• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, June 17, 2010

မြွေအသွင်ရှိသည့် အရောင်တောက်ပေါက်ဖတ်တွေ့ရှိ

မြွေအသွင်ရှိသည့် အရောင်တောက်ပေါက်ဖတ်တွေ့ရှိ

Credit : ELEVEN

လျှပ်တပြက်ကြည့်လိုက်ပါက ကြောက်စရာကောင်းသောမြွေအသွင်ရှိသည့် အရောင်တောက်ပသော ပေါက်ဖတ်တစ်မျိုးကို အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ သားရဲတိရစ္ဆာန်ဆိုင်ရာ ဇီဝဗေဒပညာရှင် ဂျိုနသန်မေးစ်က တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။

မြောက်အမေရိကတိုက်တွင် တွေ့ရလေ့ရှိသော Spicebush Swallowtail (Papilio troilus) အမည်ရှိသည့် လိပ်ပြာမျိုးစိတ်အဖြစ်သို့ အဆင့်ဆင့်ဖြစ်ပေါ်မည့် ယင်းပေါက်ဖတ်တွင် ကြီးမားသောမျက်လုံးတစ်စုံနှင့် အ၀ါနှင့်အပြာ ရောစပ်ထားသော အသွင်အပြင်က ဖမ်းဆီးစားသောက်ရန် အန္တရာယ်ပြုမည့်သူကို ဟန့်တားစေနိုင်သည်။ ဂျိုနသန်သည် ယင်းကဲ့သို့ အရောင်အသွေးစုံသော အင်းဆက်မျိုးစုံများနှင့် အနက်နှင့်လိမ္မော်ရောင်စပ်သော လိပ်ပြာမျိုးစိတ်များအား ဓာတ်ပုံရိုက်မှတ်တမ်းတင်သူ ဖြစ်သည်။

ယင်းပေါက်ဖတ်များမှာ လက်မအနည်းငယ်ခန့်သာ အရှည်ရှိပြီး ၎င်းတို့၏ ဦးခေါင်းပေါ်ရှိ အစက်အပြောက်များကြောင့် မြွေမျက်လုံးများနှင့်ဆင်တူစေပြီး မြင်တွေ့သူကို အံ့သြစေသည်ဟု ဂျိုနသန်က ပြောကြားခဲ့သည်။ ၎င်းတို့၏ မျက်လုံးအရောင်တောက်ပမှုမှာလည်း ရှုထောင့်ကိုလိုက်၍ အမျိုးမျိုးပြောင်းလဲသည်ဟု ဂျိုနသန်က ပြောကြားခဲ့သည်။



posted by αмє∂єσ, Credit : ELEVEN