• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, November 1, 2011

ခေတ်မီ နျူကလီးယားလက်နက်များအတွက် ငွေကြေးအမြောက်အများ သုံးစွဲ

Source Photo from http://www.google.com 

ခေတ်မီ နျူကလီးယားလက်နက်များအတွက်

ငွေကြေးအမြောက်အများ သုံးစွဲသွားမည့်

နိုင်ငံများ 

2 Nov, 2011

ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား လက်နက် ထိပ်ဖူးတွေ အဆင့်မြှင့်တင်ခြင်းနဲ့ အဆိုပါ လက်နက်တွေ ဖြန့် ကျက်ချထားတဲ့ စနစ်တွေကို ခေတ်မီအောင် ဆောင်ရွက်ခြင်းတို့နဲ့ ပတ်သက်ပြီး နိုင်ငံ အများစုဟာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

အဲ့ဒီ နိုင်ငံတွေ အနက် အမေရိကန် ပြည်ထောင်စုဟာ ၎င်းရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေ အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ(၇၀၀) သုံးစွဲ မှာ ဖြစ်ပြီး ရုရှားကတော့ ၎င်းရဲ့ နျူကလီးယား လက်နက်တွေ
ဖြန့်ကျက် ချထားရေး နည်းစနစ်တွေ အတွက် အမေရိကန် ဒေါ်လာ ဘီလီယံ(၇၀) ထက်မနည်း သုံးစွဲသွားဖို့ သတ်မှတ်ထားပါတယ်။

အလားတူ တရုတ် ၊ အိနိ္ဒယ ၊ ပြင်သစ် ၊ ပါကစ္စတန်နဲ့ အစ္စရေး နိုင်ငံတွေကလည်း ၎င်းတို့ရဲ့ မဟာ ဗျူဟာမြောက် ဒုံးကျည် စနစ်တွေ အတွက် ငွေကြေး အမြောက်အများ သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်။

သတင်းများအရ အမေရိကန် အစိုးရဟာ ဝေဟင်ပစ် နျူကလီးယား ဒုံးကျည်တွေ ၊ ဗုံးတွေ ၊ ဖျက်အားပြင်း ဒုံး လက်နက်တွေ တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘော(၁၂)စီးနဲ့ နျူကလီးယား ဒုံးကျည် ထိပ်ဖူး အသစ်တွေ အတွက် အမေရိကန် ဒေါ်လာ (၉၂)ဘီလီယံ ထပ်မံ သုံးစွဲမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ပါကစ္စတန်နဲ့ အိနိ္ဒယ နိုင်ငံတို့ကလည်း ပိုမို သေးငယ်ပြီး ပေါ့ပါး တဲ့ နျူကလီးယား ထိပ်ဖူးတွေ
ထုတ်လုပ်နိုင်ဖို့ နည်းလမ်း ရှာဖွေနေကြောင်း သိရှိရပါတယ်။

Credit http://www.mrtv4.net.mm