တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့
အပိုင်း(ဂ)
(မင်းစိုးစံ)
အပိုင်း(ဂ)
(မင်းစိုးစံ)
ကျုပ်လွန်ခဲ့တဲ့ အပါတ်တုန်းက ဘာသာစကားမတတ်ပဲ အလုပ်ဝင်လုပ်ခဲ့ကြတဲ့ ဒုက္ခသည်အချို့ပြောပြချက်တွေ ကို ရေးသားဖေါ်ပြခဲ့ပါတယ်။ ဘာသာစကားမတတ်ခြင်းဟာ အလွန်ကိုကြီးမားတဲ့ဒုက္ခဖြစ်သလို မိမိရ,သင့်ရ, ထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတာမျိုးတွေလည်း အများအပြားကြုံတတ်ပါတယ်။
အဲဒီတော့ထင်စရာရှိလာတာက အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံတခုဖြစ်သလို ဖွံ့ဖြိုးတိုး တက်ရုံတင်မက, လူ့အခွင့်အရေးအပြည့်အဝ,ရှိတဲ့ ဒီမိုကရေစီနိုင်ငံတနိုင်ငံက ဒုက္ခသည်တွေကို ခေါ်ပြီးတမင် ဒုက္ခပေးနေတာလား? လို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။
“အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားဆိုတာ ငါတို့ဒုက္ခသည်တွေအတွက် သော့တချောင်းနဲ့အတူတူပဲ၊ သော့ရှိရင်သော့ ခလောက်ကိုဖွင့်လို့ရ,သလို အင်္ဂလိပ်စကားတတ်ရင် ငါတို့အတွက်အခွင့်အရေးတွေကအများကြီး၊ အင်္ဂလိပ်စ ကားမတတ်လို့များကတော့ကွာ သော့ခတ်ထားတဲ့တံခါးရဲ့အခန်းထဲမှာ ကိုယ်ရ,ရ,မယ့်ပစ္စည်းကို သော့မရှိလို့တံ ခါးမဖွင့်နိုင်တဲ့လူလို ဖြစ်သွားနိုင်တယ်၊ ဒါကြောင့် တတိယနိုင်ငံကို မထွက်ခင် စာကိုသာဖိသင်ထားကြဟေ့” ဒါကတော့ မနီလွိုင် ဗမာကျောင်းသားများစခန်းက လူတယောက် စခန်းထဲကလူတွေကို ပြောခဲ့တဲ့စကားဖြစ်ပါ တယ်။
ဟုတ်ပါတယ်၊ အမေရိကန်နိုင်ငံမှာ လူမှုဖူလှုံရေးအသင်းအဖွဲ့တွေအများကြီးရှိပါတယ်၊ အစားအသောက်၊ အဝတ် အထည်၊ အိမ်ထောင်ပရိဘောဂ,ပစ္စည်း၊ ကလေးငယ်များအတွက် အထူးကျန်းမာရေးပံ့ပိုးမှုအစီအစဉ်များ၊ သက် ကြီးရွယ်အိုနဲ့ မသန်မစွမ်းသူများအတွက် ကူညီထောက်ပံ့ရေးအစီအစဉ်တွေ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အ ဖွဲ့တွေ အများကြီးမှတကယ့်အများကြီးရှိပါတယ်၊ အချို့အိမ်မှာ မီးဘိုး(လျှပ်စစ်မီတာခ,) အပူငွေ့ပေးတဲ့(Gas) တွေအတွက် ကူညီပြီးလျှောက်ပေးတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။
စောစောကပြောသလို စကားပြောတတ်ရင် သော့တချောင်းနဲ့တူတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီလိုကူညီ ဆောင်ရွက်ပေးသူတွေကတော့ လူမှုရေးနဲ့ပတ်သက်တဲ့အသင်းအဖွဲ့တွေက ငှားရမ်းထားတဲ့သူများရှိကြသလို စေတနာနဲ့ လာပြီးကူညီပေးကြတဲ့သူတွေလည်းရှိကြပါတယ်၊ အထူးသဖြင့်ကတော့ တက္ကသိုယ်တခုခုကိုတက် ရောက်သင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူများက အားလပ်ချိန်မှာ အနားမယူပဲလာရောက်ကူညီ ပံ့ပိုး တာမျိုးလည်းဖြစ်နိုင်ပါတယ်။
မိမိတို့ရဲ့ သားသမီးတွေကျောင်းက,စာတွေကို နားမလည်တာတွေရှိရင် ကူညီသင်ကြားပေးတတ်ကြသလို ဈေး ဆိုင်မှာဝယ်ယူစားသောက်နိုင်ဘို့အတွက် သူတို့ကားနဲ့ဆိုင်ကိုခေါ်သွားမယ်၊ ဝယ်ပြီးရင်အိမ်တိုင်ရာရောက်ပြန်ပို့ ပေးတာမျိုးတွေအထိကူညီတတ်ကြပါတယ်၊ အဲဒီအတွက် သူတို့ကို အခ,ကြေးငွေတစုံတရာပေးဆောင်စရာမလို ပါဘူး။
တခုတော့ရှိပါတယ်၊ အဲဒီလိုအခွင့်အရေးတွေ အကူအညီတွေကို ထောက်ပံ့ကူညီရာမှာတော့ ပြည်နယ်တခုနဲ့တ ခု ရရှိကြပုံချင်း မတူတာကိုတော့သိထားရပါမယ်၊ ဖြစ်နိုင်ရင် ကိုယ့်လူမျိုးတွေအခြေချနေထိုင်တဲ့နေရာကို အရင် ဆုံးရောက်ဘို့အရေးကြီးပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အခက်အခဲရှိလာရင် ကြုံလာရင် သူတို့တတွေက ကိုယ့်ထက် စောစောစီးစီးရောက်နေသူဆိုတော့ အနည်းနဲ့အများဖြေရှင်းပေးနိုင်ပါလိမ့်မယ်၊ သူတို့မတတ်နိုင်ဘူး ဆိုရင်တောင် ဘယ်နေရာကိုသွားပြီး ဘယ်သူနဲ့တွေ့ရင်ဖြင့် အဆင်ပြေမယ်ဆိုတာကို လမ်းကြောင်းလေးတွေ ပေးနိုင်တဲ့အတွက် ကိုယ့်အမျိုးသားတွေမရှိတဲ့နေရာကို ရောက်သွားကြသူတွေထက် အများကြီးသက်သာပါ တယ်။
အမေရိကန်နိုင်ငံကိုရောက်လာပြီဆိုတာနဲ့ ဘာတွေအရင်လုပ်ရ,မလဲ၊ ဘယ်လိုအကူအညီတွေရ,မလဲ၊ ဘာတွေ ရမှာလဲ၊ ဘယ်လောက်ရမလဲ၊ အကူအညီတွေက ဘယ်လောက်ကြာကြာရမှာလဲ၊ အကူအညီယူနေတဲ့အချိန်မှာ ဘယ်လိုစည်းကမ်းချက်တွေ၊ ဥပဒေတွေကို လိုက်နာရမလဲ၊ အဲဒါတွေကိုသိထားမယ်ဆိုရင်တော့ ဆောင်ရမယ့် အရာတွေ ရှောင်ရမယ့်အရာတွေကို ဆောင်နိုင်ရှောင်နိုင်မှာဖြစ်တဲ့အတွက် နောက်အပတ်ကျရင် အစိုးရမဟုတ် တဲ့အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေသူတဦးရဲ့ပြောဆိုဆွေးနွေးချက်တွေကို အကြမ်းဖျဉ်း ရေးသားဖေါ်ပြပေး သွားမှာဖြစ်ပါတယ်။
ဆက်လက်ဖေါ်ပြပါမည်
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)