကြပါတယ်။
အခု အစိုးရတွေပြောနေတာက မြန်မာနိုင်ငံမှာ တိုင်းရင်းသား(၁၃၅)မျိုး ရှိတယ်တဲ့။
အဲဒါကို တည်ပြောနေပြီးတော့ နိုင်ငံရေးအရ အသုံးချနေတာမျိုး မဖြစ်သင့်လို့ပါ။
လူတမျိုး တမျိုးကနေနွယ်တဲ့မျိုးနွယ်စုတွေကို အဲဒီလူမျိုးစာရင်းမှာထည့်ပေးမှ သဘာဝကျမယ်လေ။
အဲဒါကို ဖြစ်စေချင်လို့ပါ။

“ဒီလိုမှမဟုတ်ရင် ကရင်လူမျိုးတမျိုးထဲမှာဘဲ တိုင်းရင်းသား (၁၁)မျိုးလောက် ပြန်ပြီးတော့မှ ကွဲသွားဖို့ ဖြစ်လာတဲ့
အခါကျတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကွဲတာများလို့ဆိုပြီး နိုင်ငံရေးအရ အကြောင်းပြလာနိုင်
တယ်။
ဒီလိုအကြံစည်မျိုးမဖြစ်ဖို့ ဆွေးနွေးခဲ့ကြတယ်။"

KNUသည် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ဒုတိယအကြိမ်ညီလာခံကို လာမည့်ဒီဇင်ဘာ ၁၈-၁၉-
၂၀ ရက်နေ့များတွင် လေးဝါးခေါ် လောခီးလာစခန်း၌ကျင်းပရန် ဆုံးဖြတ်ထားပါသည်။
ဤညီလာခံပြီးမှ အစိုးရနှင့်ဆွေးနွေးနိုင်မည့်ရက်ကို သတ်မှတ်နိုင်မည်ဟု ဆိုပါသည်။

Copy from http://www.phophtawnews.org/burmese/index.php/interview/item/916-knu.html


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)