• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, April 10, 2011

ကောလာဟလများ ထွက်ပေါ်ပါက ဆက်သွယ် စုံစမ်းနိုင်

၂၀၁၁ ခုနှစ် မတ်လ အတွင်းက အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့စဉ်

ငလျင်၊ မုန်တိုင်း စသည်တို့နှင့် ပတ်သက်သည့် ကောလာဟလများ ထွက်ပေါ်ပါက သိရှိလိုသူများ အနေဖြင့် တရားဝင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်း ရရှိပါသည်။

''လူတွေက မုန်တိုင်း၊ ငလျင်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်တဲ့အခါမှာ စိုးရိမ်တတ်ကြတယ်။ ကောလာဟလကလည်း ရံဖန်ရံခါ ထွက်တတ်တယ်။ စုံစမ်းနိုင်တယ်။ သတင်းထုတ်ပြန်မှုတွေ ရှိ၊ မရှိကို မေးမြန်းနိုင်ပါတယ်''ဟု မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးလေ၀သ သတင်းများအား သတင်းစာ၊ ရုပ်မြင်သံကြားလိုင်း၊ FM ရေဒီယိုလိုင်းများ စသည်တို့မှ ထုတ်လွှင့်လျက် ရှိပြီး FM ရေဒီယိုများတွင် နံနက် ၇ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၇ နာရီ အချိန်များတွင် ထုတ်လွှင့်ပြီး အလိုအလျောက် ဖြေကြားစက်များမှလည်း ဖြေကြားပေးနေကြောင်း သိရသည်။

ငလျင်၊ မုန်တိုင်း စသည်တို့နှင့် ဆက်စပ်၍ ကောလာဟလများ ထွက်ပေါ်ပါက ဖုန်းနံပါတ် ၀၆၇-၄၁၁၂၅၀၊ ၀၆၇-၄၁၁၂၅၁၊ ၀၆၇- ၄၁၁၂၅၃၊ ၀၆၇-၄၁၁၂၅၄ စသည် တို့သို့ ဆက်သွယ်နိုင်မည် ဖြစ်သည်။


အပျံ့နှံ့ဆုံး ထွက်ပေါ်ခဲ့သည့် ကောလာဟလမှာ ငလျင်နှင့် ပတ်သက်နေပြီး ဂျပန်ငလျင်ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အက်ဆစ် မိုးရွာမည်၊ ငလျင်ကြီးလှုပ်မည် ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး ဧပြီလဆန်းပိုင်းကလည်း မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန် စသော ဒေသများတွင် ငလျင်လှုပ်မည် ဟူသော ကောလာဟလတစ်ခု ပေါ်ပေါက်ခဲ့သည်။

Source: http://www.news-eleven.com