• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, January 12, 2010

သူယုံကြည်ရာ ကဏ္ဍ VOA Burmese Section


VOA Burmese Section ကစီစဉ်ထုတ်လွှင့်တဲ့သူယုံကြည်ရာကဏ္ဍကနေပြီးတနိုင်တပိုင် တတ်နိုင်သလောက် လူမှုရေးပရဟိတ အကူအညီပေးနေသူ မခင်ဝေဝေခိုင်ရဲ့ ယုံကြည်ချက်ကိုနားထောင်ပြီး ပြန်ရေးပြထားတာပါ။

ကျွန်မ,ယုံကြည်တာကတော့ ကိုယ်တဦးတည်းအဆင်ပြေနေရုံနဲ့ မကြေနပ်သင့်ပါဘူး၊ နီးစပ်ရာပတ်ဝန်းကျင်က, လူတွေကို တတ်နိုင်သလောက်ကူညီစောင့်ရှောက်ပေးသင့်ပါတယ်လို့ ကျွန်မယုံကြည်ပါတယ်။
ကျွန်မတို့တိုင်းပြည်မှာက သာမန်လူတန်းစားတော်တော်များများတောင် မပြေလည်ကြတော့ဘူးလေ၊ အဲဒီတော့ ကိုယ်ကိုယ်တိုင်ကလည်း အများထဲကတယောက်ဖြစ်နေတော့ ကယ်တင်ရှင်ကြီးလိုမျိုးမလုပ်ပေးနိုင်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က,လူတွေကို တတ်နိုင်သလောက်ကူညီစောင့်ရှောက်ပေးပါတယ်။
မပြေလည်တဲ့ပတ်ဝန်းကျင်မှာ ဒီလိုမျိုးဖြစ်နေတာကို လျှစ်လျှူရှုမထားသင့်ဘူးပေါ့၊ အထူးသဖြင့်အခြေခံလူတန်း စားတွေမှာ သူတို့အဓိက,ဖြစ်နေတဲ့ပြဿနာကတော့ အခု နာမကျန်းဖြစ်ရင်တောင် ဖြစ်သလိုဆေးဝယ်သောက် ရတယ်၊ တနေ့ဝမ်းစာတောင် တနေ့မဖူလုံတဲ့အခြေအနေမျိုးမှာ ဆေးခန်းဆေးရုံဆိုတာလည်း မသွားနိုင်ကြ တော့ လမ်းဘေးဆေးဆိုင်မှာ ဘာမှန်းမသိရောင်းတဲ့ဆေးကို ဝယ်သောက်ပြီးတော့ အနားတခြားဆေးတခြား တွေဖြစ် ဒုက္ခရောက်တာတွေအများကြီးပဲပေါ့လေ။

အဲဒီတော့ ကိုယ်သိတဲ့လူလေးတွေကတဆင့် လိုရင်လိုသလို တကယ်လိုအပ်တဲ့ဆေးလေးကို လိုအပ်တဲ့အချိန် လေးမှာ လှူဒါန်းလိုက်နိုင်တယ်ဆိုရင်လည်း သူ့အတွက်လည်းအကျိုးရှိတယ်၊ ကိုယ်လည်းကုသိုလ်အများကြီးရ, တယ်ပေါ့၊ အကယ်၍ အဲလိုပေါ့ အလုပ်သမားလေးတွေ ဘာလေးတွေလာတယ်၊ သူတို့မှာကလေးတွေရှိတယ်၊ ဘာညာဆိုရင်လည်း အဝတ်ကလေးတွေ ဟို အရုပ်လေးတွေ အစားအသောက်ကလေးတွေ အဲလိုမျိုးပေးလိုက် တယ်ဆိုလို့ရှိရင် သူတို့ပျော်သွားတဲ့မျက်နှာမျိုး သူတို့ဖြစ်သွားတဲ့ပီတိလေးတွေကိုကြည့်ပြီး ကိုယ်ကလည်းကြေ နပ်ရ,တာပေါ့နော်။
သူတို့ကလေးကိုဂရုစိုက်တယ်ဆိုတဲ့ စိတ်မျိုးလေးရှိတဲ့အခါကျတော့ သူတို့ကလည်းကိုယ့်ကို စေတနာပြန်ထား တယ်ပေါ့၊ နောက် ဒီ မိဘမဲ့ကလေးကျောင်းတွေမှာ သွားတယ်ဆိုလို့ရှိရင်လည်း ကလေးတွေကိုဒီအတိုင်း လှူ လိုက်ကျွေးလိုက်တာထက် သူတို့နဲ့အချိန်ပေးပြီးတော့ ကိုယ်တတ်ထားလေးတွေကို မျှဝေပေးပြီးသင်ပေးတယ်၊
သူတို့နဲ့အချိန်ပေးပြီး ဆော့ကစားပေးတယ်၊ မေတ္တာငတ်နေတဲ့ကလေးတွေဖြစ်နေတဲ့အခါကျတော့ ကိုယ်ကသူ တို့ကို ညင်ညင်သာသာပြောဆိုဆက်ဆံတဲ့အခါမှာ တဒင်္ဂလောက်မှာတော့ သူတို့ကို လူဟာလူလို Trek လုပ်ခံ ရတယ်ဆိုရင်တော့ ဘယ်သူမဆိုပျော်တယ်လေ။
အဲလိုမျိုးဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်ကလည်း မိခင်တယောက်ဖြစ်တဲ့အခါကျတော့ ကိုယ့်သားသမီးချင်း ကိုယ်ချင်းစာတဲ့စိတ်နဲ့ ဒီလိုလူမှုရေးလေးတွေ လုပ်ပေးတယ်ပေါ့၊ ဟို ကိုယ့်အတွက်တော့ ဘာမှမပြောပ, လောက်ဘူး၊ ဒါပေမယ့်တဘက်သားမှာ ကိုယ်လုပ်ပေးလိုက်တဲ့ကိစ္စလေးတခု၊ အကူအညီလေးတခုဟာ အင်မ တန်ကိုအဆင်ပြေသွားတယ်ဆိုလို့ရှိရင် ကူညီရကျိုးလည်းနပ်ပါတယ်။
ဟို ကူညီတဲ့အခါမှာ ဟို မျှော်လင့်ချက်နဲ့မကူညီပဲနဲ့ ကိုယ်လုပ်ပေးနိုင်တာကို စိတ်ပြတ်ပြတ်နဲ့ ကူညီလိုက်လို့ရှိ ရင် နှစ်ဦးနှစ်ဘက်ပိုပြီးအဆင်ပြေတယ်ပေါ့နော်၊ လူလူချင်းညှာတာထောက်ထားတဲ့စိတ် ကိုယ်ချင်းစာတဲ့စိတ် ဆိုတာကတော့ လူတိုင်းမှာတော့ရှိသင့်ပါတယ်၊ ကိုယ့်ကိုဂရုစိုက်တယ်၊ သတိရ,တယ်ဆိုရင် ကိုယ်လည်းကြေ နပ်တယ်၊ သူများကိုလည်း အဲ့လိုမျိုးပြန်စဉ်းစားပေးသင့်တာပေါ့။
တခုခုကိုပြောတော့မယ် ဆိုတော့မယ်ဆိုရင်တောင် အဲဒီနေရာမှာငါသာဆိုရင်ဆိုတဲ့စိတ်ကလေး မွေးလိုက်လို့ရှိ ရင် ကိုယ်ချင်းစာစိတ်ဆိုတာက ပေါ်လာမှာပဲလေ၊ ကုသိုလ်လုပ်ရတဲ့ပီတိက ဘာနဲ့မှမတူဘူးပေါ့လေ၊ နောက်ပြီး တော့ တတ်နိုင်သလောက်ကူညီစောင့်ရှောက်ပေးလိုက်ရ,တယ်ဆိုပြီးတော့ ကြည်နူးတယ်၊ လုပ်လည်းလုပ်သင့် တယ်လို့လည်းယုံကြည်တယ်၊ ဒီထက်မကလည်းလုပ်ပေးသင့်ပါတယ်၊ ဘာလို့လည်းဆိုတော့ ပတ်ဝန်းကျင်မှာ က ကိုယ်ငယ်တဲ့ဘဝနဲ့ အခုခေတ်အပိုင်းအခြားနဲ့ ယှဉ်လိုက်တယ်ဆိုရင်ပဲ ဟို လူတွေအများကြီးပိုဒုက္ခရောက်နေ တယ်၊ တာဝန်ရှိတဲ့လူတွေက မလုပ်ပေးတဲ့အတွက် ကိုယ့်လူအချင်းချင်းမှမကူညီလို့ရှိရင် လူတွေဒီထက်ဒုက္ခ ရောက်ဘို့ပဲရှိတယ်။
ဒီတော့ဘာတခြားစိတ်ဓါတ်တွေမှ မရှိဘူးဆိုရင်တောင်လူလူချင်း ညှာတာထောက်ထားတဲ့စိတ်ကလေးနဲ့တော့ ကူညီပေးသင့်တယ်လို့ ကျွန်မ,ယုံကြည်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး