• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, November 10, 2011

ရထား လက်မှတ်ခ အသစ် သတ်မှတ်


 ရထား ပို့ဆောင်ရေး လက်မှတ်ခ နှုန်းထားများ

နှုန်းထားအသစ် သတ်မှတ် 

ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန အနေနဲ့ ရထား လက်မှတ် ခနှုန်းထား တွေမှာ ဈေးနှုန်း ပြောင်းလဲ စတင်သတ်မှတ် ကောက်ခံမှုတွေကို ယခုလ (၁၅)ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ယခုလ(၇) ရက်နေ့ မှာတော့ ပြောင်းလဲ ထားတဲ့ ရထား လက်မှတ်ခ နှုန်းထား အတိအကျကို ဘူတာရုံ များမှာ စတင်ထုတ် ပြန်ထားပါသည်။

အဲ့ဒီလို ထုတ်ပြန် ရာမှာတော့ ယခုလက်ရှိ ရထားလက်မှတ် နှုန်းထားတွေဟာ မီးရထားဝန်ကြီး ဌာန အနေနဲ့ ဒီဇယ်ဆီ တစ်ဂါလန် (၁၆၀)ကျပ် ရှိစဉ်ကတည်းက သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ ဖြစ်တဲ့အတွက် လက်ရှိကာလနဲ့ ကိုက်ညီမှု မရှိတော့တဲ့အတွက် ရထားလက်မှတ် ခတွေကို အသစ်ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါသည်။

ဈေးနှုန်းပြောင်းလဲ သတ်မှတ်ရာမှာတော့ လော်ကယ်ရထား ၊ စာပို့ရထားနဲ့ အမြန်ရထားတွေမှာ ရထားလက်မှတ်ခ နှုန်းထားတွေဟာ ယခင်ရထား လက်မှတ်ခထက် (၃)ဆ ၀န်းကျင်ခန့် တိုးမြှင့်ကောက်ခံ ခဲ့ပေမယ့် အထူးအမြန် ရထားတွေ ရဲ့လက်မှတ်ခ နှုန်းထားတွေကိုတော့ ယခင်နူန်းထားရဲ့ ထက်ဝက် နီးပါးဝန်းကျင် ခန့်သာ တိုးမြင့်လိုက်တာ ဖြစ်ပါသည်။

ရထား ပို့ဆောင်ရေးရဲ့ ယခင်က သတ်မှတ်ထားတဲ့ လက်မှတ်ခနှုန်းထားတွေဟာ လက်ရှိ ကာလနဲ့ မကိုက်ညီ တော့တဲ့အတွက် နိုင်ငံတော်မှ ဘဏ္ဍာငွေများ စိုက်ထုတ်နေရပြီး ယခုပြုပြင် သတ်မှတ်လိုက်တဲ့ ရထားလက်မှတ်ခ နှုန်းထားတွေဟာ နိုင်ငံတော် ဘဏ္ဍာငွေကြေး စိုက်ထုတ်ရမှုကို ကာမိရုံသာ မြှင့်တင်ထားခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးမှ ဆိုပါသည်။

ယခုလို ရထား လက်မှတ်ခတွေကို မြှင့်တင်မှုတွေကြောင့် ရထားတွေမှာ ရထားတွဲ ထိန်းသိမ်းခြင်း ၊ စက်ခေါင်း ထိန်းသိမ်းခြင်း ၊ လမ်း ပြုပြင်ခြင်းတွေကို ယခင်ကထက် ပိုမိုပြုလုပ် ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ရန်ကုန် ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။

Credit http://www.mrtv4.net.mm/news