လူ့အဖွဲ့အစည်းနဲ့ နေတတ်ဘို့
(ကိုဇော်မင်းအောင်)
လျှပ်စစ်အင်ဂျီနီယာ
(ကိုဇော်မင်းအောင်)
လျှပ်စစ်အင်ဂျီနီယာ
လူဆိုတာ တဦးတယောက်တည်းနေတဲ့ သတ္တဝါမဟုတ်တဲ့အတွက် လူ့အဖွဲ့အစည်းနဲ့နေထိုင်တတ်ခြင်းဟာ လူ သားတယောက်အတွက် အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တဲ့ လူ့ အဖွဲ့အစည်းနဲ့နေထိုင်တတ်ခြင်းဆိုတာ သူ့အကျိုးကိုယ့်အကျိုးကိုနားလည် သူ့အမြင်ကိုယ့်အမြင်ကိုလေးစားပြီး တော့ သူတပါးရဲ့ယုံကြည်မှု ကိုယ့်ယုံကြည်မှုကို တန်ဘိုးထားတဲ့ နေထိုင်တတ်ခြင်းကို ကျွန်တော်ဆိုလိုခြင်း ဖြစ်ပါတယ်။
ခေတ်စံနစ်အကြောင်းကြောင်းတွေကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာလေ နောက်ပိုင်းခေတ်မျိုးဆက်တွေမှာ အသင်းအဖွဲ့နဲ့ ပါဝင်လှုပ်ရှားတဲ့လုပ်ဆောင်ချက်တွေ အားနည်းနေတယ်လို့ကျွန်တော်ထင်တယ်၊ အစောပိုင်း ခေတ်တွေမှာတော့ ကျွန်တော်တို့နိုင်ငံမှာ အသင်းဖွဲ့တွေအများကြီးရှိတယ်လေ၊ ကျောင်းတွေမှာဆိုရင် ကျောင်း သားသမဂ္ဂက အစ,ပြုလို့ မိမိစိတ်ဝင်စားရာ ယုံကြည်ရာအလိုက် အသင်းတွေရှိတယ်၊ အဲဒီလိုပဲနိုင်ငံအတိုင်းအ တာ မြို့နယ်အတိုင်းအတာ ရပ်ကွက်အတိုင်းအတာ စသည်ဖြင့်ပေါ့လေ အသင်းအဖွဲ့တွေရှိခဲ့တယ်လေ။
အခုအချိန်မှာတော့ အဲဒီအသင်းအဖွဲ့တွေရှိတယ်ဆိုပေမယ့် အများစုက အစိုးရရဲ့ကျောထောက်နောက်ခံပြုထား တဲ့အသင်းတို့ ဒါမှမဟုတ် ဝါဒဖြန့်တဲ့အသင်းတွေများတယ်။ အကယ်၍ အဖွဲ့အစည်းဖွဲ့ခွင့်ပေးတယ်ဆိုရင်တောင် မှ အဲဒီအဖွဲ့အစည်းတခုအတွက် အချက်အခြာဖြစ်တဲ့ ဒီ လွတ်လပ်စွာပြောဆိုတာတွေ ရေးသားတွေးခေါ်ခြင်း တွေကိုလည်း ကျွန်တော်တို့က မရ,ပြန်ဘူးလေ၊ အဲဒီတော့ ကျွန်တော်တို့လူငယ်တွေမှာ အဖွဲ့အစည်းနဲ့နည်း လမ်းတကျ လုပ်ဆောင်တတ်တဲ့အရည်အချင်းတွေ တဖြည်းဖြည်းနဲ့အားနည်းလာတယ်။
ကျွန်တော့်အတွေ့အကြုံလေးတခုကို ဒီနေရာမှာကျွန်တော်ပြောချင်တယ်၊ ကျွန်တော်ဒီနိုင်ငံမှာကျောင်းတက် တော့ အစ,ပိုင်းမှာကျွန်တော့်အတွက် အခက်အခဲလေးတွေဖြစ်တယ်၊ ဘာလဲဆိုတော့ သူတို့နိုင်ငံမှာကအများ အားဖြင့် ဘယ်အလုပ်ပဲလုပ်လုပ် အုပ်စုလေးတွေ ဒါမှမဟုတ် အသင်းအဖွဲ့လေးတွေနဲ့လုပ်တတ်ကြတယ်။
အဲဒီတော့ နိုင်ငံအတိုင်းအတာကနေစ,ပြီးတော့ ယုတ်စွအဆုံး စာသင်ခန်းတွေထဲအထိပေါ့၊ အကြောင်းအရာတ ခုပေါ်လာရင် ဒီမှာက တဦးတယောက်ကနေပြီးတော့ သူ့ရဲ့ထင်မြင်ချက်အပေါ်မူတည်ပြီးတော့ မြန်မြန်ဆန်ဆန် ကောက်ချက်ချဆုံးဖြတ်လိုက်ခြင်းထက် တယောက်နဲ့တယောက်ထင်မြင်ချက်တွေဖလှယ်ပြီး နောက်ဆုံးအ ကောင်းဆုံးရလဒ် ရ,တဲ့အထိဆွေးနွေးကြတယ်။
အဲဒီလိုအသင်းအဖွဲ့အတွေ့အကြုံမရှိတဲ့ ကျွန်တော်က အစ,ပိုင်း မှာ ပြဿနာတွေကြုံရတာပေါ့၊ ကျွန်တော် ဘယ်လိုနည်းစံနစ်ကျကျဆွေးနွေးရမှန်း ကျွန်တော်မသိခဲ့ဘူး၊ ကျွန် တော့်အမြင်ကိုလည်း ဘယ်လိုနည်းစံနစ်ကျကျတင်ပြရမှန်းလည်း ကျွန်တော်မသိဘူး၊ ကိုယ်တွေးတာကိုပဲ ထင် တာကိုပဲ အကောင်အထည်ဖေါ်ဘို့ပဲ ကျွန်တော်ကြိုးစားနေတယ်။
အဲဒီလိုအသင်းအဖွဲ့လေးတွေကစ,ပြီးတော့ ကျွန်တော်သဘောပေါက်လာတာ။
အောင်မြင်တဲ့လူ့အဖွဲ့အစည်းဖြစ်ဘို့ဆိုတာ အောင်မြင်တဲ့လူ့အဖွဲ့အစည်းလေးတွေ အုပ်စုလေးတွေနဲ့ တဆင့်ဆင့် တည်ဆောက်ရမယ်လို့ကျွန်တော်ထင်တယ်။
လူ့အဖွဲ့အစည်းဆိုတာ ဒီနေရာမှာ နိုင်ငံတနိုင်ငံလည်းဖြစ်နိုင်တယ်လေ၊ ဒါကြောင့် ကျွန်တော်ကျောင်းနဲ့ပဲပတ် သက်တဲ့ အသင်းအဖွဲ့လေးတွေကို ကျွန်တော်ဝင်တယ်၊ အဲဒီအချိန်က စ,ပြီး၊ ပြီးတော့ပါဝင်လှုပ်ရှားတယ်၊ ပထမ ပိုင်းမှာတော့ အခက်အခဲလေးတွေရှိတယ်လေ၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျွန်တော် အဆင်ပြေလာတယ် လို့ကျွန်တော်ထင်တယ်၊ ဒါ့အပြင်ဒီမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းမှာဖွဲ့ထားတဲ့ လူမှုရေးပဲဖြစ်ဖြစ် နိုင်ငံရေးပဲဖြစ် ဖြစ် အဖွဲ့အစည်းတွေထဲမှာ အတူတူကျွန်တော်ပူးပေါင်းဆောင်ရွက်တယ်။
လူဆိုတာ တဦးနဲ့တဦး တယောက်နဲ့တယောက်အတွေးအခေါ်အယူအဆ,တွေယုံကြည်မှုတွေမတူတဲ့အတွက် အဖွဲ့အစည်း ဒါမှမဟုတ် လူအုပ်စုနဲ့လုပ်ဆောင်ပြီဆိုရင် ပထမဦးဆုံးရင်ဆိုင်ရ,မှာက သဘောထားကွဲလွဲမှုပဲလေ အဲဒီမှာအရေးကြီးလာတာက သဘောထားကွဲလွဲမှုတို့ ယုံကြည်မှုအတွေးအမြင်တွေမတူညီတာတို့ကို ဘယ်လို ဖြေရှင်းမယ်ဆိုတာပဲ။
အဲဒီတော့ နည်းအမျိုးမျိုးရှိနိုင်တာပေါ့ဗျာ၊ ဥပမာ သူနဲ့ငါ မတူတဲ့အတွက်ကြောင့် ငါကတော့ နောက်တဖွဲ့ဖွဲ့လိုက် မယ်၊ ဒါမှမဟုတ်ဒီတယောက်ကို ဘယ်လိုနည်းနဲ့တွယ်လိုက်ပြီးတော့ ငါ့ရဲ့သဘောထား ဒါမှမဟုတ် ငါလိုချင်တဲ့ ဟာကို ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ လုပ်ရင်တော့ နည်းလမ်းကျတဲ့ မှန်ကန်တဲ့ဒါမှမဟုတ် အားလုံးအကျိုးရှိ မယ့်ဖြေရှင်းနည်းမျိုးတော့ မဖြစ်နိုင်ဘူး။
သူတပါးရဲ့သဘောတရားကိုနားလည်မယ်၊ ကိုယ့်ယုံကြည်ချက်ကိုလည်းတင်ပြပြီးတော့ သူရောကိုယ်ပါလက်ခံ တဲ့ရလဒ်ကို ရ,တဲ့အထိညှိနှိုင်းယူခြင်းဟာ ဓမ္မဓိဌာန်ကျတဲ့နည်းလမ်းတခုလို့ ကျွန်တော်ထင်တယ်လေ။ အဲဒီတော့ လူတယောက်နဲ့တယောက်က အယူအဆ,တွေ အတွေးတွေဖလှယ်ပြီးတော့ တယောက်ရဲ့အတွေးအ ခေါ်အယူအဆ, တွေကိုလေးစားတဲ့အခါမှာ ကောင်းမွန်တဲ့ရလဒ်ရ,သလိုပဲ နော် ကျွန်တော်တို့နိုင်ငံအတွက်ဆို လို့ရှိရင်လည်း တယောက်နဲ့တယောက် အယူအဆ,တွေ အတွေးအခေါ်တွေဖလှယ်ပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့နိုင်ငံအတွက် အရမ်းကိုကောင်းမွန်တဲ့ ရလဒ်တခုကိုရ,မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။
VOA Burmese Section ကထုတ်လွှင့်တဲ့ သူယုံကြည်ရာ အစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုက လျှပ်စစ်အင်ဂျင်နီယာ ကိုဇော်မင်းအောင်ရဲ့ ယုံကြည်ရာကို နားဆင်ပြီး ပြန်လည်ရေးသားတင်ပြတာဖြစ်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး