• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, October 31, 2011

အမေရိကန်တွင် နှင်း ကျဆင်းမှုများကြောင့် လျှပ်စစ်မီးပြတ်တောက်နေ

အုပ်ချုပ်ရေးမှုး Dannel Malloyှ 
Source Photo from http://www.google.com 

အမေရိကန်တွင် နှင်း ကျဆင်းမှုများကြောင့် 

လူဦးရေသုံးသန်း လျှပ်စစ်မီး ပြတ်တောက်နေ 
31 Oct, 2011ဝါရှင်။ ။ အမေရိကန် ပြည်ထောင်စု အရှေ့မြောက်ပိုင်း ပြည်နယ် များမှာ မျှော်လင့် မထားသည့် နှင်း ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ရပြီးနောက် လူသုံးဦး ခန့် သေဆုံးခဲ့ရပြီ ဖြစ်ကာ နောက်ဆက်တွဲ ရလာဒ်အဖြစ် လွန်ခဲ့သည့် တနင်္ဂနွေနေ့က နေ အိမ်ပေါင်း သုံးသန်းခန့်မှာ လျှပ်စစ်မီး ပြတ်တောက်နေရပြီ ဖြစ်ကြောင်း သိရသည်။

အမေရိ ကန် ပြည်ထောင်စု မေရီလန်း ပြည်နယ်မှ မိန်း ပြည်နယ်အထိ ကျယ်ပြန့် လှသည့် နေရာဒေသ များအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုကို ခံနေရကြောင်း ဒေသခံ တာဝန်ရှိသူများမှ ပြောကြား ခဲ့သည်။ကွန်နက် တိကပ် ပြည်နယ်မှာ အဆိုးရွားဆုံး ခံစားရသည့် ပြည်နယ် ဖြစ်ကာ နေအိမ်ပေါင်း ၇၅၀၀၀၀ မှာလျှပ်စစ်မီး ပြတ်တောက်မှုကို ခံနေရကြောင်း အုပ်ချုပ်ရေးမှုး Dannel Malloy မှတနင်္ဂနွေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခု အရေအတွက်မှာ လွန်ခဲ့သည့် သြဂုတ်လက ဖြစ်ပေါ်ခဲ့သည့် ဟာရီကိန်း အိုင်ရင်း အပြီးတွင် တင်ထားခဲ့သည့် စံချိန်ထက်ပင် များပြားကြောင်းလည်း သိရသည်။ ယခုလို နှင်းကျဆင်း မှုများကြောင့် အချို့နေအိမ်များမှာ နောက်ထပ် ရက်သတ္တပတ် အတော်ကြာအထိ လျှပ်စစ်မီးများ ပြတ်တောက် နေနိုင်ကြောင်း ကိုလည်း ၎င်းမှ သတိပေး ပြောကြား လိုက်သည်။


မက်ဆာချူးဆက် အရေးပေါ် လုပ်ငန်း စီမံခန့်ခွဲရေး အေဂျင်စီ၏ သတင်းပို့ချက်အရ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ပြည်နယ်ရှိ နေအိမ်ပေါင်း ၆၅၀၀၀၀ မှာ လျှပ်စစ်မီး ပြတ်ေ တာက် ခဲ့ရကြောင်းနှင့် နယူးဂျာစီ ပြည်နယ်တွင်လည်း နေအိမ်ပေါင်း ၂၇၁၀၀၀ မှာ လျှပ်စစ်မီး ပြတ်ေ တာက် ခဲ့ရကြောင်း သိရသည်။

တနင်္ဂနွေနေ့ အထိ ပင်ဆယ်လ်ဗေးနီးယား ၊ကွန်နက်တိကပ်နှင့် မက်ဆာချူးဆက် ပြည်နယ်များတွင် တစ်ဦးစီ သေဆုံး ခဲ့ရကြောင်းလည်း သိရသည်။ ယခုလို အောက်တိုဘာလတွင် ဆီးနှင်း ကျဆင်းမှုများ ဖြစ်လေ့ဖြစ်ထ ရှိသည့် ဖြစ်ရပ် မဟုတ်ဘဲ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ကျဆင်းမှု ရပ်ဆိုင်း သွားနိုင်ကြောင်းကို ခန့်မှန်းခဲ့ကြောင်း သိရသည်။


source : Xinhuanews 
Credit http://www.mrtv4.net.mm