• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, November 22, 2011

အာရှတောက်တဲ့များ မျိုးသုဉ်းမည့် အန္တရာယ်ရှိနေ


အာရှတောက်တဲ့များ မျိုးသုဉ်းမည့် အန္တရာယ်ရှိနေ 

ညတွင် ကျက်စားသော အာရှတောက်တဲ့မျိုးသည် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကို ကုသရာတွင် အသုံးပြုနိုင်သည်ဟု ယူဆမှုများကြောင့် ထိုတွားသွားသတ္တ၀ါကို မှောင်ခိုကူးမှု သိသိသာသာမြင့်တက်လာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တစ်ဖွဲ့က နိုဝင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တောက်တဲ့လျာနှင့် ကိုယ်တွင်းအင်္ဂါများကို စားသုံးခြင်းသည် အိတ်ခ်ျအိုင်ဗွီကို ကုသနိုင်သည်ဟု အမွှမ်းတင် ရေးသားပြောဆိုမှုများကြောင့် တောက်တဲ့ကို စားသုံးမှု သိသိသာသာ မြင့်တက်စေခဲ့ကြောင်း Traffic Southeast Asia (TSA) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ရောဂါပျောက်သည်ဆိုသော ပြောဆိုမှုများသည် ချဲ့ကားထားသော လှိမ့်လုံးများဖြစ်ကြောင်း (TSA)က ပြောကြားခဲ့သည်။

အိတ်ခ်ျအိုင်ဗွီနှင့် ပန်းသေမှုအား တောက်တဲ့သုံး၍ ကုသခြင်းသည် လူနာကို အန္တရာယ်ဖြစ်စေကြောင်း ဖိလစ်ပိုင်အစိုးရက ဇူလိုင်လတွင် သတိပေးခဲ့သည်။ ဆီးချို၊ ပန်းနာရောဂါ ၊ အရေပြားရောဂါနှင့် ကင်ဆာတို့ကဲ့သို့ ရောဂါများအတွက် တောက်တဲ့ကို တိုင်းရင်းဆေးအဖြစ် အာရှတွင် သုံးစွဲနေသည်မှာ ကြာပြီဖြစ်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။တောက်တဲ့အသေများကို အခြောက်ခံကာ အမှုန့်လုပ်၍ စားသုံးကြသည်။

အချို့အာရှနိုင်ငံများတွင် စွမ်းအားမြှင့်တင်ရေးအတွက် တောက်တဲ့ကို ၀ိုင်နှင့် ၀ီစကီလုပ်ကာ သောက်သုံးကြသည်။ အာရှတွင် တောက်တဲ့ ကုန်သွယ်မှု၌ မလေးရှားသည် ဗဟိုချက်ဖြစ်လာနေသည်။

ကမ္ဘောဒီးယား၌ တောက်တဲ့ ၁၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ရာ မလေးရှားသို့ တင်ပို့မည်ဟု ယုံကြည်ရသည်။

Ref:AP

Credit http://www.news-eleven.com

ကျုပ်ကြားဘူးတာကတော့ ပုတ်သင်ညိုကို စားလျင် စွမ်းအားမြင့်တယ်ဆိုပဲ။
ကျုပ်တို့ငယ်ငယ်တုန်းက မသိတတ်တဲ့အရွယ်တုန်းက ကိုယ်တုံးလုံးပြေးရင်း ဆိုခဲ့တဲ့သီချင်းလိုလို
ဘာလိုလိုလေး သွားသတိရတယ်။

ပုတ်သင်ညို အပျိုလိုချင် ခေါင်းငြိမ့်.......... ခေါင်းငြိမ့်....... တဲ့။

ဟိုသင်းလည်း ခေါင်းငြိမ့်တာပဲ မဟုတ်လား။
ပုတ်သင်ညိုနဲ့ တူတဲ့လူတွေကိုပြောတာနော်။

တလွဲတွေ လျှောက်မတွေးနဲ့ဦး။
ိ