• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 15, 2010

ဘိန်းဘုရင် ဖမ်းဖို့ လုပ်ဆောင်

Source Photo from http://www.dea-rewards.com/len/index.php

ဘိန်းဘုရင်ဝေလျှောက်ခန် ဖမ်းမိဖို့ ထိုင်းနိုင်ငံတွင်း အရှိန်မြှင့် လုပ်ဆောင်


UWSA ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က မူးယစ်မှောင်ခိုကူးသူ ဝေလျှောက်ခန်ကို ဖမ်းမိရင် အမေရိကန် ဒေါ်လာ ၂ သန်းအထိ ဆုငွေပေးမယ်လို့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နဲ့ ထိုင်း မူးယစ်နှိမ်နင်းရေး အဖွဲ့တို့က ကြေငြာချက် ထုတ်ပြန်ထားပါတယ်။ သူ့ပုံပါတဲ့ ဘီယာခွက်တွေ၊ မီးချစ်တွေနဲ့ တခြား လက်ကမ်းစာဆောင်တွေကိုလည်း ထိုင်းနိုင်ငံအတွင်း သူသွားတတ်တဲ့နေရာတွေနဲ့ ထိုင်းမြန်မာ နယ်စပ်ဒေသတလျှောက်မှာ ဖြန့်ဝေထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နဲ့ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့တွေက ၀ မူးယစ် မှောင်ခို ခေါင်းဆောင် ဝေလျှောက်ခန် (Wei Hsueh Kang) ကို ဖမ်းမိရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်းအထိပေးမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကတည်းက ပူးတွဲ သတင်း ကြေငြာချက် ထုတ်ပြန် ထားပြီးသားပါ။

အခုရက်ပိုင်းကျမှ သူ့ကို ဖမ်းမိနိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ဘီယာခွက်တွေ၊ ပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ၊ မီးခြစ်တွေမှာ သူ့ပုံတွေကိုကပ်ပြီး အရှိန်မြင့် လုပ်ဆောင်လာနေတာနဲ့ ပတ်သက်လို့ DEA အရှေ့အာရှရေးရာ ညွန်ကြားရေးမှူး Tom Pasquarello က ရှင်းပြပါတယ်။

Tom Pasquarello “ သူပြောသွားတာကတော့ - ဝေလျှောက်ခန် ဦးဆောင်နေတဲ့အဖွဲ့ဟာ အင်မတန်ကြီးတဲ့ အဖွဲ့အစည်းတခုပါတဲ့။ သူတို့အဖွဲ့အနေနဲ့ ဘိန်း၊ မက်သမ်ဖက်တာမဲင်းနဲ့ တခြား ထောင်နဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်နိုင်တဲ့ အဖွဲ့ဖြစ်ပါတယ်တဲ့။ မစ္စတာ ဝေလျှောက်ခန်ကတော့ အဲဒီအဖွဲ့ကို နောက်ကွယ်ကနေ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ် ကွပ်ကဲပေးနေသူဖြစ်သလို ရာဇ၀တ်မှု ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုရဲ့ အကြီးအကဲလည်းဖြစ်ပါတယ်လို့ ပြောသွားတာပါ။ ”

သူ့ကို ဖမ်းမိနိုင်ဖို့ အမေရိကန်နဲ့ ထိုင်းအာဏာပိုင်တွေက အပတ်တကုတ် ကြိုးပမ်းနေကြပေမဲ့ သူဘယ်မှာ ရှိတယ်ဆိုတာကိုတော့ သူတို့အနေနဲ့ သိထားတဲ့အကြောင်း Tom Pasquarello က ဆက်ပြောပါတယ်။

Tom Pasquarello “ သူမြန်မာပြည်ထဲမှာ ရှိနေပါတယ်တဲ့။ သူဘယ်မှာရှိတယ်ဆိုတာကို ကျနော် အကြမ်းဖျဉ်းအားဖြင့်တော့ သိထားပါတယ်တဲ့။ ဒါကြောင့်လည်း သူ့ရဲ့ သွားလာ လှုပ်ရှားနိုင်တဲ့နယ်မြေဟာ ကျဉ်းနေပါပြီတဲ့။ ဒါကြောင့် အခုလုပ်ဆောင်နေတဲ့ အစီအစဉ်က အရမ်းကို အရေးပါပါတယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ အခုလို လုပ်လိုက်တဲ့အတွက် မစ္စတာ ဝေလျှောက်ခန်အနေနဲ့ တနေရာကနေ တနေရာကို ရွှေ့ပြောင်းသွားလာဖို့ ခက်ခဲစေပါတယ်တဲ့။ သူဘယ်မှာရှိတယ်ဆိုတာကို ကူညီ ပြောပြပေးနိုင် မယ့် အစီအစဉ်တွေ သူတို့မှာ ရှိပါတယ်လို့ ပြောသွားတာပါ။ ”

အမေရိကန်နဲ့ ထိုင်းအစိုးရတို့က ဝေလျှောက်ခန်ကို ဖမ်းဆီးနိုင်ဖို့ အခုမှ အရှိန်မြင့်လုပ်ဆောင်နေတာဟာ အချိန်အခါမှားနေတဲ့အကြောင်းနဲ့ သူတို့အနေနဲ့ ဝေလျောက်ခန်ကို ဘာကြောင့် ပစ်မှတ်ထား ဖမ်းဆီးဖို့ ကြိုးစားရသလဲဆိုတာနဲ့ပတ်သက်လို့ ရှမ်းသံတော်ဆင့်သတင်းစာက အယ်ဒီတာ ဦးခွန်ဆိုင်းက ရှင်းပြပါတယ်။

ဝေလျှောက်ခန် မြန်မာနိုင်ငံအတွင်း ၀အထူးအုပ်ချုပ်ရေးဒေသမှာ ရှိနေတဲ့ဆိုတာကို အမေရိကန်ရော၊ ထိုင်းအာဏာပိုင်တွေအပါအ၀င် မြန်မာစစ်အစိုးရကပါ သိနေတဲ့ကိစ္စပါ။ ဒါကြောင့်လည်း ဝေလျှောက်ခန်ကို ဖမ်းမိနိုင်ရေးအတွက် မြန်မာစစ်အစိုးရဖက်က အပေးအယူလုပ်ဖို့ အခွင့်လမ်းကောင်းတခုဘဲလို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

လောလောဆယ်မှာ ၀ ဒေသက ဘိန်းစိုက်ပျိုးတာမလုပ်တော့သလို အဲဒီနောက်ဆက်တွဲအဖြစ် ဘိန်း ထုတ်လုပ်မှုလည်း နည်းနေတာကြောင့် ဘိန်းမှောင်ခိုကူးတဲ့ လုပ်ငန်းမှာ ဝေလျှောက်ခန်အပါအ၀င် ၀တပ်ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အရင်လောက် ထိပ်မှာ မရှိတော့ဘူးလို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

ဒါပေမဲ့လည်း ယာဘအပါအ၀င် တခြား စိတ်ကြွဆေးပြားတွေထုတ်လုပ်တဲ့နေရာမှာတော့ ၀တပ်ဖွဲ့ဟာ နံပတ်တစ် အဆင့်မှာရှိနေသေးပြီး သူတို့ထုတ်တဲ့ဆေးပြားတွေဟာလည်း တခြား မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေထက် ပိုပြီး ဈေးကောင်းရနေတုန်းဘဲလို့ ဆိုပါတယ်။

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ တရုတ်လူမျိုး ဝေလျှောက်ခန်အပါအ၀င် တခြား ၀ မူးယစ်ဆေးဝါးမှောင်ခိုကူးသူ ၈ ယောက်ကို အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရရဲ့ နယူးယောက်မြို့ အရှေ့ပိုင်း ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်ပါတယ် ခင်ဗျား။



Find this article at:
http://www.voanews.com/burmese/news/burma/12-15-10_ZH-111913484.html


NAME WEI Hsueh Kang

WANTED FOR Conspiracy to import and distribute more than 400 kilograms of heroin in the United States.
Convicted and sentenced (in absentia) to death in Thailand for his involvement in the October 20, 1987 seizure of 680 kilograms of Southeast Asian heroin.
JURISDICTION Thailand and the Eastern District of New York (EDNY), United States of America
AKA CHANCHAI Chiwinnitipanya; Wei Sia-kang; PRASIT Chiwinnitpanya
RACE Chinese
SEX Male
HEIGHT 5' 6''
WEIGHT 125 lb
Align Center
HAIR Black
EYES Brown
YEAR OF BIRTH June 29, 1952 / May 6, 1959
PLACE OF BIRTH Yunnan Province, China
LAST KNOWN ADDRESS Burma
CURRENT ADDRESS/LOCATION Burma

Source Information from
http://www.dea-rewards.com/len/index.php