• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, May 3, 2011

မန္တလေးတွင် တယ်လီဖုန်းတိုင်များနှင့် ကြော်ငြာဆိုင်းဘုတ်များ ပြိုလဲ


မန္တလေးတွင် လေပြင်းတိုက် မိုးသီးများကျ

တယ်လီဖုန်းတိုင်များနှင့် ကြော်ငြာဆိုင်းဘုတ်များ ပြိုလဲ

(မန်းကိုကို)

မန္တလေး၊ မန္တလေးမြို့တော်အတွင်း ဧပြီ ၁၉ရက် မွန်းလွဲ ၂နာရီ ၁၇မိနစ် ခန့်၌ မိုးခြိမ်းသံများကြားရပြီး ရုတ် တရက် တစ်နာရီ ၁၅မိုင်နှုန်းဖြင့် လေ ပြင်းများတိုက်ကာ မိုးဖွဲဖွဲရွာသွန်းခဲ့ ကြောင်း သိရသည်။
မွန်းလွဲ ၂နာရီခွဲမှစတင်ကာ အနောက်တောင်မှ လေပြင်းစတိုက် ကာ မန်ကျည်းစေ့ခန့်မိုးသီးများကြွေ ကျခဲ့ပြီး မန္တလေးမြို့အနီးတ၀ိုက်တွင် မိုးရေချိန် ၁ဒသမ၆၉လက်မခန့် မိုးရွာသွန်းခဲ့ကြောင်း သိရသည်။
''အနောက်တောင်ကစပြီး လေတိုက်တယ်။ နောက် မိုးအနည်း ငယ်ကျလာပြီး လေနဲ့မိုးနဲ့ပေါင်းပြီး ပွဲကြမ်းတာ ၄၅မိနစ်လောက်ကြာ မယ်။ မိုးတိတ်တော့ မြို့ထဲကို ကားနဲ့ ပတ်ကြည့်တာ ရပ်ကွက်အချို့မှာ သစ်ပင်တွေပြိုလဲတာ တွေ့ရတယ်။ မြို့တွင်းလမ်းမကြီးတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ လဲတာရယ် ဗီနိုင်းစတွေ ပြတ်ထွက်တာရယ် တွေ့ရတယ်။ အချို့နေရာတွေမှာလဲ တယ်လီဖုန်းကြိုး သွယ်တန်းတဲ့ဓာတ်တိုင်တွေ လဲနေတာတွေ့ရတယ်''ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါလေပြင်းတိုက်မှုကြောင့် ပျက်စီးအဆုံးအရှုံးများကို ဖယ်ရှားရှင်းလင်းရန် မန္တလေးမြို့မှ ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းပြီး အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။

Source News from http://www.yangonmedia.com/