• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, April 15, 2011

အိမ်ဖော်မကို နှိပ်စက်သည့် အိမ်ရှင်မ ထောင်နှစ်ပတ်သာ ကျ

Source Photo from http://www.google.com/images

မြန်မာအိမ်ဖော်မကလေးကို နှိပ်စက်သည့်

စင်ကာပူအိမ်ရှင်မ

ထောင်နှစ်ပတ်သာ အကျခံရ

(Good government)


စင်ကာပူနိုင်ငံတွင် မြန်မာအိမ်ဖော်မကလေးကို ညှင်းပမ်းနှိပ်စက်သည့် ကိုယ်ဝန်ဆောင်အိမ်ရှင်မကို ထောင်ဒဏ်နှစ်ပတ်ချလိုက်ကြောင်း ချဲနယ်နယူးအေးရှားစ်တွင် သတင်းရေးသားထားသည်။

အသက် ၃၂နှစ် အရွယ်ရှိ အိမ်ရှင် ၀င်ဒီဆောင်ဝေးသည် မြန်မာအမျိုးသမီးအိမ်ဖော်မကလေး အေးအေးကြူအား ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့သည့်အတွက် တရားရုံးက ယခုလိုအပြစ်ပေးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ၂၀၀၉ခုနှစ် မတ်လ ၂၆ရက်နေ့က အိမ်ရှင်မဆောင်ဝေးသည် အသက် ၂၃နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး အေးအေးကြူ မလျှော်ရသေးသော ဘလောက်စ်အကျီင်္တစ်ထည်ကို ခေါက်နေသည်ကို မြင်လိုက်ရာ စိတ်ဆိုးသွားပြီး အေးအေးကြူ၏ဘက်ဖက်ပုခုံးကို လက်သီးနှင့်ထိုးခဲ့သည်။

နောက်တစ်ဖန် ထိုနှစ် မေ ၅ရက်နေ့တွင် အိမ်ရှင်မဆောင်ဝေးက ရေခဲသေတ္တာထဲမှ ကြိတ်ပြီးအသားကို ယူခိုင်းရာ အေးအေးကြူက ၀က်သား တုံးအထုပ်ကို ထုတ်ယူလိုက်သဖြင့် ထိုအထုတ်နှင့်ပစ်ပေါက်ရာ အေးအေးကြူ၏ညာဖက်ပါးထိမှန်သွားခဲ့ရပြန်သည်။

နောက်လတွင်လည်း အိမ်ရှင်မသည် အိမ်ဖော်အေးအေးကြူက မိုက်ခရိုဝေ့ဗ် ခလုပ် အချိန်အဆ
မှားလုပ်မိသဖြင့် ဘက်ဖက်ပါးကိုရိုက်ခဲ့သည်။
ထို့ကြောင့် ယခုကဲ့သို့တရားစွဲခံရခြင်းဖြစ်သည်။

ယခုအမှုသည် သူ့အနေဖြင့် ထောင်ဒဏ်အများဆုံး(၂)နှစ်သို့မဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ငါးထောင် အများဆုံး သို့မဟုတ် ထောင်နှင့်ငွေဒဏ်နှစ်ခုလုံးကျခံစေနိုင်သော အမှုဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူအိမ်ရှင်တော်တော်များများသည် အိမ်ဖော်များကို နှိပ်စက်သူများအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားကြကြောင်း စင်ကာပူတွင်နေထိုင်သူ မြန်မာတစ်ဦးက ပြောပြသည်။

Source from http://www.yangonmedia.com



Source Audio from http://www.rfa.org/burmese