• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, December 17, 2010

လွတ်လာသော နိုင်ငံရေးအကျဉ်းသား ထောင် အတွေ့အကြုံ

လွတ်လာသော နိုင်ငံရေးအကျဉ်းသား ထောင် အတွေ့အကြုံပြောပြ
2010-12-17

အကျဉ်းထောင်အသီးသီးကနေ ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထောင်ဒဏ်စေ့ပြီးလွတ်လာ တဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆ ယောက် ရှိတယ်လို့ကြားသိရပါတယ်။ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့သူတွေကတော့ ကိုဟန်ဝင်းအောင်၊ ကိုလွင်ကိုလတ်၊ ကိုကျော်ကျော် စတဲ့ ကျောင်းသား နိုင်ငံရေးအကျဉ်းသားတွေပါ။

အဲဒီထဲမှာ ကိုဟန်ဝင်းအောင်ဟာ အသက် ၁၇ နှစ်အရွယ် ၁၉၉၄ ခုနှစ်မှာ အမျိုးသားညီလာခံ ဆန့်ကျင်တဲ့ စာရွက်စာတမ်း ဖြန့်ဝေမှုနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရဖူးပါတယ်။

ထောင်က ပြန်လွတ်ပြီး မကြာခင် နှစ်ပိုင်းမှာပဲ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ၂၀၀၃ ခုနှစ်မှာ နောက်တခါ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြီး ဒီကနေ့ ပြန်လည် လွတ်မြောက်လာတာပါ။ သူဟာ ငယ်ရွယ်စဉ်မှာ ထောင်နှစ်ကြိမ်ကျပြီး စုစုပေါင်း ထောင်သက်တမ်း ၁၄ နှစ်ကျော် ရှိခဲ့ပါတယ်။

အခုတကြိမ်မှာလည်း ၈ ပေ ၁၂ ပေ တိုက်ခန်းကျဉ်းထဲမှာ ၂၀၀၅ ခုနှစ်ကနေ အခုပြန်လွတ်လာချိန်ထိ တယောက်တည်း နေထိုင်ခဲ့ရပါတယ်။

သူ့အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ကိုဟန်ဝင်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။



Copyright © 1998-2010 Radio Free Asia. All rights reserved.