
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင် ကျေးရွာတွင် အဖွဲ့စုံ ပါဝင်သော စုပေါင်း စစ်ဆေးရေးဂိတ်ကို မေ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မုပ္ပလင်လမ်းဆုံ စုပေါင်းဂိတ်ကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ယာဉ်များအား စစ်ဆေးခဲ့ရာမှ တာဝန်ရှိသူများ၏ ညွှန်ကြားချက် အရ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ပြန်လည် ပိတ်ပစ်ခဲ့သည်။ ယခုအခါ မွန်ပြည်နယ် အတွင်းမှ လိုင်စင်မဲ့ကားများ ပဲခူးတိုင်းဒေသကြီးဘက်သို့ သယ်ယူနေကြသဖြင့် စစ်တောင်း တံတားသစ်နှင့် တံတားဟောင်း(သိမ်ဇရပ်) သွားသည့် လမ်းဆုံ၌ စုပေါင်းဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဂိတ်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် လိုင်စင် မဲ့ကားများ သာမက အကောက်ခွန်မဲ့နှင့် ကန့်သတ် ကုန်ပစ္စည်းများကိုပါ စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
''ဂိတ်စဖွင့်ဖို့ ညွှန်ကြားတုန်းကတော့ လိုင်စင်မဲ့ကားတွေ စစ်ဆေး အရေးယူ ဖမ်းဆီးဖို့ပါပဲ။ အကောက်ခွန်မဲ့နဲ့ ကန့်သတ် ကုန်ပစ္စည်းတွေ ဖမ်းဆီးဖို့က နောက်မှ ဆက်ပြီး ညွှန်ကြားတာပါ။ တစ်ဆက်တည်းလိုပါပဲ။ ဂိတ်က ဘယ်လောက်ကြာကြာ ဖွင့်ရမလဲ ဆိုတာတော့ မပြောတတ်ပါဘူး''ဟု တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။
ကျိုက်ထိုမြို့နယ် အတွင်း စစ်ဆေးရေးဂိတ်များမှာ မရမ်းချောင်းတွင် ဂိတ်တစ်ခုရှိပြီး ယခု စစ်ဆေးရေးဂိတ်နှင့် လေးမိုင်ခန့် ဝေးကြောင်း၊ စစ်တောင်းတံတားသစ် တစ်ဖက်ကမ်း ဝေါမြို့နယ် ကမ်းကြီးဆိပ် ကျေးရွာတွင်လည်း စစ်ဆေးရေးဂိတ် တစ်ခု ရှိကြောင်း သိရသည်။
Comments
+1 #2 botaw 2011-05-31 17:32
အခုတော့ အစိမ်းကားတွေပေါ့ ဗျာ....
အရင်ကတော့ ဒီကေဘီအေက ကားတွေ ဒင်းကြမ်းပဲဗျ...
အဲဒီဂိတ်တွေက အရပ်သားကားတွေသာ နည်းမျိုးစုံရစ် တာ...
ပျောက်ကျားအင်္ကျီ နဲ့ကောင်တွေက မှောင်ခိုကုန်ကားတွေရှေ့ကနေ
မတ်ခ်တူးတို့ ဖိုးဝှီးတို့နဲ့ ကြိုလာပြီး အဲဒီဂိတ်တွေမှာ...လမ်းကြောင်းအရင် လာရှင်းတာဗျ..ခုတော့ဒီကောင်တွေလဲ လုပ်ချင်တိုင်း လုပ်မရတော့ဘူးပေါ့...
+6 #1 kmoebk 2011-05-30 15:57
ခရီးသွားတွေပဲသွားလာရေးနှောင်.နှေးကြမှာပါ...တကယ်တင်ဆောင်လြာ ကတဲ.ကားစိမ်းတွေကိုတ ခါမှစစ်ဆေးတာမတွေ.ကြပါဘူး.....အဲဒီကားစိမ်းထဲက လိုင်စင်မဲ.ဆိုင်ကယ်၊နယ်စပ် ကသွင်းတဲ.ဆီပုံး၊အကောက်ခွ န်မဲ.ပစ္စည်းမျိုးစုံကိုပဲခူးမြို.ပေါ်ထိလွတ်လပ်စွာ သယ်ယူနေကြတာကို
ဘယ်သူကများစစ်ဆေး ကြမှာလဲနော်........
Source News from http://www.news-eleven.com




