
Photo by www.moemaks.com
သောတရှင်များ(စာဖတ်ပရိဿတ်များ)ခင်ဗျား မကြာခင်က မြန်မာနိုင်ငံမှာပြုလုပ်သွားတဲ့ ရုပ်ရှင်ထူး ချွန်ဆုပေးပွဲနဲ့ပတ်သက်ပြီးတော့ မိတ်ဆွေတဦးနဲ့စကားစပ်မိတော့ အဲဒီမိတ်ဆွေက အမျိုးသမီးဇာတ်ပို့ ဆု အကောင်းဆုံးဆုနဲ့ပတ်သက်ပြီး ပြောကြရာက,နေ အနုပညာဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ အနုပညာဆိုတာ နုနုယွယွကလေးတွေပဲဖြစ်ရ,မယ် အနုပညာဆိုတာ အကြမ်းပညာမဟုတ်ဘူး ဆိုတာ မျိုးတွေဆီကိုရောက်သွားပါတယ်။
အဓိက,ဆိုလိုတာက ရုပ်ရှင်ဇာတ်လမ်းတွေမှာပါတဲ့ လူဆိုး လူကြမ်း၊ မိမ္မဆိုး မိမ္မကြမ်း ဆိုတဲ့အခန်းတွေ က ပါဝင်သရုပ်ဆောင်ကြရ,တာ အနုပညာမဟုတ်ဘူးဆိုတာမျိုးကို ရည်ရွယ်ပြီးပြောတာဖြစ်ပါတယ်။ မြန်မာဇာတ်သဘင်မှာတော့ ဇာတ်လမ်းထဲမှာ ခလောက်ဆန်အောင်လုပ်ရ,တဲ့ ဇာတ်ရုပ်ကို ဂုံးချောတဲ့ ဇာတ်ရုပ် ဂုံးရုပ်လို့ခေါ်ကြတာပါပဲ၊ သာမန်ရုပ်ရှင်ကြည့်ပရိဿတ်တွေက အဲဒီလို လူကြမ်း မိမ္မကြမ်းအ ခန်းတွေမှာ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့ ပညာသည်တွေကို ချီးမွမ်းခဲပါတယ် ချီးကျူးခဲပါတယ် မ ချီးကျူးကြပါဘူး။
အောက်ပိုင်းက စာတွေ မဖတ်ခင် သီချင်းလေးနားထောင်ကြည့်စေချင်ပါသေးတယ်။
အနုပညာရှုထောင့်က,ကြည့်တဲ့ ရုပ်ရှင်ကြည့်ပရိဿတ်က,တော့ ဘယ်ဇာတ်ရုပ်ရယ်မှမဟုတ်ပဲ သရုပ် ဆောင်မှုမှာ သူ့နေရာနဲ့သူ အံဝင်ခွင်(ဂွင်)ကျဖြစ်ပြီးတော့ ထိထိမိမိရှိရင် အနုပညာအရ,ချီးမွမ်းထောပ နာပြူကြတာပါပဲ၊ ဒါပေမယ့် အဲ့ဒီလို ပညာတတ်လူတန်းစားက အလွန်ရှားပါတယ်၊ မြန်မာရုပ်ရှင်သက် တမ်းတလျှောက်မှာ မှတ်မိသလောက် ပြန်စဉ်းစားလိုက်တော့ တချိန်က လူကြမ်းမင်းသားကြီး ဦးကျော် သောင်း ထူးချွန်ဆုရ,ဘူးပါတယ်၊ ဒါပေမယ့် လူကြမ်းအနေနဲ့မဟုတ်ပဲ “ငဘ” ဇာတ်ကားထဲမှာ တောင် သူလယ်သမားဇာတ်ရုပ်ဘဝ,နဲ့ ဆုရ,တာလို့ မှတ်မိပါတယ်။
နောက် လူကြမ်းမင်းသားကြီးအံ့ကျော်ဆုရ,ပြန်တော့လည်း ဆရာကြီး ဦးသုခ,ရဲ့ “ဘယ်သူပြိုင်လို့ လှပါ တော့နိုင်” အ,သုံးလုံးပညာပေးဇာတ်ကားထဲမှာ ပညာမတတ်ရှာလို့ အလွန်သနားစရာကောင်းတဲ့ ထန်း တက်သမားကြီးတယောက်အဖြစ်နဲ့ ဆုရ,တာပါ၊ လူကြမ်းရုပ်နဲ့မဟုတ်ပါဘူး။
နာမည်ကြီး လူကြမ်းအောင်ခိုင်တယောက် ဘယ်အနေအထားက,နေ ဆုရ,ခဲ့တယ်ဆိုတာကိုတော့ မ မှတ်မိတော့ပါဘူး။
နာမည်ကြီး လူကြမ်းဦးကျောက်လုံးလည်း “ချစ်သမီး” ဇာတ်ကားမှာ ဘခင်ဖြစ်သူအနေနဲ့ပဲ ဆုရ,ခဲ့တာ ဖြစ်ပြီးတော့ လူကြမ်းဇာတ်ရုပ်နဲ့ ဟုတ်ပုံမရ,ပါဘူး။
လူကြမ်းတွေ မိမ္မကြမ်းတွေဟာ အကောင်းဆုံးဇာတ်ပို့ဆုခေါင်းစည်းအောက်မှာ နှိုင်းယှဉ်ရွေးချယ်ခံကြ ရ,တာဖြစ်ပါတယ်၊ ဒီနေရာမှာ အကျင့်စာရိတ္တကောင်းကောင်းနဲ့ဇာတ်ပို့ရ,သူနဲ့ လူကြမ်းဇာတ်ရုပ်နဲ့ဇာတ် ပို့ ယှဉ်လိုက်ရင် လူကြမ်းကိုဖြုတ်ပစ်ဘို့ ရာခိုင်နှုံးများနေပါတော့တယ်။
ဒီတော့ လူကြမ်း မိမ္မကြမ်း ဂုံးရုပ် ဇာတ်ပို့ဆုကို တသီးတခြားဆုသတ်မှတ်ပြီးတော့ ပေးသင့်လှပါတယ်၊ ကမ္ဘာ့ရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ဂုံးရုပ်တွေဟာ ဆုရ,မှုနည်းနေတာကို တွေ့နေရတာပါပဲ၊ သရုပ် ဆောင်မှုအနုပညာရပ်မှာ လူကောင်းစရိုက်ကောင်းလုပ်ရ,တာက ပိုခက်တယ်၊ လူကြမ်းစရိုက်ကြမ်း လုပ်ရ,တာပိုလွယ်တယ်လို့ မရှိပါဘူး။
စရိုက်ကောင်းလုပ်ရ,တာမှ အနုပညာ၊ စရိုက်ကြမ်းလုပ်လုပ်ရ,တာဟာ အကြမ်းပညာရယ်လို့လည်း မရှိ ပါဘူး၊ ဂုံးရုပ်ကောင်းမှ လူကြမ်းကောင်းမှ အဓိက,ဇာတ်ကောင်တွေရဲ့ရုပ်လုံး ပိုကြွလာတယ်ဆိုတဲ့ အ ယူအဆ,ဟာလည်း အလွန်မှန်ကန်တဲ့ အနုပညာလက္ခဏာတရပ်ဖြစ်ပါတယ်။
လူကြမ်းလုပ်ရ,တဲ့လူတွေဟာ လူမုန်းများတဲ့နေရာ လူအများမနှစ်သက်တဲ့နေရာတွေမှာ အနစ်နာခံပြီး လုပ်ကြရတာပါ၊ ထူးချွန်ဆုရ,ဘို့ကျတော့လည်း စာရိတ္တပေါ်မှာမူတည်ပြီး မျက်စေ့လည်ပြီးအမှတ် လျှော့ခံကြရ,ပြန်မယ် ဆိုတော့ မိအေးနှစ်ခါနာ ဖြစ်နေကြရ,ရှာပါတယ်။
ဒီတော့ လူကြမ်း မိမ္မကြမ်း ဂုံးရုပ်သီးခြားဆု ခွဲခြားထားပြီးတော့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်သင့်ပါကြောင်း တင်ပြလိုက်ရ,ပါတယ်။
ကျန်းမာချမ်းသာကြပါစေ၊ ကျွန်တော် ဝင်းဖေပါ။
VOA Burmese အစီစဉ်က ထုတ်လွှင့်တာကို နာထောင်ပြီး ပြန်ရေးပြထားတာပါ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး




