• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, November 9, 2011

ဓါတ်ပုံအောက်က စာသား

(ဓါတ်ပုံကို မိုးမခ မှ ရယူပါသည်)

ဓါတ်ပုံအောက်က စာသား 

(မင်းစိုးစံ)

တွေးကြည့်လျင် ပြေးကြည့်တာထက်မြင်သည် ဆိုသည့် ဆိုစကားအရ မြန်မာစစ်အစိုးရ လက်အောက်ခံ သတင်းစာပါ ဓါတ်ပုံများအနက် ဒီကေဘီအေမှအရာရှိနှင့် ဗမာစစ်အာဏာရှင်တို့ လက်ဆွဲနှုတ်ဆက်နေပုံ အောက်၌ ရေးသားထားသည့်စာသားများကို အသေအခြာဖတ်ကြည့်လိုက်ပါသည်။

ဗမာကိုမြန်မာဟုပြောင်းလွဲခြင်း၊ ကရင်ကို အင်္ဂလိပ်ဘာသာစာလုံးဖြင့် Karenဟုရေးနေရာမှ Kayin ဟုပြောင်း လွဲရေးသားစေခြင်း စသည်တို့သည်အကြောင်းမဲ့ မဖြစ်တန်ရာ။

ယခုတဖန် ကလိုထူးဘောတပ်ဟုရေးထား၏ အဘယ့်ကြောင့် ဒီကေဘီအေ တပ်ဟုမရေးသားမသုံးစွဲသနည်း။ အဖြေကားရှင်းလှပါ၏။

အဓိကအချက်မှာ ဒီကေဘီအေကို အသိအမှတ်မပြုခြင်းပင်ဖြစ်သည်၊စစ်အစိုးရသဘောကျ ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ်ကို တရားဝင်ဖြစ်စေရေးအတွက် ဒီကေဘီအေဟု ရေးသားခြင်းမပြုပဲ ကလိုထူးဘောတပ် ဟု တမင်ရေးသားသုံးစွဲထားလိုက်ခြင်းဖြစ်ပါသည်။

ရှေ့ဆက်တွေးတော ဆင်ခြင်ကြပါကုန်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး