• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, July 4, 2011

အာရှ၏ ထိပ်တန်း ကုန်အမှတ် တံဆိပ်အဖြစ် ဆိုနီတို့ စံချိန်တင်

Source Photo from http://www.google.com/images

အာရှ၏ ထိပ်တန်း ကုန်အမှတ် တံဆိပ်အဖြစ် ဆိုနီတို့

စံချိန်တင်
4 Jul, 2011

ဈေးကွက် မဂ္ဂဇင်း တစ်ခု ဖြစ်သည့် Campaign ၏ သုတေသန ပြုလုပ်ချက်အရ အာရှတိုက် အတွင်း တန်ဖိုး အရှိဆုံး ကုန်အမှတ် တံဆိပ်များတွင် ဆိုနီ ကုမ္ပဏီမှာ ထိပ်ဆုံးမှရပ်တည် နေကြောင်း ပြောကြား လိုက်သည်။ ဆိုနီကုမ္ပဏီမှာ လွန်ခဲ့သော ကာလများက ဖြစ်ပွားခဲ့သည့် အွန်လိုင်း တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း ယခုလို ထိပ်ဆုံးတွင် ရပ်တည် နေနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်း တိုက်ခိုက် ခံရမှုကြောင့် အသုံးပြုသူပေါင်း သန်း ၁၀၀ ခန့်၏ ကိုယ်ရေး အချက်အလက်များမှာ ပါသွားခဲ့ရသည်။ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား တို့မှ သုံးစွဲသူ အကြိုက် ကုန်အမှတ် တံဆိပ်များမှာ ယခု သုတေသန ပြုမှုတွင် နံပါတ် ၅ အတွင်းတွင် ဝင်ခဲ့ပြီး Panasonic, LG, Samsung နှင့် Canon တို့မှာ ထိပ်ဆုံး နံပတ်ငါးတွင် အသီးသီး ပါဝင်ခဲ့ကြသည်။

သို့ရာတွင် မည့်သည့် တရုတ် ကုမ္ပဏီမှ ထိပ်ဆုံး အမှတ် ၁၀၀ တွင် ပါဝင်ခြင်း မရှိခဲ့ပေ။ တရုတ် ထုတ်ကုန်များ အတွင်း အမြင့်ဆုံး အဖြစ် နံပါတ် ၁၂၀ တွင် White လျှပ်စစ်ပစ္စည်း ထုတ်ကုန် တစ်ခုသာ ပါဝင်ခဲ့သည်။ ယခုလို ထိပ်တန်း ငါးခုစာရင်းမှ ယမန်နှစ်က ကဲ့သို့ပင် ပြောင်းလဲခြင်း မရှိဘဲ အာရှတိုက်မှ ဈေးဝယ်သူများ၏ နေ့စဉ် ကြိုက်နှစ်သက်မှု စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည် နေဆဲပင် ဖြစ်သည်။


source : bbc news