မမေ့နိုင်သောဖြစ်ရပ်များ(၃)
(မင်းစိုးစံ)
(မင်းစိုးစံ)
ဒီတခါလည်း ကျုပ်ဘဝမှာမမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးတခု ရေးပြချင်သေးတယ်၊ ကျုပ်အခုရေးပြမှာက ကျုပ်သူငယ်ချင်းတယောက်နဲ့ပတ်သက်ပြီးရေးပြမလို့ပါ၊ ရှေ့ဆက်မရေးခင်မှာတော့ ဝိဥာဏ်ဆိုတာကိုစာဖတ် သူတို့ဘယ်လိုနားလည်ထားပါသလဲ?
ကျုပ်စာအုပ်တခုထဲမှာ ဖတ်ရတာကတော့ ဝိ ဆိုတာ အထူး။ ဥာဏ် ဆိုတာက အသိတရား။ သိခြင်း။ အဲဒီတော့ ဝိဥာဏ်ဆိုတာက အထူးသိခြင်းလို့ရေးတယ်ဗျ၊ အဲဒါ ကျုပ်သူငယ်ချင်းကွယ်လွန်သွားတော့ သူ့ရဲ့ဝိဥာဏ်ဟာ ကျုပ်အနားမှာ ခဏတဖြုတ်ရှိနေတယ်ဆိုတာလေး ကိုယ်တွေ့အဖြစ်အပျက်ကိုရေးမလို့ပါ။
ယုတ္တိရှိတာမရှိတာ၊ ဖြစ်နိုင်တာမဖြစ်နိုင်တာကိုတော့ ကိုယ့်အသိတရားနဲ့ကိုယ် ချင့်ချိန်ဆုံးဖြတ်စေချင်ပါတယ်။
မှန်တာပြောလျင်ချမ်းသာပါစေ ဒီအဖြစ်ကလည်းတကယ့်အဖြစ်အပျက်ပါ။
ကျုပ်သူငယ်ချင်းနာမည်က ချစ်ဦးစံ(အမည်ရင်းမဟုတ်) ကရင့်တော်လှန်ရေးရဲ့တပ်ရင်းတခုထဲက တပ်သားတဦး ဖြစ်ပါတယ်၊ ကျုပ်တို့ရွာက ကျုံဘိုင်းလေ။ နည်းနည်းရှင်းပြမယ်၊ ကျုပ်ရန်ကုန်ကနေ မော်လမြိုင်ကိုပြောင်း၊ မော် လမြိုင်ရောက်တော့ဗျာ ကျုပ်အဖေနဲ့အထက်အရာရှိနဲ့စကားများပြီး လုပ်သက်ပင်စင်ရ,ခါနီးဖြစ်တဲ့ကျုပ်အဖေတ ယောက် ကျုပ်အမေရဲ့ဇာတိမြေကိုပြောင်းလာတာ။
အဲဒါကျုပ်တို့ရွာလို့ပြောတာပါ၊ ကျုံပိုင်းရွာလေးဟာ မဆလတပ်တွေ အဝင်အထွက်ရှိသလို ကရင်တပ်ကလည်း မပြတ်ဘူး၊ မကြာခဏဆိုသလို ရင်ဆိုင်တိုက်ပွဲတွေဖြစ်လေ့ရှိပါတယ်။
ကျုပ်သူငယ်ချင်းဟာ တပ်ရင်းမှူးဆီက ခွင့်ယူပြီးရွာကိုပြန်လာလည်တဲ့အချိန်ပေါ့ဗျာ၊ သူ့အမေကိုတွေ့ချင်နေသ လို ရွာကိုသတိရတာလည်းပါတာပေါ့၊ အဓိက သူအတွေ့ချင်ဆုံးကတော့ သူ့အဖေပဲဗျ။ သူ့အဖေက မြန်မာ့တပ်မ တော်က အငြိမ်းစားတပ်ကြပ်ကြီး တယောက်ဖြစ်သလို စစ်မှုထမ်းဟောင်းတယောက်ဖြစ်ပါတယ်၊ အညာသား ကြီးစစ်စစ်ပါ။
သူ့အဖေကို ငယ်ငယ်လေးထဲက မတွေ့မမြင်ခဲ့ရပါဘူး၊ သူ့အဖေဟာ အခြေအနေတခုကြောင့် သူ့ကိုမွေးပြီးပြီး ခြင်း သူ့အမေနဲ့ကွဲသွားခဲ့ပါတယ်။
အဲဒီတုန်းက ရန်ကုန်ခေတ်ဆိုပါတော့။ အခုလိုပဲ မလေးလား? စ,လုံးလား? ထိုင်းလား? အဲဒီလိုနာမည်ကြီးတာ ရန်ကုန်ကို ကျုံပိုင်းနယ်၊ ကြာအင်းဆိပ်ကြီးနယ်၊ ကေါ့ကရိတ် ဘားအံ စတဲ့လူတွေ အလုပ်သွားလုပ်ကြတယ်။
အဲဒီမှာသူ့အဖေနဲ့သူ့အမေ အကြောင်းပါကြတာပေါ့။
သူ့အဖေကိုစောင့်နေရင်းတနေ့မှာတော့ ကျုပ်တို့နေတဲ့ကျုံပိုင်းနယ်ထဲကို မြန်မာစစ်တပ်တွေဝင်လာပါလေရော၊ ရပ်သူရွာသားတွေ သူပြေးကိုယ်ပြေးပေါ့ဗျာ၊ မြင်တော့မမြင်ဖူးဘူး၊ ဝေသာလီပြည်ဘီလူးဝင်သလိုဆိုလား ဘာဆို လား အဲဒီလိုကို တရွာလုံးရောက်ယက်ခတ်ကုန်တာ။
အဲဒီအချိန်မှာပဲ ကရင့်ပြောက်ကျားတပ်ဖွဲ့ငယ်တဖွဲ့က သွားပြီးတိုက်ဘို့သူ့ကိုလာခေါ်တယ်ဗျ၊ သူလည်းမဆိုင်းမ တွလိုက်သွားပြီး ခြုံခိုတိုက်ခိုက်လိုက်တာ ရန်သူဘက်က ထိခိုက်ကျဆုံးမှုတွေရှိသလို သူလည်းနှာနုရိုးမှာဒါဏ် ရာရ,သွားပါတယ်၊ သူ့ဒါဏ်ရာကြောင့်ရယ် ပြောက်ကျားစနစ်ကြောင့်ရယ် သူတို့တတွေ အောင်မြင်စွာဆုတ်ခွါကြ ပါတော့တယ်။
သူတို့ဆုတ်သွားတော့ဘာပြောကောင်းမလဲဗျာ မြန်မာစစ်တပ်လေ၊ မြန်မာစစ်တပ်၊ မအေတွေနှမ,တွေနဲ့တိုင်းဆဲ ပြီး တရွာလုံးကိုမြေလှန်တော့တာပေါ့၊ အိမ်ရှင်တွေကလည်း အိမ်မှာမရှိလေတော့ စိတ်တိုင်းကျအိမ်ပေါ်တက်ပြီး သေတ္တာတွေဖွင့် အဘိုးတန်ပစ္စည်းတွေအကုန်ယူ၊ မွေးထားတဲ့ကြက်၊ ဝက်၊ဆိတ်၊ ဘဲ အကုန်သတ်စား၊စိုက်ထား တဲ့အပင်တွေခုတ်ဖြတ် သူတို့ပါးစပ်ကလည်း ကရင်ငပွေးတွေ အမျိုးပြုတ်မှအေးမယ်၊ ငပွေးကိုအားပေးတဲ့ရွာ ဘာညာဆိုပြီး အိမ်တွေကိုမီးတင်ရှို့တော့တာပါပဲ။
(ဇာတ်နာအောင်ရေးခြင်းမဟုတ်ပါ၊ တကယ်ခံစားခဲ့ရသည်များကို အမှန်အတိုင်းရေးခြင်းဖြစ်ပါသည်)
စိတ်တိုင်းကျမွှေနှောက်ပြီး မြန်မာစစ်တပ်တွေ ရွာထဲက ထွက်သွားတော့မှ ကျုပ်သူငယ်ချင်းကို ဆေးကုဘို့လုပ်ရ ပါတော့တယ်၊ ကျုံဒိုးကိုဆင်းပြီးလိုအပ်တဲ့ဆားရည်တို့၊ အနာကျက်ဆေးတို့၊ ပတ်တီးတို့ဝယ်ဘို့ဆိုတာကလည်းမ လွယ်ဘူး၊ သတင်းကအားလုံးပြန့်နေပြီဆိုတော့ မေးလားမြန်လားလုပ်လာရင် ဒုက္ခရောက်ကုန်မယ်မဟုတ်လား။
ကံကောင်းချင်တော့ ကရင့်ဆေးတပ်က ဆေးဆရာက သူ့မှာရှိတဲ့ဆေးတွေနဲ့အလျင်အစားထိုးထားပေးပြီး နယ် စပ်ကိုသွားတဲ့လူတွေနဲ့ဆေးအစားပြန်ဝယ်ပေးဘို့ဖြစ်သွားပါတော့တယ်၊ ဒီလိုနဲ့သူ့အဖေရောက်လာပါတယ်၊သား ဖြစ်တဲ့သူ ဒါဏ်ရာရတယ်ဆိုတာကို ကြားတော့ မမြင်ဘူးတဲ့သားကိုစိုးရိမ်တကြီးနဲ့အမောမဖြေနိုင်ပဲ၊ ပြေးဖက်ပါ တော့တယ်၊ အဖေလည်းမျက်ရည်နဲ့အမေလည်းမျက်ရည်နဲ့ သားကျတော့ သတိမရ,တချက် ရ,တချက်။
ဒါနဲ့ကျုပ်ကလည်း သူ့အဖေကို ဦးလေး ကရင်နဲ့ဗမာဖြစ်နေတဲ့ပဋ္ဋိပက္ခ ဘယ်တော့ ပြီးမှာလဲ လို့မေးလိုက်တော့ သူက ဒီမှာငါ့တူ ဒီပဋ္ဋိပက္ခဟာ ဘယ်တော့မှပြီးနိုင်မှာမဟုတ်ဘူး။
ဒါနဲ့ကျုပ်က ဘာကြောင့်လဲ လို့မေးတော့
မင်းစဉ်းစားကြည့် ကရင်က ဒီကိုးဒီကိုတောင်းတယ်၊ ဒီကိုးဒီဆိုတာက သလ္လာဝတီ၊ ဓညဝတီ၊ ဧရာဝတီ၊ ဒုဌဝတီ၊ သာယာဝတီ၊ ဟံသာဝတီ၊ မေဃဝတီ၊ မောရဝတီ၊ မြဝတီ ဆိုတော့ကွာ ဗမာတွေနေစရာကိုမရှိတော့ဘူး၊ ဗမာ တွေကျပြန်တော့ တို့ဗမာအစည်းအရုံးက ဇာတိသွေးဇာတိမာန်ကို တက်ကြွစေတဲ့ ကမ္ဘာမကြေ ဆိုတဲ့သီချင်းထဲ က နောက်ဆုံးအပိုဒ်မှာ ဘယ်လိုရေးထားသလဲဆိုတော့ တို့ဗမာဟေ့ တို့ဗမာ ဗမာပြည်အဝှမ်း အကုန်တို့အိမ် မှတ်ပါ တို့ရာမှတ်ပါ အဲဒါတို့ဗမာ အဲဒီလိုဆိုတော့ကွာ မင်းအိမ်ငါ့အိမ်ဆိုတာမရှိတော့ဘူး အားလုံးဗမာအိမ်ဖြစ်သ လို ဗမာတွေပဲပိုင်တာ။
ကျုပ်ဘာမျှမပြောတော့ပါ၊ ဒါကြောင့်လည်း ဗမာစစ်တပ်တွေဟာ အဲဒီတို့ဗမာအစည်းအရုံးက ရေးထားတဲ့သီချင်း ကို လက်တွေ့အကောင်အထည်ဖေါ်နေတာများလားပေါ့နော်၊ ဘာပြုလို့လည်းဆိုတော့ ကရင်ရွာကိုဝင်လာတိုင်း သူတို့ထင်သလိုရမ်းကားနေလိုက်ကြတာ သွေးပျက်ရ,တဲ့အထိပါပဲ။
ကျုပ်ပြောမယ့်ဟာဘယ်ရောက်သွားမှန်းတောင်မသိတော့ဘူး၊ အဲဟုတ်ပြီ ကျုပ်သူငယ်ချင်းဒါဏ်ရာကိုဆေးကု လိုက်တော့ဗျာ အနာကသက်သာလာတယ်၊ ထမင်းတွေစားနိုင်လာတယ်၊ ခြင်းလုံးလေးဘာလေးခတ်တာမျိုးအ ထိ လှုပ်ရှားလာနိုင်တယ်၊ ကျုပ်ကအဲဒီတုန်းက နယ်စပ်ကိုအရောင်းအဝယ်နဲ့အတက်အဆင်းလုပ်တယ်၊ သူက ကျုပ်ကို ဆေးလိပ်တဗူးနဲ့ Gas မီးခြစ်တလုံးမှာတယ်ဗျ၊ ကျုပ်လည်းသူ့အတွက်ဝယ်ခဲ့တာပေါ့ဗျာ၊ ရွာကိုပြန်အ ဆင်း လမ်းခုလပ်မှာ ကျုပ်သူငယ်ချင်းဆုံးပြီဆိုတာကြားတော့ ကျုပ်ယုံတောင်မယုံဘူး။
သိရတာကတော့ အနာက အပေါ်ယံမှာကျက်နေပေမယ့် နှာနုရိုးအောက်က သွေးကြောပေါက်လို့ သွေးလွန်ပြီး ဆုံးရတာတဲ့၊ အဲဒီသွေးကြောမှာသွေးခဲတခုက ဆို့နေရာကနေ ကွာထွက်သွားလို့ဖြစ်ပါတယ်။ သူက အနာသက် သာပြီဆိုပြီး ကွမ်းသီးစိပ်လေးဝါးမိရာကနေဖြစ်သွားတာပါ၊
ဒီလိုနဲ့ သူ့ကို ရက်လည်ဆွမ်းသွပ်တော့ တရားနာတဲ့အချိန်မှာ ကျုပ်အနားကို လူတယောက်တိုးဝှေ့နေသလိုခံစား ရ,သလို ရေမွှေးလိုလိုဘာလိုလို အနံ့မျိုးကိုလည်းရပါတယ်၊ အမျှဝေပြီးတဲ့အချိန်မှာတော့ အနံ့အသက်တွေမရှိ တော့သလို တိုးဝှေ့တာမျိးလည်းမရှိတော့ပါဘူး။
သူမှာလိုက်တဲ့ စီးကရက်နဲ့ Gas မီးခြစ်ကို လာတောင်းနေတာလားဆိုပြီး ကျုပ်မျက်ရည်ကျမိပါတယ်။
ဒီလိုနဲ့ တပ်ရင်းမှူးဆီကိုသွားပြီး နစ်နာကြေးသွားတောင်းတော့ ဒီရဲဘော်ဟာ တာဝန်ပ,ဖြစ်တဲ့အတွက် အကူအ ညီကျပ်ငွေ ၇၀၀ကျပ် ပဲရလိုက်ပါတယ်။
အဲဒီတော့ဗျာ ဝိဥာဏ်လောကဆိုတာ တကယ်ရှိလား? မရှိဘူးလား? နောက်တခုက တော်လှန်ရေးရဲဘော်တ ယောက်မှာ တာဝန်တွင်း၊ တာဝန်ပ,ဆိုတာ ရှိသင့်၊ မရှိသင့်။ ဆက်ရှိသင့် မရှိသင့်ဆိုတာ………။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး