• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, October 29, 2011

မြေပြင်မြင့်တက်မှုကို လေ့လာရန်စီစဉ်

Source Photo from http://anasiantouroperator.blogspot.com

မြေပြင်မြင့်တက်မှုကို လေ့လာရန်စီစဉ်

Sunday, 30 October 2011

တောင်တွင်းကြီးမြို့နယ်အတွင်းဖြစ်ပွားခဲ့သော မြေသားပြောင်းလဲမှုများအား သွားရောက်လေ့လာရန် စီစဉ်နေကြောင်း ဘူမိဗေဒပညာရှင်များထံမှ သိရှိရသည်။''တောင်တွင်းကြီးဘက်မှာ မြေပြင်မြင့်တက်မှု ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီး သွားရောက်လေ့လာဖို့ စီစဉ်နေပါတယ်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက တာဝန်ရှိသူတွေနဲ့ ငလျင်ကော်မတီက တာဝန်ရှိသူတွေနဲ့ တခြား ပညာရှင်တွေပါဝင်ပါမယ်။ ဘယ်ရက်လောက်သွားဖြစ် မယ်ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး'' ဟုလည်း ဘူမိဗေဒပညာရှင်တစ်ဦးက ပြောပြခဲ့သည်။

ပဲခူးရိုးမတောင်ခြေအနီး တောင်တွင်းကြီးမြို့နယ် ငမင်သစ်တောကြိုးဝိုင်းအတွင်းရှိ မြေကွက်တစ်ခုမှ အကျယ်ပေ၁၀၀၊ အရှည်ပေ ၅၀၀၊ အမြင့်ပေ ၃၀ ခန့်အထိ မြေပြင်အညီမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Copy from http://www.news-eleven.com