• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, April 19, 2011

မျိုးချစ် မြန်မာ့ တပ်မတော် ကွန်ယက်

ဗိုလ်ချုပ်တစ်ဦး ဦးဆောင်မှုဖြင့်

မျိုးချစ်မြန်မာ့တပ်မတော်ကွန်ယက် ဖွဲ့ စည်း


Copyright © 1998-2011 Radio Free Asia. All rights reserved.

မြန်မာ့ တပ်မတော် မှ ဗိုလ်ချုပ်အဆင့်ရှိ အရာရှိတစ်ဦး ဦးဆောင်မှု ဖြင့် မျိုးချစ် မြန်မာ့တပ်မတော်ကွန်ယက်
ကို မြန်မာ နှစ်ဆန်း တစ်ရက်နေ့ က ရန်ကုန်နှင့် ဧရာဝတီတိုင်းကြား ရှိ မြစ်ရေပြင်တစ်ခုက စက်လှေတစ်စီး ပေါ်မှာ ဖွဲ့ စည်း ခဲ့သည်ဟု FNG မှ သတင်းရရှိသည်။

လက်ရှိ တာဝန်ထမ်းဆောင် ဆဲ စစ်ဗိုလ်ချုပ် တစ်ဦး ဦးဆောင်မှုဖြင့် ဗိုလ်မှုးကြီးတစ်ဦးကိုယ်တိုင် ဦးဆောင်ပြီး
ဖွဲ့ စည်းခဲ့သည့် မျိုးချစ်မြန်မာ့တပ်မတော်ကွန်ယက်တွင် မှော်ဘီလေတပ်စခန်း၊ မိတ္ထီလာလေတပ်စခန်း၊ လေကြောင်းရန် ကာကွယ်ရေးတပ်မှ အရာရှိများ၊ ဟိုင်းကြီးကျွန်းရေတပ် ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်မှ အရာရှိများ၊ ပင်မ,စစ်လက်နက်ခဲယမ်းတပ် ၊ အင်းတကော်၊ ရဲမွန် နှင့် အင်းတိုင် မှတပ်များ အားလုံး ပါဝင်သည် ဟု မှော်ဘီလေတပ်စခန်းမှ အရာရှိတစ်ဦး က FNG သို့ပြောသည်။

မျိုးချစ် မြန်မာ့တပ်မတော်ကွန်ယက်ဟာ လက်ရှိ တပ်တွင်းမှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို
အဓိကဖြေရှင်းဖို့ဖြစ်ပြီး အနာဂတ်မှာတော့ ပြည်သူကိုအကာအကွယ်ပေးရန်အတွက် ရည်ရွယ်ဖွဲ့ စည်းခြင်း ဖြစ်သည်။

ယခုသတင်း နဲ့ တစ်ဆက်စပ်တည်း ကြားရသည့် အခြားသတင်းတွင် ဧပြီလ ၁ ရက် နေ့ က စတင်
တာဝန်ထမ်းဆောင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည်လည်း ၎င်းအား အခြားပြိုင်ဘက်များက လုပ်ကြံမည်ဟု သတင်း ရရှိသောကြောင့် လုံခြုံရေးထူထပ်စွာဖြင့် သွားလာနေရ ကြောင်း နေပြည်တော်မှအမည် မဖော်လိုသည့် အရာရှိတစ်ဦး က ပြောသည်။


Source http://freedomnewsgroup.com


Copyright © 1998-2011 Radio Free Asia. All rights reserved.