• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, June 17, 2010

စစ်ရဟတ်ယာဉ်တစီး ပင်းတယမြို့အနီး ပျက်ကျ

ရုရှနိုင်ငံမှ ထုတ်လုပ်သည့် Mi2 ရဟတ်ယဉ်

စစ်ရဟတ်ယာဉ်တစီး ပင်းတယမြို့အနီး ပျက်ကျ

တက်လူ / ၁၇ ဇွန် ၂၀၁၀

စစ်အစိုးရ တပ်မတော် လေတပ်မှ ရုရှနိုင်ငံလုပ် ရဟတ်ယာဉ်တစီး ရှမ်းပြည်နယ် ပင်းတယမြို့အနီးတွင် ဇွန် (၁၆) ရက်၊ ယမန်နေ့ညနေက ပျက်ကျသွားခဲ့သည်ဟု လေတပ်သတင်းရပ်ကွက်မှ သိရသည်။

ရဟတ်ယာဉ် ပျက်ကျမှုသည် ဆိုးရွားသည့် ရာသီဥတုကြောင့် ဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လေတပ် စခန်းဌာနချုပ်၊ ရန်ကုန် (မင်္ဂလာဒုံ လေတပ်) မှ တာဝန်ရှိသူ ဗိုလ်ကြီးတဦးက ပြောသည်။

မည်သူမည်ဝါဖြစ်သည်နှင့် ရာထူးအဆင့်များကိုပြောဆိုရန် ငြင်းဆိုသော်လည်း ရဟတ်ယာဉ်ပျက်ကျသဖြင့် (၄) ဦး သေဆုံးပြီး (၁) ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း ၎င်းက ပြောကြားသည်။

ယခုပျက်ကျသော လေယာဉ်အမျိုးအစားမှာ Mi-2 ရဟတ်ယာဉ်ဖြစ်ပြီး ရုရှနိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အစိုးရသည် ရုရှ Mi-1 နှင့် Mi-2 ရဟတ်ယာဉ် အမျိုးအစားတို့ကို ၁၉၉၀ ၀န်းကျင်ကပင် ၀ယ်ယူကာ စစ်တပ်သုံးအဖြစ် ထားရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံလုပ် F-7 အမျိုးအစား တယောက်စီး ဂျက်တိုက်လေယာဉ်

ပြီးခဲ့သည့် ဇန်န၀ါရီ (၂၂) ရက်၌လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်နိုင်ငံလုပ် F-7 အမျိုးအစား တယောက်စီး ဂျက်တိုက်လေယာဉ် တစီးပျက်ကျရာ အသက် (၂၃) နှစ်အရွယ် ပိုင်းလော့ဗိုလ်ကြီး ပြည့်ဖြိုးမျိုးဆိုသူ သေဆုံးသွားခဲ့သည်။

ဒီသတင်းကိုတော့ ခေတ်ပြိုင်သတင်းဂျာနယ်ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး