• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, February 3, 2010

ဥပဒေနဲ့ အနုပညာ(VOA BurmeseSection)

Photo by www. kaungkin.com
ပန်းချီ ထိန်လင်း

Singapore Fringe
(Law & Art)
အနုပညာနဲ့ဥပဒေ

ပန်းချီ ထိန်လင်း
(နိုင်ငံရေးအကျဉ်းသားဟောင်း)

ဒီနှစ်အတွက် သူတို့ရွေးချယ်ထားတဲ့ခေါင်းစဉ်က အဲဒီ အနုပညာနဲ့ဥပဒေဆိုပြီးတော့ သူတို့က,တင် လိုက်တယ်၊ အနုပညာနဲ့ဥပဒေဆက်စပ်နေတဲ့ အကြောင်းတရားတွေကို လုပ်တော့မယ်ဆိုတော့ စင်္ကာပူနိုင်ငံရဲ့အစိုးရကိုယ်တိုင်ကကို ဒီဟာနဲ့ပတ်သက်ပြီးတော့ နည်းနည်းစိုးရိမ်လာတာမျိုးတွေရှိတယ် ဘာဖြစ်လို့လည်းဆိုတော့ ဒီ စင်္ကာပူမှာလည်း အဲဒီလိုပေါ့လေ သူတို့အနုပညာသည်တွေထဲက တချို့က နိုင်ငံရေးဆန်တဲ့ ပြကွက်တွေပြဇာတ်တွေ ရေးသားတင်ဆက်လာတာမျိုးတွေ အများကြီးရှိတာကိုး အထူးသဖြင့် ဥပဒေနဲ့ပတ်သက်လာတဲ့အခါမှာ စင်္ကာပူမှာလည်း အဲလိုပေါ့ အချို့ဥပဒေတွေက နိုင်ငံတွေအတွက် သိပ်ကျဉ်းကြတ်တယ်တို့ ဘာတို့ ဒါမျိုးတွေ ယူဆ,ကြတဲ့ဟာတွေ အထွေထွေပေါ့လေ။

အဲဒီခေါင်းစဉ်ဖြစ်တဲ့အခါကျတော့ စင်္ကာပူမှမဟုတ်ပါဘူး၊ ဒီခေါင်းစဉ်က အစိုးရတွေသိပ်မနှစ်သက်တဲ့ ခေါင်းစဉ်မျိုးဖြစ်နေတာပေါ့ ပွဲစီစဉ်သူတွေရွေးထားတဲ့ခေါင်းစဉ်က စီစဉ်သူနှစ်ယောက်က ပြဇာတ်ရေး ဆရာတွေဗျ။

သူတို့ထုတ်ဝေတဲ့စာစောင်တွေမှာ အဲဒီ ပရိဿတ်ကို ကျွန်တော့်ရဲ့အနုပညာပြကွက်ကို သွားပြီးတော့ ကြည့်ဖြစ်အောင်ကြည့်ဘို့တို့ ဘာတို့ အဲဒါမျိုးတွေ ဘာတွေ ရေးရေးထားတယ်၊ သူတို့က ကျွန်တော့်ကို ဘိတ်ပြီးကတည်းက ကျွန်တော်က တက္ကသိုလ်မှာတုန်းက ဥပဒေပညာကိုသင်ကြားတယ် လေ့လာတယ် ပြီးတော့ တက္ကသိုလ်က ဘွဲ့ရ,လာတဲ့အခါကျတော့ ကျွန်တော် ရှေ့နေလည်းမလုပ် ဥပဒေနဲ့ပတ် သက်တဲ့အလုပ်လည်းမလုပ်ပဲနဲ့ အနုပညာအလုပ်ကို ချွေးလုံးပစ်လုပ်တယ်၊ နောက်တခုက ကျွန်တော့်ရဲ့ဘဝတကွေ့မှာ ကျွန်တော်က အကျဉ်းထောင်ထဲမှာ ၇(ခုနစ်)နှစ်လောက် နိုင်ငံရေးအကျဉ်းသားအဖြစ် နေဘူးတယ်။

နောက် နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်း အဲဒီလို ဒီဗမာပြည်ထဲမှာရှိစဉ်အခါတုန်းကတော့ လှုပ်ရှားမှု တွေမှာလည်း ပါဝင်ပြီးတော့ ဆောင်ရွက်ခဲ့ဘူးတယ် ဒီလိုမျိုးတွေပေါ့လေ၊ ကျွန်တော့်ရဲ့နောက်ခံသမိုင်း ကြောင်းတွေကို သူတို့သိပြီးတော့မှ ကျွန်တော့်ကို အထူးတလည်ဘိတ်ကြားပါတယ်၊ အဲဒီလို ကျွန် တော့်ကိုဘိတ်လို့ ပါဝင်မယ်ဆိုပြီးတော့ ကျွန်တော်ပြောလိုက်တယ်၊ ပြောလိုက်ပြီးတော့နောက်ပိုင်းမှာ ကိုက သူတို့နဲ့ ဒီ အစိုးရပိုင်းနဲ့ တော်တော်လေးညှိနှိုင်းရတယ်လို့ပြောတယ်။

ကျွန်တော့်ကို ပြသ,ခွင့်ပေးတဲ့နေရာက ဒီ စင်္ကာပူနိုင်ငံရဲ့ အချက်အခြာကျတဲ့အဆောက်အဦးကြီးထဲမှာ ဖြစ်တယ်၊ အစိုးရပိုင်တယ်ပေါ့ဗျာ၊ အစိုးရပိုင်ဆိုင်တဲ့အဆောက်အဦးထဲမှာ ဒီလိုမျိုး နိုင်ငံရေးတော်တော် ဆန်တယ် ကျွန်တော်က ပါဝင်ပြသ,မယ်ဆိုတဲ့အခါမှာ အသေးစိပ်ဒီဇိုင်းတွေပေါ့လေ ကျွန်တော်ပြန်ပေးရတယ်၊ အဲဒီအခါကျတော့ ကျွန်တော်ပြမယ့်ပြကွက်က နိုင်ငံရေးနဲ့ တော်တော်ကလေးဆက်စပ်နေတယ်ဆိုတာကို သိပြီးတဲ့အခါကျတော့ အစိုးရပိုင်းက သူတို့တော်တော်လေး ဒီလို ပြောတယ်လို့ပြောတယ်၊ အဲဒီတော့ ပြန်ပြီးတော်တော်လေးရှင်းပြရတယ်။

ဘယ်တုန်းကမှ နိုင်ငံရေးနဲ့ပတ်သက်တဲ့ကျေငြာချက်တွေဘာတွေ အဲဒါမျိုးတွေကျွန်တော့်ရဲ့အနုပညာ ပြကွက်ထဲမှာ အဲဒီလိုထုတ်ပြန်လေ့မရှိဘူးပေါ့လေ၊ ကျွန်တော်ဟာ ကျွန်တော့်အနုပညာကိုပဲ ကျွန်တော် တောက်လျှောက်ပြလာတဲ့ လူတယောက်ဖြစ်တယ်ပေါ့၊ တခုတော့ရှိတယ်ပေါ့လေ ကျွန်တော့်ရဲ့ပြ ကွက်ကိုလာကြည့်ကြတဲ့ ပရိဿတ်ရဲ့တွေးတဲ့အတွေးကိုတော့ ကျွန်တော်က လိုက်ပြီး Control မလုပ်နိုင်ဘူး၊ အဓိက,က ဒီပြကွက်က ကျွန်တော့ဘဝမှာ ပါဝင်ပတ်သက်ခဲ့ဘူးတဲ့ အစိပ်အပိုင်းအချို့ကို ပြန်ပြီးတော့ ကျွန်တော် ဒီ ရောင်ပြန်ဟပ်တဲ့အနေနဲ့ ပြတာလောက်ပါပဲ။
Photo by; www.kaungkin.com
ပန်းချီ ထိန်လင်း

ဒါပေမယ့် အဲဒါကိုကြည့်ပြီးတော့ ကြည့်တဲ့ပရိဿတ်က ဒီထက်ပိုပြီးတော့ အဲလိုပေါ့လေ ဆင့်ပွါးပြီးတော့ တွေးလာမယ့်ကိစ္စမျိုးတွေ အဲဒါမျိုးတွေရှိလာရင် ကျွန်တော်က ဘာမှမတတ်နိုင်ဘူးလေ၊ အဲဒါမျိုး ကျွန်တော်က အကြောင်းပြန်လိုက်တယ်ပေါ့လေ၊ အဲဒီတော့ ကျွန်တော်က မပြဖြစ်ဘူးလိုလိုဘာလို ဖြစ်လာတာပေါ့ဗျာ၊ ကျွန်တော့်ကို ခွင့်မပြုဘူးလိုလိုဖြစ်လာတယ်၊ သူတို့ဘက်ကလည်း အပြင်းအထန်ကြိုး စား ကျွန်တော့်ဘက်ကလည်း ဒါမျိုးတွေရှင်းပြရတယ်။

ကျွန်တော်ဟာ ၇(ခုနစ်)နှစ် ထောင်ထဲမှာနေဘူးတယ်၊ အဲဒီအတွက်ကြောင့် ကျွန်တော့်ရဲ့အတွေ့အကြုံ ကို ပြန်ပြီးတော့ထင်ဟပ်တဲ့အနေနဲ့ပဲ ပြတာဖြစ်တယ်၊ ဒါပဲ၊ ဒီထက်ပိုပြီး ကျွန်တော်ဘာမှလုပ်လို့ လုပ် ဘို့ အကြောင်းမရှိဘူး

နောက် တော်တော်ကြာတော့မှ ကျွန်တော့်ကိုပြန်ပြီးတော့ ဒါ ပြဿနာမရှိပါဘူး၊ သူတို့ဖြေရှင်းလို့ရ,ပါတယ်၊ ဟို အကြောင်းပြန်လာတယ်၊ အဲဒီနည်းနဲ့ ကျွန်တော်ပြသ,ခွင့် ရ,လာခဲ့တယ်ပေါ့လေ။

သူတို့က အခု အနုပညာနဲ့ဥပဒေလို့ပြောလိုက်တဲ့အခါကျတော့ ကျွန်တော့ဘဝထဲမှာ တရားဥပဒေဟာ ဘယ်လောက်အထိ ကျွန်တော့်ဘဝအပေါ်မှာ အဲလို မျှမျှ တ,တ,ဖြစ်ခဲ့ဘူးလဲဆိုတာကိုလည်း ကျွန်တော်ပြန်ကြည့်ပြီးတော့ ဥပဒေဆိုတာ ကျွန်တော့်အမြင်ပေါ့၊ လောက,အမြင်ပေါ့၊ အဲဒီဥစ္စကို ကျွန်တော်က ဒီမှာရိုးရိုးပဲပြပါတယ်၊ ကျွန်တော်ပြတဲ့ပြကွက်က သိပ် ဆန်းဆန်းပြားပြားတော့မဟုတ်လှပါဘူးဗျာ၊ အထူးသဖြင့် ကျွန်တော်အကျဉ်းထောင်ထဲမှာ နေရတဲ့အချိန်မှာ တရားမျှတ,မှုပေါ့နော်၊ တရားဥပဒေရဲ့ အဲဒီလိုတရားမျှတ,တဲ့ဆုံးဖြတ်မှုကို ကျွန်တော်အများကြီးလိုလားခဲ့တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ဒီ အကျဉ်းထောင်ကျတဲ့အချိန်မှာတုန်းက တဖက်သတ်စီရင်ပြီးတော့ ကျွန်တော်က အကျဉ်းသားဘဝကိုကျရောက်သွားတာ။
Photo by; www.kaungkin.com
ပန်းချီ ထိန်လင်း

အဲဒီအခါတော့ တချိန်လုံးမှာလည်း အဲလို တရားမျှတ,မှုကို တောင့်တ,တယ်၊ ပြန်လွတ်တော့လည်း ကျွန်တော်နဲ့ပတ်သက်တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ နောက်ပြီးတော့ အနုပညာသည်တွေ အဲဒါ တွေဟာ အဲလိုမျိုး တရားမျှတ,မှုမရှိပဲနဲ့ အကျဉ်းထောင်ထဲရောက်သွားရ,တာမျိုးတွေ၊ မှန်ကန်မျှတ,တဲ့ တရားစီရင်ရေးမျိုး မရလိုက်ပဲနဲ့ အကျဉ်းထောင်ထဲရောက်သွားတာမျိုးတွေ၊ ကျွန်တော်တင်မျှတ,တဲ့ တ ရားစီရင်ရေးကို ငတ်မွတ်နေတာလား? ကျွန်တော့်ရဲ့သူငယ်ချင်းတွေ၊ သူငယ်ချင်းတွေရဲ့မိသားစုတွေ အဲ ဒါတွေအပြင် နောက်ပိုင်းဆက်ပြီးကြည့်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ပြည်သူတခုလုံးဟာ အဲဒီမျှ တ,တဲ့ တရားစီရင်ရေးစံနစ်ကို အာသာငမ်းငမ်း ခေတ်တလျှောက်လုံး တောင့်တ,ခဲ့ရတယ်ဆိုတာကို ပြန်ပြီးတော့ပေါ်လွင်လာတယ်လေ၊ ဆိုတော့ အဲဒါကိုပဲ ကျွန်တော်ပြလိုက်တာပါ။

စင်္ကာပူနိုင်ငံမှာ အခု ပြသတင်ဆက်နေတဲ့ "စင်္ကာပူ ဖရင်းခ်ျ Singapore Fringe နိုင်ငံတကာ အနုပညာ ပွဲတော်မှာ"အနုပညာနဲ့တရားဥပဒေ"ခေါင်းစဉ် နဲ့ မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီ ထိန်လင်းရဲ့ အနုပညာနှစ်ခုလုံးက အလွယ်တကူဖြစ်လာတာ မဟုတ်ဘူးဆိုတဲ့အကြောင်း ပန်းချီ ထိန်လင်းကို (VOA)ကိုကျော်အောင်လွင်ဆက်သွယ်မေးမြန်းထားသမျှ ပြန်ရေးထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး