• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, April 22, 2009

ပြန်လည်ဖေါ်ထုတ် ရေးသားခြင်း

စေတနာ စာကြောင်းလေးများ


အနာဂါတ်မျှော်မှန်းချက် ပြည့်မှီအောင်မြင်ရေးအတွက် အရေးကြီးဆုံး
ကာကွယ် စောင့်ထိန်းအပ်တဲ့ အရာသုံးမျိုးရှိပါတယ်



စောင့်ထိန်းကာကွယ်အပ်တဲ့အရာ သုံးမျိုးကတော့
ပြည့်တန်ဆာများနှင့် ပျော်ပါးခြင်း။
လောင်းကစားပြုလုပ်ခြင်း။
မူးယဇ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများနှင့် သေရည်သေရက်တို့
ကို သောက်စားသုံးစွဲခြင်း။
ဖေါ်ပြထားတဲ့ အရာသုံးမျိုးကို ကာကွယ်စောင့်ထိန်းနိုင်မယ်ဆိုရင်
မိမိဘဝကို အစဉ်အမြဲ ကောင်းမွန်တိုးတက်စေမှာ ဖြစ်ပါတယ်။


ပါဠိလာအရ
ပါပသ္မိံ ရာမတိ မနော
မနော စိတ်သည် ပါပသ္မိံ ညစ်ညမ်းသောအရာတို့၌
ရာမတိ လိုက်ပါပျော်မြူးစေတတ်၏


အသိတရား နည်းပါးသောသူတို့သည် အကောင်းနှင့်အဆိုးကို
ဝေဘန်ပိုင်းခြား သုံးသပ်ရာတွင် အလွန်အမင်း ခက်ခဲတတ်၏


မြတ်စွာဘုရား၏ ဆုံးမသြ၀ါဒ တရား၌
ကုသလံ အကုသလံ ဓမ္မာ၊ ဇာနာတိ မနောတီတိ မနုေဿာ
ကုသလံ အကုသလံ ဓမ္မာ ကုသိုလ် အကုသိုလ် တရားနှစ်ပါးကို
(ကောင်းသောအမှု မကောင်းသောအမှုတို့ကို)
ဇာနာတိ မနောတီတိ ကောင်းစွာ ခွဲခြား သိမြင်နိုင်သောသူသည်
မနုေဿာ လူသားစင်စစ်ဧကန်ဖြစ်၏

သုံးကြိမ်မြောက်
ကရင်လူငယ်လက်ရာ စာစောင်
ကရင့် သက္ကရာဇ် ၂၇၃၅ ခု။ ခရဇ်သက္ကရာဇ် ၁၉၉၆ ခု၊ December
ကရင်လူငယ် ပညာရှာမှီးရေးအဖွဲ့။

ရှာဖွေတင်ပြသူ မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

မေတ္တာရပ်ခံခြင်း
ကရင်ဘာသာမှ ဗမာဘာသာသို့ တိုက်ရိုက်ဘာသာပြန်ထားခြင်း
ဖြစ်ပါသောကြောင့် မှားယွင်းခြင်း၊ ချို့ယွင်းအားနည်းခြင်းများရှိပါက
ပြင်ဆင်ပေးစေလိုပါသည်။