ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ အတိုက်အခံတို့၏ တုံ့ပြန်ချက်
ဒီပြဿနာက သူတို့ရဲ့အတွင်းရေးပြဿနာပဲဖြစ်တယ်။ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှုတွေဟာ ကေအန်ယူနဲ့ လုံးဝမပတ်သက်ဘူး။ ကေအန်ယူရဲ့လမ်းစဉ်က လူထုကို ပစ်မှတ်ထားတဲ့ ပေါ်လစီမရှိဘူး။ ဒီလိုမြို့ကြီးပြကြီးမှာ ဗုံးပေါက်တယ် ဆိုတာက လောလောဆယ်မှာဖြစ်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အခြေအနေပေါ်မှာ အတိုက်အခံအင်အားစုတွေကို ပြည်သူတွေရဲ့ထောက်ခံမှု မရရှိဖို့အတွက် ပြည်တွင်းပြည် ပကို မဟုတ်မမှန်သတင်းဖြန့်တာဖြစ်တယ်။ စွမ်းအားမြင့်အဖွဲ့က ရဲသီဟ ဆိုတာကိုလည်း မကြားမိဘူး။ အဆက်အသွယ်လည်းမရှိဘူး။ သူတို့က တခုခုဖြစ်ရင် မဟုတ်မမှန်လုပ်ကြံပြီး သတင်းလွှင့်တာကတော့ သူတို့ လုပ်နေကြအလုပ်ပဲ။
မနေ့က သတင်းစာရှင်းလင်းပွဲကတော့ လုပ်ကြံဖန်တီးထားတဲ့ပွဲဖြစ်တယ်။ ပြောသွားတာတွေအားလုံးက လုပ် ကြံဖန်တီးထားတဲ့တရားခံတွေကို ဆွဲထုတ်ပြီးတော့မှပြတာဖြစ်တယ်။ အချက်အလက်တွေကလည်း အရင်က အတိုင်းပဲ မဲပြာပုဆိုးဖြစ်တယ်။ ဒါက ဘာကိုသက်သေပြလဲဆိုတော့ နအဖဟာ တိုင်းပြည်ကိုတည်ငြိမ်အေးချမ်း အောင် သူမထိန်းနိုင်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲကိုလုပ်ဖို့လည်း သူ့မှာအခက်အခဲအများကြီး ရှိတာကိုပြတာပဲ။ ဗုံးခွဲတဲ့လူတွေကိုလည်း ဒီကနေ့အထိဘာလို့မဖမ်းနိုင်ရတာလဲ။ အဖြေကရှင်းရှင်းလေးပါပဲ။ ဗုံးခွဲတဲ့လူကိုယ်တိုင် က သူတို့လုပ်ခိုင်းတဲ့လူဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှုမရှိအောင် ပြည်သူလူထုကိုဒုက္ခပေးတာ သူတို့ကိုယ်တိုင် ပဲဖြစ်တယ်။ အန်ဒီအက်ဖ်အနေနဲ့ကတော့ ပြည်သူတွေထိခိုက်နစ်နာမယ့်ကိစ္စမျိုး ဘယ်တော့မှမလုပ်ဘူးဆိုတာ ပြောချင်ပါတယ်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ (တွဲဖက်အထွေထွေအတွင်းရေးမှူး-၃)ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ)
သတင်းနဲ့ သတင်းဓါတ်ပုံတွေကို www.khitpyaing.org ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး






