• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, October 1, 2010

နောက်ထပ် စတေးခံဖို့ ၀န်လေးတာ ဘာမှမရှိပါဘူး

ဦးကောင်းမြင့်ထွဋ် (တစ်သီးပုဂ္ဂလ)
“နောက်ထပ် စတေးခံဖို့ ၀န်လေးတာ ဘာမှမရှိပါဘူး

ဦးကောင်းမြင့်ထွဋ် (တစ်သီးပုဂ္ဂလ) တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း

မွေးသက္ကရာဇ် ၁၄-၄-၁၉၇၅

အလုပ်အကိုင် ကွန်ပျူတာပြုပြင်သူနှင့်သင်တန်းပြ (၂၀၀၀-၂၀၀၅)၊ အင်္ဂလိပ်စာသင်တန်းပြဆရာ (၂၀၀၇-၂၀၀၉)

ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ပြည်သူ့လွှတ်တော်

မဲဆန္ဒနယ် တောင်ဥက္ကလာပမြို့နယ်

ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများ
* ဦးအောင်သိန်းလင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)
* ဒေါ်ကမ်းခန့်ဒိမ်း(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)
* ဦးစိန်ထွန်း(တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)
* ဒေါ်တင်တင်မြ[ဒီမိုကရက်တစ်ပါတီ(မြန်မာ)]

နိုင်ငံရေးအတွေ့အကြုံ
* ၁၉၈၈ အရေးတော်ပုံတွင် အသက်(၁၃)နှစ် အရွယ်၌ ပါဝင်ခဲ့၊
* ၁၉၈၉ တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မြို့နယ် စည်းရုံးရေးမှူး၊
* မျိုးဆက်သစ် အားမာန် လူငယ်တပ်ဦး ရန်ကုန်တိုင်း အတွင်းရေးမှူး တာဝန်များ ယူခဲ့၊
* ၁၉၈၉ တွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ကြိမ် အဖမ်းခံရ၊
* ၁၉၉၀ မေလတွင် ကျောင်းသားခေါင်းဆောင်များ၏ မဲဆွယ်တရားပွဲများတွင် ဟောပြော စည်းရုံးခဲ့။
* ၁၉၉၀ ဒီဇင်ဘာ အသက် (၁၅)နှစ် အရွယ်တွင် တတိယအကြိမ် အဖမ်းခံရ၍ ထောင်ခြောက်နှစ်ကျခဲ့။
* ၂၀၀၉ တွင် ဒီမိုကရက်တစ်ပါတီ တည်ထောင်သူ ၁၀ ဦးတွင်ပါဝင်ခဲ့၊
* ၂၀၁၀ တွင် မြန်မာဒီမိုကရေစီကွန်ဂရက်ကို တည်ထောင်ခဲ့။

ကျွန်တော် အသက် ၁၃ နှစ် ကတည်းက နိုင်ငံနဲ့ ဒီမိုကရေစီ အတွက် စတေးခဲ့ရတယ်။ အခုလည်း နောက်ထပ် စတေးခံဖို့ ၀န်လေးတာ ဘာမှမရှိပါဘူး။

သတင်းရင်းမြစ် http://www.news-eleven.comဖြစ်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး