• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, June 23, 2011

ငြိမ်းချမ်းရေးကို ဘယ်သူဖျက်ဆီးနေလဲ?

ဗမာ့တပ်မတော်မှ ပြန်လွှတ်ပေးလိုက်သည့်ကချင်စစ်သည်တော်တဦး
Source Photo from http://www.bbcburmese.com/images

နှစ်ရက်ကြာငြိမ်နေပြီး တိုက်ပွဲတွေ ပြန်စ
2011-06-23

ကချင်ပြည်နယ်မှာ KIA တပ်တွေနဲ့  ဦးသိန်းစိန် အစိုးရတပ်တွေကြား တိုက်ပွဲတွေ ခေတ္တ ရပ်နားနေရာက မနေ့ကနဲ့ ဒီကနေ့ တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဒီနေ့  မနက်ပိုင်းက ဝိုင်းမော်မြို့နယ် ပါဂျို အောက်ဖက်နားမှာ တိုက်ပွဲတပွဲ ဖြစ်ခဲ့သလို ဆွန်ပရာဘွန်မြို့ အထက်နားမှာလည်း နေ့ လည်ပိုင်းက တိုက်ပွဲတပွဲ ဖြစ်ခဲ့တာပါ။

ပါဂျိုနားမှာ အစိုးရတပ်ဖက်က ခမရ (၃၁၈) နဲ့  KIA တပ်က တပ်ရင်း (၂၅၃) တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ အစိုးရတပ်ဘက်က မော်တာကျည် အလုံး (၂၀) ကျော်ပစ်ခတ် ခဲ့သလို လက်နက်ငယ် ကျည် (၁၀၀၀) ကျော်သုံးတယ်လို့  KIA ဖက်က ပြောပါတယ်။

ဆွမ်ပရာဘွန်နားမှာတော့ KIA တပ်မဟာ (၁) ဒေသမှာ အစိုးတပ်ဖက်က ခလရ (၁၃၈) နဲ့  KIA ဖက်က တပ်ရင်း (၂၂) တို့ တိုက်ပွဲ ဖြစ်ကြတာပါ။

မနေ့ ညနေကလည်း ပူတာအို ခရိုင်နားမှာ တိုက်ပွဲတပွဲ ဖြစ်ခဲ့တယ်လို့  KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။

ဒါ့အပြင် ၂၁ ရက်နေ့ ညက မြစ်ကြီးနားမြို့ပေါ်မှာ ပေါက်ကွဲခဲ့တဲ့ ဗုံး (၂) လုံးရဲ့ လက်သည်ကိုလည်း အခုချိန်အထိ အစိုးရဖက်က ရှင်းရှင်းလင်းလင်း မဖေါ်ထုတ်နိုင်သလို၊ KIA ဘက်ကလည်း ဒီဖေါက်ခွဲမှုနဲ့ ပတ်သက်လို့  အတိအကျ မသိသေးဘူးလို့ ပြောပါတယ်။







ကချင်လွတ်မြောက်ရေးတပ်မတော်မှ ပြန်လွှတ်ပေးလိုက်သည့် ဗမာ စစ်သည်တော် ၆ဦး

Copyright © 1998-2011 Radio Free Asia. All rights reserved.