့ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်သွားမည့် မြန်မာ့ ကျောက်မျက်ရတနာ အရောင်းပြပွဲတွင် ယခင်အကြိမ်များထက် ကျောက်စိမ်းကျောက်မျက် အတွဲများ ပိုမိုတိုးမြှင့် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ယခုနှစ်အတွင်း နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ၄၈ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၆၀၀၀ ၀န်းကျင်၊ ကျောက်မျက်တွဲပေါင်း ၂၀၆ တွဲ နှင့် ပုလဲအလုံးရေ စုစုပေါင်း ၂၉၀၀၀ ကျော်ကို ပြသရောင်းချခဲ့ရာ ယခုအကြိမ်တွင် ကျောက်စိမ်းတွဲပေါင်း ငါးထောင်ကျော်ကို ပိုမိုပြသရောင်းချနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်း ကျောက်စိမ်း ထုတ်လုပ်မှုပိုင်းတွင် ကျောက်စိမ်းထုတ်လုပ်နိုင်မှု ပမာဏမှာ နှစ်စဉ်တိုးတက်လာပြီး ၂၀၀၅ ခုနှစ်တွင် ကျောက်စိမ်း ရောင်းရငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၈ သန်း ကျော်သာ ရှိခဲ့ရာမှ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၁၇၀၀ ကျော်အထိ ရရှိလာသည်။
Source News from © Eleven Media Group. All rights reserved.
Source Audio from http://www.voanews.com/burmese
Source Audio f4rom http://www.bbcburmese.com




