• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, April 11, 2011

မင်းအောင်လှိုင် အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်လာနိုင်

မြန်မာသတင်းသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်း

“ဂုဏ်သိက္ခာရှိတဲ့ပါလီမန်ဖြစ်ခဲ့ရင်တော့ သတင်းစာသမားတွေကို ကန့်သတ်တာတွေ ဟန့်တားတာတွေ လုံးဝလုပ်လို့မရပါဘူး။
တကယ်ကို သူတို့ ဒီမိုကရေစီကျင့်စဉ်နဲ့ကျင်းပမယ့် ပါလီမန်ဖြစ်ရင်တော့ အဲဒီသတင်းဌာနကြီးတွေကော၊ သတင်းဌာနလေးတွေကော၊ပြည်တွင်းကော ပြည်ပကော မည်သည့်သတင်းစာသမားကိုမဆို တံခါးမရှိ၊
ဓားမရှိ ဖွင့်ပေးရမှာဖြစ်ပါတယ်။
ဒါမှလည်း ဒီပါလီမန်က တိုင်းကျိုးပြည်ကျိုးဆောင်မယ့်ပါလီမန်ဖြစ်တယ်၊ လူထုအကျိုးကို ပြောဆိုဆွေးနွေးကြ မယ့် ပါလီမန်ဖြစ်တယ်၊ ဘာမှဖုံးကွယ်စရာမရှိတဲ့ ပါလီမန်၊ ကြိုးကိုင်တဲ့လူမရှိတဲ့ပါလီမန်ဖြစ်တယ် ဆိုတာကို ပြသ,ရာရောက်မှာ ဖြစ်ပါတယ်။
အဲလိုမဟုတ်ဘဲနဲ့ သတင်းစာသမားတွေကို ဟန့်တား ကန့်သတ်၊ ပိတ်ဆို့မှုတွေလုပ်ထားမယ်ဆိုရင်တော့ ဒီပါလီမန်သည် အတုအယောင် ဖြစ်သွားပါလိမ့်မယ်။”

Source from http://apmyat.com/2011/01/17/parliman-media-17012011/

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်လာနိုင်

2011-04-11

မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကို ဧပြီ ၈ ရက် ပြီးခဲ့တဲ့ သောကြာနေ့က ရှမ်းပြည်နယ် ဗထူးတပ်မြို့မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ မိန့်ခွန်းအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သြဇာခံတပည့်ရင်း ဖြစ်တာနဲ့အညီ ယခင် ကာကွယ်ရေး ဦးစီးချုပ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စောမောင်တို့လို အာဏာသိမ်း စစ်ခေါင်းဆောင်တဦး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေအကြား သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်း နိုင်ငံတကာ သတင်းစာစောင်တွေမှာ ဆောင်းပါး ရေးသားဖော်ပြခဲ့သူ မြန်မာသတင်းသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.