မုနော်ဘာကြောင့်ဖြစ်ရ,တယ်
ပေါက်ပင်ဘာကြောင့်ကိုင်းရ,တယ်
(ခိုင်မာကျော်ဇော)
နယ်စပ်မြို့ကလေးထဲကို ခြေချလိုက်တယ်ဆိုတာနဲ့ မုနော်ဆိုတဲ့အသံကို ကျမစ,ပြီးကြားရပါတယ်၊ ကျမတောင် ယောင်ပြီးထူးမိသွားမလိုတောင် ဖြစ်သွားပါသေးတယ်၊ အိမ်မှာကျမ,တို့အားလုံးက အပျိုအရွယ်လေးတွေဆိုရင် မုနော်လို့ ချစ်စနိုးခေါ်ကြတာမဟုတ်လား? မြို့အဝင်ဈေးမှာတော့ မုနော်တွေတောင်လိုပုံနေတာကိုတွေ့ရ,တော့ ကျမ,တော်တော်လေးစိတ်ပျက်မိတယ်၊ ကြည့်ကြပါဦး ဈေးတန်းထဲကဆိုင်တွေမှာ “မုနော်” တွေက တိုးလို့တန်း လန်းနဲ့။
“မုနော်အလိုရှိသည်၊ ထိုင်းစကားပြောတတ်ရ,မည်” “မုနော်တယောက်လိုတယ်၊တလ,ဘတ်(၁၀၀၀)ရ,မယ်၊ ထိုင်းစကားပြောတတ်ရ,မယ်” “အိမ်ဖေါ်မုနော်လိုတယ်၊ဒီဆိုင်ကိုဆက်သွယ်ပါ” ကျမ လဲသေချင်စိတ်တောင် ပေါက်မိပါတယ်၊ ကုန်ခြောက်ဆိုင်ထဲမှာလည်း မုနော်၊ စားသောက်ဆိုင်ထဲမှာလည်း မုနော်၊ အထည်ဆိုင်ထဲမှာ လည်း မုနော်၊ ကလေးထိန်းတော့လည်း မုနော်၊ အိမ်ဖေါ်တွေလည်း မုနော်၊ ကုန်ကုန်ပြောရ,ရင် နေ့ပြန်တိုးနဲ့ ဝက်သားတုတ်ထိုးရောင်းတဲ့ လမ်းဘေးဆိုင်ထဲမှာတောင် မုနော်က ရှိနေပြန်တယ်။
“မုနော် ဒီပန်းကန်တွေမြန်မြန်ဆေးလိုက်ပါဦး၊ မုနော် စားပွဲခုံတွေသုတ်လိုက်ပါဦး၊ မုနော် ဟင်းအိုးမီးထိုးလိုက်ဦး” နဲ့ ကောင်မ,လေးကို ဝက်ဆီတွေပြန်ဟပ်နေတဲ့ ဝက်သားတုတ်ထိုးသည်အမ,ကြီးက တခုပြီးတခုမပြတ်တမ်းခိုင်း နေပါတော့တယ်၊ ကောင်မ,လေးနာမည်က မုနော်လား?လို့မေးတော့ မဟုတ်ဘူးတဲ့၊ဘာကြောင့်ဒီလိုခေါ်တာလဲ ဆိုတော့ သူများတွေခေါ်လို့ခေါ်တာတဲ့။
မုနော်ဆိုတာ ပိုးကရင်တွေရဲ့စကားရပ်ပါ၊ သမီးမိန်းကလေး အပျိုလေးကို (သမီးလေး ဖိုးမုနော်)၊ အပျိုလေး (မုနော်)လို့ မိဘမောင်ဘွား ဘိုးဘွားတွေက ချစ်စနိုးခေါ်ကြတာပါ၊ အခုတော့ မုနော်တဲ့၊ တော်တော့ကိုအခံရ, ခက်လှတယ်၊ “ကရင်လူမျိုးတွေရဲ့ မြတ်မြတ်နိုးနိုး ချစ်စနိုးသင်္ကေတ”အခုတော့ အဲဒီသင်္ကေတ,ကနေ အိမ်ဖေါ်မ, ဘဝ၊ ဈေးသည်မ,ဘဝရောက်ခဲ့ရတယ်၊ ဒါ ဘယ်သူ့မှာတာဝန်ရှိသလဲ? ခေါ်တဲ့လူရဲ့အပြစ်လား? အခေါ်ခံတဲ့လူရဲ့ အပြစ်လား? ခေါ်တဲ့လူကလည်း အမှုမဲ့အမှတ်မဲ့၊ အခေါ်ခံရ,တဲ့လူကလည်း သတိမမူမိ၊ ကျမတယောက်ထဲ မေး ခွန်းတွေထုတ်ပြီးရင်းထုတ်နေမိတယ်။
အခေါ်ခံနေတဲ့လူတွေကလည်း ခံနေလေတော့ ကြာရင်“မုနော်”ဆိုတဲ့စကားဟာ “အခိုင်းအစေ၊အစေခံ၊အိမ် ဖေါ်” တွေကိုညွှန်းဆိုတာလို့ မှတ်နေတော့မယ်၊ ကြာရင်လူမျိုးလက္ခဏာတွေပါ ပျောက်ရ,မယ့်ကိန်းဆိုက်နေပြီ၊ ပြောရင်တော့ ဒီဘူတာပဲဆိုက်တယ်ပြောဦးမှာပဲ၊ ဒီကိစ္စဟာ တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့မတရား ရ,ယူထားတဲ့ အသုံးမကျတဲ့သူတွေရဲ့ တာဝန်များသာဖြစ်ပါတယ်၊ တတိုင်းပြည်လုံး ဆင်းရဲမွဲတေငတ်ပြတ်နေမှ တော့ သူများနိုင်ငံထဲ ကျွန်ဘဝရောက်ရ,တာဟာ ဆန်းမှမဆန်းပဲ၊ ဒီလိုနဲ့ပဲ ကရင်မ,လေးတွေ သူမျာလက်တို လက်တောင်းခိုင်းစရာဖြစ်ခဲ့ရ,တယ်။
တကယ်တော့ ကရင်မ,လေးတွေမှမဟုတ်ပါဘူး ရှမ်း၊ မွန်၊ ဗမာ၊ ကချင်၊ ကရင်နီ၊ ရခိုင်လူမျိုးတွေလည်း ဒီလို ဒုက္ခတွေ ရင်ဆိုင်ဖြတ်သန်းနေကြရ,တာပါ၊ အာဏာရှင်တွေက ဒီကိစ္စကိုဖန်တီးသလိုဖြစ်နေတော့ ဒါကိုဘယ် သူဖြေရှင်းပေးနိုင်မလဲ? မေးစရာကောင်းတဲ့ အမေးတခွန်းပါ၊ အရင်းခံက သူတို့ပေါ့၊သူတို့မလုပ်နိုင်တော့ ကိုယ့် ဘာသာဖြေရှင်းလုပ်ကိုနေရ,တာတွေက တပုံတပင်၊ အဲဒီတော့ ဒီကိစ္စလည်း ကိုယ့်အသိစိတ်ဓါတ်တွေနဲ့ကိုယ် ဖြေရှင်းကြရ,မယ့်ကိစ္စဖြစ်လာပြန်ပါတယ်။
အထူးသဖြင့် ကရင်လူမျိုးတွေ“မူးဏင်”တွေကိုယ်တိုင်ကလည်း ကိုယ့်လူမျိုးကိုယ့်ရဲ့သင်္ကေတ,ကို မြတ်နိုးထိန်း သိမ်းဘို့လိုပါတယ် ဒီလိုတော့မခေါ်ပါနဲ့ ဒီလိုခေါ်တာလူမျိုးတမျိုးရဲ့ဂုဏ်ကို ညှိုးနွမ်းစေတယ်၊နှိမ်သလိုဖြစ်စေ တယ်ဆိုတာမျိုးလည်း ခေါ်တဲ့သူတွေကိုရှင်းလင်းပြောပြဘို့လိုပါတယ်။
လူမျိုးတမျိုးရဲ့အမြတ်တနိုးဖြစ်စေတဲ့အရာတွေ ပျက်ပြယ်မသွားစေဘို့ထိန်းသိမ်းကြရ,မှာ လူမျိုးတိုင်းရဲ့တာဝန်ဖြစ် တယ်ဆိုတာကိုလည်း သဘောပေါက်ထားဘို့လိုပါတယ်၊အချို့အလုပ်ရှင်တွေကိုကြောက်လို့ ပြန်မပြောရဲကြဘူး၊ တချို့ကလည်း ခေးချင်ခေါ်ပါစေ အလုပ်ရ,ဘို့၊ အလုပ်ဖြစ်နေဘို့သာ အဓိက,လို့သဘောထားသူတွေလည်းရှိနေ ပါတယ်။
ဆင်းရဲလို့ ကိုယ့်နိုင်ငံမှာအလုပ်မရှိလို့ မျက်နှာငယ်အောက်တန်းကျတဲ့အလုပ်ကို လုပ်နေရ,တယ်ဆိုပေမယ့် ကိုယ့်အမျိုးဂုဏ်သိက္ခာကို ထိန်းသိမ်းရ,မှာက လူတိုင်းရဲ့တာဝန်ပါ၊ ထိုင်းလူမျိုးအလုပ်ရှင်တိုင်း ရိုင်းစိုင်းကြတဲ့လူ တွေမဟုတ်ပါဘူး၊ တချို့အလုပ်ရှင်တွေဟာ အလုပ်သမားတွေအပေါ် စာနာမှု၊ နားလည်မှု၊ သနားကြင်နာမှုတွေ ရှိတတ်ပါတယ်၊ ဒီလိုအခြေအနေမျိုးဆိုရင် ဆွေးနွေးပြောပြဘို့လိုပါတယ်၊ ကိုယ့်ရဲ့နိုင်ငံသားအချင်းချင်းကရော ဒီ လိုစကားမျိုးကို သတိထားဆင်ခြင်နိုင်အောင် အခေါ်ခံရ,သူက ရှင်းပြသင့်ပါတယ်။
ကျမကြားဘူးတဲ့ တဘောင်စကားလေးရှိပါတယ်၊ ဗမာလူမျိုးတွေအတွက်ဒီစကားရပ် ပေါ်လာခဲ့တာကြာပါပြီ၊ “တရုတ်က,ဖိ ရှမ်းက,အိ ရှိသည့်ဗမာ တောင်ဘက်မှာ” တဲ့။ မြန်မာနိုင်ငံသားတွေ တောင်ဘက်စွန်းမှာရှိတဲ့ ထိုင်း နိုင်ငံနေရာအနှံ့အပြားမှာ ရောက်နေကြရ,ပါပြီ၊ “မုနော်”ဆိုတဲ့စကားလုံးလေးတလုံးကနေ နိုင်ငံတခုလုံးအတွက် လွှမ်းခြုံစဉ်းစားလိုက်တော့ ကြက်သီးထ,မိတဲ့အထိ တုန်လှုပ်မိပါတယ်။
လူမျိုးတမျိုး နိုင်ငံတနိုင်ငံရဲ့ သမိုင်းစဉ်မပျောက်ကွယ်ဘို့ဆိုတာ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာ ပေတွေနဲ့ ဆက်နွယ် နှီးနှောဖလှယ် ရောယှက်နေတာပါ၊ တဘက်က,လူမျိုးရေးအရ,သုတ်သင်ရှင်းလင်းမှုတွေ အာဏာရှင်က ပြုလုပ်ဖန်တည်းနေသလို တဘက်ကလည်း လူမျိုးစုငယ်တွေကိုဒုက္ခအမျိုးမျိုးရောက်အောင်ဖိနှိပ် ပြီး ကိုယ့်နိုင်ငံကိုယ့်ဒေသ,မှာ မနေနိုင်အောင်လုပ်နေတယ်။
ကိုယ့်လူမျိုးက,မှ ဒီကိစ္စတွေကို သတိရှိရှိမထိန်းသိမ်းဘူးဆိုရင် ကျမတို့လူမျိုးငယ်တိုင်းရင်းသားတွေဟာ တချိန် မှာ ပြတိုက်ထဲ အထည့်ခံရ,မယ့်အဆင့်ကိုရောက်သွားနိုင်ပါတယ်၊ ဒီကနေ့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့တိုင်း ရင်းသားလူမျိုးများ ဆိုပြီး အာဏာရှင်တွေက,တိုင်းရင်းသားကျေးရွာပြတိုက်ကို လုပ်ဆောင်နေပါပြီ၊ သူတို့ရည် ရွယ်ချက်က ကမ္ဘာလှည့်ခရီးသည်များအတွက်ပြုလုပ်ခြင်းလို့ ပြယုဂ်ပြုထားပါတယ်၊ ရန်ကုန်မြို့နဲ့မဝေးလှတဲ့နေ ရာမှာ တိုင်းရင်းသားများကျေးရွာကိုပြုလုပ်ထားပြီး ဒေါ်လာရှာဘို့ကြိုးစားနေပါတယ်။
ကျမတို့နိုင်ငံသား တိုင်းရင်းသားလူမျိုးတွေကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ အသီးသီးကျွန်ဘဝနဲ့အသက်ရှင်ရုန်း ကန်နေကြရ,တာဟာ နာကြဉ်ကြေကွဲစရာကောင်းလှပါတယ်၊ မလေးရှားကိုရေလမ်းခရီးကနေရောက်သွားတဲ့ ကျမသူငယ်ချင်းရဲ့မောင်လေးဟာ တရားမဝင်ခိုးဝင်မှုနဲ့ ငွေဒါဏ်အပြင်၊ ကျောပြင်မှာဗျောတင်လိုက်သလို ကြိမ် ဒါဏ်ပါရ,သွားလို့ မလေးရှားတော့ တော်ပါပြီ တဲ့။
သူ့တော်ပါပြီအပြောက သိပ်ကြာကြာမခံပါဘူး၊ မြန်မာပြည်ကိုပြန်ရောက်ပြီး အလုပ်အကိုင်မရှိလို့ ထိုင်းနိုင်ငံကို ထွက်လာပြီး ရ,ရာအလုပ်ကိုလုပ်ကိုင်နေရပြန်ပါတယ်၊ ဇစ်မြစ်ကိုလှန်တော့ ပေါက်ပင်ဘာကြောင့်ကိုင်းရ,တယ် ကအစ,ချီပြီး ငါ့ဝမ်းပူဆာမနေသာ မှာ ဆုံးမယ့်ကိစ္စတွေပါပဲ၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွါမသွားနိုင်အောင် အာဏာရှင်တွေ စီမံကွပ်ကဲနေပါတယ်။ အဲဒါကတော့ နယ်စပ်နိုင်ငံတွေကိုသွားမယ့် လူငယ်လူရွယ်တွေကို ဖမ်း မယ်ဆီးမယ်ဆိုတဲ့အမိန့်စာကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထုတ်ပြန်ခြင်းပါ၊ အိမ်နီးချင်းနိုင်ငံတွေဆီ ဦး တည်နေတဲ့ လိုင်းကားတွေပေါ်က အသက်အရွယ်ငယ်သူတွေကိုဆွဲချနေခြင်းပါ။ကျမတို့နိုင်ငံရဲ့ အာဏာပိုင်များ စီမံခန့်ခွဲမှုကတော့ အရပ်ရပ်နေပြည်တော် ကြားလို့မှမတော်။
တကယ်လိုအပ်နေတာက တိုင်းပြည်စီးပွါးရေး ဦးမော့လာဘို့၊ တိုင်းရင်းသားအားလုံး တပြေးညီဖြစ်ဘို့၊ စာပေ ယဉ်ကျေးမှု မြှင့်တင်ဘို့၊ ပြည်တွင်းငြိမ်းချမ်းရေးတွေရ,ဘို့ ဆိုတာနိုင်ငံ့ဥသျှောင်ကြီးများ အသိခေါက်ခက် အဝင် နက်နေလေရော့သလား?
ခိုင်မာကျော်ဇာ
Computer ကိုတခါမှ မမြင်ဘူးသေးခင်တုန်းက စာစီစာရိုက်သင်ပေးတဲ့ KIC ရဲ့ အယ်ဒီတာချုပ်လည်းဖြစ်ခဲ့တဲ့ ကဗျာဆရာမ ခိုင်မာကျော်ဇောကို (မခိုင်)ကျုပ်လေးစားဂုဏ်ပြုတဲ့အနေနဲ့ တတိယအကြိမ်မြောက် အားမာန်သစ် မဂ္ဂဇင်းက ၂၀၀၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့မှာထုတ်ဝေတဲ့ ဆရာမ ခိုင်မာကျော်ဇောရဲ့ ဆောင်းပါးကို မူရင်း အတိုင်း ကူးယူရေးသားဖေါ်ပြထားခြင်းဖြစ်ပါတယ်။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး